Monday, January 18, 2010

တွေးမိနေတဲ့ အတွေးများ (၃)

တစ်ခါတစ်လေ စိတ်ကအတိတ်ကို ပြန်သွားတယ် အတိတ်ကိုလည်းမပြန်နဲ့ အနာဂတ်ကိုလည်း မကြံနဲ့ ဆိုတဲ့စကားကို ကျနော်နားမထောင် ပစ္စုပန်ကိုပဲတသိထဲသိပြီး နေနိုင်အောင် ကျနော်မလုပ်နိုင်သေး မနေနိုင်သေး သေချာအောင်ပြောရမယ်ဆိုရင်တော့ ကျနော်မနေတတ်သေးပါ ပစ္စုပန်ကိုတည့်တည့်ကြည်နိုင်တဲ့ သတိကလည်းအရမ်းကိုအားနည်း နေသေးတယ်လေ၊ ဒီတော့ စိတ်က တောင်ရောက်လိုက် မြောက်လာလိုက် ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်လိုက် ပြန်တည့်လိုက် မကောင်းမှုကိုကြံလိုက် ကောင်းမှုကိုတွေးလိုက် လေနဲ့
အတိုက်ခံရတဲ့ တိမ်တိုက်လိုပဲ လေစီမံရာ နာခံနေလိုက်ရတဲ့ လေလိုက်တိမ် တွေလိုပါပဲလေ၊ ကောင်းကင်ကျယ်တစ်နံတစ်လျား လေထားရာနေ လေစေရာသွား လေတွေအစားခံနေရတဲ့ လေလိုက်တိမ်လေ။

တိမ်တွေကိုပြောပြီး တိမ်နဲ့တူတဲ့စိတ် ကိလေသာခိုင်းရာ လိုက်ပြီးတော့လုပ် အဟုတ်ထင်ပြီးနေ မာန်တွေတက်ပြီးနေ သံဝေဂဆိုတာ ရောင်ပြီးတောင်မလာ အိုနာသေစကား အနားလာမပြောနဲ့ ငါကအသက်တစ်ထောင် ရှည်မဲ့လူလို့ထင်မှတ်မိနေတုံးပါ။

ကျနော်ငယ်တုံးကပေါ့ ကျနော့်လက်ဦးဆရာ ဦးလှဋ္ဌေးနဲ့ ကျနော် ဆရာတော်ကြီး ဦဇာဂရ ကိုအဖူးရောက်တော့ ဆရာတော်ကြီးမိန့်တာကို ရင်ထဲရောက်အောင်မှတ်ခဲ့တယ် နောက်တော့ ဆရာတော်ကြီးရဲ့ အနောက်မှာကျနော် အမြဲပါခဲ့ရတယ် ဘယ်သွားသွားပေါ့လေ ပြောလက်စ စကားကိုပြန်ကောက် ရရင်တော့..အဲလိုဖူးနေတုံးမှာပဲ..

“ ဒကာကြီးတို့ရေ အခုက၀ိမုတ္တိခောတ်ဆိုပေမဲ့ ကာလကပျက်ချိန်၊ အခါပျက်ချိန်ပေါ့ကွယ်၊တကယ်ကောင်းတယ် ဆိုတာက ခေတ်ရောအခါပါကောင်းမှဟ၊ဒီတော့ ၀ိပဿနာ တရားကြီးက အရမ်းကိုပျံ့နှံ့လာနေတယ်၊ ဒါကိုတချို့က သေနည်းသင်တန်းတရား လို့အမည်တပ်နေကြတယ်၊ဒါ တခြမ်းပဲရှိသေးတယ် တကယ်က ၀ိပဿနာတရားတော် ဟာ နေနည်းကိုပါ သင်ပေးတာပါ။ ဒီတော့ နေနည်းကို အရင်သင် နေနည်းတတ်မှ သေနည်းတတ်မယ် မဟုတ်ရင် မလွယ်ဘူး နေလို့တောင်မတတ်တဲ့ လူဟာ ဘယ်တော့မှသေလို့မတတ်ဘူး’

ဟုတ်ပါတယ် ကျနော့်ဘ၀တလျှောက်လုံးမှာ ကျနော်ဟာနေတတ်အောင်အရင် အားထုတ်ခဲ့ရတာပါ ဖြစ်သလိုနေ ဖြစ်သလိုစားရင်တော့ သေချာတာက ဖြစ်သလိုသေသွားမှာပါ ဥပမာကျနော်မြင်တာလေးတွေ ပြောမယ် တရားစခန်းတွေ ရိပ်သာတွေ ၀င်ကြတယ် တချို့များနာမယ်ကြီးတဲ့ဆရာတော်တွေ ဖွင့်တဲ့တရားစခန်း တိုင်းကို အချိန်ကုန် ငွေကုန်ခံပြီးသွား ပြန်လာတော့ ထုးံစံအတိုင်း မပြောင်းလဲဘူး။ မော်နေတုံး ပျော်နေတုံး ပြီးတော့ လောဘဒီရေတွေ တက်နေတုံး လေ၊ဲလောကဒဏ် လို့ပြောရမဲ့ လောကဓံက အလှည့်ကျ ကံနိမ့်ချိန်ကျတော့ ဘုန်းမီးနေလ မတောက်နိုင်တဲ့အချိန် တွေရောက်လာတော့ ငိုချင်းရှည်ကြီးတွေ သောကပန်းတွေကို ခေါင်းမှာပန်ပြီးနေယုံ တင်မက အရပ်ချပြပြီး အရူးတစ်ပိုင်းဖြစ်လာခဲ့ကြတာတွေကိုတွေ့ရဖန် များလာတော့ နေနည်းဟာ အရေးပိုကြီးလာတယ်လို့ သိမြင်လာတယ်။ ဒီလိုနေနည်းအကြောင်းတွေးနေမိရင်းက ဆရာနေ ၀င်းမြင့်ရဲ့ အေးအေးလူလူအတွေးများထဲက ဘကြီးညိုကို သတိရလာတယ် ။

ဘကြီးညိုက ရေကိုပဲအိမ်လုပ်နေရတယ် ရေနဲ့တက်နဲ့ လောကကိုဖြတ်ကူးရသူဆိုတော့ ရောက်ရာအရပ်မှာ ဘ၀လုပ်နေရသူပေါ့။ တရားဘာဝနာ အားထုတ်ဖို့ အချိန်ရှိတဲ့အခါလည်း ရှိတယ် မရှိတဲ့အခါကျတော့ ဘ၀ထဲမှာပဲ တရားရှာရတယ်။ ဆိုပါတော့ ကျုပ်တို့လှေသူကြီးများဟာ အခါမလပ် ၀ိရိယကို စိုက်ထုတ်ပြီး ကျက်စားသွားလာ နေရသလိုပဲ ယောဂီရဟန်းများဟာ အခါမလပ်သင့်တင့်တဲ့နှလုံးသွင်းမှု ယောနိသောမနသီကာယ ရှိကြရတယ်။ လှေသူကြီးများဟာ ရေရဲ့သဘာဝအခြေနေ ကောင်းမကောင်းကို သိရသလိုပဲ၊ ယောဂီရဟန်းများဟာလည်း ကောင်းမကောင်း ကုသိုလ် အကုသိုလ် ခွဲခြားသိရတယ်၊လှေသူကြီးများဟာ လှေထဲမှာ အခွင့်မရှိတဲ့အရာ မကိုင်မထိစေရ သလိုပဲ ယောဂီရဟန်းများဟာ ယုတ်ညံ့တဲ့အကုသိုလ်စိတ်ကို မထိကိုင်စေရဘူး။ ကာမ၀ိတက်၊ဗျာပါဒ၀ိတက်၊ ၀ိဟိံသ၀ိတက်စတဲ့ အကုသိုလ် အကြံစည်က ကင်းကြရတယ်။

