Friday, April 24, 2009

အတွေ့ ချင်ဆုံး လူ(၁၀)ယောက်

အခုတလောစာရေးချင်ပေမဲ့မအားလွန်းကံဇတ်ဆရာစီရင်ဖန်ဆင်းအပ်သော၊ဘ၀ဇာတ်ခုံပေါ် တွင်၊ ကျနော်သည်ခုနှစ်ထွေအကကိုပိုင်နိုင်အောင်ကနေရသည်မို့၊ခုဘီလူး တော်ကြာရသေ့
နောက်တဖန်ဇော်ဂျီ…စသည့်ဇတ်ရုပ်များကို ကျရာအရုပ်အဟုတ်တူအောင် ကနေရင်း နဲ့ ပဲ၊
ဘလော့မလည်ြုဖစ်၊စာမဖတ်ဖြစ်…ပိုဆိုးတာက မြန်မာ ပြည်ကြီး၏ မဟာကွန်နက်ရှင်၊…ထား ပါတော့လေ..သည်မျှသုံးနေရသည်ကိုပဲ..ကျေးဇူးတင်နေရပါသည်။

မကလျာက(မေတ္တာရောင်ပြန်)က တက်ဂ်ထားတဲ့ အတွေ့ ချင်ဆုံးလူ…အဲ(၁၀) ယောက်ထဲ ဆိုတော့ ရေးရကျပ်နေပြန်သည်၊ တကယ်တွေ့ ချင်နေတာက အား လုံးကိုပါ၊ ရေးဖေါ်ရေးဖက် အား လုံးကိုတွေ့ ချင် ပါသည်၊ ကျနော့် စိတ်ထဲမှာ အား လုံး ကို တကယ့် မောင် နှမလို ပဲတွေ့ ချင်ပါသည်၊ မောင်နှမတွေ မိတ်ဆွေတွေ..ကလျာဏမိတ်တ္တတွေ.. ထိုထက်ပိုပြီးပြောရလျှင် အတူတကွ သံသရာ ခရီးသွားဖေါ်များဟုဆိုသော်…ဆိုကောင်းပါ၏။

ကလျာဏမိတ္တ..ရှင်တော်ဗုဒ္ဓက ..“ငါသည်အလုံစုံသောသူတို့၏ ကလျာဏမိတ္တ” ဟု ဆို၏
ထိုမလွဲသောစကာဖြင့်မိတ္တဂုဏ်ကိုချီးမွမ်း၏..သို့သော်ကလျာဏမိတတသာလျင်…ကလျာဏကို၊ပါဠိအဘိဓာန်တွေ ထဲမှာ နာမ၀ိသေသနအဖြစ်(၈)မျိုး၊ နာမ်အဖြစ်(၄)မျိုး ဖွင့်ကြောင်းကို
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က ရေး ထား ဖူး သဖြင့် မှတ်မိနေသည်၊

ကလျာဏမိတ္တကို အဆွေ ခင်ပွန်းကောင်းဟု ပြန်၏၊ ထို ခင်ပွန်းကောင်တွေကို ကျနော် တွေ့ ချင် ပါသည်၊ မ်တ်ဆွေကောင်းတွေ နဲ့ ပက်သက် လို့ ပိဋကတ်တော်တွေ ထဲမှာ ဖတ်ဖူး ပါသည် လက်လှမ်း မှီသလောက် ပေါ့လေ။ ကျနော်ကိုယ်တိုင် ကလာည်း မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားနေသည်။ သို့သော် မဖြစ် သေးဟုထင်၏၊ မိတ်ဆွေကောင်း မဟုတ် တောင်မှ။

အညဒတ္ထုဒရ မည်သော အပေးမရှိသည့် မိတ်ဆွေတု။

ဝစီပရမ မည်သော နုတ်ဖြစ်သာပေးလေ့ရှိသော မိတ်ဆွေတု

အနုပီယဘာဏီ မည်သော အကြိုက်လိုက်ပြီးမြှေက်ပစ်ပြောဆိုတတ်သော မိတ်ဆွေတု။

အပါယသဟာယ မည်သော ပျက်စီးရာ ပျက်စီးကြောင်းတို့ တွင်သာ ပေါင်း ဖေါ်တတ်သော
မိတ်ဆွေတု..တော့ မဖြစ်လို။

