Friday, October 9, 2009
ဒဏ်ရာနဲ့ ငှက်
အဖြူရောင်အတောင်ပံ
မိုင်ထောင်ချီပျံ
လေဆန်ပျံဝဲ
အမြဲကြိုးကုတ်
လုံ့လထုတ်ကာ
ပန်းနေရှာလဲ
အံခဲဇွဲတင်း ရှေ့ဆက်ရင်းလေ။
ငှက်တစ်ကောင်
အဖြူရောင်ကိုယ်လုံး
အနီဖုံးလွမ်း၊ ဘယ်လိုနွမ်းလဲ
ရင်ထဲမထား၊ဖယ်ရှားအတ္တ
ပရရှေ့တင်၊ငြိမ်းစေချင်စိတ်
ထိုတိဟိဟ်ကြောင့်၊မြှားငြောင့်စိုက်ဝင်
ရင်ဖတ်ဒဏ်ရာ၊ကြီးလွန်ရှာလဲ
သူပြန်နေဆဲ..ပြန်ဆဲလေ။
ဖျားနာနေသော ငြိမ်းချမ်းရေးငှက် သို့ရည်ညွန်း ပါသည်
ငြိမ်းချမ်းကြပါစေ
ဥပသကာ။
Thursday, October 1, 2009
ထူဆန်းဇုံ
ရောင်စဉ်တွေနဲ့ထိပြီး၊ဖြစ်ပျက်
အသီးသီးကိုမြင်ရတယ်။
နားကမကြား ပင်းနေသူများလည်း(လဲ)
အခန်းများထဲဝင်၊နားကျပ်ဆင်သော်
ဟစ်အော်သံများ၊ ကြားရသတဲ့။
ဆွံ့ အနုတ်ဖျား၊စကားမတတ်
ငိုနေတတ်သူ၊ ထိုလူများလည်း(လဲ)
ထိုထဲရောက်သော်၊အော်ဟစ်ရွှင်မြူး
ချစ်ရည်လူးကာ၊ သစ္စာစကားတို့ဆိုသတဲ့။
ထိုကဗျာ အတွက် အတွေးကို အစပြုပေး ခဲ့သော
ကိုရင် နော်အား
ကျေးဇူးတင် ရှိပါကြောင်း
ငြိမ်းးချမ်းပါစေ
Wednesday, September 30, 2009
လရောင်နဲ့မေတ္တာ
မနှေးမမြန်မှန်ရွတ် နေတဲ့ မေတ္တာ ပရိတ်တော်ကို၊ ကျနော် လည်းစိတ်ထဲမှလိုက်ပါ ရွှတ်ဆိုပူဇော် နေမိရင်း မေတ္တာ အလင်း ကို ဖြန့်ကျင့်နေမိတယ် ၊ ဘယ် လောက် ပဲ ပူပင် သောက ဗျာပါဒတွေ ရင်ထဲ ကိန်းနေပါစေ မေတ္တာ ဘ၀နာ ကိုသေချာစွာ ပွားကြည့် ပါ ကတနေ့တခြား အပူငြိမ်း လာတာ ကိုတွေ့ရ ပါ့ မယ် ၊ငွေကြေးဥစ္စာ မပြည့်စုံပါသော်လည်း ရင်ထဲ ကိန်းတဲ့မေတ္တာကြောင့် အပူငြိမ်းစွာနေရ ပါ လိမ့်မယ် လေ၊
တစ်ချိန်တုံးကငယ်ဆရာတော်ဦဇာဂရဆုံးမခဲ့တဲ့စကားကိုနားထဲပြန်လည်ကြားရောင်လာမိတယ် ကျနော်နဲ့ဆရာတော်က လပြည့်လကွယ်နေ့တိုင်း မနက်အာရုံဆွမ်းကို သစ်သီမျိုးစုံ ပန်းပေါင်းစုံနဲ့သမုတ်သိမ်ထဲပူဇော်လေ့ရှိပါတယ်၊ကျနော်ကဆွမ်းပွဲတွေပြင်ပေးရင်းဆရာတော်က နေရာတကျရှိမရှိ ကြည့်ပြီး သိမ်ထဲရှိသော မဟာမြတ်မုနိ ပုံတူကိုယ်စားတော်ကြေးဘုရား ကြီးကို မျက်နှာသစ်တော်ရေ ဆက် ကပ်လေ့ ရှိတယ်၊ အလဲလို လပြည့် နေ့အာရု့မတက်ခင် ကတည်း က သိမ်ထဲမှာပဲဆရာတော် သီတင်းသုံးလေ့ရှိတာ မို့ ကျနော် လဲဆရာတော်နဲ့အတူနေထိုင် ၀တ်ဖြည့် ခွင့်ရခဲ့ သလို အဆုံးအမ တွေအများကြီးရခဲ့တာ ပါ၊
မှတ်မှတ်ရရ သီတင်းကျွှတ် လပြည့်နေ့ည ပေါ့လေ၊ သိမ်တော်ကြီးဆီက အဘိဓမ္မာ ခုနှစ် ကျမ်း လုံး ရွတ်ဖတ်ပူဇော်ပွဲက လွင့် ထွက်လာတဲ့ တရားသံကို နာနေမိတယ်၊ ပြီးတော့ သိမ်အပြင်ဖက်က လရိပ်ကို ငေးမောကြည့်နေမိတယ် ၊တိုက်တိုက်တွေပျံပြီး လ ၀န်းနား ချည်း ကပ်နေပေမဲ့ မဖုံးနိုင်၊ လမိုက်ညမှာ လင်း အားကောင်းတဲ့ကြယ်လေးတွေ မလင်းနိုင်၊ လ၀န်းကြီးရှိနေတာကိုး၊ မြတ်စွာ ဘုရား နတ်ပြည်က လူ့ပြည်ကို ဆင်းတဲ့နေ့၊ ရောင်ခြည် ခြောက်သွယ်နဲ့ဘုန်းရောင်ညဏ်ရောင် .. တုဘက် ကင်းတဲ့ကျက်သရေနဲ့ပြည့်စုံနေတဲ့ည တောက်ပ မှုအား လုံးရဲ့ အရှင်သခင်..လို့တွေးရင်းရွတ်ဆိုမိတာက။
ဒိဝါတပတိ အာဒိစ္စော..