အခုကျနော်ပြန်ပြောပြတာ ဘကြီးညိုရဲ့အတွေး ဆရာနေ၀င်းမြင့်ရဲ့စာပါ၊ ကျနော်တို့ဘ၀တွေကို ဖြတ်သန်းနေတယ် ဘာနဲ့ဖြတ်သန်းနေလဲ ယုတ်စွာဆုံး ပိုက်ဆံအပေး အယူတဲ့ နေရာမှာတောင် ကိုယ်က အသစ်ကလေးပဲလိုချင်ပြီး သူများကြတော့ ဟောင်းနွမ်းစုတ်ပြတ် နေတဲ့ဟာကိုပဲ ပေးချင်ကြတာလေ၊ အတ္တသတ်တဲ့နေရာ တရားစခန်းရိပ်သာ သွားတာတောင်မှပဲ ငါကယောဂီဟောင်း သူကအသစ် ဒီတော့ငါပြောတာ သူကနာခံရမယ်တဲ့၊ တွေ့ဖူးတာလေးပြောရဦးမယ် လွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကာလကပေါ့လေ ဈေးကြီးထဲလူလည်ခေါင်မှာ အမေကသမီးကို ပါးရိုက်ပြီး ဆုံးမတာ ကောင်မလေးခမျာ ရှက်လွန်းလို့ အိမ်ပြန်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားတာ ကံကောင်းပြီး လူမိလို့ တရားချပြီး အရှက်ဖြေရတယ် ဆုံမရတဲ့အကြောင်းအရင်းကတော့’ ညဏ်စဉ်မနာရသေးခင် တရားစခန်းက ထွက်လာလို့တဲ့ဗျာ” ကျော်မကောင်း ကြားမကောင်းတဲ့ အဖြစ်တွေပါ။

တကယ်တော့ မဟာစည်ဆရာတော်ကြီးက တရားအားထုတ်ပြီးတဲ့ ယောဂီများ ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်ကြည့်ဖို့ စေတနာနဲ့ နားလည်ပါစေဆိုပြီး ဟောပြတဲ့တရားကို ညဏ်စဉ်မနာရလို့ ဂုဏ်ပျက်သိက္ခာကျ ရတယ်လို့ ထင်တဲ့သူတွေ ဘယ်လောက်ရှိမှန်း ကျနော်မပြောတတ်တော့ပါ။
မိုးကုတ်ဆရာတော်ကြီးကလည်း သက္ကယဒိဋ္ဌိကို အရင်ဖြုတ်ပါ ဆိုတဲ့ အတန်တန်ဆုံးမနေတဲ့ ကြားထဲက “ ကျုပ်တို့မိုးကုတ်နည်း ဥပနိဿယကမှ ၀ိပဿနာအစစ်၊(………) နည်းက ၀ိပဿနာအတု ဆိုတဲ့ဟောပြောချက်တွေက စပြီး ပြဿနာတက်လာတော့ ကျနော်ဥပသကာ ဟိုစပ်စပ် ဒီစပ်စပ်မှာ စကားစစ်ခင်းပြီး ပြဿနာငြိမ်းခဲ့ဘူးပါတယ်၊ ဒီဆရာတွေလည်း အခုထိတရားပြနေတုံးဆိုပေမဲ့ စကားပြောရော တရားဟောပါဆင်ခြင်နေပါပြီ၊။

အဲလိုဖြစ်ရတာက နေထိုင်ပြောဆိုမတတ်မှုက တရားခံပါ၊ တကယ့်ကို ကိုယ့်အကြောင်းကိုပြန်တွေးတဲ့အခါ မိမိကိုယ်ကိုနိမ့်ချပြီး စဉ်းစားဖို့အရမ်းလိုပါ၊ ဘာမှမဟုတ်သေးတဲ့ သူတွေမို့လို့လဲ အခုချိန်ထိသံသရာကြောမှာ မျှောမဆုံးဖြစ်နေတာပါ၊

ဘာမှမဟုတ်သေးမှန်း သိလာရင်တခြားသူတွေကို လေးစားလာလိမ့်မယ် သူတို့အတွက်တွေးပေးလာလိမ့်မယ် ဝေဘူဆရာတော်ကြီးဆုံး ဆုံးမခဲ့ဘူးသလိုပေါ့ “ နေရာမကျတာကို နေရာကျတယ်လို့ ထင်နေရင်မှားပြီတဲ့ဗျာ”

နေနည်းတွေကိုဘုရားအစရှိတဲ့ သူတော်ကောင်းတွေ တွေသင်ပြခဲ့တယ် သိပြီးတတ်ပြီးသားတွေပါ လိုက်ပြီးကျင့်ကြဖို့လိုတယ် ဘဘဦရွှေအောင်က တိုင်းပြည်ကိုပြောတယ် လူတွေကိုပြောတယ် “တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောင်နှေင်း ဆက်တိုင်းကောင်း၏” ဆိုတဲ့နေည်းပါ။

ကျနော်လေးစားခဲ့ရတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောတယ် “ အတ္တဖြုတ်ကြ..အို…အတ္တဖြုတ်ကြ” တဲ့လေ။


ငြိမ်းချမ်းကြပါစေ

ဥပသကာ

Saturday, January 9, 2010

တွေးမိနေတဲ့အတွေးများ (၂ )

ကျနော် တွေးမိနေတာက စားတဲ့အကြောင်း အစားသောက်အကြောင်းပါ။ မစားသင့် စားသင့်တဲ့ အစားစာတွေ အကြောင်းပေါ့။ တချို့က အစာကို အဟာရအဖြစ်စားတယ်၊ တချို့က မျက်ရည်ကို အစာအဖြစ် စားတယ်၊ တချို့က အသွေးအသားကို စားတယ်၊ ရာဇင်ဝင်တွေ ပုံပြင်တွေထဲမှာ၊ ဘီလူးဆိုတဲ့ သတ္တ၀ါက အသွေးသားကိုစားပြီး နေထိုင် ရှင်သန် နေကြကြောင်းကို ဖတ်ဖူးတယ်။ ဒီတော့ လူတိုင်း ဘီလူးကို ကြောက်တယ်။ မမြင်ဖူးပဲနဲ့ကို ကြောက်တာလေ။ အသွေးအသား စားခံရမှာ စိုးလို့လေ။

“ဒုန်း” ကနဲ့ အသံကြားတာကြောင့် ကျနော် အသံကြားရာဘက်ကို ခပ်သုတ်သုတ် သွားလိုက်မိတယ်။ ပစ္စည်းတွေ သယ်ရတဲ့ အလုပ်သမားအုပ်စုဘက်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတော့၊ ဘာဖြစ်လဲ လှမ်းမေးတော့…။

