Friday, January 4, 2008

လွပ်လပ်ခွင့်

ဟေ့ဒီမှာ
မောဟသခင်တဏှာဘုရင်
နင်လုပ်ချင်ရာလုပ်
နင်ရှုပ်ချင်သလိုရှုပ်
ဖုံးအုပ်ချည်နှောင်
ဘောင်ခပ်ထောင်သွင်း
မှောင်မိုက်ခြင်းမှ ၊ နိုးထတွန်းလှန်
သစ္စာမှန်ဖြင့် လွပ်လပ်ခွင့်ကို….ငါလိုတယ်
ဟေ့ဒီမှာ
မောဟသခင် ၊ တဏှာဘုရင်
မာယာတစ်သောင်း ၊ ဟန်ဆောင်ကောင်းတဲ့သူ
နင့်လူဘက်သား၊ ဖေါ်က်ံပြားလော်လီ
ကျင့်သွေဖီအောင် ၊ သွေးဆောင်မြူဆွယ်
လောကီနယ်မှ ၊ ရုန်းထတွန်းလှန်
သစ္စာမှန်သဖြင့် ၊ လွပ်လပ်ခွင့်ကို
ငါလိုတယ်။
ဟေ့ဒီမှာ
မောဟသခင် ၊ တဏှာဘုရင်
နင့်ကိုရင်ဆိုင် ၊ ငါပြိုင်နှိုင်ဖို့
လူကို့နတ်ရှင်၊ ဦးတင်ရှိခိုး
ရိုကျိုးခတွားမြတ်ဘုရားမင်း
ခြေတော်ရင်းမှ….၊ ဓမ္မလေးမျှား ၊ သစ္စာဓားဖြင့်
၊လွပ်လပ်ခွင့်ကို ငါယူမယ်။

3 comments:

သားဖြိုး said...

ကောင်းတယ်ဗျာ။။။ ရဲရင့်တယ်။။။

Sophie said...

ကောင်းလိုက်တာရှင်။ ကဗျာလေးက ရိုးရိုးလေးက ဆိုလိုချက်ကကောင်းလိုက်တာ ။ အဖွဲ့လေးရောဘဲ

ဆောင်းယွန်းလ said...

ကဗျာကောင်းတယ်ဗျို့ အားပေးနေပါ့မယ်ဗျာ