ရတ္တိမာဘာတိစန္ဒိမာ
သန္နဒ္ဓေါခတ္တိရော တပတိ
ဈာယီတပတိဗြဟ္မဏော
အထ သဗ္ဗမဟောရတ္တိံ
ဗုဒ္ဓေါတပတိ တေဇသာ။
ဆိုတဲ့ ဘုရားရှိခိုး ကို လေးလေးနက် နက် ရွှတ်နေဆဲမှာပဲ၊ ကျနော်ရနံ့ တစ်ခုရ လိုက်တယ် ၊သင်းသင်းလေးနဲ့မွှေးတဲ့ရနံ့၊ဂိုရာမဟုတ်၊ ရှယ်နယ်မဟုတ်၊သနပ်ခါးမွှေးသလို မျိုး လည်း မဟုတ် ပြန်၊ မျက်လုံးဖွင့်ကြည့် လိုက် တော့ မှ ဆရာတော် ရောက် နေမှန်းသိတယ်၊ ဘုရားအာရုံပြုနေ လားမေးတော့ ခေါင်း ညိတ်ရင်း တင် ပါ့ လို့ ဖြေတယ်၊သိမ်ထဲဝင် ကြမယ် ပြောတော့နေက် တော် ပါး က လိုက် နေရင်း ပဲ သရဏ ဂုံကိုပွားနေမိတယ်။
သိမ်ထဲရောက်တော့ သီတင်းသုံးတဲ့ အိပ်ရာပေါ်ဆရာတော် လဲနေတုံး ကျနော် ၀တ် ဖြည့် ခွင့်ရတယ်၊
“ လ ရောင်က အေးတယ် ၊ အဲလို ပဲသူတော် ကောင်းတွေရဲ့ အရိပ် ကပိုအေးတယ်၊ဒီထက်ပိုပြီး၊ ဘုရားရှင်ရဲ့ အရိပ် က ပိုအေးတာ ဘာကြောင့် လဲသိ လား’
လို့မေးတော့ ကျနော် မဖြေနိုင်၊ မေတ္တာရိပ် ကြောင့် မှတ် ထားနော် ၊လူဖြစ်စေ၊နတ်ဖြစ်စေ မေတ္တာကို သာ ပွားနေပါ ဒီပတ်ဝန်းကျင်၊ဒီင်္အရိပ် လည်းရောက်ရော တခါးတည်းအေးချမ်း သွားသလို ကို ခံစားရတော့တာ ပဲကွာ.. လို့ မိန့်တော်မူတယ်၊ တကယ့်သူတော်ကောင်းတွေရှေ့ရောက်ရင် အမှန်တကယ် အေး ချမ်းသွားရတယ်၊ အ၀တ်သူတော် ကောင်းလား၊ အစားသူတော်ကောင်း လား၊တကယ့်သူတော် ကောင်း လားဆိုတာ ကို၊သူ့ရှေ့ေ၇ာက်ရင် ကိုယ် ဘယ် လောက် အေးငြိမ်းသွား လဲဆို တာနဲ့တိုင်းကြည့်ရတယ် လို့ ဆက်ပြီးမိန့်တာ ကို ခံရပြန်တယ် လေ။
အခု ပစ္စပ္ပန် မှာတော့ ကျနော် ဆရာတော်ကြီးရှိတဲ့တောရကျောင်း ဆီရောက် နေတယ် ပြေးထွက် သွားတဲ့ အတိတ်ကို ပြန်ပြီးတော့ လိုက် ဖမ်း ပစ္စုပ္ပန်မှာနေ ခိုင်းရတာ တခါတလေ မီးခဲကို ကိုင်မိတဲေ့မျောက် လို ပဲ ခုန်ဆွခုန်ဆွ၊ ဟိုပြေဒီပြေး တော် တော် ကို မလွယ် ပါ လားနော်၊ တောရကျောင်းထဲက ကျနော့် စိတ် က လွန်ခဲ့တဲ့အနှစ် နှစ် ဆယ် ကို ပြန် ပြေးလိုက်တာ ခဏလေး မှ ခဏလေး အတွေးနဲ့ အတူ သဏ္ဍန်န ပညတ် လို့ခေါ်တဲ့ အရိပ် တွေထင် လာ၊ ကိုယ်က ပါ လိုက်ပါစီးမျှော၊ တသက်လုံးသွား လဲ မကုန်နိုင်တဲ့ အတွေး၈နိုင်ကြီးပါ လား လို့တွေးမိပြန်တယ်၊ ပြောတာက ဆုံး လို့ရသေးတယ်၊တွေးတာက တော် တော် ကောင်းဗျ၊အရှေ့ကိုပြေး လိုက် ၊ အနောက်ကိုပြန်လိုက်၊ အထက်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့လေ…သတိအားနည်းသောကျနော့်အတွက်၊ အတွေးသည် အလုပ် အတွက် အကြီးဆုံးဘေး ဖြစ်နေခဲ့တာပါ၊
သတိက ကိုယ့်ဆီပြန်ရောက် ချိန်မှာတော့ မေတ္တာ ပရိတ် အသံတိတ်နေပါပြီလေ၊၊ ရင်ထဲကမေတ္တာ လှိုင်းကတော့ပျံ့လွင့်နေပါဦးမည်၊
ကျနော့် လို အတေွးများပြီး သတိမနိုင်တဲ့ လူအတွက် သမာဓိကိုခြည် ဖို့က မေတ္တာကမ္မဋ္ဌန်းက
အကောင်းဆုံးပါ လို့ကျနော် ယုံတယ် လေ၊ အတွေးကထွက်သွားပညတ်ရိပ် တွေက ပေါ်လာ၊အဲ လိုပေါ်နေဆဲတခါတည်းမေတ္တာပွား လိုက်၊ရောက်ရက်မခတ့််နိုင်တော့ ပါ ဘူးဒီစိတ်
ဟုတ်ပြီ မေးစရာက သေဆုံးပြီးသွားတဲ့ပိုဂ္ဂိုလ်တွေအာရုံထဲ ထင် လာရင်တော့ အမျှဝေပါ ၊ တောတောင် တွေ၊ အိမ်တွေ စတဲ့သက်မဲံတွေထင် လာရင် သက်ဆိုင်ရာ အစောင့်ရှောက် တွေ နတ်တွေ ကို မှန်းပြီးပို့ သိပ်မကြာခင် စိတ်လေး အေးငြိမ်း လာတဲ့အခါ ကိုယ့်ရဲ့ မူလကမ္မဋ္ဌန်းကို ပြန်သွား ပိုပြီးထင်ထင်ရှားရှားသိရလိမ့်မယ်လေ၊။