‘ ဒီမှာ ပေတိုးနယ်..ခြေဖမိုးပေါ် ဆီပေပါဖိလို့ပါ အစ်ကို” ဆိုတဲ့စကားကြောင့်၊ ကျနော့်ရင် ထိတ်ကနဲ ဖြစ်သွားပြီး လူအုပ်ထဲ ကပျာကယာ လှမ်းကြည့်လိုက်တော့၊ ပေတိုးခြေဖမိုးက ကားအကြိတ်ခံရတဲ့ ဖားတစ်ကောင်လို ပြားချပ်နေပြီ။ အရိုးတွေ ကြေသွားမှန်း ကျနော်သိလိုက်တော့၊ ဆေးရုံပိုဖို့ပြင်ရသည်။ နောင့်နှေးနေလို့ မရ။ ကျနော်တို့ ဆီမှာ ဆေးရုံမှာရှိတဲ့၊ အရေးပေါ်လူနာတင်ကားက၊ ဆရာဝန်ကြီးတွေ အရေးပေါ် အမြဲလိုလို သွားနေကြတာမို့ ဖုန်းဆက်လည်း မထူးမှန်းသိနေသည်။ တစ်ခါတစ်လေ အရေးကြီးသော လူနာတွေ တင်ရတယ်လေ။ ဒီတော့ နီးရာ တက္ကဆီတစ်စီးကိုခေါ်ပြီး ဆေးရုံသွာကြရတယ်ဗျ။

အဲလိုသွားဖို့ လုပ်နေတုန်းမှာပဲ၊ ပါဆယ်ထုတ်တဲ့ ဋ္ဌါနမှာ အလုပ်လုပ်နေတဲ့ ပေးတိုးအစ်မ မ၀င်းရောက်လာတော့ သူပါ လိုက်မယ်ဆိုပြီး ကားပေါ်တက်ရတယ်၊ သူမောင်လေးကိုကြည့်ပြီး ခမျာငိုနေတာကို ကျနော်မကြည့်ရက်သော်လည်း မျက်လုံးကန်း သူမဟုတ်တော့ မြင်နေရတယ်။ ဒဏ်ရာကြောင့် အမလေး တနေတဲ့ ပေတိုးရဲ့ အသံတွေကိုလည်း ကြားနေရတယ်။ သက်ပြင်းခိုးကိုချရင်း ၊ကျနော်နဲ့ အတူ ပေးတိုးတို့ အုပ်စုထဲက ကလေးသုံးယောက်နဲ့ ကျနော်ပါ ဆေးရုံလိုက်ကြတယ်။

ဆေးရုံရောက်တော့ သက်ဆိုင်ရာ တာဝန်ကျတွေကို အကျိုးကြောင်း ပြောနေရတာက မိနှစ်နှစ်ဆယ်လောက် ကြာတယ်။ အရေးပေါ်အခန်းမှာရှိတဲ့ လူနာကုတင်ပေါ်က ပေတိုးခြေထောက်က သွေးမတတိတ်နိုင်သေး။ ဒါကထုံးစံလိုဖြစ်နေပြီလေ၊၊ ခဏကြာတော့ ကျနော်အလိုက်တသိ ခိုင်းလိုက်တဲ့ မောင်လွင် ပြန်ရောက်လာတယ်။ သူ့လက်ထဲမှာတော့ ကျနော်ဝယ်ခိုင်းလိုက်တဲ့ ငမန်းဘူးအချိုရည် တစ်ဒါဇင်၊

“ကဲညီရေ ဆရာမတွေအခန်းထဲ ပို့လိုက်နော်” ကြားအောင် တမင်ပြောရသေးတယ်။ တာဝန်ကျတွေက ပင်ပန်းနေမှာစိုးလို့ပါ။ မေးလက်စရပ်သွားတော့ ပေတိုးကို အာရုံပိုစိုက်လာကြတယ်၊ မ၀င်းက ငိုနေတာကလွဲပြီး ဘာမှမပြောတတ်။ မပြောတတ်တာလား၊ မပြောချင်တာလား ဆိုတာကိုတော့၊ ကျနော်သေချာမသိ။ အဲလိုတွေးနေမိတုံးမှာပဲ ခါးကြားချိတ်ထားတဲ့၊ ခိုင်းဖုန်းက မြည်လာပြန်တော့၊ ဘာများခိုင်းမလဲဆိုတဲ့ အသံကိုနားထောင်ဖို့ ဖုန်းကိုကိုင်ရပြန်တယ်၊။ ဆက်လာသူက သူဋ္ဌေးတော့မဟုတ်။ မန်နေဂျာ။ ဆက်ရတဲ့အကြောင်းက ကိစ္စပြီးရင်အမြန်ပြန်လာဖို့။ ဒီမှာ လုပ်လက်စတွေပြီးအောင်လုပ်ဖို့ ကျနော်မပြန်နိုင်သေး။ ခြေထောက်အခြေနေ မေးရဦးမယ်။ ကျန်တဲ့သူတွေကို ပြန်လွတ်တော့ မ၀င်းက ကျန်ရစ်နေမယ် လို့ပြောပြီး သူ့မောင်လေးအနားမှာ ပြုစုဖို့ စောင့်နေတယ်၊၊ အဲလိုနဲ့ တော်တော်ကြာ တော့ ဆရာဝန်ဆီက အဖြေရတယ်။ အရိုးကြေသွားတယ်ဗျ..အဲဒါစတီးရိုးတွေ အစားသွင်းရမယ်တဲ့။ သေဟဲ့နန္ဒိယ လို့ မပြောချင်ပါ။ သေဟဲ့ပေတိုး လို့သာ ပြောလိုက်ချင်တယ်လေ။ မ၀င်းဆီက အသံထွက်ငိုလာမှန်း ကျနော်သိပေမဲ့ ကျနော်နားမချတော့ပါ၊..ဒီလိုနဲ့….။

ညနေဘက်တွေ လုပ်အားခရှင်းတော့၊ လုပ်အားခရှင်းပေးရတဲ့၊ ငွေကိုင်မမ ထွက်လာပြီး

ပေတိုး

ကြည်အောင်၊

မောင်လွင်

စံငွေ

မ၀င်း

တို့ကို လုပ်အားခ ( ) နာရီစာ ဖြတ်တယ် တဲ့လေ။

ကျနော့် နာမည်တော့ မပါ။ ဒါနဲ့ ကျနော်ခေါ်လိုက်တယ် အဲဒီငွေကိုင်မမကို။ ဒီလူတွေက ငါနဲ့ ဆးရုံသွားတဲ့လူတွေဟ ဘာလို့ အဲလိုလုပ်ရတာလဲ လို့မေးတော့၊ ကျမ မသိဘူး အစ်ကို မန်နေဂျာ ပြောတဲ့အတိုင်းပဲ အစ်ကိုရေ…၊ဆိုတော့ ကျနော် မန်နေဂျာကို သွားတွေးပြီးပြောရတယ်။ သူ့အခန်းထဲ ရောက်တော့၊ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေတာ တွေ့တယ်။ ကျနော့်ကို မြင်တော့ မေးဆတ်ပြပြီး ထိုင်ဖို့ ပြတော့ သူ့ရှေ့ထိုင်လိုက်တယ်။ ခဏကြာတော့ ကျနော်က ငွေဖြတ်တဲ့ကိစ္စ ပြောတော့၊ ဒါက စည်းကမ်းအရပါဗျာ၊ ညီလေးလည်းသိပါတယ်၊ ဒီလိုမှမလုပ်ရင် ဒီလောက်များတဲ့ လူတွေကို ရေရှည်မှာ ထိန်းချုပ်ရ ခက်မှာပေါ့။ ညီလေးကို မဖြတ်ဘူးလေ၊ ညီလေးက သူဋ္ဌေးကိုယ်တိုင်က ခန့်ထားတော့ ကျနော်မဖြတ်ဘူးလေ၊ နော် လာဗျာ သောက်ကြရအောင် ဆိုပြီး စာရေးမ တစ်ယောက် ယူလာပေးတဲ့ အအေးဗူတွေကို လှမ်းပေးတော့ ကျနော် မသောက်ဖြစ်တော့ပါ။ မချိုပဲ ငံနေတဲ့၊ မူလအရောင်ပျောက်ပြီး နီနေတဲ့ အရာများလို့မြင်နေတယ်၊

