Sunday, April 6, 2008

ကျနော်နားလည်သောယောက်ျားကောင်း

တနေ့က လက်ဘက်ရည်ဆိုင်သွားတယ် ဒီဆိုင်လေးကထိုင်နေကျ ပြီးတော့ သူငယ်ချင်းတွေဆုံနေကျလေ
ဒီဆိုင်လေးမှာပဲ တောအကြောင်းတောင်အကြောင်း ပြီးတော့လူတွေအကြောင်းပြောရင်း သတင်းပုလင်းတွေ
ပြောနေရင်းက တဖက်ဝိုင်းမှာထိုင်နေတဲ့ ခလေးတွေပြောတဲ့စကားကိုကြားတော့ ဒီစာလေးကိုရေးဖြစ်တယ်
ဘယ်လိုလဲဆိုတော့….
`နေပါဦး..အခုမင့်တွဲနေတဲ့ကောင်မလေးက ရုပ်ရှိရေလျှံလေးလားကွ´
မေးလိုက်တဲ့ကောင်လေးက အသက်နှစ်ဆယ်လောက် ရုပ်ကချောချောလေး ကိုရီးယားမင်းသားစတိုင်လေး
`ငါ့အတွက်တော့ငွေတွင်းပဲ…ကောင်ရေ…ရှယ်ပဲ´
ပြန်ဖြေလိုက်တဲ့ကောင်လေးကလည်း ခုနကမေးတဲ့ကောင်းလေးနဲ့ရွယ်တူလေးတွေ တကယ့်မင်းသားလေးလို
ကြည့်ကောင်းတဲ့ပုံလေးတွေ။
သူတို့ပြောတာကိုနားထောင်ရင်း စိတ်ထဲကဘုရားတမိတယ်ယောက်ျားစိတ်ဓာတ်ယောကျာ်းသိက္ခာ…နောက်ပြီး
ရှိသင့်ရှိထိုက်တဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့မာန်…ဘယ်ရောက်ကုန်လည်း၊ဘယ်သူယူသွားလည်း….?
မေးစရာလေးတွေ၊ပြီးတော့ ကိုယ့်စကာကို ကိုယ်တာဝန်ယူရဲသောသတ္တိ ရှိသေးလား? မတွေးချင်တော့ပါ။
ဒီအချေင်သမားစိတ်နဲ့ ဘ၀ကိုတည်ဆောက်မှာလား အလားကားရရင် ဘာမဆိုယူမယ်ဆိုတဲ့ စိတ်နဲ့ ဘ၀ကို
ရပ်မှာလား? ကိုငှက်ရဲ့ သီချင်းတစ်ပုဒ်ကိုပြန်သတိရရင်း ရင်ထဲကငြီးဖြစ်တယ်` စိတ်ဓာတ်ကင်ဆာ´
ခဏလေးရပ်ပြီးတော့တွေးမိတယ်….အချောင်သမားစိတ်တွယ်နေတဲ့ စိတ်ဓာတ် ဘာနဲ့သတ်မလဲဆိုတာကိုပါ
ညီလေးတို့…ငါတို့စိတ်တွေထဲမှာ ရှိနေတဲ့ အချောင်သမားပိုးကို ယောက်ျားကောင်းစိတ်ဓာတ်ဆိုတဲ့ ဆေးနဲ့
သတ်ပစ်ပါ…တကယ်တော့အလကားကရတဲ့ ပစ္စည်းဥစ္စာမှန်သမျှဟာ အကြွေးပဲ အခုမဆပ်ရင်သံသရာမှာပြန်
ဆပ်ရမှာပဲ..လို့ရင်ထဲကပြောမိတယ်…
တကယ်တော့ ကျနော်တို့ယော်ကျားကောင်းတွေဖြစ်အောင်လုပ်သင့်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့
ဂျာနယ်ကျော်ဦးချစ်မောင်တို့၊မိးတုတ်သခင်သိမ်းမောင်ကြီးတို့လို ယောက်ျားမြတ်တွေရဲ့စိတ်ဓာတ်နဲ့ လုပ်
ရပ်ကို လိုက်နာကျင့်ကြံသင့်တယ်။
`ဘဘဦးရွှေအောင်ပြောတာကို..ပြန်ပြီးပြောရရင်`လောကမှာအနိုင်မဲ့ ယောက်ျားမြတ်ဖြစ်တဲ့ ဗုဒ္ဓကိုအ
တုခိုးပါတဲ့´….
ဒီစကားကိ ဒီခလေးတွေကိုပြန်မပြောဖြစ်ပေမဲ့ ပြန်လည်ကြားရောင်နေရင်း…..ု