ကျနော့်အတွက်တော့ ကျနော်မိတ်ဆွေများအာ လုံးသည်၊
ဥပကာရ မည်သော အကျိုးပြုမိတ်ဆွေများ

သမာနသုခ ဒုက္ခမည်သော အေးအတူပူအမျှနေတတ်ကြသည့် မိတ်ဆွေ

အတ္ထက္ခာယီ မည်သော အကျိုးစီးပွားရှိရာအကြောင်း ကို သာပြောတတ်သော မိတ်ဆွေ

အနုကမ္ပကမည်သော အစဉ်သနာ စောင့်ရှောက်တတ်သော မိတ်ဆွေ များ ဟု ကျနော်ဆို ပါသည်။
ထိုမိတ်ဆွေများအား လုံးကို ကျနော်တွေ့ ချင် ပါသည်… သို့သော် မူလ တဂ်သော ဆရာက (၁၀) ယောက်သာ ဟုဆိုချေသောကြောင့်……..။

အစ်ကိုကြီးမင်းဒင်

ကိုလူလှ
ကိုသင်ကာ

ညီလေးအလှတရား
ညီလေးဖိုးသား

မသက်ဇင်
တူမတော်မက်မက်
ညီမတော် ပင့်ဂိုးလ်
မသဇင်ဏီနဲ့

ကျနော်က နတ်သမီး လို ခေါ်တတ်တဲ့ နတ်သမီး ဘလော့ ပိုင် ရှင် ၀င်း ၀င်း တို့ ပါ

အရမ်းစာရေးကောင်းတဲ့ အကိုတွေ ညီတွေ ညီမတွေ အမ တွေရှိသေးတယ် နော် နောက် လာ မယ် ပေါ့ပေါ့လေးတွေ ကို ရင် ထဲရောက် အောင်ရေးတတ် ကျ သူတွေရေ….

ငြိမ်းချမ်းကြ ပါစေ။

Tuesday, March 31, 2009

ပန်မိတဲ့ ဆု

ဘယ်သောအခါမှ.......
ရင်မှာ မရှိ၊ မတွယ်ငြိပဲ
စိတ်ထဲရှိယောင်၊ဟန်ဆောင်ပလီ
ချိုသီစကား၊ငါ့နုတ်ဖျားမှ...

မပြောလို။ ။

ဘယ်သောအခါမှ.....
ယုတ်မာညစ်ညူး၊ဘီလူးလောဘ

လိုဆန္ဒကို၊ငုတ်လျိုရင်မှာ
ကာဖုန်းဝှက်ပြီး၊မျက်နှာချိုးထား
မာယာများနဲ့၊ချဉ်းကပ်လာသူမဖြစ်လို။ ။

ဘယ်သောအခါမှ......
တဏှာငွေမက်၊ ရောယှက်ထွေးနှေင်
ဟန်ဆောင် အချစ်၊စင်စစ်မဟုတ်
ဝတ်ရည်စုတ်ယုံ၊လူပုံဖန်ဆင်း
ရင်တွင်ဘီးလူး၊ရမက်ကြူးသော
လူယုတ်ယောက်ျား၊ မဖြစ်လို။ ။

ဘယ်သောအခါမှ
မျောက်ပြဆန်တောင်း၊သာပေါင်းညာစား

အထက်ဖားအောက်ဖိ၊လူအသိပျောက်
အဆင်းချောက်တွန်း၊မနောယုတ်မာ
လူသိက္ခာမဲ့၊ ဘုရားကဲ့ရဲ့
သူတော်မဲ့သော၊ယောက်က်ျားလူယုတ်မဖြစ်ပါလို
ပန်ဆုဆို၏။

