Thursday, March 13, 2008

တွေးမိတာလေးပြောလိုက်တယ်

စာမရေးဖြစ်သလို ဘလော့မလည်နိုင်တာလည်ကြာနေပေမဲ့ အားလုံးကိုသတိရနေပါတယ်
စာမရေးပေမဲ့ လာလည်နေကြတဲ့ သူငယ်ချင်းအားလုံးကို ရင်ထဲက ကျေးဇူး တင်ပါတယ်
အခုတလော ဟန်ချက်မညီတာလေးတွေတွေ့နေရ၊ကြားနေရတဲ့အခါ စိတ်ထဲရှိတာလေးတွေ
ကိုချရေးလိုက်မိတယ်လေ၊
သိတယ်မဟုတ်လားစာမေးပွဲရာသီလေ ခလေးတွေကစာမေးပွဲအတွက်လုံ့းပန်းနေရသလို
`မိဘ´တွေကသားသမီးတွေစာမေးပွဲကောင်းမွန်စွာဖြေဆိုနိုင်ဖို့ကြိုးစားနေတာတွေကိုတွေ့ရ
တယ်ဒါပေမဲ့ တချို့မိဘတွေဗေဒင်ဆရာအိမ်နဲ့ နတ်ကနားစီးတွေဆိကိုသူ့ထက်ငါ၊အလု
အယက်ဝင်ထွက်နေကြတာတွေ့ရတယ်၊တခုခုတော့လွဲနေကြပြီလေ၊ တကယ်တော့ခလေး
တွေရဲ့ကျန်းမာရေးကပိုအရေးကြီးတယ်..ဒီလိုအချိန်မှာ ဒီခလေးတွေအတွက်တကယ်လို
အပ်နေတာဟာ အားပေးမှုနဲ့ ဂရုစိုက်ကြင်နာမှုပါ။
ဗေဒင်ယတြာကိုအပုတ်ချနေတာမဟုတ်ဘူးနော်၊ဒီပညာတွေဟာတကယ်ရှိနေတယ်
တကယ်လည်းလူသားအကျိုးပြုပညာရပ်တစ်ခုအနေနဲ့ ဘုရားလက်ထက်မတိုင်ခင်ကတည်း
ကရှိခဲ့တယ်၊ကျွန်တော်တို့မြန်မာတွေမှာလည်း၊ဂုဏ်ယူလောက်အောင်ကိုကောင်းတဲ့ဆန်းကျမ်းတို့၊အင်္ဂ္ဂ၀ိဇ္ဇာတို့ရှိနေခဲ့သလို၊ရှိနေဆဲပါ၊တော်၏ရော်၏လုပ်၊စာဖတ်ပြီးတတ်နေကြသူတွေနဲ့ဒီ
ပညာကိုခုတုံးလုပ်ပြီးကိုယ်ကျိုးရှာနေသူများလာတာကြောင့်ဒီပညာရပ်တွေနာမယ်ပျက်နေခဲ့၇
တယ်…ထားပါတော့လေ၊ကျွန်တော်ပြောချင်တာက..ဒီစာမေးပွဲနီးနေ၊ဖြေနေမှဗေဒင်ဆရာဆီသွား၊ယတြာမတောင်းနဲ့ ဘယ်ဗေဒင်ဆရာကမှ စာမေးပွဲအောင်ဖို့မလုပ်ပေးနိုင်ဘူးဆိုတာကိုပါ
တချို့ဆိုပိုတောင်ဆိုးသေးနားအေးပါးအေးတရားအားထုပ်နေတဲ့ဆရာတော်ကြီးတွေဆီသွား
သူ့ခလေးကိုစာမေးပွဲအောင်ဖို့ ဆုတောင်းခိုင်း မဟုတ်ကဟုတ်ကတွေမလုပ်သင့်တာတွေ
ကြည့်ရင်းနဲ့မော လာတယ်…
တကယ်တန်းကံကောင်းဖို့က အကျင့်ကောင်းမှဇြစ်မှာပါ၊အကျင့်မကောင်းပဲနဲ့တော့`ကံ´
မကောင်းနိုင်ပါဘူး၊နောက်တစ်ခုက အသုံးချပညာရပ်တစ်ခုဇြစ်တဲ့ဗေဒင်ပညာရပ်ဟာ
ကိုးကွယ်ရာမဟုတ်သလို၊ပျက်ရယ်ပြုစရာလည်းမဟုတ်ဘူး၊နောက်ပြီးတော့၊ပညာရပ်ကို
တလွဲသုံးနေကြသူများလည်း ပညာစူးရင်ရူးတတ်တယ်လို့….
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။