Saturday, October 18, 2008

မေလေးသို့ပေးစာများ(၂)

မေလေးရေ…
မှတ်မိသေးလား…ဒီလိုပဲ..သီတင်းကျွှတ်လပြည့်နေ့..လမင်းကလည်းသာနေလိုက်တာ..
ကြယ်တွေကလည်းစုံလို့..ဒီတုံးကနင်ကကျောင်းပြီးစ အချိန်လေး နင့်ဘာလုပ်ရမလဲဆိုတာကို
တွေးနေ..စဉ်းစားနေချိန်လေ…ငါတို့လမ်းလျှောက်ထွက်တယ်လေ..ဆူညံနေတဲ့မြို့ပြရဲ့ရေပေါ်ဆီ
ယဉ်ကျေးမှုကိုငြီးငွေ့တာနဲ့..တိပ်ဆိပ်နေတဲ့ဘုရားကုန်းဖက်ကိုလမ်းလျှောက်ထွက်ခဲ့ကြတယ်လေ
သီတင်းကျွှတ်လ..ဆီမီးပူဇော်တဲ့အကြောင်းကိုပြန်ပြောနေတုံး..ရုတ်တရက်နင်မေးခဲ့တာက“ငါ့ဘဝ
မှာဘာဖြစ်ခြင်လည်းတဲ့?” သူဌေးလား?ဘုန်းကြီးလားနေကစ်ာရေးဆရာလား ?တဲ့ တော်တော်လေး
ဖြေရခက်တယ်ဟ..
ငါဖြစ်ချင်တာက လူပီသတဲ့လူပဲဖြစ်ချင်တာပါ..ဟုတ်တယ်လူပီသတဲ့လူဖြစ်ဖို့ကတော့ မလွယ်ဘူးလေ
ဒါပေမဲ့ကြိုးစားရမှာပဲ..နင်မအံ့သြနဲ့မေလေး..လောကမှာလူအမျိုးမျိုးရှိကြောင်းကိုငါတို့ရဲ့တရာတော်တွေမှာ
ရှိတယ်လေ..၀ိမာနအဌကထာမှာ..လူလေးမျီုးရှိတာကိုပြထားတယ်..ဖတ်ကြည့်နော်၊
(၁)မနုသနေရရိက=လူငရဲသား
လူငရဲသားဆိုတာလူသားစင်စစ်ဖြစ်ရက်နဲ့၊သူ့အသက်သတ်၊သူ့ဥစ္စာခိုးစတဲ့ မပြုလုပ်သင့်တဲ့ အလုပ်တွေကို
လုပ်လို့ အပြစ်ဒဏ်ပေးခံနေရတဲ့လူတွေ..ဥပမာ ရာဇ၀တ်ပြစ်ဒဏ်သင့်လို့ ထောင်သွင်းအကျဉ်းချခံရတာ၊ခြေလက်
ဖြတ်ခံရပြီးဒုက္ခကြီးရောက်နေတဲ့သူတွေပေါ့။
(၂)မနုသပေတ=လူပြိတ္တာ
ရှေးကကောင်းမှုတွေကိုမပြုပဲမကောင်းမှုတွေကိုပဲလုပ်လာခဲ့လို့အမစားအစာအ၀တ်ထည်မရှိပဲဆာလောင်
မွတသိပ်၊ဆင်းရဲပြီး၇ပ်တည်ရာမရပြေးလွားရုံးကန်နေရတဲ့လူတွေ၊ခေတ်စကားနဲ့ပြောရင်တော့၊လူမွဲတွေပေါ့နော်
(၃)မနုသတိရိစ္ဆာန=လူ့တိရိစ္ဆာန်
လူနဲ့လူချင်းအတူတူဖြစ်ပေမဲ့ သူများခိုင်းတာလုပ်၊သင့်မသင့်မစဉ်းစား သူများကသတ်ဆိုသတ်၊ခြေဆိုခြေ
တာဝန်တွေနဲ့မနားမနေသွား၊လူ့လောကစည်းမျည်းတွေကိုချိုးဖေါက်မလုပ်သင့်တာတွေကိုအကုန်လုပ်တဲ့လူမျိုး
တွေပေါ။
(၄)ပရမတ္ထမနုသ=လူသားစင်စစ်..လူပီသတဲ့လူဆိုတာက
မိမိအကျိုး..သူတစ်ပါးအကျိုးကိုကံနဲ့ကံရဲ့အကျိုးကိုသိပြီး မကောင်းမှုကိုလုပ်ရမှာကို ရှက်တဲ့၊ကြောက်တဲ့လူ
ဂရုဏာတရားကြီးပြီးလောအတွက်၊မိမိကိုယ်ကျိုးကိုစွန့်လွတ်အနစ်နာခံရဲသူတွေက လူပီသတဲ့လူပဲလေ။
ဒါကိုဘုရားပြောတဲ့ လူလေးမျိုးပဲလေ
အရာရာကိုသိမ်းပိုက်ပြီးတော့..ငါမှငါဆိုတဲ့တဘ၀စံရေပေါ်ဆီအယူနဲ့ချမ်းသာကျော်ကြားနေရတာထက်၊လူပီသတဲ့
အညတရဘ၀ကိုပဲ ငါမက်မောနေတယ်လေ။
မေလေးတို့ အမနုသဘေးမှကင်းဝေကြပါစေ။
မှတ်ချက်။ ။ ကျနော်သကြီးကိုရေးမတတ်တာကြောင့် ပြင်ဖတ်ပေးကြပါလို့တောင်းပန်ပါတယ်။