Saturday, March 14, 2009

မြက်ပင်၊ တိမ်တိုက်နဲ့ လူ

ညက တုန်းက လပြည့်ကျော် တစ်ရက်နေ့ဆိုပေမဲ့ လမင်း က အရမ်း ကို သာနေတယ်၊ လကြီးက ပိုပြီးဝိုင်းစက်လာ သလိုပဲ လေတချက်မွှေ့ လိုက်တိုင်း ဆောက်တည်ရာမဲ့တိမ်တိုက်တွေက …ပရမ်းပတာတွေဖြစ်ကုန်ရော.. ငွေနားကွပ် တိမ်တိုက်ဆိုတဲ့ ဂုဏ်တွေက နေ့ဖက်မှာ ကျန်ခဲ့ပြီလေ၊ အခုတိမ်တွေမှာ ငွေနားကွပ်မရှိတော့.. အကွပ်မဲ့ကြမ်း ပရမ်းပတာဆိုပေမဲ့ မိုးကောင်းကင်ကို ဟီးလေးခိုပြီး မာန်ဝင့်နေတဲ့ တိမ်တိုက်တွေ ၊လောကကြီးကို အပေါ်စီးကနေ ကြည့်နေမယ်ဆိုတဲ့ တိမ်တိုက်ပျံတွေ လေတစ်ချက်မွေ့တိုင်း ထားရာနေ စေရာသွားနေရတဲ့ ဗေဒါတပွင့်လောက်တောင်မှ တန်ဖိုးမရှိတော့။ လောကစကားနဲ့ဆိုရင်တော့ အပေါ်ထပ်အဆောက်အဦးက အနှစ်မဲ့ဘ၀တွေလို့ဆိုရမလား…

“သား မင်းသူတို့ကိုအားကျနေလား”

ကောင်းကင်ကို ဟီးလေးခိုပြီးတော့ နေကြတဲ့ တိမ်တိုက်တွေကို ကြည်ပြီးတော့ နေတဲ့ မြစ်ပင်ပုစုကွေးလေးကို မြက်ပင်အဖေက မေးတော့….

ဟုတ်ကဲ့ .. သားသူတို့ လိုဖြစ်ချင်တယ်” ဆိုတဲ့ မြက်ပင်ပုစုကွေးလေးရဲ့စကားကို မြက်ပင်အဖေက ကြားတဲ့အခါ…

“သားရေ.. အားမကျစမ်းပါနဲ့ မိုးကောင်းကင်မှာ နေရလို့ လွပ်လပ်တယ်မင်းထင်နေရင်တော့ မှားပြီ၊ သူတို့ခမျာ နေထွက်ပြီးအရမ်းပူ လာရင် ကျူးကျော်ရပ်ကွက်မှာ တဲတိုးပြီးနေတဲ့ လူတွေ လို ပဲ စစ် ဆေးရေးတွေရောက် လာရင် ဖယ်ပေး၊ ဖျက်ပေးရတယ်၊ နောက်ပြီး လေတိုက် လာတဲ့ အခါ စည်ပင်အခွန်မပေးနိုင်လို့လျှောက်ပြီးပြေးနေရတဲ့ လမ်းလျှောက်ဈေးသည်လို နေရာ တကျ မနေနိုင်ဖြစ်ရတယ်၊ ပြီးတော့ ကောင်း ကင်ရဲ့ ဘုရင်လို့ ပြောနေတဲ့ နေမင်းကြီးရဲ့အလို အရ နေ့တိုင်း မှာ အချိန်တိုင်းမှာ အရောင်တွေပြောင်းပြီး နေကြရတာ ပါကွာ သူများနှခေါင်းနဲ့အသက်ရှူနေကြတာ လေ။ ဘာလဲဟိုတခါက တိမ်တိုက်တွေနဲ့ရန်ဖြစ်ထား လို့စိတ်မကောင်း ဖြစ် နေလား ပြီးတော့ မြေကြီးပေါ်က နင်းပြား လို့ အခေါ်ခံရတာ ကို သားဝမ်းနည်းနေလား”

“ဟုတ်တယ်အဖေ..ဒီတုံးက သူတို့ဝတ်ထားတဲ့ အကျီက ငွေရောင်လေးတွေနဲ့သိပ်လှတယ်..အဖေရ”