ပညတ်ကိုအာရုံတင်ပြီး ပွားရတဲံမေတ္တာကမ္မဋ္ဌန်းကိုတော့ ဖြစ် အောင်ပွားကြည့်စေချင်တယ်၊ ကျနော်ဆရာတစ်ဦးပြောခဲ့ ဘူးတယ် ဗျ၊
လောကီမှာ အားအကြီးဆုံးက မေတ္တာ၊ လောကုတ္တရာမှာ အားအကြီးဆုံးက ၀ိပဿနာ
တဲ့လေ၊ မေတတာပရိတ်သံစဲပြီမို့ ကျနော် လည်း အိပ်ရာဝင်ဖို့ ဆရာတ်ေကြီး သီတင်းသုံးတဲ့ ကျောင်း ကို လှမ်း ပြီး ၀င် ခဲ့တယ်လေ၊ရင်ထဲမှာတော့ငြိမ်းချမ်းလို့လေ။
ငြိမ်းချမ်းကြပါစေ
Sunday, September 27, 2009
အ..ရဟံဂုဏ်တော်၊ လောကပါ လ တရားများနဲ့ ကျနော်
သတ္တလောက ၊သြကာသလောက၊ နဲ့သင်္ခါရလောက..ဒီသုံမျိုးသော လောကထဲမှာ ကျနော်တို့သိ နား လည်တဲ့
အရှက်နဲ့ အကြောက်ဆိုတဲ့ လောကပါ လတရားနှစ်ပါး က သတ္တလောကကို စောင့်ပါတယ်၊ အထူးသဖြင့် ကျနော်တို့ ပုခုံးနှစ်ဘက် ကြားက ခေါင်းပေါက်ပြီး ဒါဝင် ပြောတဲ့ မျောက် ကဆင်းသက် လာ တဲ့ အမျိုးကိုစောင့် ပါ သတဲ့ ကျနော်ဆိုလို တာ က လူသာမျိုးနွယ် ဆင်းသက် လာ ပုံ ကို မဟုတ် ဘူးဗျ၊ လူ ဟာ မျေက် ကပဲဆင်း ဆင်း ဗြဟ္မာက ပဲ လာ လာ၊ လူ သား ကမ္ဘာကိုတော့ရောက်လာ ခဲ့ပါ ပြီ လူ့ယဉ်ကျေး မှု၊ လူ့ သမိုင်း တွေ ကို လက် ဆက် ကမ်း ခဲ့ ကြ၊ တည် ဆောက် ခဲ့ကြ ပြီးတော့ ဖြိုဖျက် ခဲ့ကြပြီးပါပြီ၊ အခု ကျနော် တို့ရဲ့ကမ္ဘာ ပေါ့ ဗျာ
ကျနော်တို့ အလှည့်၊ တည် ဆောက် မလား၊ဖြိုပျက်မ လား ကြိုက်တာ လုပ်ကြလေ၊။
ကျနော်တို့နှလုံးသားမှာ အရှက်တရားနဲ့ အကြောက်တရား တကယ်ကို ကိန်းနေကြပါ ရဲ့ လား လို့မေးခွန်း ထုတ်ကြည့် ပါ ၊ ဘာကိုရှက် ပြီး ဘာ ကိုကြောက်ရမလဲ ဆို တာ က လူ တိုင်း သိ ပြီးသား မကောင်းမှု တွေ လုပ်ရ မှာ ကိုရှက် ပြီး အကုသိုလ် ကံတွေကျူး လွန်ရမှာ ကိုကြောက်ရမှာလို့ လူတိုင်း သိတယ်၊ဗုဒ္ဓဘာ သာ ၀င်တိုင်း လည်း သိတယ် ဒါပေမဲ့ လူရှေ့ ကျ တော့် ရှက်တတ် ကြောက်တတ် ပြီး ကွယ်ရာကျ တော့ ဒီတရားနှစ် ပါး ဘယ်မှာ ပစ် ထားကြ လဲ မသိတာ က ဆိုးနေ တယ်၊
မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော် ကြီး ကို မှန်းဆပူ ဇော်မိ လေ ဘုရားရှင်ရဲ့ လော ကို ကျေးဇူးသိတတ် မှုနဲ့ ကျေးဇူးဆပ်တတ် မှု ကို ပိုပြီးကြည် ညိုရလေ ပါ ပ။
ဲ
အ….ရဟံ ဆိုတဲ့ဂုဏ်တော် အဖွင့် က မကောင်း မှု ကိုရှေ့တည့် နောက် ကွယ် စိတ် တော်နဲ့တောင်မှ ပြု လုပ်ကျူး လွန်မှုမရှိတဲ့ ဂုဏ်တော် ဒီတော့ ကျနော့် စိတ်နဲ့ မနိုင်း ကောင်း နိုင်း ကောင်း ပြန် ပြီးယှဉ်ကြည့်တယ်
အပါယ် ကို တိုက်ရိုက်သွားနိုင်မဲ့ လော ဘ၊ ဒေါ သ မော ဟ၊ ၀န်တို မစ္ဆေယ စိတ် တွေနဲ့ ခန္ဓာ ၀န် ကို ထမ်း သူ လို့ ပိုပြီး သိ လာ တယ်၊ ပါးစပ်က ဘုရား လက်က လည်းတရား သို့သော် နှလုံး သား က အဓမ္မ ကိုမက် မော စွာတွယ် ဖက်ထားနေတာကိုတွေ့ရတယ်။
လောက ကို ငြိမ်း စေ ချင် သော်၊ လောက ပါ လတရား ကို ထိန်းရ ပါ့ မယ်ဆိုတာ အသိ အဆင့် မှ အကျင့် အဆင့် ကို တက် မှ ရ မယ် ဆို တာနား လည် လာ သလို၊ ကိုယ့် ရဲ့ ကာယကံ ၊၀စီကံ၊ မနောကံ ကို