မန်နေဂျာဆီက လှမ်းထွက်တော့ အနီးနားမှာရေးထားတဲ့၊ အလုပ်သမား စည်းကမ်းချက်များကို ဖတ်နေမိတယ်ဗျ၊

အလုပ်တစ်ရက် ပျက်လျှင်..လခထဲမှ ကျပ်တစ်သောင်းနှတ်မည်။
တစ်နာရီပျက်လျှင် ကျပ်( ) ဘယ်လောက်နှတ်မည်

အစချီတဲ့ စည်းကမ်းချက်ထဲမှာ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရရလျှင်၊ ဘယ်လိုထောင်ပံ့မည်မပါ။

ဒီစည်းကမ်းတွေကို ကြိုက်ရင်လုပ် မလုပ်ရင်နေတဲ့ဗျာ။ အဲလို ငေးနေမိတုံးမှာပဲ လင့်ခရိုဇာအနက်ရောင်တစ်စီး အလုပ်ဝင်းထဲ မောင်းဝင်လာပြီး ကျနော်ရပ်နေတဲ့နား ရပ်သွားတယ်။ ပြီးတော့ တံခါးဖွင့်ပြီး ကျနော့်ကို လှမ်းပြောတာက ဟေ့ကောင်ကြီး.. ငါနဲ့တူညစာ..စားပြီးမှပြန်၊ ဒီနေ့ငါတို့…….ဟိုတယ်မှာ ဒင်နာရှိတယ်၊ မင်းလိုက်ခဲ့တဲ့လေ။

ကျနော့်မျက်လုံးထဲမှာ..ပေတိုးကိုမြင်တယ်၊ မ၀င်းကိုမြင်တယ်၊ ပြီးတော့ တဲသာသာအိမ်ထဲက မိသားစုတွေမြင်တယ်။ ညစာစားမှ ဒီအကြောင်း ပြောရမှာလေ။ မဟုတ်ရင်တော့၊ ကျနော်စားတဲ့အစာဟာ…။

ဪ..သူဋ္ဌေးက၊ ကျနော့်နဲ့ ငယ်သူငယ်ချင်းပါလေ။.

ငြိမ်းချမ်းကြပါစေ

ဥပဿကာ

Tuesday, January 5, 2010

တွေးမိနေတဲ့ အတွေးများ (၁)

ဘသာရေးကို ဘာဖြစ်လို့ဇောင်းပေးပြီး ရေးလဲလို့ သူငယ်ချင်းတစ်ယောက်က မေးလာတော့ ကျနော်အဖြေရ ခက်တယ်လေ၊ ကျနော်က ဘာသာရေးကို စိတ်ဝင်စားတာလား အမှန်တရားကို သိချင်တာ လားလို့ အကြိမ်ပေါင်းများစွာ ကိုယ့်ဘာသာကိုယ် ပြန်မေးဖူး ပါတယ်၊ ကျနော်က အမှန်ကိုသိချင်သူ၊ သစ္စာတရားကို သိချင်သူ၊ လောကသစ္စာကိုပဲ ဖြစ်ဖြစ်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော လောကုတ္တရာ သစ္စာမဂ်ပညာကိုပဲဖြစ်ဖြစ် သိချင်သူ။ ဒီတော့ တတ်နိုင်သမျှ ရှာတယ်၊ လက်လှမ်းမီနိုင်သလောက် ရှာနေတယ်။ တရားဆိုတာ ကျင့်မှရတယ် လို့ဆုံးမခဲ့ဖူးတာ သတိရတယ်။ နေ့စဉ်ဘ၀ထဲကနေ သစ္စာရှာပါ၊ လို့ ဆရာတော်များ ဆုံးမခဲ့တာ ကိုတွေးမိတယ်။ မလွယ်ပါ..ကျနော့် အဖို့ ခက်သည်။ ကျနော် နေတတ်၊စားတတ်၊ ပြောတတ်အောင် သင်နေပါသည်။ သေတတ်ဖို့..အင်း သေတတ်ဖို့က အများကြီး လိုသေးသည်ဟုထင်သည်။ လောလောဆယ် နေတတ်၊ စားတတ်၊ ပြောတတ်အောင် ကျနော် လေ့ကျင့်နေရဆဲ၊ သင်ယူနေရဆဲ ဖြစ်သည်။ မစားတတ်လျှင် ဘာစားစား အဆိပ်။ မပြောတတ်လျှင်.. အကုသိုလ်၊ မနေတတ် လျှင်တော့..သေတတ်ဖို့ မလွယ်၊ ရှေးသူတော်ကောင်းတွေအဆုံးအမ မေးခွန်း က ရင်ထဲရောက်လာတယ်၊ နေတတ်ရဲ့ လား၊စားတတ်ရဲ့ လား၊ ပြောတတ်ရဲ့ လား၊ ဆိုတာ ကျနော်အချိန်အကြာကြီး၊ နှစ်အတော်များများ တွေးပြီးစဉ်းစား နေတတ်တော့၊ အခု ရေးရေး သဘောပေါက်လာသည်၊၊ နေနည်း စားနည်း ပြောနည်း နောက်တော့ သေ နည်း.. မလွယ် တကယ်မလွယ်ဟုဆိုချင်၏၊။ မေးစရာက ရှိလာပြန်သည်၊ နေတာစားတာက ဟုတ်ပါပြီ။ မတတ်ရင် အကုသိုလ်ဆိုတာ၊ တရားစကားပြောလည်း အကုသိုလ်လား ဆိုပြီး ကတ်ကတ်သတ်သတ် မေးတာခံရ ဖူးတယ် လေ၊ ဟုတ်ပါတယ် တရာစကား ကိုတောင်မှ ဗုဒ္ဓမတညူ ဘုရားအလိုတော်ကျမဟုတ်ရင် အကုသိုလ်ပါ၊ ဘယ်သူမှ ဘုရားစကားကို ကိုယ်လိုရာတွေးပြီးဖွင့်ဆိုခွင့်မရှိပါဘူး ဘုရားအလိုတော်ကျမကျ ကိုပဲကြည့်ရမှာပါ။ ကျနော်တို့က ဘုရားအလိုတော်ကျမကျ ဘယ်လိုသိနိုင်မလဲ..ဆိုတော့ ပိဋကတ်တော်များ မြန်မာပြန်များနဲ့ ညှိပါ လို့ ပဲပြောရမှာပါ။ ဒီကြားထဲ လာသေးတာက “ ငါတို့ကို စာတွေ့လာမပြောနဲ့ ကိုယ်တွေ့” တရားပဲ လာပြောဆိုတာကို နားထဲမဆံ့အောင် ကြားလာရတယ်။ ဖတ်လာရတယ်။ တရားတော်ပရိယတ္ထိကို မျက်ကွယ်ပြုလိုသော သဘော မျိုးဖြင့်ကား မပြောကောင်းသော စကားဟုသာ ဆိုချင်ပါသည်။
ပရိယတ္ထိသည် သာသနာတော်၏ မူလရေသောက်မြစ်ဟု ဆိုခဲ့ပါလျှက် စာမလို ဟုပြောသော စကားသည် ဘုရားစကားတော်ကို ပယ်သောစကားဖြစ်သည်။ သာသနာသုံးရပ် ဟုဆိုပါသည်။ ထိုကြောင့် တစ်ခုကိုမျှပယ်ရန် မဖြစ်နိုင်ပါ။ ထိုပရိယတ္ထိကို ဆရာတင်ကာ အလုပ်ခွင်ဝင်ရပါသည်။ ပဋိပတ် အလုပ်ခွင်မှ ပဋိဝေဓ တည်း ဟူသော အသီးအပွင့်ကို ရရှိခံစား ရနိုင်ကြသောကြောင့် မိမိလုပ်သော အလုပ်၊ အကျင့်မြတ်သည် ပရိယတ္ထိစာနဲ့ အံချော်လွဲနေပါမူ စာကားမမှား မိမိမှားသည်ဟုသာဆုံး ဖြတ်ရပါမည်။
ပဋိပတ်ဋိအလုပ်ခွင်ထဲ အလွန်အသုံးတည့်သော ဝေဘူဆရာတော်ကြီး၏ အဆုံးအမကို ကြားဖူး၊ နာဖူးသူများ ရှိပြီးသော်လည်း ပြန်အမှတ်ရမိအောင် ပြောရပြန်သော် “ငါတို့တရားက လောဘကင်းကြောင်း ဒေါသကင်းကြောင်း မောဟကင်းကြောင်းတရားပါ၊ ဒီတရားက တနာရီလုပ် တစ်နာရီ လောဘ၊ဒေါသ၊မောဟ ကင်းရမယ်၊ လုပ်လေ လောဘ၊ဒေါသ၊မောဟ ကြီးလေဆိုရင် ဒီတရားမှားနေပြီ” လို့ဆုံးမခဲ့ပါတယ်။