“ အား..ငါ့သားအတု ခိုး မှာနေပြီ..ဒါက ခဏလေး အရောင်တင်ထားတာ.. အခုသားရှေ့ မှာ ရှိတဲ့ ကတ္တရာလမ်း လိုပဲ လူကြီးတွေ လာမှာ မို့ ခဏလေးကောင်းနေတာ ၊ လူကြီးတွေ လည်း ပြန်ရော လမ်းလည်း ပျက်ရော..ဒါသား လည်း တွေ့နေတာ ပဲ၊ အခု လည်း ကောင်း ကင် က ဘုရင် နေမင်း လာ လို့ ခဏငှါး ၀တ်တာ လေ နေမင်းကြီး ပြန်ရင် လူ လုပ်ထားတဲ့ လမ်း ထက် တောင် ငွေရောင် တွေ က ပျက် မြန်သေးဟ။

ပြီးတော့ သားရေ.. သူတို့ဘ၀ က သနားစရာပါ ကွာ သူတို့ပုံတွေကြည့် ပါလား တော် ကြာ ဘီလူး ပုံ ဖြစ် လိုက် တော်ကြာ မင်းသား ဖြစ်လိုက် တော် ကြာဂွမ်းပုံဖြစ်လိုက် ဇတ်မင်းသမီးတွေ လို အရောင် တွေပြောင်း လိုက်..မော လိုက်တာကွာ၊ အခု အဖေတို့ က မြက်.. လမ်းဘေးကမြက် မွေး လာတုံးကစိမ်းနေတယ် အခု အရွယ်ရောက် လာတော့် လည်း စိမ်းနေတယ်…

သေခါနီး သက် ကြီး မြက် ဖြစ် နေတာ တောင်မှ စိမ်းနေတုံး ပါ ကွာ၊ ဟို နား လမ်းထောင့် အိမ်က ကိုကြွယ် လိုစီး ပွားရေး သမားမျိုး အလုပ်ကွက်ရအောင် ဘယ်သူ့ဆီ ဘယ် လောက် ပေးရ၊ ဘာ အတွက် ဘယ် လောက်လှူရ မရှိဘူး ကွာ၊ အစိမ်းရောင် ဖြစ် ခွင့်ရ ဖို့ ဘယ် သူ့ ကို မှ ဟန် လုပ် ဖားနေစရာ မလို ဘူး ကွာ..နဂို ကတည်း ကအစိမ်းရောင်ပဲလေ… အခု လည်း စိမ်း မယ် နောင် လည်း စိမ်း မယ်ပေါ့ကွာ။။ ဟုတ်ပီ လား..

အမ်.. ဒီက အဖေပြောနေတာတော့ နား မထောင်ဘူး.. လူတွေ ရပ်ပြောနေတဲ့ စကား ကို နားထောင် နေတယ်…သား

မြက်ပင်ပြောတဲ့စကား ကို ပျင်းနေလား…

မဟုတ် ဘူး အဖေရ … လူတွေပြောနေတာ က နားထောင် ကောင်း နေလို့ ပါ..ဟို မှာကြည့်လေ အဖေ.. ကျနော် တို့ အရှေ့ အိမ်ကကျောင်း အမ ကြီးပြောနေတာ ဘယ်လောက်လှူပြီး ပြီ နောက် ဘာ လှူရမလဲ..ဆိုပြီးတော့.. အားကျလို့ ပါ.. အဖေရာ…။

အပြစ် မပြောချင် ဘူး သားရေ မင်း ငယ်သေးတာ ကိုး.. တခါတုံး ကသားပြောတဲ့ ကျောင်း အမကြီးက နာမည်ကျော်ဆရာတော် ကြီးတပါး ထိုင်တဲ့ကျောင်း မှာ မုခ်ဝ မလှူရ လို့ ပြန် ခဲ့တာဗျ ၊နာ မည်မပါရင် မလှူ ဘူး သားရေ…

ပြီးတောု သား မတွေ့ ဘူး လားစားစရာမရှိ၊ သောက်စရာ မရှိတဲ့ ကလေးတွေ လာရင် ခွေးနဲ့ တိုက် လွတ် တာ၊ တခါတုံး ကဆိုကောင် လေး တစ် ယောက် အကြောက် လွန်ပြီး ပြေးရင်း ငါ့ ပေါ်တောင် ရှူရှူးတွေ ပန်း ခဲ့သေး..ငါတို့ မြက် လေကွာ..သားရေ။