ထိန်း သိမ်းရ ပါ့ မယ်၊.. အခု က အမိနဲ့သား၊ အဘနဲ့သမီး မကြည့် ၀ံ့သော် ကာ လပေါ် ၀တ်စားဆင်ရင် ပုံများ ကို အတု ခိုးမှား ပြီး လူ လယ် ခေါင် ၀တ။်မပြော သင့် တဲ့စကား ပြော၊ မကောင်း မှုနဲ့ကောင်း မှု တောင်မှ ခွဲ ခြား မသိနိုင် တော့ သော ခေတ် တခုဖြစ် နေ လို ကျနော် ထင် ပါတယ်၊
အဲ လိုတွေ ၀တ် လာတော့ မင်းသား ခေါင်းဆောင်း ပန်းစား ဘီ လူးတွေ လည်းပေါ လာ တယ်။လူသားမှရွှေးစားတဲ့ မယ်ဂမ္ဘီတွေများ လာတယ်။ လောက အသီးသီးမှာ ရှိတဲ့ ကျင့် ၀တ် သိကခာ ကိုစောင့် စည်း မှုတွေ နည်း လာ တယ်၊စာ ခိုး၊သီချင်း ခိုး၊အနုပညာ သူ ခိုးတွေ လည်း ဖောင်း ပွ လာ တယ်
နဲနဲလောက် တော့ရှက်ကြည့် စေ ချင် ပါတယ်၊ကြောက် လည်း ကြောက် ကြည့်စေ ချင် ပါတယ်၊ တဘ၀စံ ခရီသွားများ အတွက် လောက ပါ လ တရားနှစ် ပါး က စဉ်းစားစရာ မလို သော် လည်း သံသရာ ကိုယုံကြည် သူ များ အနေဖြင့် လော ကပါလ တရားကို မြတ်နိုး သင့် ပါကြောင်း။။။
လေးစားစွာ ဖြင့်
ဥပသကာ
ငြိမ်း ချမ်းကြပါစေ
Wednesday, September 23, 2009
နှလုံးသား
မာယာလည်းရှိတယ်
သစ္စာ လည်းရှိတယ်
ဒီနေရာမှာ
စစ်ပွဲ လည်းရှိတယ်
ငြိမ်းချမ်းရေး လည်းရှိတယ်
ဒီနေရာမှာ
အဖြူလည်းဆိုး လို့ရတယ်
အနက်လည်းချယ် လို့ရတယ်
ဒီနေရာမှာပဲ
လွပ်လပ်မှု လည်းရှိတယ်
ချုပ် နှောင်မှု လည်းရှိတယ်
ဒီနေရာမှာပဲ
ငရဲတံခါး လည်းရှိတယ်
နိဗ္ဗာန်မုခ်ဝလည်းရှိတယ်
ကိုယ် လိုရာကိုယ် လုပ်
ကံဆိုတာ အရုပ် မဟုတ်
သင့် စေတနာ ဆိုတာကတော့ သေချာ ပါတယ် သူငယ်ချင်း။
ငြိမ်းချမ်း ကြပါစေ
Thursday, July 2, 2009
ရတနာ့သုတ် ပရိတ်တော်ဖြင့် ကပ်ရောဂါကာကွယ်ခြင်း
အခုလောလောဆယ်တော့ အခုခေတ်ထလာတဲ့ H1N1 ကမ္ဘာ့လူတုတ်ကွေးရောဂါက အမိမြေကိုတောင်မှ
ပျံ့နှံ့ရောက်ရှိ လာပြီ ဖြစ်တဲ့ အတွက် ကာကွယ်ရေးနည်းလမ်း တချို့ကို ရေးမိပါတယ် လက်တွေ့လုပ်ကြည့်ပါလို့
မေတ္တာရပ်ခံပါတယ်။ စာရေးသာရေးရတယ်၊ အခုတလော လူချစ် လူခင်ကလည်းအများသားဗျ ၊ဒီလူချစ် လူခင် ကိစ္စလေး ရှင်းနေရတာနဲ့ ပဲ အချိန် လစ်သွားတယ်၊ ဒါတောင် ကျနော့် မျက်နှာမမြင်သေးလို့၊ မြင်သာမြင်လိုက်ရရင် တော့ တခါတည်း ကို သတ်မလား မသိဘူး ။အခုတော့ လည်း ပြီး ခဲ့ ပါပြီပေါလေ၊။
အခုဖြစ်နေတာကို “ကပ်” ရောဂါပါလို့ WHO ကကြေငြာလိုက်သံကြားတာ နဲ့ ကျနော်တို့ ဘာ လုပ် သင့် လဲ ဘယ်လိုကာကွယ်ကြမလဲ လို့တွေး မိတာ အမှန်ပဲ၊ ခက်တာက ကိုယ်က ဘာ မှ မဟုတ် သေချာတာ က ဘုန်းကြီးကျောင်း သား ၊ဒီတော့ ရှေးကဆရာတော် ဘုရားကြီးတွေ ဘယ် လို ကာကွယ် ခဲ့ကြ သလဲဆိုပြီး ပြန်ရှာရတယ် ၊ လယ်တီဆရာတော် ဘုရားကြီးရဲ့ ရောဂန္တရ ဒီပနီ ကိုတွေ့တယ်။ ဒီမှာဆရာတော်ကြီးက ကိုယ်တိုင် အသုံးပြု ခဲ့ ဘူးတဲ့ ကပ်ရောဂါကာကွယ်ရေး နည်းတွေကို လူတွေ အတွက် ပြောပြပေးထားတယ်။ ဆရာတော်ကြီးအနေနဲ့ ဒီလို ကပ်ရောဂါတွေကို ကာ ကွယ်ဖို့ အင်း၊စမ၊ ဆေး၊ စတဲ့ပညာရပ်တွေကိုပါ သုံးသွားတာကို တွေ့ရပါတယ်၊ သရဏ၈ုံ အင်းတွေ ပါ၊ ဒီနည်းတွေ ကိုပြန်ပြောပြရရင် လည်း သိပြီးသားများနေမလား ပြီးတော့ တခြားတိုင်ပြည်တွေရောက်နေတဲ့ ကျနော်တို့ညီအစ်ကို မောင်နှမတွေ အတွက် ပင် ပန်းနေမလား တွေးမိနေရင်းနဲ့ နောက်ဆုံးတော့ “မြ၀တီဆရာတော် ဘုရားကြီးရဲ့” ရတနသုတ်နဲ့ ကပ်ရောဂါကာကွယ်နည်း ကို သတိရ လို့ပြန် ပြောပြ ပါတယ် ဗျာ။