မည်သူ့ကိုမျှ စော်ကားလိုသောဆန္ဒ မရှိဘဲ ကျနော်တွေ့ဖူးခဲ့သည့် သောတပန် ဆိုသူ အကြောင်းပြောရမည်ဆိုလျှင်…“ငါ့ကိုဆရာတော်က အရိယာဖြစ်ပြီလို့ ပြောလိုက် တယ် ဒီတော့ ငါအပါယ်လွတ်ပြီ..ငါ့ဘာသာငါ ဘောလုးံပွဲပဲလောင်းလောင်း နွားပွဲပဲလောင်းလောင်း ဘယ်သူမှ လာမပြောနဲ့ ငါ့မှာ အပါယ်ဇာတိမရှိတော့ ဘူး” ဆိုသော နွားပွဲသောတပန်မျိုးလည်း တွေ့ခဲ့ဖူးပါသည်။ ထိုပုဂ္ဂိုလ်ကို မည်သူမျှ တရားဟော မရတော့ပါ။ သူကပဲ လူတကာကို တရားအားထုတ်ရန် တိုက်တွန်း နေပါတော့သည်။ ဘယ်သူ မှားသနည်း၊ ဘယ်သူ မှန်သနည်း စဉ်းစားစရာ ဖြစ်လာသည်။ နောက် ထပ် အရိယာဆိုပြီး လုပ်ချင်သလိုလုပ်နေသော သူများ အကြောင်းရေးရလျှင် စာအုပ်တစ်အုပ်စာ မကရနိုင်သည်။ မိမိသန္တန် လောဘ ဒေါသ၊ မောဟ မည်မျှကင်းကြောင်း ကို မိမိသာလျှင်အသိဆုံးဖြစ်ပါသည်။ မိမိကိုယ်ကို သေချာ ဆန်းစစ် အားမနာတမ်း ဝေဖန်ဖို့ လိုသည်။ နှိမ့်ချစဉ်စားတတ်ဖို့ လိုပါသည်။

စစ်မှန်သော မြတ်ဗုဒ္ဓ၏ တရားတော်သည် တစ်ခုတည်းသော ဘ၀ငြိမ်းချမ်းရေး လမ်းစဉ်အဖြစ် မြတ်နိုး ယုံကြည်မိသဖြင့် ကျနော်စွမ်း သမျှ ဘာသာရေး အကြောင်းများကိုရေးရခြင်း ဟု ၀န်ခံစကားဆိုရင်း……..။

ဥပသကာ

ငြိမ်းချမ်းကြပါစေ။

Tuesday, November 24, 2009

သူငယ်ချင်း သို့

သူငယ်ချင်း
ညကနက်နေပါပြီ၊ ငါအိပ်လို့ မဖြစ် သေး ဘူးလေ၊ အိပ်မပျော်တာ ပါဟာ၊ အချိန်ကုန်မဲ့အစား ငါတရားမှတ်နေမိပေမဲ့ ၊ င့ါစိတ်က နင့် အကြောင်း ပဲတွေးနေမိတယ်၊အတွေးနောက် က ကပ်ပါလာတဲ့ သဏ္ဍန်နပညတ် ပြီးတော့ ဒါနဲ့ တခါတဲ တွဲပြီးပါလာ တဲ့ နာမ ပညတ်၊ဒီပညတ်တွေက ငါ့စိတ်ကို စိုးမိုးနေတယ်၊ဒီတော့ ပညတ်ကို အဓိကထား ပြီးပွားရတဲ့ မေတ္တာကမ္မဋ္ဌန်း ကို ဖိပွားရင်း စိတ်ကို တည် ငြိမ်အောင် ကြိုးစားနေမိတယ်၊ ဩဓိသမေတ္တာ ပြောရမလား..ထင်လာတဲ့သဏ္ဍန်နပညတ်ကို ပုံဖေါ်ရင်း
နှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ပဲ အထပ်ထပ်ခါခါ မေတ္တာပွားနေ မိတယ်လေ၊လောလောဆယ် ငါ လုပ် ပေး နိုင်တာ က ဒါလေးပဲရှိတာပါ ၊ သူငယ်ချင်း ငါ့အပေါ်မှာ အများကြီးကောင်းခဲ့ပါတယ်၊ အဲလိုကောင်းခဲ့တဲ့ နေရာမှာ ဘာနှောင်ကြိုးမှ မရှိခဲ့ ဘူး၊ ငါ့ဆီက ဘာပြန်ရပါစေလို့ ရလိုမှုမျှော်လင့်ချက် မြူတစ်မှုံလောက်တောင်မှ မရှိခဲ့ မှန်း ငါသိပါတယ်၊ သိတာမှ တကယ့်ကိုသိခဲ့တာ ပါ၊ ကျေးဇူးသိပေမဲ့၊ ငါ မဆပ်နိုင် သေး ဘူးလေ၊ ကျေးဇူး မသိရင်နေပါ၊ ကျေးဇူးမကန်းပါနဲ့တဲ့ငါတို့ဗမာစကားပုံပါ၊ညီအစ်ကိုမောင်နှစ်မတွေထက်ကောင်းခဲ့တဲ့သူငယ်ချင်း မို့ ရင်ထဲက ကျေးဇူးရှင်လို့ သတ်မှတ် လေးစားနေရင်းနေခဲ့ ပေမဲ့၊ နင့် အတွက် ငါ ဘာ မှ ပြန်ပြီး လုပ်မပေးနိုင်ခဲ့ ဘူးလေ၊ တလုပ်စားဖူးသူ့ကျေးဇူး ပြစ်မှားချေက အပယ်ကျတဲ့၊ တစ်လုပ်မကစား ခဲ့တဲ့ကျေးဇူး ရှင်ကို ငါစိတ်နဲ့တောင်မှ မပြစ်မှား ခဲ့ ဘူးသူငယ်ချင်း၊၊
ငါမှာ သံသရာရှိပါတယ်၊ ပစ္စုပန်ကိုတလွဲသုံးနေတဲ့ မျက်ကန်တစ္ဆေမကြောက် တစ်ဘ၀စံတွေထဲ ငါ မပါဘူးလေ၊
မှတ်မိနေပါသေးရဲ့` အဲဒီလောက် ကူညီပေးရလို့ ငါဘာမှ မဖြစ်ဘူး၊ ဆင်းရဲသွားတာလဲ မဟုတ်ဘူး´ လို့ပြောခဲ့တာ မှတ်မိသေးတယ်၊ နင့် အတွက်က ဘာမှ မဟုတ် ပေမဲ့ အခု လိုဒုက္ခရောက်နေချိန်မှာ နင့် အကူညီနဲ့ ငါတို့ အသက်တွေဆက်ခဲ့ရတာ ပါလေ၊ နီယွန်မီးတွေ မရှိနိုင်တဲ့ တဲအိုည တွေမှာ ဖယောင်းတိုင်အလင်း ဟာ တန်ဖိုးရှိ လွန်း ပါတယ်လေ၊ မိုးခေါင်ကန္တာရမှာ နွားခြေရာ ခွက်လောက်ရှိတဲ့ ရေ ချိုဟာ တန်ဖိုး ဖြတ်လို့ မရ ဘူးလေ၊