နေဦးသား အဖေမေးဦးမယ်..လူတွေက ပါးစပ်နဲ့ပြောနေတာ က တကယ်ကွာ ဘာမှမရှိရင် နေ အကျင့်တရားနဲ့ စိတ်ဓာတ် ကောင်းရင်ရပီဆိုတာ ဒါပေမဲ ဒီကိုယ်ကျင့်တရားတို့ ရိုးသားမှုတို့၊ သစ္စာရှိမှုတို့ နဲ့တင် တောင်လို့ ညားသွားတဲ့ သတိုးသမီးသတိုး သားရှိ လား.. မရှိ ဘူးနော်..ငွေနဲ့ ပစ်ဝယ်ပြီး လက် ဖွဲ့ ပစ္စည်း အဝေ မတည့် တာနဲ့ ညမအိပ်ပဲ ကွဲကြတာ ပဲ မြင် ဘူး ပါတယ်သားရေ။

ဒီတော့ လူ တွေ ကိုယ် ကျင့်တရားဖေါက်သလို .. ငါ့သား လည်း အပင် ကျင့်တရား မဖေါက်နဲ့ ငါတို့ အပင် တွေက ကာဗွန်တိုင် အောက်ဆိုဒ်ကိုရှူပြီးတော့ လူတွေ အတွက် အောက်စီဂျင် ကိုပြန် ထုတ် ပေးမယ်၊ ပြီးတော့ လူတွေခြေနဲ့နင်း လည်းကြီးပြင်းပေးရမယ်၊ ရေမလောင်းလည်း ရှင်သန် ပေးရမယ်၊ လူတွေ ဘာလုပ်လုပ် .. ငါတို့က အမြဲတမ်း ကြီး ထွားပြီး အစိမ်းရောင်ရှိနေအောင် လုပ် ဖို့ပဲစဉ်းစား ပါ ကွာ…။

ဟော..ပြောရင်းဆိုရင်း..လေတွေတိုက် လာပီ… မင်း အထင်ကြီးတဲ့ တိမ်တိုက် တွေ အမဲရောင် ပြောင်းပြီး ငိုရတော့ မယ်…။

လာသား အဖေတို့ လက် တွေ မြဲမြဲထား ပြီးတော့ အဖေတို့အရိပ် ကို ခို ဖို့ လာတဲ့ ပုရွက်ဆိတ်တွေကို လုံအောင် လွင့်မသွားအောင် ကာပေးထား… အပင် ကျင့်တရား နဲ့ ညီအောင် နေကြစို့သားရေ… မိုးရွာ လာပြီ…။ ။


Thursday, March 12, 2009

အဖေတစ်ခု သမီးတစ်ခု

အဖေတစ်ခု သားတစ်ခု ဇာတ်ကားကို ကျနော် ငယ်ငယ်လေးတုံးကတော့ ကြည့်ဖူးတယ် အဲဒီရုပ်ရှင် ဇတ်ကားထဲမှာ ဦးစိန်မြင့် သရုပ်ဆောင်တာ ကောင်းလွန်းတော့ ပရိတ်သတ်တွေ ငိုကြ လွမ်းကြ.. နောက်ဆုံးဦစိန်မြင့်.. အကယ်ဒမီ ရခဲ့တဲ့ဇာတ်ကားပေါ့လေ။

အခုကျနော်ကတော့ ကံဇာတ်ဆရာလို့ပဲ ပြောရအောင်နော် .. ရိုက်နေတဲ့ အဖေတစ်ခု သမီးတစ်ခု ဇာတ်ကားကို ပီပြင်အောင် ကပြနေရတဲ့ သရုပ်ဆောင် ပေါ့ဗျာ။ ကျောင်းတွေက စာမေးပွဲပြီးတော့ အချိန်တွေပိုနေတဲ့ သမီးအတွက် ဘာ သင်ပေးရမလဲဆိုတာ ကိုတွေးနေမိတယ်.. တက်ရမဲ့ သင်တန်းတွေက တောင် ပုံရာပုံရှိနေတယ်.. ပြီးတော့ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေ ယဉ်ကျေးမှု သင်တန်းတွေကလည်း ရှိနေတော့.. ပေးတက်ရမလားပေါ့လေ စဉ်းစားနေရပြန်တယ်။