တကယ်တော့ရတနာ သုတ်ဟာ ပရိတ်ကြီးပါဠိတော်မှာပါပြီးသားဆို တာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသား ပါ သမိုင်းကို လည်း သိပြီးသားဖြစ်နေလို့ဒီနေရာမှာ မပြောတော့ ပါ ဘူးနော်၊ ပရိပ် ဘယ်လို ရွတ်သင့်တယ်ဆိုတာ ကိုတော့ ပြော သင့် ပါတယ် လို့ ပြောရဦးမယ် ဗျ နည်း နည်း….။
ကျနော် အသက် (၁၂- ၁၃) အရွယ်လောက်တုံး က ဆရာတော် ဘုရားဦးဥတ္တမသာရ တောင် တန်းဆရာတော်ကြီး ကျနော်တို့ နေရာကို ကြွပါတယ်၊ မြို့ ပတ်ပြီး ပရိတ်ရွတ်ချီး မြင့်ပေးတော်မူ တယ်၊ ဘယ်မှာ သီတင်းသုံး လည်းဆိုတော့ စံကျောင်းမှာ ဗျ၊ အဲဒီစံကျောင်းရှေ့မှာက ကျနော်တို့ရဲ့ အဖွား ဖြစ်တဲ့ သီလရှင်ကြီး ဦးစီးတဲ့ ဒေါ်ဧစာရီ သီလရှင်ကျောင်းရှိပါတယ် ၊ သီလရှင်ကျောင်းက ဆရာတော်ဘုရားကြီး ရဲ့ ဆွမ်းကွမ်း ကိုတာ ၀န် ယူရ ပါတယ်၊ အာရုံဆွမ်းကို နွားနို့နဲ့ တခြား သက်သတ်လွတ် အသွေး လွတ် အစား တခု ခု ပေါ့ လေ ဆရာတော် က ဘုန်း ပေးတယ်၊ ကပ်ရတဲ့ သူ က ကျနော်နဲ့ သီ လရှင် ကျောင်း က ခလေးမလေး တစ် ယောက် ပါ၊ အဲ လို ဆွမ်း ကပ်ရတဲ့ အခွင့်ရေး ကို မလွတ်တန်း အသုံး ချ သူ က ကျနော် ပါ၊
ပရိတ်ဘယ်လိုရွှတ် လဲ ဘုရား၊ မေတ္တာ ကိုရောက် အောင် ဘယ်လိုပို့ လည်းဘုရား၊ နတ်တကယ်ရှိ လား ဘုရား၊ ၀ိဇ္ဇ.ဇော်၈ျီဆိုတာ ကကော ဘယ် လို လဲ မေး တော့ တာ ပဲ၊ ဖြေပါတယ်ဆ၇ာတော်ကြီး က ၊ကျနော်သိ ချင်တာ မှန်သမျှ ကို ပြုံး ပြုံးလေးနဲံကိုဖြေတာ၊ မေး လို့ မရရင် ညဘက် မေး မှာ ကိုး ၊ လက် ကလည်း မြန် တယ်၊ ဘယ်ဆရာတော် ဖြစ် ဖြစ် ၀တ်ဖြည့် ဖို့ အသင့် အနေထား ပါ၊ ၀တ် လည်း ဖြည့် ခွင့်ရတယ်( ဥပသကာ..တို့ အသက် ၈နှစ် လောက် ကတည်း က အခြေခံ အနှီပ်ပညာရပ် လော က်တော့ရနေ ပါပြီ၊ ကနေ့ဂျပန်မှာ နာ မယ် ကြီးနေတဲ့ အာစာဟိ အနှိပ်ပညာထက်စုံတဲ့ နှိပ်ကွက်တွေ မြန်မာ့ မနှိပ်ပညာမှာရှိတယ်)။
ဝန်ခံ ပါတယ် ဗျာ၊ ကျနော့် ဘ၀မှာ ဆရာတော်ကြီးတွေ အတော်များ များ ကို သိန်းသောင်း ချီမလှူနိုင် ခဲ့ပေမဲ့ ကျနော်နား လည်တဲ့ အနှိပ်ပညာနဲ့ ပူဇော် ခဲ့ ပါတယ်၊ တချို့ဆရာတော်ကြီးတွေပျံတော်မူ ခဲ့ပေမဲ့ ကနေ့သက်ရှိ ထင်ရှားရှိနေသူတွေထဲမှာ မေတ္တာရှင်ဆရာတော် လည်း ပါတယ်..တခြားဆရာတော်တွေ လည်းရှိ ပါ့၊ နိပ်ရင်း တရားစကားပြောရင်း..ငြင်းကြရင်းရင်ပေါ့၊
အဲစကားက လိုရင်းမရောက်..ဖြစ် နေပါပြီ..ပြန်ဆက်ရမယ်ဆိုရင်တော့ ကိုယ်ရွတ်တဲ့ပရိတ် အစွမ်းထက်ချင်ရင် အရှင်အာနန္ဒာလိုရွတ် တဲ့လေ၊ အရှင်အာနန္ဒာ ဘယ်လိုရွတ်ခဲ့ လည်း.. အတူရှာရအောင် ဗျာ…..။
ဒီရတနာသုတ်တော်မှာ ပဲ “တိယာမရတ္တိံ ပရိတ္တံကရောန္တော” လို ပြထားတော့
တိယာမရတ္တိံ = ညဥ့်သုံးယံ၊ ညနေ(၆) နာရီမှာ ည(၁၀) နာရီအထိက ညဥ့်ဦးယံ
ညဥ့်(၁၀)နာရီလောက်ကနေ ည နာရီပြန်(၂) ချက်အထိကိုညဥ့်လယ်ယံ
ညဥ့်နာရီပြန်(၂) ချက်မှ နံနက်(၆) နာရီ အထိကို မိုးသောက်ယံ
