Tuesday, February 24, 2009

အမြင်

သစ္စာကိုရှာဖို ငါဟာတိမ်တိုက်စီးပြီးခရီးထွက်
မေတ္တာ ကိုရှာဖို့ ငါဟာ မြေလွှာအနှံ့ခရီးဆက်
မာယာရထားနဲ့တူတဲ့ တိမ်တိုက်က
ငါ့ကို သစ္စာဆိုတာ ကိုသင်ပေးတယ်
ပြပေးတယ် သိစေတယ်။

ခန္တီအားနဲ့တူတဲ့မြေလွာက
ငါ့ကို မေတ္တာဆိုတာကို သင်ပေးတယ်
ပြပေးတယ် သိစေတယ်။

မိုးတိမ်နဲ့မြေလွာ
အခြေနေခြားကွဲသော်ငြားလည်း
ညဏ်စိုက်သက်ဝင်
အနှစ်မြင်သော်
ရှင်တော်ဗုဒ္ဓ
မြတ်ဓမ္မကို မုချသိလိမ်မည်သာတည်း။

2 comments:

လူလ said...

မင်္ဂလာပါ ကိုဥပသကာ

အမြင်ကို ကြည်လင်စွာ ဖတ်ရှု့သွား၏။

ကျန်းမာရေး ဂရုစိုက်ပါလို့လဲ မပြောလိုပါဘူး။ အပိုတွေ ဖြစ်နေမှာစိုးလို့ပါ၊ တော်ကြာ ခံစားရတဲ့သူထက် သိသေးသလားလို့ ထင်နေဦးမယ်လေ။

အခုလို ကျန်းမာစွာ ပိုစ့်တွေ ပြန်တင်နိုင်တယ်ဆိုတော့ ၀မ်းမြောက်ပါ၏။
အားပေးလျက်ပါ..


ရွှင်လန်းချမ်းမြေ့ပါစေ...

Ashin Kumara said...

ဂွတ်..ရှယ်..

သားသမီးဆိုတာ ရတနာ လို့ ဆိုတယ်။ သက်မဲ့ရတနာ သက်ရှိ ရတနာ။

သားသမီးရှိလာခြင်း..သားသမီး ရလာခြင်းနဲ့သားသမီးကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်ပေးခြင်း..တနည်းအားဖြင့် မိဘ၀တ်တရားငါးပါးအတိုင်း လိုက်နာကျင့်သုံးနေတဲ့အတွက် ကုသိုလ်ပါ။


သမီးကို စာဖတ်နာအောင် လေ့ကျင့်ပြုစုပေးနိုင်ခြင်းကို ချီးကျူးပါတယ်။ စာဖတ်နာသူ အတော်များများဟာ ကိုယ့်ဘ၀ ကို ကိုယ် ပဲ့ကိုင်ထိန်းကျောင်းနိုင်စွမ်းရှိတာများပါတယ်။


.မိဘ ဖြစ်ခြင်း ..မိဘတို့စေတနာ နားလည်လာနိုင်ခြင်းနှင့် ထပ်တူပြုနိုင်ခြင်း တို့ဟာ သားသမီးရတနာ ရလာခြင်း ကြောင့်သာ လျှင်ဖြစ်ပါတယ်။

သားသမီးရရှိလာခြင်းကြောင့် ဘဲ လူသားရဲ့မြင့်မြတ်မှုကို အဆင့်မြင့်ပေးနိုင်ခဲ့ပါတယ်။


သားသမီးအပေါ်ထားတဲ့ မိဘ တို့ရဲ့ မေတ္တာ..ကရုဏာ..မုဒိတာ..ဥပေက္ခာ.တွေဟာ..
ဗြဟ္မာတွေရဲ့ တရားပါဘဲ။ ဒါကြောင့်

မိဘ တို့ဟာ သားသမီးတွေအတွက် ဗြဟ္မာတွေ ပါဘဲ။

လူစင်စင်ကနေ ဘုံဘ၀မခြားဘဲ နတ်ပြည်ခြောက်ထပ်ထက်မြင့်တဲ့ ဗြဟ္မာအဆင့်အတန်းရဖို့ ရောက်ဖို့ လူပျိုကြီး .အပျိုကြီးများနှင့် ကလေးမယူတဲ့အိမ်ထောင်ရှင်များအတွက် မလွယ်။

ဘုရားဟောအရှိက..

ဗြဟ္မာပိ..မာတာပိတရော...တဲ့။

အဲဒီတော့...

လူစင်စစ်နဲ့ဗြဟ္မာတွေ ဖြစ်ကြစေဖို့..အပျိုလူပျိုတွေ အိမ်ထောင်ပြုသားမွေး..ကလေးများများ ယူကြပါ..လို့..တိုက်တွန်းလိုက်ပါရစေ. ..။