လောလောဆယ်တော့ ခဏနားခိုင်းထားပေမဲ့၊ နောက်တက်ရမဲ့ ပဉ္စမတန်းအတွက် စာတွေကိုကြိုကျက်နေတဲ့သမီးကို ကြည့်ရင်း ကျနော် ပင့်သက်ချနေမိတယ်၊ သူများနောက်မှာ နေကျန်ခဲ့ရမှာကို ကြောက်သောသမီး… စာကို ခင်တွယ်နေသော သမီး.. သမီးကို ပြန်ပြီးမေးတတ်အောင် လေ့ကျင့်ပေးခဲ့သော ကျနော့်ကိုယ် ကျနော် တခါတလေ အပြစ်တင်ချင်သည် ဘာကြောင့်မှ ပြန်ပြီးစောဒကတက်ခွင့် မရသော၊ ပြန်မေး ခွင့် မရသော ကျောင်းစာ ခန်းများတွင် စာ သင် ရမယ့် ခလေး ကို

ကျနော် သည် ပြန် မေးတတ်အောင် လေ့ကျင့်ပေးခဲ့ မိတာ ကို ပေါ့၊

ပြီေးတာ့.. သမီးစာဖတ်တာက ပို မြန် လာ သလို မှတ် လည်း မှတ်မိ လာနေတယ်၊ ဒီအကျင့် လည်း ကျနော် လုပ် ခဲံတာ ပါ မိသားစုရဲ့ အိမ်မက် ဆိုး ကို သမီးဆီရောက် မသွားစေ ဖို့ စိတ် ဓာတ် ကျမသွား ဖို့ ၊ ထွက်သမျှ ခလေး ဖတ်စရာ မှန်သမျှ၊ ရွှေသွေး၊ မိုးသောက် ပန်း ၊ရတနာ ပန်း ခင်း၊ ပုတုတုလေး၊ သူ ငယ်တန်းကတည်း က စာ လုံးပေါင်းပြီးဖတ် နေတဲ့ သမီး ၊နောက် တော့ ပုံပြင် တွေဖတ် လာတယ်၊ သူဖတ်ချင် သမျှကာ တွန်းရုပ် ပြစာ အုပ်များ ကို၊ ကျနော် ၀ယ်မပေး သည့် တိုင် အောင် ကျနော်တို့ မြို့ရဲ့ အကောင်းဆုံး စာ ပေလို့ပြော နိုင်တဲ့ ဘ၀သစ်စာပေက သူ ငယ် ချင်း က သူ့ စိတ် ကြိုက် မွေနှောက် ခွင့်ြ့ပုထား တာ မို့၊ စာ ဖတ် မြန် လာ တာ လေ၊

ဘ၀သစ် စာ ပေဆိုတာ က တကည် လည်း စာ အစုံဆုံး စာ အုပ် ဆိုင် ပါ၊ ရှား ပါးစာ အုပ် တွေ မှန် သမျှ ရှိတယ် ကိုယ်တိုင် လည်း ဖတ်ပြီး ၊စာအုပ် ကိ ၀ါသနာအရ လုပ် နေတာ ပါ၊ အထူး သဖြင့် ဘာ သာ ပြန် တွေ က ပိုစုံတယ်၊ ကျနော့်  အား ကိုးရာပေါ့..ဟီး တကယ်ရှားနေတဲ့ ဘာ သာ ပြန် တွေ အဟောင်းတွေ ကို လက် လွတ် မခံ လိုက် ၀ယ် တင်ပြီး ထားနေတဲ့ဆိုင်…အမြတ် အစွန်း ကို ထည့် မတွက် ဘူးလေ၊…သူ လို ချင် သော စာ ကျနော့် ဆီမှာ ရှိသလို ကျနော် လို ချင် သော စာ များ လည်း သူ့ဆီမှာ ရှိနေတော့ .. အဆင်ပြေ ပေါ့ ဗျာ..သမီး ကကြား က အမြတ်ရတယ် သူ့စိတ်ကြိုက် စာ အုပ် ဖတ် ခွင့် ရနေတာ ကိုး တခါတလေ သမီး စာ အုပ် သွား ယူပြီး မဖတ်တဲ့နေ့တွေ (ကျောင်း ပိတ်နေ့)တွေ ကိုယ်တိုင် သယ် လာပြီးပေး ဖတ်ခိုင်း တာလေ။