လို့ ကျမ်းတွေမှာ တွေ့ရတယ်။ ဒီတော့ အရှင်အာ နန္ဒာ ကိုယ်တော်မြတ်ကြီး တညလုံးမနား ပဲ ပရိတ်ရွတ်တယ် လို့ သိရတယ်။ အဲ လိုရွတ်ရင် ပရိတ် က ပိုပြီး ထင် ပါတယ်၊ အခု ခေတ်ပရိတ် ရွတ် ကတော့ ခပ်သုပ်သုပ်က များနေတယ် ပြီးတော့ ပရိတ်က မစွမ်း ဘူးတဲ့ ၊ မပြောကောင်း ပါ ၊ သေချာ ရွတ်ပါ အရှင်တာနန္ဒာက ကျနော်တို့ ကို သင် ခဲ့ ပါပြီ လိုက် လုပ် ကြည့် ပါ လက်တွေ့ သိ ပါ့ မယ်၊
အခု ဖြစ်နေတဲ့ ကပ်ရောဂါတော် တော်များ များ ကို ရတနာ့ သုတ် တစ် ခု တည်း နဲ့ တား နိုင် ပါတယ် “မြ၀တီဆတော် ဘုရားကြီး က..ရတနာ့သုတ်တော် ကို အနု လုံ ပဋိလုံ..တနေ့ကို အနည်း ဆုံး “န၀လောကုတ္တရာ ဓမ္မေဟိ” ဆိုတဲ့ အတိုင်း အစကနေအဆုံး အဆုံးကနေအစ မှ တစ်ကြိမ် လို့ မှတ်ပြီး တစ်နေတ့ကိုကြိမ်း အချိန်မှန်ရွတ် ရမယ် လို့ မိန့် ပါတယ်၊ တအိမ်သား လုံးရွတ် ပါ၊ လူမှုဒုက္ခတွေတောင် ပျောက် ပါတယ်၊ လုပ်ကြည့် ပါ၊
တကယ် လို့ လူနာ ကိုယ်တိုင်ရှိနေမယ်ဆိုရင်တော့ အနည်းဆုံးသံဃာတော် ငါး ပါး ပင့် ပြီး လူနာ ကို အလယ်မှာ ထားပြီးရွတ်၊သံဃာတော်များ ကို ပင့်ဆောင်ရန် ခက် ခဲနေ ပါက။ လူ ငါးဦးသို့ မဟုတ် ခုနှစ်ဦးက လူ နာ ကို အလယ် ချ ပြီး ရွတ် ဖတ် ပူဇော် ပေး နိုင် ပါတယ်၊
လုပ်ကြည့် ကြပါ လို့ တိုက်တွန်း လိုက် ပါတယ်၊
ရပ်ကွက်တွေ၊ လမ်းတွေ မြို့တွေ မှာ လည်း အလှည့်ကျ ပေါ့ နော် မိုး လင်းပေါက်တဲ့ အထိတိုင်(၃)ရက် မဟုတ်ရင် (၇) ရက် လောက် ရွတ်ပေး ပါ၊ လုပ်ကြည့်ကြ ပါဗျာ။
လေးစားစွာဖြင့် ဥပသကာ
ကျမ်းကိုး ။ ပရိတ်ကြီးနိဿယအသစ်
။ အလင်းပြပရိတ်ကြီးနှစ် ဘက်လှဦးကျော်လွင်
Wednesday, June 24, 2009
သူတော်ကောင်းတို့၏အသံတော် အပိုင်း(၂)
ညနေစောင်းတော့ ဆရာတော်နှစ်ပါးရေ သုံးသပ်ဖို့အတွက်ပြင်ဆင်ပေးရင်းနဲ့ ကျောင်းဝင်းထဲလှမ်းကြည့်မိတယ် သစ်ပင်လေးတွေက စိမ်းစိမ်း သရက်ပင်တွေ ပိန္နဲပင်ကြီးတွေ ပြီးတော့ ကျောင်းနောက်ဖက်က ခရေပင်ကြီး လည်း လှနေတယ်၊သူတော်ကောင်းတို့ရဲ့ပျော်စံရာက အငြိမ်းဓာတ်တို့ကိန်းနေတယ်၊ငှက်လေးတွေသီချင်းဆိုနေကြပရဲ့ ငြိမ်ချမ်းရေးသီချင်းဖြစ်ပါလိမ့်မယ် ရေချိုးနေကြတုံး ကျောင်းကဦဇင်းတွေ ရောက်လာတာနဲ့ ဆရာတော်နဲ့ဦဇင်းတွေကိုခွင့်ပန်ပြီး ကျောင်းပေါ်ကကြည့်လိုက်ရင် လှမ်းမြင်နေရတဲ့ ခရေပင်ကြီး ရှိရာကို ကျနော် သွားလိုက်တယ် ကျောင်းရောက်တိုင်း အဲဒီနေရာလေးမှာထိုင်ပြီး အလုပ်လုပ်ရင်လုပ် မလုပ်ရင် တိမ်တိုက်တွေ နဲ့ အိမ်ပြန်ငှက်တွေကိုကြည့်ရင်း……..။
“ အော်နေညှိုနေပြီ ၀င်တော့မယ် ၊ ကျနော်လည်းအိုပြီသေတော့မယ် ဘာရသေးလဲ ဘာလုပ်ပေးခဲ့နိုင်လဲ လူတွေ အတွက် ဘာချန်ထားခဲ့ လဲ၊ အိမ်ပြန်ငှက်တွေက ကျနော့်ကိုအပါယ်လေးဘုံမှာ ပြန်ဆုံမလားလို့မေးနေတယ်ထင်ရပါ့ လေ…သာမာန်ပုထုဇဉ်ကျနော်ရဲ့ အမြဲတန်းနေအိမ်က ငရဲ ပြိတ္တာ အသူရကာယ် နဲ့တိရိစ္ဆာန် ” လေ.. အခုလူအမည်ခံတာတောင်မှ တိရိစ္ဆာန်စိတ်က၀င်ချင်သေး ၀င်လာသေး တယ်လေ..လာသေးတယ် ငါကဘာကောင် မင်းကဘာကောင် အကောင်တွေဇာတိပြသေးတယ် ဘယ်ကလာလဲ ဆိုတာ ကို အပြိုင်ဆိုင်ကြွားကြသေးတယ်၊ သေရင်အပ်တိုတစ်ချောင်းတောင် ယူမသွားနိုင်မှန်းအသိ နဲ့ပင် ရရှိနေဆဲ အခွင့်ရေး စိးစိမ်တွေကို မလွတ်တန်းဆုပ်ကိုင်ချင်ကြတယ် ဘာအတွက်လဲတော့မသိ လူ့ဘ၀သရုပ်အစစ်က ဘာလဲ မြဲရေးလား တည်တန့်ရေး လား အစဉ်ထာဝရလား ၊မသိတာလား သိသိရက်နဲ့မိုက်ချင်တာ လား လို့ပြန်မေးတော့ မိုက်နေသူသာ ကျနော်ဟာ တကယ့်ကို မိုက်နေသူလေ ယူဆောင်သွား လို့မရတဲ့ အရာ အားလုံးကို ပိုင်ဆိုင်ချုပ်ကိုင်ပြိး ထာဝရနေအိမ်မှတ်နေ သူပါ။