ဒါပေမဲ့.. အခုတလော နင်မျက်နှာတွေမကောင်း ဘူး၊ ဘာ ဖြစ်နေလဲမေးတော့ မပြောဘူး၊ ငါဘာ လုပ်ပေးနိုင်မလဲတွေးရင်း၊ လုပ်ပေးနိုင်တာ ကိုတွေးမိတယ်၊ တဖက်က လည်း ငါ့ အပေါ်တမျိုးတွက်နေ လား လို့တွေးနေမိတယ်၊..ခါတိုင်းလို မနွေးထွေးတော့ ဘူး လို့ ငါခံစားရတယ်၊ ငါ လား အရှက် လည်း လည်းရှိတယ်၊ အသက် လည်း ရှိတယ်၊ပြီးတော့ မာန လည်း၇ှိတယ်၊ ဒါပေမဲ့ ငါ့ ကိုမှီပြီး မှ အသက်ဆက်၇မဲ့ ဘ၀ တွေအတွက်၊ င့ါ အ၇ှက်နဲ့ မာနကိုခ၀ါ ချ၇င်းခပ်ညံ့ညံ့ လူတစ်ယောက်ဇာတ်ကို ကံပစ်ချ၇ာကနေ၇တာပါလေ၊။

ငါ့ဘ၀မှာ မိတ်ဆွေတစ်ယောက် ဆုံးရှုံးရမှာကို အရမ်းကြောက်တယ်၊ ငါ့မိတ်ဆွေတွေအားလုံး ကို ငါတန်ဖိုးထားတယ် လေးစားတယ်၊ ချစ်တယ်၊ငါက လွဲပြီး ငါ့ မိတ်ဆွေတွေအား လုံး ဟာ တန်ဖိုးရှိသူတွေဆိုတဲ့ အတွေးကိုရင်ထဲမှာထွေးပွေးထား သူ ပါ၊ အစားထိုး မရတဲ့ဆုံးရှုံး မှုထဲမှာ မိတ်ဆွေကောင်းပါတယ်လေ၊။
မတိဆွေတစ်ယောက်ဆုံး၇ှုံး၇တဲ့အခါတိုင်း ငါ့ရင်ထဲက နာ ကျင်မှုကို စကားနဲ့ဖေါ်ပြ လို့ မရနိုင် လောက် အောင်ကိုနာကျင်ခဲ့ ပါတယ်၊၊ဒါမှ မဟုတ် ပါဘူး တခြား ဘယ်လိုဝေဒနာမျိုးကို မှ ထပ်တူကျအောင် စကားလုံးနဲ့ပုံဖေါ် လို့မရပါ ဘူး၊ ဆင်တူယုံလေးပဲရတာပါလေ၊..မယုံရင် တရား ထိုင်ကြည့်လေ၊ ငါပြောတာ မှား လား မှန် လားဆိုတာ သိလာမှာ ပါ၊။
စိတ်ချ သူငယ် ချင်း..မင်းအတွက် ငါဟာ..လေထဲက မြူတစ်မှုံလောက်တောင် တန်ဖိုးမရှိပေမဲ့ ငါ့ အတွက်မင့် ဟာ အသက်ဆက်ပေး ခဲ့ သူ ကျေးဇူးရှင် တစ် ယောက် အဖြစ် မှတ်ယူသွားမှာ ပါ၊ ဒါပေမဲ့ မင့်သိပါတယ် ငါဟာ ငါပြောတဲ့စကား တိုင်း အတွက် ငါတာ ၀န် အမြဲယူ ခဲ့တယ်ဆိုတာ ကို နှစ် ပေါင်းများစွာပေါင်း လာ တဲ့ မင်း သိ ပါတယ်၊ ဒါပေမဲ့ အခု ချိန်မှာတော့..ငါဟာ လူကြိုက်နဲ့တဲ့ကောင် လို့၊ ဆရာမောင်ချောနွယ်စကား ကို ပဲ ငှါားပြောနေမိတယ် သူငယ် ချင်း။

ငြိမ်း ချမ်း ပါစေ

Friday, October 9, 2009

ဒဏ်ရာနဲ့ ငှက်

ငှက်တစ်ကောင်
အဖြူရောင်အတောင်ပံ
မိုင်ထောင်ချီပျံ
လေဆန်ပျံဝဲ
အမြဲကြိုးကုတ်
လုံ့လထုတ်ကာ
ပန်းနေရှာလဲ
အံခဲဇွဲတင်း ရှေ့ဆက်ရင်းလေ။

ငှက်တစ်ကောင်
အဖြူရောင်ကိုယ်လုံး
အနီဖုံးလွမ်း၊ ဘယ်လိုနွမ်းလဲ
ရင်ထဲမထား၊ဖယ်ရှားအတ္တ
ပရရှေ့တင်၊ငြိမ်းစေချင်စိတ်
ထိုတိဟိဟ်ကြောင့်၊မြှားငြောင့်စိုက်ဝင်
ရင်ဖတ်ဒဏ်ရာ၊ကြီးလွန်ရှာလဲ

သူပြန်နေဆဲ..ပြန်ဆဲလေ။

ဖျားနာနေသော ငြိမ်းချမ်းရေးငှက် သို့ရည်ညွန်း ပါသည်

ငြိမ်းချမ်းကြပါစေ

ဥပသကာ။

Thursday, October 1, 2009

ထူဆန်းဇုံ

မျက်မမြင်အကန်းက၊ကောင်းကင်ပေါ်ကြည့်
ရောင်စဉ်တွေနဲ့ထိပြီး၊ဖြစ်ပျက်
အသီးသီးကိုမြင်ရတယ်။

နားကမကြား ပင်းနေသူများလည်း(လဲ)

