Wednesday, September 23, 2009

နှလုံးသား

ဒီနေရာမှာ

မာယာလည်းရှိတယ်
သစ္စာ လည်းရှိတယ်

ဒီနေရာမှာ

စစ်ပွဲ လည်းရှိတယ်
ငြိမ်းချမ်းရေး လည်းရှိတယ်

ဒီနေရာမှာ
အဖြူလည်းဆိုး လို့ရတယ်
အနက်လည်းချယ် လို့ရတယ်

ဒီနေရာမှာပဲ
လွပ်လပ်မှု လည်းရှိတယ်
ချုပ် နှောင်မှု လည်းရှိတယ်

ဒီနေရာမှာပဲ
ငရဲတံခါး လည်းရှိတယ်
နိဗ္ဗာန်မုခ်ဝလည်းရှိတယ်

ကိုယ် လိုရာကိုယ် လုပ်
ကံဆိုတာ အရုပ် မဟုတ်

သင့် စေတနာ ဆိုတာကတော့ သေချာ ပါတယ် သူငယ်ချင်း။

ငြိမ်းချမ်း ကြပါစေ

7 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒီနေရာ ဆိုတာလေးကို အမျိုးမျိုးထည့်တွေးသွားတယ်...
ကဗျာလေး သိပ်ကောင်းတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

မယ့်ကိုး said...

ကဗျာလေးဖတ်ရတာ တရားနာရသလိုပဲ ကြိုက်လိုက်တာ။
အားပေးလျက်။

မိုးခါး said...

ကိုယ် လိုရာကိုယ် လုပ်
ကံဆိုတာ အရုပ် မဟုတ်

ကိုယ်လုပ်ချင်တာလုပ်သမျှ ကိုယ်ပဲ ခံရမှာနော်
ဘယ်သူမှ လာခံပေးလို့မရဘူး .........

ခွန်မြလှိုင် said...

ကိုယ်လိုရာကိုယ်လို

အတ္တကို တွယ်ဖက်ပြီး မှားမှန်းသိသိ ၀န်မခံချင်ရင်
မခံချင်စိတ်နဲ့ အမှားကိုဖက်တွယ်ရင်
ကိုယ့်လမ်းကိုယ်သွားရမှာမို့
ကိုယ့်ရှေ့ရေး ကိုယ်ချစ်မလား
ကိုယ့်အတ္တ ကိုယ်ချစ်မလား
ရွေးစရာ နှစ်လမ်းသာ ရှိတယ်
အဲဒါ အပါယ်လမ်းနဲ့ မဂ္ဂင်လမ်းပေါ့

မဆုမွန် said...

ကဗျာလေးကို ခံစားသွားပါတယ်ရှင်

Dream said...

ကိုယ်ကြိုက်ရာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံပေါ့့နော့်...အဟီးးး..


ဦးကာကြီးကလဲ မထင်ရဘူး ..ဒါမျိုးတွေလဲ ရတာပဲ

ကဗျာလေး ကြိုက်တယ်ဦးကာရေ

တက်လူငယ် said...

ကဗျာလေး ထိမိပါတယ်။ ကောင်းတယ်။

ခင်တဲ့
တက်လူ