Sunday, October 12, 2008

မေလေးသို့ပေးစာများ(၁)

မေလေးရေ…
နင်ငါ့ကိုခဏခဏမေးဘူးတဲ့စကားနဲ့ပဲဒီစာရဲ့နိဒါန်းကိုငါစလိုက်တယ်..ဘ၀ဆိုတာဘာလဲတဲ့?ပြီးတော့ မေလေးတို့ရောဘာတွေဆက်ဖြစ်လာမလဲတဲ့၊နင်မေးခဲ့တယ်..ပြောရတာတော့ခက်တယ်၊ငါနားလည
်တဲ့ဘ၀ဆိုတာ…ဖြစ်စဉ်တစ်ခုပါ..သေခြင်းနဲ့ရှင်ခြင်းကြားကလှုပ်ရှား၇ုံးကန်နေရတဲ့ စိတ်နဲ့ကိုယ်တို့ပေါင်း
စည်းနေတဲ့ပုံစံတစ်ခု ဒါမှမဟုတ်သဏ္ဍန်တစ်ခုပဲလေ…ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကတော့၊ငါတို့
ဘာလုပ်နေလဲ?ငါတို့ဘာတွေလုပ်ခဲ့လဲဆိုတဲ့ဟာတွေပေါမှာမူတည်နေတယ်၊ရှင်းရှင်းပြောရရင်ငါတို့ရဲ့Action
တွေကငါတိုကဘာဖြစ်လာမလဲဆိုတာကိုဆုံးဖြတ်ပေးလိမ့်မယ်…လူတိုင်းနီးပါးသိပြီသားပါ၊ဒါပေမဲ့လိုက်လုပ်
သလား?လိုက်မလုပ်ဘူး..ဟ၊ကိုယ်ရဲ့လုပ်ဆောင်ချက်တွေက၊ကိုယ့်ကိုပြန်ပြီးအကျိုးသက်ရောက်တယ်ဆိုပေမဲ့
တခါတလေမှာတုံပြန်မှုမရှိတဲ့အဖြစ်မျိုးကိုမေလေးအနေနဲ့ကြုံရကောင်းကြုံဘူးလိမ့်မယ်ဒါပေမဲ့သွယ်ဝိုက်သော
နည်းအားဖြင့်တော့ကြုံရတတ်တာပဲလေ၊ကိုယ်လုပ်တာကိုယ်ပြန်ရတတ်တာပါပဲလေ။
မေလေးသိပြီးတဲ့ အတိုင်းပဲ“စေတနာသည်ကံ” တဲ့ဒါပေမဲ့စေတနာထားရုံနဲ့တော့ကံအကျိုးပေးဖြစ်လာမလား?
ကိုတိုင်လုပ်ဖို့လိုတယ်၊ရှင်းရှင်းပြောရရင်“လုပ်အားလိုတယ်”စာစကားပြောရင်တော့“၀ိရိယ”လိုတယ်၊ဖြစ်ချင်ယုံ
လေးနဲ့တော့ဘာမှ မဖြစ်လာဘူးလေ။
လူတစ်ယောက်ဟာထိပ်တန်းရောက်အောင်မြင်နေတယ်ဆိုတာ၊အဲဒီလူရဲ့ကိုယ်၊နုတ၊်စိတ်တွေက“တစ်ထပ်တည်းကျလို့ပါ”
မဟုတ်ရင်ဘယ်လိုမှမအောင်မြင်ဘူး၊ဥပမာလေ…လူတစ်ယောက်ဟာစိတ်ထဲကလည်းဒီအလုပ်ကိုလုပ်
မယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်၊နုတ်ကလည်းပြောတယ်လုပ်မယ်ပေါ့၊သူရဲ့လုပ်ဆောက်ချက်တွေကလည်းဒီအပေါ်မှပဲမနားတမ်း
တစိုက်မှတ်မှတ်ရှိနေရင်အောင်မြင်တာပဲ၊
ကောင်းတာဆိုးတာကသူ့ရဲ့စေတနာAttationအပေါ်မူတည်နေတယ်လေဒါပေမဲ့သေချာတာက လူတစ်ယောက်
ဟာ..သူဆုံးဖြတ်တဲ့အတိုင်း ကာယကံ၊၀စီကံ၊မနောကံတွေ၊တစ်ထပ်တည်းကျပြီဆိုရင်တော့ တကယ်အောင်မြင်
တဲ့ လူဖြစ်လာလိမ့်မယ်လေ။
မေလေး…ချမ်းသာကိုယ်စိတ်မြဲပါစေ