အခန်းများထဲဝင်၊နားကျပ်ဆင်သော်
ဟစ်အော်သံများ၊ ကြားရသတဲ့။

ဆွံ့ အနုတ်ဖျား၊စကားမတတ်
ငိုနေတတ်သူ၊ ထိုလူများလည်း(လဲ)
ထိုထဲရောက်သော်၊အော်ဟစ်ရွှင်မြူး
ချစ်ရည်လူးကာ၊ သစ္စာစကားတို့ဆိုသတဲ့။


ထိုကဗျာ အတွက် အတွေးကို အစပြုပေး ခဲ့သော
ကိုရင် နော်
အား

ကျေးဇူးတင် ရှိပါကြောင်း

ငြိမ်းးချမ်းပါစေ

Wednesday, September 30, 2009

လရောင်နဲ့မေတ္တာ

လရိပ်ကကျောင်းထဲ ဖြာဆင်းနေတယ်၊ လရောင် အလင်းတန်းတွေကြားမှာ ၊နှင်းအမှုံလေးတွေ ကိုကျနော်တွေ့ရတော့စိုက်ကြည့်ပြီး၊..အော်..အေးချမ်းလိုက်တာလို့တွေးနေမိတယ်၊ပတ်ဝန်း ကျင်ကတော့တိတ်ဆိတ်ငြိမ်သက်လို့၊တချက်ချက်အော်တတ်တဲ့ညဥ့်ငှက်တွေအသံမှတပါးတ ခြားမရှိ၊လူတောထဲမှာတွေ့ရလေ့ ရှိတဲ့ ဆူညံတဲ့ဂီတသံ၊မူးရစ်ရည်ဝေဖွယ်ကောင်းတဲ့အလှ၊ အနားဖြတ်လျှောက်စဉ်၊ရတတ်တဲ့ အမွေးနံ့သာနဲ့ပေါင်းစပ်ပြီးထွက်လာတတ်တဲ့ ကိုယ်သင်းနံ့ တွေမရှိ၊ မရယ်ချင်ရယ်ချင် နဲ့ဟန်ဆောင်ပြီးရယ်နေကြတဲ့ မာယာသံတွေမရှိ၊ မလုပ်ချင်ပဲအတင်းဇွတ်လုပ်နေရတဲ့နှလုံးသားမဲ့အလုပ်သမားမရှိ၊ငါက..ဘာကောင်ကွဆိုတဲ့ အာဏာပြသူမရှိ၊စိန်သံမရှိငွေသံမဲ့ဇုံ၊ငြိမ်းချမ်းရေးဇုံပေါ့လေ၊ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းရာဇုံတစ်ခုပါလေ၊ခပ်လှမ်းလှမ်းကျောင်းဆောင် တစ်ခု ထဲကထွကလ်ာနေတဲ့၊ ပရိတ်မေတ္တာအသံလှိုင်းက၊ ကျနော့် နားစည်မှတဆင့် ရင်ထဲရောက်လာတယ်၊တကယ့်ငြိမ်းချမ်းရေး သံစဉ်တစ်ခုက လောကထဲဖြတ်ထွက်လာတယ်၊ နာရီကိုက် ကာရံအလိုက်၊ အပြစ်ဆိုဘွယ်မရှိ၊ဒေါသကင်းတဲ့ မြတ်ဘုရား၏နုတ်ထွက်တော်မဟာပရိတ်ကိုသားတော်အရှင်သူမြတ်ကပူဇော်ပေါပြီကော၊ရွှတ်ဖတ်ပူဇော်နေတဲ့သူရဲ့ အတွင်းသဏ္ဍန်က၊ မေတ္တာ အလင်းတွေဖြန့်ကျက်လို့လေ၊

မနှေးမမြန်မှန်ရွတ် နေတဲ့ မေတ္တာ ပရိတ်တော်ကို၊ ကျနော် လည်းစိတ်ထဲမှလိုက်ပါ ရွှတ်ဆိုပူဇော် နေမိရင်း မေတ္တာ အလင်း ကို ဖြန့်ကျင့်နေမိတယ် ၊ ဘယ် လောက် ပဲ ပူပင် သောက ဗျာပါဒတွေ ရင်ထဲ ကိန်းနေပါစေ မေတ္တာ ဘ၀နာ ကိုသေချာစွာ ပွားကြည့် ပါ ကတနေ့တခြား အပူငြိမ်း လာတာ ကိုတွေ့ရ ပါ့ မယ် ၊ငွေကြေးဥစ္စာ မပြည့်စုံပါသော်လည်း ရင်ထဲ ကိန်းတဲ့မေတ္တာကြောင့် အပူငြိမ်းစွာနေရ ပါ လိမ့်မယ် လေ၊

တစ်ချိန်တုံးကငယ်ဆရာတော်ဦဇာဂရဆုံးမခဲ့တဲ့စကားကိုနားထဲပြန်လည်ကြားရောင်လာမိတယ် ကျနော်နဲ့ဆရာတော်က လပြည့်လကွယ်နေ့တိုင်း မနက်အာရုံဆွမ်းကို သစ်သီမျိုးစုံ ပန်းပေါင်းစုံနဲ့သမုတ်သိမ်ထဲပူဇော်လေ့ရှိပါတယ်၊ကျနော်ကဆွမ်းပွဲတွေပြင်ပေးရင်းဆရာတော်က နေရာတကျရှိမရှိ ကြည့်ပြီး သိမ်ထဲရှိသော မဟာမြတ်မုနိ ပုံတူကိုယ်စားတော်ကြေးဘုရား ကြီးကို မျက်နှာသစ်တော်ရေ ဆက် ကပ်လေ့ ရှိတယ်၊ အလဲလို လပြည့် နေ့အာရု့မတက်ခင် ကတည်း က သိမ်ထဲမှာပဲဆရာတော် သီတင်းသုံးလေ့ရှိတာ မို့ ကျနော် လဲဆရာတော်နဲ့အတူနေထိုင် ၀တ်ဖြည့် ခွင့်ရခဲ့ သလို အဆုံးအမ တွေအများကြီးရခဲ့တာ ပါ၊

မှတ်မှတ်ရရ သီတင်းကျွှတ် လပြည့်နေ့ည ပေါ့လေ၊ သိမ်တော်ကြီးဆီက အဘိဓမ္မာ ခုနှစ် ကျမ်း လုံး ရွတ်ဖတ်ပူဇော်ပွဲက လွင့် ထွက်လာတဲ့ တရားသံကို နာနေမိတယ်၊ ပြီးတော့ သိမ်အပြင်ဖက်က လရိပ်ကို ငေးမောကြည့်နေမိတယ် ၊တိုက်တိုက်တွေပျံပြီး လ ၀န်းနား ချည်း ကပ်နေပေမဲ့ မဖုံးနိုင်၊ လမိုက်ညမှာ လင်း အားကောင်းတဲ့ကြယ်လေးတွေ မလင်းနိုင်၊ လ၀န်းကြီးရှိနေတာကိုး၊ မြတ်စွာ ဘုရား နတ်ပြည်က လူ့ပြည်ကို ဆင်းတဲ့နေ့၊ ရောင်ခြည် ခြောက်သွယ်နဲ့ဘုန်းရောင်ညဏ်ရောင် .. တုဘက် ကင်းတဲ့ကျက်သရေနဲ့ပြည့်စုံနေတဲ့ည တောက်ပ မှုအား လုံးရဲ့ အရှင်သခင်..လို့တွေးရင်းရွတ်ဆိုမိတာက။

ဒိဝါတပတိ အာဒိစ္စော..
ရတ္တိမာဘာတိစန္ဒိမာ
သန္နဒ္ဓေါခတ္တိရော တပတိ
ဈာယီတပတိဗြဟ္မဏော
အထ သဗ္ဗမဟောရတ္တိံ
ဗုဒ္ဓေါတပတိ တေဇသာ။