တရားတော်ရဲ့အနှစ်သာရကို ကျနော်တကယ်မြင့်ခဲ့ပြီလား၊ဆိုတဲ့မေး ခွန်း ကို ပြန်မေး မိတယ်၊ ကိုယ့်ဘာသာကိုယ်၊မေးရင်းနဲ့ပဲ စိတ်ကစာရေးနေတဲ့ အပေါ်အတွေးရောက်သွားတယ်လေ မရေးတတ်ရင် ငရဲကျမဲ့ အလုပ်က စာရေးတဲ့ အလုပ် လို့တွေးနေရင်း ကျနော်ဖတ်ခဲ့ ဘူးတဲ့ အကိုကြီး မင်းဒင်ရဲ့ စာတစ်ပုဒ်ကို သတိရ လာတယ် ဖတ်ဖူးပြီးသားဖြစ်မှာပါ ဘလော့ဂါနဲ့ သူခိုးပုံပြင် ဆိုတာလေ သူခိုးထက်ပို အပြစ်ကြီးသောစာရေးဆရာ များဖြစ်ခဲ့လျှင်…ဆိုတဲ့အတွေးကခေါင်းထဲရောက်လာပြန်တယ်။
အဲလိုတွေးနေရင်းနဲ့ပဲ ဖတ်ဖူးတဲ့စာအချို့ခေါင်းထဲရောက်လာတယ်လေ သတိပြုစရာပေါ့ စာရေးသူတိုင်း စာရေးချင်သူတိုင်း သတိထားစရာပါ။ ဘာလဲဆိုတော့
မိမိကိုယ်တိုင်လည်းအမြင်မှားနေ၏၊(မိစ္ဆာဒိဋ္ဌိဖြစ်နေ၏) ၊သူတပါးတို့အားလည်း မိမိလိုအမြင်မှားအောင် မစ္ဆာဒိဋ္ဌိဖြစ်အောင် ရေးသား ဟောပြော ထုတ်ဝေ၏ ထိုသူမျိုးသည်သေလျှင်ဧကန္တ အပါယ်ငရဲသို့သာ ကျရပေသည်။
(ပါရာဇိကဏ်ပါဠိတော်၊ဒိဗ္ဗစက္ခုညာဏကထာ၊အခန်းမြန်မာပြန်)
စာရေးသူလိုမျိုး တောမရောက်တောင်မရောက်စာရေးသူတွေ သေချာသလောက်ရောက်မဲ့နေရာပေါ့ ၊ပြီးတော့ရေး ချင်တာကလည်း ဘာသာရေး ဆိုတော့ ရေးရမှာ လည်း ခပ်တွန့်တွန့် ၊ခက်တာက ပြန်ပြောပြချင်တာလဲ အလွန်..အင်း…..ဆရာကြီး လုပ်တာ မဟုတ်၊ ၀ါသနာကိုယ်တိုင်က ကိုယ်သိသလိုသိစေချင်တာ ကိုယ်ကစာအုပ်လေး တစ်အုပ်လောက်ဖတ်ကြည့် ကောင်းရင် လက်တို့ တတ်သူ ဆိုတော့ လည်း အခက်သား။
ဒီလိုတွေးနေရင်းနဲ့ ပဲဆရာတော်အခေါ် ခိုင်း တယ် ဆိုပြီး ရေမြစ်ကြီးဆရာတော် လေး က ပြောတော့ ဆရာတော့် နောက်က ခပ်ခွာခွာ လိုက်ရင်း ဆရာတော်သီတင်းသုံးရာကျောင်း တော်ဆီ လိုက်ဖြစ်ခဲ့တယ် သံဃာတော်နဲ့ ပခုံးချင်းယှဉ်လိုက်ရဲသောသတ္တိ ကျနော့်မှာ မရှိ။ ဒီနေရာမှာ ဝေဘူဆရာတော်ကြီးရဲ့ အဆုံးအမ ကိုသတိရတုံး ပြန် ပြောရရင်ရင်…..။
ဘုရင်သားကို ပါးစပ်နဲ့အစော်ကားရင် လျှာအဖြတ်ခံရမယ်၊ လက်နဲ့၇ိုက်ပုတ်မိရင် လက်အဖြတ်ခံရမယ်၊ ခြေနဲ့ ခတ်မိရင် ခြေအဖြတ်ခံရမယ်၊ ဒီထက်ပိုဆိုးရင် အသတ်ခံရမှာပဲ..အခုသံဃာတော်ဆိုတာ၊ ရဟန်းဆိုတာ ၊ ဘုရင်သား ထက်မြင့်တဲ့ မြတ်တဲ့ ဘုရားသား..ဒီတော့ ပြစ်မှားရင်ဘာ ဖြစ် မလဲ..စဉ်းစားဗျာ တဲ့လေ ၊ အကျယ်ကိုသိချင်သူများကတော့ ဘေူဆရာတော်ဘုရားကြီးရဲ့ သံဒိဋ္ဌိက တရားတော်များ ဆိုတဲ့စာအုပ်မှာ ဖတ်ရှု ကြည်ညိုနိုင်ကြပါ တယ် ခင် ဗျ။
နောက်တော်က လိုက်ရင်း၊ ကျောင်းတော်ကိုရောက်တော့ ဆရာတော်နှစ်ပါး ကစကားမြည်စ ပြောနေကြပြီ ကျနော်လည်း အလိုက်တသိနဲ့ ဘုရားကို ဦးချပြီးဆရာတော်တွေကို ဦးချ လိုက်တယ် နောက်တော့ ၀တ်ဖြည့်ဖို့ ဖျာခင်း တော့ ဆရာတော်ကြီးက နေရာယူရင်း ..မိန့်လိုက်ပုံက….။