Tuesday, October 7, 2008

ပြန်ပြီးကျင့်ဖို့လိုနေပြီ

စာရေးမယ်လို့စဉ်းစားမိပေမဲ့တကယ်ချမရေးဖြစ်ဘူးစိတ်ထဲမှာပဲတေးထားလိုက်တယ် ဒီလိုနဲ့စာလောကအနဲ့အဆက်သွယ်ပြတ်ပြီးနေလာခဲ့တာကြာပြီလေ…အခုလည်းတွေးမိတာလေးကို ပြန်ပြီးဖေါက်သည်ချမယ်ပေါ့…ကျနော်တွေးမိတာက လက်တွေ့ကျင့် ကြံအားထုပ်မှုတွေမရှိသလောက်
ဖြစ်နေတဲ ဘုရားဟောတဲ့ လူ့ဝိနည်းလို့ပြောရမဲ့လူတစ်ယောက်ဆိုရင်၊လူမှန်ရင်ကျင့်ကို ကျင့်ရမဲ့၊လူ့ကျင့်
ဝတ်တွေ့၊ကျနော်တို့ဆီမှာ ပျေက်ဆုံးနေတယ်၊စာတွေ့အရရှိပြီး၊နုတိတိုက်အာဂုံဆောင်နေတာကြားရပေမဲ့
လက်တွေ့နေံ့စဉ်ဘ၀မှာ၊ကျင့်သုးံမှုမရှိတော့ဘူး..တကယ်ကျနော်တို့လိုက်နေကြတာ လိုချင်နေကြတာက
နေရာ၊အာဏာနဲ့ငွေပဲလေ၊ကိုယ်လိုချင်တာကိုရဘို့ ဘာမဆိုလုပ်ရဲတဲ့ သတ္တိက အပြည့်..အနစ်နာခံလိုက်မယ်
ဆိုတဲ့စိတ်က မရှိတော့ဘူး၊ဒါဟာ ကျနော်တို့ဆင်းရဲရတဲ့ အကြောင်းအရင်း၊ပြီးတော့ ပုံစံပြောင်းလာတဲ့ မိဘနဲ့
သားသမိးဆက်ဆံရေး၊ဆရာတပည့်ဆက်ဆံရေး၊လင်နဲ့မယားဆက်ဆံရေး၊ဒီကြားတွေမှာစီးပွးရေဆန်လာတယ်
မိဘကလည်း၊ အရွယ်ရောက်လာတဲ့ သားသမီးဆီက၊တုံ့ပြန်မှုကိုမျှော် လာတယ် ၊သားသမီကလည်းပြန်မကြည့်
နိုင်တဲ့ အခါ…ငြီးတွားကြတော့ တာတွေတွေ့ရတယ်၊သားသမီတွေကလည်းမိဘထက်ပိုပြီး သူတို့ရင်သွေးတွေကို
ဂရုစိုက်မိနေတတ်တယ၊သတိထားမိတာလေးတွေပြောတာပါ၊ကိုယ်ကိုတိုင်လည်းဒီလမ်းကို တစ်နေ့လျှောက်ရမှာ မေ့နေကြတယ်တူပါတယ်…အလားတူပဆရာတပည့်တွေကြားမှာပိုက်ဆံပိုပေးနိုင်သူတွေနေရာပိုရတယ်၊လိုတရ