ဆိုတဲ့ ဘုရားရှိခိုး ကို လေးလေးနက် နက် ရွှတ်နေဆဲမှာပဲ၊ ကျနော်ရနံ့ တစ်ခုရ လိုက်တယ် ၊သင်းသင်းလေးနဲ့မွှေးတဲ့ရနံ့၊ဂိုရာမဟုတ်၊ ရှယ်နယ်မဟုတ်၊သနပ်ခါးမွှေးသလို မျိုး လည်း မဟုတ် ပြန်၊ မျက်လုံးဖွင့်ကြည့် လိုက် တော့ မှ ဆရာတော် ရောက် နေမှန်းသိတယ်၊ ဘုရားအာရုံပြုနေ လားမေးတော့ ခေါင်း ညိတ်ရင်း တင် ပါ့ လို့ ဖြေတယ်၊သိမ်ထဲဝင် ကြမယ် ပြောတော့နေက် တော် ပါး က လိုက် နေရင်း ပဲ သရဏ ဂုံကိုပွားနေမိတယ်။

သိမ်ထဲရောက်တော့ သီတင်းသုံးတဲ့ အိပ်ရာပေါ်ဆရာတော် လဲနေတုံး ကျနော် ၀တ် ဖြည့် ခွင့်ရတယ်၊

“ လ ရောင်က အေးတယ် ၊ အဲလို ပဲသူတော် ကောင်းတွေရဲ့ အရိပ် ကပိုအေးတယ်၊ဒီထက်ပိုပြီး၊ ဘုရားရှင်ရဲ့ အရိပ် က ပိုအေးတာ ဘာကြောင့် လဲသိ လား’

လို့မေးတော့ ကျနော် မဖြေနိုင်၊ မေတ္တာရိပ် ကြောင့် မှတ် ထားနော် ၊လူဖြစ်စေ၊နတ်ဖြစ်စေ မေတ္တာကို သာ ပွားနေပါ ဒီပတ်ဝန်းကျင်၊ဒီင်္အရိပ် လည်းရောက်ရော တခါးတည်းအေးချမ်း သွားသလို ကို ခံစားရတော့တာ ပဲကွာ.. လို့ မိန့်တော်မူတယ်၊ တကယ့်သူတော်ကောင်းတွေရှေ့ရောက်ရင် အမှန်တကယ် အေး ချမ်းသွားရတယ်၊ အ၀တ်သူတော် ကောင်းလား၊ အစားသူတော်ကောင်း လား၊တကယ့်သူတော် ကောင်း လားဆိုတာ ကို၊သူ့ရှေ့ေ၇ာက်ရင် ကိုယ် ဘယ် လောက် အေးငြိမ်းသွား လဲဆို တာနဲ့တိုင်းကြည့်ရတယ် လို့ ဆက်ပြီးမိန့်တာ ကို ခံရပြန်တယ် လေ။

အခု ပစ္စပ္ပန် မှာတော့ ကျနော် ဆရာတော်ကြီးရှိတဲ့တောရကျောင်း ဆီရောက် နေတယ် ပြေးထွက် သွားတဲ့ အတိတ်ကို ပြန်ပြီးတော့ လိုက် ဖမ်း ပစ္စုပ္ပန်မှာနေ ခိုင်းရတာ တခါတလေ မီးခဲကို ကိုင်မိတဲေ့မျောက် လို ပဲ ခုန်ဆွခုန်ဆွ၊ ဟိုပြေဒီပြေး တော် တော် ကို မလွယ် ပါ လားနော်၊ တောရကျောင်းထဲက ကျနော့် စိတ် က လွန်ခဲ့တဲ့အနှစ် နှစ် ဆယ် ကို ပြန် ပြေးလိုက်တာ ခဏလေး မှ ခဏလေး အတွေးနဲ့ အတူ သဏ္ဍန်န ပညတ် လို့ခေါ်တဲ့ အရိပ် တွေထင် လာ၊ ကိုယ်က ပါ လိုက်ပါစီးမျှော၊ တသက်လုံးသွား လဲ မကုန်နိုင်တဲ့ အတွေး၈နိုင်ကြီးပါ လား လို့တွေးမိပြန်တယ်၊ ပြောတာက ဆုံး လို့ရသေးတယ်၊တွေးတာက တော် တော် ကောင်းဗျ၊အရှေ့ကိုပြေး လိုက် ၊ အနောက်ကိုပြန်လိုက်၊ အထက်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့လေ…သတိအားနည်းသောကျနော့်အတွက်၊ အတွေးသည် အလုပ် အတွက် အကြီးဆုံးဘေး ဖြစ်နေခဲ့တာပါ၊

သတိက ကိုယ့်ဆီပြန်ရောက် ချိန်မှာတော့ မေတ္တာ ပရိတ် အသံတိတ်နေပါပြီလေ၊၊ ရင်ထဲကမေတ္တာ လှိုင်းကတော့ပျံ့လွင့်နေပါဦးမည်၊

ကျနော့် လို အတေွးများပြီး သတိမနိုင်တဲ့ လူအတွက် သမာဓိကိုခြည် ဖို့က မေတ္တာကမ္မဋ္ဌန်းက
အကောင်းဆုံးပါ လို့ကျနော် ယုံတယ် လေ၊ အတွေးကထွက်သွားပညတ်ရိပ် တွေက ပေါ်လာ၊အဲ လိုပေါ်နေဆဲတခါတည်းမေတ္တာပွား လိုက်၊ရောက်ရက်မခတ့််နိုင်တော့ ပါ ဘူးဒီစိတ်
ဟုတ်ပြီ မေးစရာက သေဆုံးပြီးသွားတဲ့ပိုဂ္ဂိုလ်တွေအာရုံထဲ ထင် လာရင်တော့ အမျှဝေပါ ၊ တောတောင် တွေ၊ အိမ်တွေ စတဲ့သက်မဲံတွေထင် လာရင် သက်ဆိုင်ရာ အစောင့်ရှောက် တွေ နတ်တွေ ကို မှန်းပြီးပို့ သိပ်မကြာခင် စိတ်လေး အေးငြိမ်း လာတဲ့အခါ ကိုယ့်ရဲ့ မူလကမ္မဋ္ဌန်းကို ပြန်သွား ပိုပြီးထင်ထင်ရှားရှားသိရလိမ့်မယ်လေ၊။

ပညတ်ကိုအာရုံတင်ပြီး ပွားရတဲံမေတ္တာကမ္မဋ္ဌန်းကိုတော့ ဖြစ် အောင်ပွားကြည့်စေချင်တယ်၊ ကျနော်ဆရာတစ်ဦးပြောခဲ့ ဘူးတယ် ဗျ၊

လောကီမှာ အားအကြီးဆုံးက မေတ္တာ၊ လောကုတ္တရာမှာ အားအကြီးဆုံးက ၀ိပဿနာ

တဲ့လေ၊ မေတတာပရိတ်သံစဲပြီမို့ ကျနော် လည်း အိပ်ရာဝင်ဖို့ ဆရာတ်ေကြီး သီတင်းသုံးတဲ့ ကျောင်း ကို လှမ်း ပြီး ၀င် ခဲ့တယ်လေ၊ရင်ထဲမှာတော့ငြိမ်းချမ်းလို့လေ။

ငြိမ်းချမ်းကြပါစေ