သားအငယ်ရေ…ငါတို့သာသနာတော်ကြီးအတွက်၊ ငါတို့အား လုံးမှာတာဝန်ရှိတယ် လုပ်လည်းလုပ်ရမယ် ဒါပေမဲ့ သတိထားရမှာက ဘာသာခြားထက်ပြုမရောင်နဲ့ဖျက်တဲ့ ပုဂ္ဂိုလ်တွေကွဲ့၊ပြီးတော့ အစဉ်အတိုင်းသွားရမဲ့ ဟာကိုကျော်သွားနေတာတွေ့ရတယ် အဲဒီလိုကျော်သွားနေတာဟာ အလုပ်ခွင်မှာ လည်း အနှေက်အယှက်ပဲ၊ တို့များ မိုးကုတ်ဆရာတော်ကြီး ဟောထားတာရှိပါတယ်၊ သေချာမှတ်နော်..ခန္ဓာ၊ အယာတန၊ ဓာတ်၊ပြီးတော့ သစ္စာ နော်မှ ပဋိစသမုပ္ပတ် နော်၊ အခု က လာတာနဲ့ ဘာတဲ့တန်းပြီးပဋိစ လိုက်ကြရော၊ အောက်ခြေပြတ်နေကြတာပါ၊ တကယ်တန်း က ခန္ဓာက စရမှာဗျ၊ဒီခန္ဓာကြီးရဲမမြဲပုံဆင်းရဲပုံကို အသေချာကို၊ ပိုင်းခြားသိထားရမှာဗျ၊နောက် အတွင်းအာယတနနဲ့အပြင်အာယတနအလုပ်လုပ်ပုံကို မမြဲတရားနဲ့ မြင်အောင်ကြည့် မဟုတ်ရင်ဓာတ်ကိုကြည့်၊ပိုပြီးရှင်းအောင်ပြောရရင်တော့ ခန္ဓာမှာ သစ္စာဆိုက်အောင် သိ နောက်ပြီး အာယာတနမှာ သစ္စာ ဆိုက်အောင် သိ၊ ပြီးတော့ ဓာတ်မှာသစ္စာ ဆိုက် အောင်ကြည့် အဲ လိုမမြဲဆင်းရဲ ရတဲ့ အကြောင်းကျိုးတွေရဲ့ အဖြေက ပဋိစ္စသမုပ္ပတ် မှာကြည့် ဒါမှ တကယ့်ကို ဆရာတော်ကြီး အလိုတိုင်း ကိုယ်တွေ့နား လည်မှာ ဗျ။ သစ္စာနဲ့ ပဋိစ္စသမုပ္ပတ်ကတွဲနေမှ ဗျ။
တင်ပါ့ဘုရား..ဟုဝန်ခံ ချိန်မှာပဲ သက်တော်ကြီးရင့်တော်မူ လှပြီးဖြစ်တဲ့ဆရာတော် ကြီး ကိုကြည့်ရင်း သံဃဂုဏ် ကိုဆင်ခြင်မိနေသလို နော်တရားမော ခင်မှာ ခုနက ဆရာတော်ကြီး ပြောတဲ့ တရား သဘော ကိုတွေးရင်း အင်းမဆရာတော်ကြီး (မှတ်ချက် - ရဝေနွယ်အင်းမဆရာတော်မဟုတ်ပါ) သိမ်တောင်အင်းမ ဆရာတော်ကြီးရဲ့ မိန့်တော်မူ ချက်အချို့ ကိုပြန်ပြီးသတိရမိပါတယ်လေ..ဒီလိုပါခင် ဗျ။
ဝိပဿနာပညာဆိုတာ၊လူသာမန်၊နတ်သာမန်၊ပုထုဇဉ်သာမန်တို့မကြံအပ်၊မကြံစည်နိုင်ရာ၊၀ရဇိန်မိုးကြိုးစက်သွားပမာ စိန္တမယပညာ၊၀ဋ်ဒုက္ခကိုကုန်ခန်းစေရာ၊တိဟိသ်ပုဂ္ဂိုလ်တို့နဲ့သာထိုက်ရာ၊တန်ရာ၊ကြံစီရာဖြစ်သော သည်ဝိဇ္ဖာ လမ်းကြီးသည်…..တဲ့လေ၊ အကျယ်သိခ်ျသူများအတွက် ကျမ်းက
ဓမ္မစင်္ကြာဆရာတော်ဘုရားကြီး၏ ပထ၀ီဓာတ်နဲ့ညဏ်ကိုးလွာခေါ် ၀ိပဿနာ လုပ်ထုံး ကျမ်း ကိုကြည့်ကြပါ ခင် ဗျ။
အဲဒါပေ မဲ့ ကျနော်တို့က တိဟိတ်ဒွိဟိတ် လား ကိုယ့် ဘာသာကိုယ်မသိနိုင်တော့ အလုပ်ကို တကယ် အပ်ချမှတ်ချ လုပ်ရမှာလေ။ လယ်တီဆရာတော် ကြီးရှဲု အဆုံးအမ အတိုင်း ပေါ့လေ တိဟိတ်၊ဒွိဟိတ် ၀ိစ္ဆိကိတ် ဘေး ချိတ် ထား ပါဘိတဲ့လေ၊ အင်းမကြီးဆရာတော်ရဲ့သြ၀ါဒကို ပြန်ပြောပြမိတာက တရားတော်ရဲ့ လေးနက်မှုသဘောကိုသိစေချင်လို့၊ပြီးတော့တရားတော်ကိုလွယ်လွယ် လုပ်နေကြလို့ပါ၊ဗြဟ္မဇာလာသုတ်မြန်မာ ပြန်ဖတ်ဖူးသူတိုင်သိမျာပါ…..“
ငါဘုရားထိုးထွင်သိမြင်သောတရားတို့မှာ နက်လည်းနက်နဲ၏ မြင်လည်းမြင်နိုင်ခဲ၏ ထိုးထွင်းပြီးလည်သိနိုင်ခဲ၏၊ တည်လည်းတည်ငြိမ်လွန်းသည်၊ မွန်လည်းမွန်မြတ်သည်၊ အတွေးခေါ်သက်သက်ဖြင့်လည်း မှန်ကန်စွာမမြင်နိုင်၊ သိမ်လည်းသိမ်မွေ့လှ၏ ပညာရှိသူမှသာအရသာခံနိုင်ပေမည်…ဆိုတဲ့ ဗြဟ္မဇာလသုတ်မြန်မာ ပြန်ထဲက တရားတော် ကို ပြောနေသလိုပါ ဗျာ။
စာကရှည်နေလို့ ခဏနား ပါ့မယ် ။နောက် လာမဲ့ အပိုင်း(၃)မှာ လည်း သြ၀ါဒတော်တချို့နဲ့ သရဂုံ ကျင့်စခန်း နိဒါန်း ကို ပြန်ပြီးဖေါက်သည်ချပါ့မယ်။
လေးစားစွာဖြင့် ဥပသကာ