တပည့်တွေကိုပိုချစ်နေတယ်၊တကယ်တော့ဆရာဆိုတာသီလသိက္ခာကို ပိုပြီးစောင့်ရတာ၊ကိုယ်တိုင်ကစံပြဖြစ်ရမှာလေ၊အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ မချန် ဘေးရန်ကာဆီး
တဲ့လေ၊အခုဖြစ်နေတာကပိုက်ဆံပေးမှစာသင်ရမယ့်အနေထားတွေ၊ပညာတတ်ချင်ရင်ငွေရှာလာပါပေါ့ငွေမရှိရင်
မသင်ရတော့တဲ့အခြေနေမျိုးဖြစ်နေခဲ့တာဘာကြောင့်လည်း၊စံနစ်ကြောင့်လားဓကိုယ်တိုင်ကအနစ်နာမခံချင်တာ
လားတွေးနေမိတယ်၊
အကြီးကဲဝတ်တဲ့..ထကြွနိုးကြား၊သနားသီးခံဝေဖန်ထောက်ရှုတဲ့၊အခုဟာကမဟုတ်သေးဘူးလေ၊အကြီးကများများစား၊
အငယ်ကသူ့အံဖတ်စား၊ခိုင်းတာမလုပ်ရင်အပြစ်ပေး၊ဘုရားစကားဝေးဝေးရှေှာင်၊အမှောင်ကိုဖက်ပြီးဖိမ်ယက်
နေတဲ့အချိန်လားနော်၊တိုင်းပြည်ကိုကောင်းစေချင်တယ်၊လောကကိုတကယ်ကောင်းစေချင်တယ်ဆိုရင်တော့၊
ကျနော်တို့တတွေ၊ဘုရားစကားကိုလက်တွေ့ကျင့်ကြံရလိမ့်မယ…မဟုတ်ဘူးဆိုရင်၊ကျနော်တို့ဟာဘုရားကို
လိမ်နေသလိုပဲဖြစ်နေမှာသေချာတယ်၊
ကျနော်တို့ဘယ်လိုရှေ့ဆက်သွားမလဲ?တရားတော်တွေကိုမေ့ပစ်ပြီးနေကြမှာလား?နေ့စဉ်ဘ၀မှာတရားတော်တွေကို
လက်တွေ့အသုံမချခြင်တာလား?မချတတ်တာလား?ခေတ်မမှီတော့ဘူးထင်လို့လား? ကျနော်တို့ရှေ့တန်းကို ပြန်ရောက်ဖို့ကတရားတော်ကို လေးစားစွာပြန်လည်လိုက်နာကျင့်သုံးဖို့ဆိုတာကို ယုံကြည်ဆုပ်ကိုင်နေရင်းနဲ့လေ။

