Tuesday, March 31, 2009

ပန်မိတဲ့ ဆု

ဘယ်သောအခါမှ.......
ရင်မှာ မရှိ၊ မတွယ်ငြိပဲ
စိတ်ထဲရှိယောင်၊ဟန်ဆောင်ပလီ
ချိုသီစကား၊ငါ့နုတ်ဖျားမှ...

မပြောလို။ ။

ဘယ်သောအခါမှ.....
ယုတ်မာညစ်ညူး၊ဘီလူးလောဘ

လိုဆန္ဒကို၊ငုတ်လျိုရင်မှာ
ကာဖုန်းဝှက်ပြီး၊မျက်နှာချိုးထား
မာယာများနဲ့၊ချဉ်းကပ်လာသူမဖြစ်လို။ ။

ဘယ်သောအခါမှ......
တဏှာငွေမက်၊ ရောယှက်ထွေးနှေင်
ဟန်ဆောင် အချစ်၊စင်စစ်မဟုတ်
ဝတ်ရည်စုတ်ယုံ၊လူပုံဖန်ဆင်း
ရင်တွင်ဘီးလူး၊ရမက်ကြူးသော
လူယုတ်ယောက်ျား၊ မဖြစ်လို။ ။

ဘယ်သောအခါမှ
မျောက်ပြဆန်တောင်း၊သာပေါင်းညာစား

အထက်ဖားအောက်ဖိ၊လူအသိပျောက်
အဆင်းချောက်တွန်း၊မနောယုတ်မာ
လူသိက္ခာမဲ့၊ ဘုရားကဲ့ရဲ့
သူတော်မဲ့သော၊ယောက်က်ျားလူယုတ်မဖြစ်ပါလို
ပန်ဆုဆို၏။

12 comments:

မသက်ဇင် said...

ယောင်္ကျားကောင်းယောင်္ကျားမြတ်တို့၏
"ပန်မိတဲ့ ဆု"

ပျော်ရွှင်ပါစေ---

ကိုရင်နော်ခင်လေးငယ် said...

ကောင်းလိုက်တဲ့ ဆု..
ရချင်တယ်ဗျာ အဲ့ဒီဆုတော့..

ကဗျာလေး အရမ်းကောင်းတယ်ဗျာ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်

Anonymous said...

တန်ဘိုးရှိတဲ့ ဆုတောင်းလေးပါ အကိုရယ် ... ပန်ဆုလေး ပြည့်ဝပါစေနော်။

လေးစားစွာဖြင့်
ညီမကလျာ

Dream said...

တောင်းသည့်ဆုနဲ့ ပြည့်ပါစေ... ဦးဦးရေ

း)

ဖိုးဂျယ် said...

တောင်းဆုလေး ပြည့်ပါစေဗျာ

ငပေါဂေဟာ

သဘာပတိ ဖိုးဂျယ်

သဇင်ဏီ said...

ဒီပို့စ်တင်တဲ့နေ့တည်းက ဖတ်ဖြစ်ပါတယ်..
comment မပေးခဲ့မိတာ..
အားလုံးအဆင်ပြေပါစေ... =)

မသက်ဇင် said...

"ပန်မိတဲ့ ဆု"

ထပ်လာဖတ်ပါတယ်--
ပျော်ရွှင်ပါစေ--

ရွှေပြည်သူ (ShwePyiThu) said...

“ပန်မိတဲ့ဆု” ကဗျာရဲ့နောက်ကွယ်က တည်ကြည်လေးနက်မှုကို လေးလေးစားစားနဲ့ ဖတ်သွားပါတယ် အစ်ကို...

Dr Phyo Wai Kyaw said...

ဘ၀သံသရာက ရှည်လွန်းလို့ မဖြစ်သင့်တဲ့ ဘ၀တွေလည်း ဖြစ်ခဲ့ဖူးမှာပေါ့အကိုရယ်.. ဒါကြောင့် အခုလို ပေးဆပ်နေရတာပေါ့...
ဆုတောင်းဓိဋ္ဌာန်လေးကတော့ သဘာဝကျပါတယ်။

Anonymous said...

ပန်တဲ့ဆုလေးကောင်းလိုက်တာ
ကဗျာလေးမှာတင် ပြည့်ဝဖို့ တ၀က် နီးနေတဲ့ စိတ်ကို တွေ့ရပါတယ်။
ညခင်းတို့ လိပ်စာပြောင်းထားတယ်နော်
www.nyahkinyaelamin.com

ကဗျာဦး said...

စာတွေလာဖတ်တယ်ရှင့်
လင့်ထားလိုက်ပါတယ်

မသက်ဇင် said...

ဥပသကာ
အလုပ်များနေပါသလား
အသစ်တင်ပါအုံး
ပျော်ရွှင်ပါစေ