Friday, February 15, 2008

ရင်ထဲရှိတာပြောလိုက်တယ်

ဒီနေ့စာရေးမယ်ဆိုပါမှကော်နဲရှင်တွေမရတော့ဘူးလေ၊ပီးတော့အခုတလောဘလောဂါတချို့စာမရေးတော့ဘူးလို့သိရတော့စိတ်ထဲမကောင်းဘူး၊အကြောင်းတော့ရှိမှာပေါ့လေ၊ကျနော်ကတော့သူတို့တွေတနေ့ဒီဘလော့ရွှာ
လေးကိုပြန်လာစေချင်တယ်လေ။
ဘာရယ်လို့တော့မဟုတ်ဘူး….သံယောဇဉ်ပေါ့လေ၊စာရေးဖေါ်တွေညီစေချင်တယ်၊တတ်နိုင်သလောက်လေးဖေးမရင်းကူညီရင်းတွဲခေါ်အားပေးရင်းနဲ့ခရီးတခုကိုဆက်လျှောက်စေချင်ယုံပါ။
စာကောင်းတွေရေးတဲ့သူတွေပိုပီးတော့ရေးစေချင်တယ်လေ၊အခုတော့နားကုန်ကြပြီလေ၊ကိုစိုးထက်တို့မအိမ်
ချမ်းမြေ့တို့လေ..စာမရေးတော့ဘူးတဲ့…ဆက်ပီးတော့ရေးပါတနေ့ပြန်လာပါလို့လေးနက်ဆန္ဒကိုဒီနေရာကပြောမိတယ်။
ကိုယ်ကိုတိုင်ကစာရေးကောင်းသူမဟုတ်ပေမဲ့၊စာရေးကောင်းတဲ့သူတွေကိုချစ်တယ်၊လေးစားတယ်၊ဒီလိုလူတွေ
ကိုလည်းအသက်ရှည်ကျန်းမာစေချင်တယ်..ဒါမှစာကောင်းတွေကိုရေးပီးလူ့လောကကိုလှသထက်လှအောင်ထုဆစ်နိုင်လိမ့်မယ်လို့လည်း…နှလုံးသားထဲကယုံကြည်တယ်လေ၊ဒါကြောင့်လည်းစာမရေးတော့တဲ့စာရေးဆရာ
ကောင်းတွေစာများများရေးပါ။
တကယ်တော့စာရေးဆရာဆိုတာတွေဟာပန်းပျိုးတဲ့လက်တွေပါ၊သူတို့ရေးတဲ့စာတွေကိုဖတ်ပီးတော့ပြောင်း
လွဲသွားသူတွေမနဲဘူးလေ၊ဒီတော့စာရေးသူတယောက်ရဲ့တာဝန်ဟာကောင်းတာနဲ့မှန်တာကိုရေးပြဖို့ပဲလေ
စာရေးဆရာဟာလူတွေအပေါ်သစ္စာရှိဖို့တော့အရေးကြီးပါတယ်..ဟုတ်။
ပြီးတော့စိတ်မကောင်းဖြစ်မိတာက၊စီဗောက်တွေမှာမကျေနပ်ရင်…ဟိုရိုင်းစိုင်းစွာရေးထားခဲ့တာမျိုးကိုမလုပ်စေချင်ဘူး၊ကိုယ်နဲ့အယူဆမတူတိုင်းရန်သူလိုသဘောထားနေမယ်ဆိုရင်၊ဘယ်တော့မှမငြိမ်းချမ်းနိုင်ဘူးလေ။
ဒီတော့စာကိုပဲဖတ်ပြီးခံစား၊မကြိုက်ရင်မသွားနဲ့ပေါ့၊နှစ်သစ်တယ်ဆိုရင်ဖတ်မှတ်ပညာယူပီးတာပဲ။
ကျနော်ဟာITပညာမှာကိုလုံးဝမတတ်ဘူး၊ကိုယ်လင့်ခ်ချင်တဲ့ဘလော့ကိုတောင်မှပီပြင်အောင်မလင့်ခ်တတ်သေးဘူး၊ဒါပေမဲ့ကိုယ်ချစ်တဲ့ဘလော့ဂါတွေဆိုရှာပြီးလိုက်တယ်ဖတ်တယ်…မှတ်လာတယ်၊မလုပ်တတ်ရင်လိုက်သင်
တယ်၊ဦးကောဝိဒနဲ့ဦးကုမာရတို့ကကျနော့်ဘလော့ဆရာတွေပါမတတ်တာဆိုမေးပီသင်ခဲ့တယ်လေ၊ဒီတော့
တစ်ယောက်နဲ့တစ်ယောကစိတ်မကွက်အပြစ်မမြင်ပဲခွင့်လွတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း….ချစ်တတ်ခြင်းတွေ
ပြည့်ဝစေလို့။ဘာပဲဖြစ်ဖြစ်အခုဒီစာကိုရေးနေတဲ့အချိန်မှာကိုစိုးထက်ပန်ြလာနေပါပြီလို့သိရတဲ့အတွက်ဝမ်းသာ
တယတကယ်ပါ။ညီအစ်ကိုမောင်တွေပြန်တွေ့ရပီလေ။်

Tuesday, February 12, 2008

ချစ်ခြင်းငတ်ကမ္ဘာ

ချစ်ခြင်းဟာမြစ်တစင်းဆိုရင်
စီးပါလေ့စေမဆီးလေနဲ့။
ချစ်ခြင်းဟာ`လ´တစင်းဆိုရင်
လင်းပါလေ့စေမကွယ်စေနဲ့။
ချစ်ခြင်းဟာ`နေ´တစင်းဆိုရင်
ရောင်လျှံပြင်းပြင်းလင်းပါလေ့စေ
မတားလေနဲ့။
လူ့ရွာမြေမင်းကမ္ဘာတွင်းမှာ
ကြင်နာမဲ့ကင်းလူခြင်းနိပ်စက်
လှည့်ကွက်မာယာဗလာကတိ
မှေင်အတိအခါမို့
ကမ္ဘာမြေမင်းဒီချစ်ခြင်းကို
ငတ်နေလို့။

Wednesday, February 6, 2008

ညီတဲ့လက်တွေမြဲကြပါ

အခုတလောစာရေးတာအားမရဘူး၊အင်တာနက်ကလုံးဝသုံးလို့မရဘူးလေ၊ဟာ….စိတ်ထဲမှာလည်းဟိုသတင်းဒီသတင်းတွေကြောင့်တော်တော်လေးစိတ်မကောင်းဖြစ်ရ၊ခံစားရပေါ့လေ။
ဘာပဲဖြစ်ဖြစ်လေ၊စာရေးသူရဲ့စိတ်ထဲမှာရေးဖော်ရေးဖက်မောင်နှမအားလုံးကိုချစ်တယ် ပီးတော့လေးစားတယ်၊တူညီတဲ့ခံစားမှုတွေနဲ့လက်တွဲလမ်းလျှေက်နေကြသူများအဖြစ်ယုံကြည်တယ်လေ၊ပီးတော့စာရေးသူပြောချင်တာကစီဗောက်လေးတွေထားပေးပါ၊ကော်နဲရှင်တွေကလုံးဝမကောင်းတော့လာပီးနုတ်မဆက်နိုင်၊ကော်မန့်မပေးရဖြစ်လွန်းလို့ပါ၊
ပြောပီးသားစကားကိုပဲပြောရရင်….ညီတဲ့လက်တွေမြဲကြပါလို့…လေ