Friday, May 30, 2008

အခြေခံ

ပြီးခဲ့တဲ့နေ့တွေတုံးက လေဘေးဒဏ်ကိုခံစားနေရတဲ့သူတွေအတွက်ဆိုပြီးတော့ ကျနော်တတ်နိုင်သလောက်
ဆုတောင်းတာလေးတွေ၊မေတ္တာပို့တာတွေကို သေသေချာချာလုပ်နေရင်း တွေးမိတယ် ဘာလဲဆိုတော့ သီလ
ကောင်းလေ မေတ္တာပို့တာပိုကောင်းလေ လို့ သိရ ဖတ်ရသင်ခဲ့ရပါတယ် ဒီတော့ ကိုယ်ကျင့်တရားဆိုင်ရာတွေမှာ
တကယ်တန်းထိမ်းသိမ်းနိင်ဖို့ကတဖက်သားအပေါ်ကိုတကယ်တန်းကိုယ်ချင်းစာတတ်ဖို့လိုပါတယ်ဒီလိုကိုယ်ချင်းစာတရားမဲ့နေသမျှတော့ကျနော်တို့မျှော်မှန်းတဲ့သံသရာထွက်လမ်းနဲ့ဘ၀လွပ်မြှောက်ရေးဟာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး သီလ ဆိုတာအရမ်းနက်နဲပြီးကျယ်ပျံ့လွန်းတဲ့တရားပါ ထိမ်းနိုင်ရင်တော့ ကောင်းပါတယ် ထိမ်းနိုင်အောင်လည်းကြိုးစားရပါ့မယ်၊သစ္စာဆိုရဲသောသီလဟာ၊ဘ၀လွပ်မြှောက်မှုအတွက်ကြီးမားတဲ့အထောက်ပံ့ပါ၊ဒီလိုခိုင်မြဲတဲ့သီလဖြစ်ဖို့ကလည်းကိုယ်ချင်းစာတရားဟာနှလုံးသားမှာကိန်းဖို့လိုပါလိမ့်မယ်၊တကယ်တမ်းကိုယ်ချင်းစာတတ်ပြီဆိုရင်လည်း၊နှလုံးသားမှာအများအတွက်ကိုယ်ကျိုးစွန့်တဲ့စိတ်ဟာလုပ်ယူဖန်တီးဟန်ဆောင်မှု
မပါပဲအလိုလိုဖြစ်လာမှာပါဒီတော့ပထမဆုံးကကျနော်တို့ကိုယ်ချင်းစာတတ်အောင်လေ့ကျင့်ရမှာပါတကယ်ကိုယ်ချင်းစာတတ်ရင်နောက်ထပ်တဆင့်ဖြစ်တဲ့ သီလလုံဖို့၊ကိုယ်ကျင့်တရားကောင်းဖို့ကမခက်တော့ဘူး၊ဒီတော့ပြန်စဉ်း
စားကြည့်တယ်လေကျနော့်မှာတကယ်တမ်းကိုယ်ချင်းစာတရားရှိလားလို့၊
သီလတရား ခဏထား ကျနော့်အတွက်မြင့်လွန်းတယ်။
သမာဓိတရား ဒါလည်းမြင့်လွန်းနေတယ်။
ပညာတရား ကော မစဉ်းစားရဲတော့ဘူး…လေ
ကိုယ်ချင်းစာတရားတောင်မှ၊နှလုံးသားမှာ အပြည့်အ၀ကိန်းအောင်မထားနိုင်သေးသောကျနော့်အဖို့
သံသရာထွက်ရပ်ဘ၀လွပ်မြှေက်မှုလမ်းသည်အိမ်မက်ပမာသာလျှင်

