Sunday, January 4, 2009

Tag Post




နှစ်တစ်နှစ်ရဲ့နောက်ဆုံး ည တဲ့ တူမတော် Dream က Tag လာတော့ ဘယ်လိုရေးရမလဲပေါ့ စဉ်းစား တယ် နောက်ဆုံးဆိုတာ နိဂုံးချုပ်တာကို ပြောလို့ရပါတယ် ထပ်ပြီးမဖြစ်တော့တာပေါ့နော် တကယ်ကော ကျနော်တို့ ဘ၀တွေ ပြီးတော့ ညတွေ နိဂုံးချုပ်သွားပြီလား လို့ ကိုယ်ဟာကိုယ် မေးမိပြန်တယ် လက်ရှိဘ၀တွေ ချုပ်ပြီး နောင်ဘ၀အသစ်တွေစမဲ့ဟာက သေချာနေတော့ အဆုံးမဲ့တဲ့ ဘ၀ဖြစ်စဉ်တစ်ခုပေါ့ အခုဘ၀လူ နောက်ဘ၀ခွေး နောက်လာမဲ့ ဘ၀တွေ ခန္ဓာတွေ..မဆုံသေး ဘူးဆိုတော့ နိဂုံးအတုပေါ့ဗျာ။

အခုလည်း နှစ်သစ်အစတဲ့ နှစ်ဟောင်းကုန်ပြီပေါ့ဗျာ။ အတိတ်ဖြစ်သွားပြီပေါ့၊ကျနော်တို့ခြေလှမ်းတွေ က မကြာခင်မှာ တဖက်ကိုကူးတော့မယ်လေ။ နေံ့စဉ်မကြာခဏ စိတ်ထဲရွတ်နေဖြစ်တဲ့ သံဝေဂအလကာင်္ တစ်ပုဒ်ကို ပိုပြီးသတိရလာတယ် လေးလေးနက်နက်ဆင်ခြင်လာတယ်။

“တစ်နေကွယ်၊သေနယ်ကိုတစ်နေ့ကူး

နေကွယ်ပါများရင်ကွယ့်

သေနယ်ကိုသွားရမယ်

တားမရဘူး”

ကျေးဇူးရှင်လယ်တီဆရာတော်ကြီး ရဲ့ဒီသံဝေဂ လင်္ကာလေးကို ကျနော်မကြာခဏ ရွတ်ဆိုမိနေတယ်။

နောက်ဆုံးညတဲ့၊တိတိပပဆိုရရင်တော့် 2008 နှစ်ဟောင်းရဲ့နောက်ဆုံးည ကျနော်နှစ်သစ်ကို ငြိမ်း ချမ်းစွာထွေးပွေ့ချင်တယ်၊ထွက်လာမဲ့နေမင်းကိုမေတ္တာနဲ့နုတ်ဆက်ကြိုဆိုချင်တယ်အလားတူပဲအား လုံးကိုလည်း ရင်ထဲငြိမ်အေးစေချင်တယ် အဲ လိုငြိမ်းချမ်းအောင် လုပ်မယ်ဆိုရင်တော့ ပြိုပျက်စပြုနေပြီ ဖြစ်တဲ့ ထေရ၀ါဒ အဆောက်အအုံကို ကျနော်တို့တက်ညီ လက်ညီ ပြန်ဆောက်ရမယ်။ဒီလိုတွေးရင်းနဲ့ ကျနော်ဘုရားပေါ်တက်ပြီး တရားဦဓမ္မစကြာင်္ကို ရွတ်ဆိုဆင်ခြင်မိတယ် နှစ်ဦးလေ..တရားဦးနဲ့ ပူဇော်ခဲ့တာပေါ့ နောက်တော့် သန္တိသုခနိုင်ငံတော်ရဲ့ ပထမခြေလှမ်းလို့ပြောနိုင်တဲ့ သရဏဂုံကို လယ်တီဆရာတော် ဘုရားကြီးရေးသားတော်မူခဲ့တဲ့ မဟာသရဏာဂုံ ကြီးကို ရွတ်ဖတ်ပူဇော်ရင်း

ကျနော်စိတ်ကိုနှစ်နေလိုက်တာ။


ပြီးလို့ကြည့်လိုက်ချိန်မှာတော့.. ဟော နေထွက်တော့မယ် လေ၊နှစ်သစ်တစ်ခုရဲ.နေ့သစ်က အရှေ့ ဆီမှာစနေပြီလေ။

ငြိမ်းချမ်းကြပါစေ။







1 comment:

Dream said...

အင်မတန်လေးစားဂုဏ်ယူတယ်... နှစ်သစ်ဦးကို တရားဦး ဓမ္မစကြာနဲ့ ကြိုဆိုလို့ ပါ...မဟာသရဏဂုံတော်ကြီးကို ရွတ်ဖတ်ပူဇော်ရတဲ့အကျိုးနဲ့ ဓမ္မစကြာတရားဦးကို ရွတ်ဖတ်ပူဇော်ရခြင်း အကျိုးတွေ ကိုအပြည့်အ၀ရရှိပါစေ...

မင်္ဂလာနဲ့ အစပြုတဲ့ မင်္ဂလာ နှစ်သစ် မှာ ပျော်ရွှင်ခြင်းစွာနဲ့ စိတ်၏ချမ်းသာခြင်းကို ရရှိခံစားနိုင်ပါစေ.....ဦးဦး...