Monday, May 26, 2008

ဘယ်သူကူလို့ငြိမ်းပါ့မယ်

ဧရာဝတီ…
ရာသီဆိုးကောင်းဇရာထောင်းလည်း
စီးဆင်းနေဆဲပြေးနေမြဲလေ
ယူစေသောက်စေ
အပူတွေပျေက်စေ
ငြိမ်းချမ်းစေတဲ့
ငါတို့အမေ….။
ဧရာဝတီ…
အားသွန်ခွန်စိုက်
လုးံလစိုက်ကာ၊မကျစိတ်ဓာတ်
မလပ်အခါစီးဆင်းကာဖြင့်
ဝမ်းစာစပါး၊ငါးသားသီးနှံ
ပေါလျှံကြွယ်အောင်
စွမ်းဆောင်ခဲ့ပေ
ငါတို့အဖေ….။
ဧရာဝတီ….
လရောင်နေလင်းနှစ်ပါးခင်းသို့
ငါတို့မိဘ ဘ၀သခင်
ကျေးဇူးရှင်ကို၊ဖျက်ဖြိုတိုက်းစား
ချေမှုန်းသွားသူ…ဒီအပူကို
ဘယ်သူကူလို့..ငြိမ်းပါ့မယ်။

Tuesday, May 13, 2008

မေးခွန်းများ

ရိုက်ချက်ပြင်းပြင်းနဲ့
ချိုးဖဲ့ဖျက်ဆီးမြေတုံဟီးအောင်
သောင်ကမ်းပါးဖျက်၊ရက်စက်ဆိုးဝါး
လူသားအသွေး၊မရွေးသုံးပါး
ကိုက်စားဝါမြို၊မျက်ရေယိုစေ
နင်ဖန်လေလားနာဂမုန်တိုင်းဘီလူးရိုင်း။
ပင်လယ်ဝပေါ်၊အားသော်မြုပ်နစ်
မွှေပစ်မှေက်လှန်၊မကျန်ဘာမျှ
မြစ်ဝတဖန်၊ရေလျှံလှိုင်းကြီး
ရင်ထဲမီးလောင်၊ယူဆောင်ခွဲထုတ်
ဆွဲဆုပ်ဖျက်ဖြိုငုတ်လျှိုရေထဲ
နင်ဆွဲလေလားနာဂမုန်တိုင်းဘီလူရိုင်း။
ကူပါကယ်ပါတစာစာနဲ့
တွယ်ရမဲ့တွေထားခဲ့လေပြီး
ကမ္ဘာမီးလောင်သူယောင်သူခိုး
မိစ္ဆာပိုးကိုဂုတ်ချိုးသွေးစုတ်
အမြတ်ထုပ်စေနင့်အမွှေနှစ်ချန်ရစ်ခဲ့လား
နာဂမုန်တိုင်းဘီလူးရိုင်း။

Friday, May 2, 2008

အပြောင်းအလွဲ

ဒဏ်ရာပြင်းပြင်းကိုငါခံစားရင်း
လွမ်းဆွတ်ခြင်းညတွေစိတ်လေလေနဲ့ဖြတ်
ဝမ်းရေးကိုတွေးရင်း
အဆွေးသီချင်းကိုငြီးရင်း
ရင်းတွင်းမှာမကျက်သေးတဲ့အနာ
တကယ်တော့…ငါဟာ
ဒဏ်ရာနဲ့လူပါ။
ဘ၀ဆိုတာပမာစက်ဝန်း
လည်နေတဲ့သဘောပါတဲ့
ပညာရှင်တွေပြောနေကြတယ်
ရေးနေကြတယ်
ဆွေးနွေးနေကြတယ်
ဘယ်ခါဖြူပြီး ဘယ်တော့မဲမယ်
တကယ်ငါမသိ
လက်ရှိဘ၀အတိကျမှာ
ငါရဲ့ဒဏ်ရာမသက်သာဘူး။
ရင်ထဲမရှိတဲ့စကား
ပါးစပ်ဖျားပြောချောမွတ်
ဘုရားကန်တော့ပြီးစိတ်ပုတီးစိပ်
နောက်ပိတ်ကားကွယ်
ဘယ်လိုကြံဘယ်လိုလုပ်
ပြယုတ်သက်သက်တရားဖက်ပြီး
အတ္တဆင်စီးနေတဲ့
ပလီပလာသူတော်ကောင်း
ကြားကောင်းအောင်ပြောဘာသဘောလဲ
ငါလေ….ဒဏ်ရာထဲမှာနှစ်နေဆဲ..လေ။