အခု လည်း လွန်ခဲ့တဲ့ မိနှစ် သုံးဆယ် က ယူ ခဲ့တဲ့ ကားတွန်း သုံး အုပ်စလုံး ဖတ်ပြီး အဖွား ကိုတောင် ပြန် ပြောပြနေပီ။ နောက်ပြီး တော့ ကျနော့် ကို လှမ်းပြောတယ် “ အဖေရေ.. ကာ တွန်း က စာ နည်း နည်း လေးတဲ့” နောက်ဆို စာ များတဲ့ ဟာ ပဲ ယူ တော့ မယ်တဲ့..လေ။

တခါတလေ..စာ အုပ်ကိုယ်စီနဲ့ ဇိမ်ကျနေတဲ့ ကျနော်တို့ အိမ်ကို ဖြတ်သွား သူတွေကြည့်ပြီးပြုံး သွား ကြတာ တွေ့ရ တယ်။

ပြီးတော့ ကျနော်တို့ သား အဖက သီ ချင်းကြိုက်တယ်.. အကြိုက်တူ တဲ့ သီချင်းက ကိုလေးဖြူရဲ့ အလွမ်း များ ကိုငှက်ရဲ့ မြို့ ပြ လရောင် တမ်း ခြင်း … သမီး ငယ်တုံးက သားချော့တေးလေ။

အခုတော့ ညဖက် လသာ တဲ့ ညတွေ မှာ ကျနော်ဂစ်တာ တီး ရင်း သမီးကို ဆို ပြနေတဲ့ သီ ချင်းပေါ့။

မြို့ ပြညတွေ… ခါးသီးစွာ ဖြတ် သန်းရင်း……….။

Wednesday, February 25, 2009

ထေရ၀ါဒသို့ ဦးခိုက်ခြင်း အပိုင်း(၂)

ကျနော်အနေနဲ့ ဘာသာရေးစာပေအတော်များများကို ဘာကြောင့်ရေးဖြစ် လည်းဆိုရင် ကြီကျယ်တယ် လို့ပဲပြော ကြပါစေ
ဗုဒ္ဓရဲ့ အဆုံးအမကို ဗုဒ္ဓအလိုတော်ကျသိစေချင်တယ်..မြတ်စွာ ဘုရားရဲ့တကယ့်ဆို လိုရင်းကဘာ လဲဆိုတာကို ကျနော်တို့ မသိသိအောင်ကြိုးစား အား ထုပ်သင့်တယ်လို့ ကျနော်ယုံကြည်တယ် ကျနော်ယုံတဲ့ အတိုင်း ဘုရားစကားတော်မှန်သမျှကို ပေါ်ယံအသိလေးနဲ့ တင် သိပြီးမနေမိအောင်ပေါ့လေ ကြိုးစားနေမိတယ် ဆရာရှာတယ် ကိုယ့်ရင်ထဲမှာရှိတဲ့ သံသယဆူးကို ချိုးဖို့ ပြီးတော့ မှားနေတဲ့အယူကို အမှန်ရောက် အောင်ပြပေးဖို့ ဆရာ ရှာတယ် ။ချည်းကပ်တယ် မေးမြန်းတယ် ပြောတဲ့အတိုင်း လိုက်နာတယ် ကျင့်တယ် ဒီလုပ်နေရင်းနဲ့မှသံသယရှိလာရင် ရင်ထဲမရှင်းလာရင် မေးတယ် မရှင်းရင် ရှင်းအောင် လုပ်နိုင်တဲ့သူကိုညွန်ပြစေတယ် ညွန်တဲ့ဆီသွားတယ်။

ကျနော်ဆိုတဲ့ အကောင်ကလည်း ရှင်းလေထုံလေမေးခွန်းတွေများလာလေပါပဲမရှင်းလို့ရှင်းပါတယ်ဆိုနေမှအဲဒီလို ရှင်းတဲ့နေရာက မေး ခွန်းတွေကပြန်ထွက်လာတယ်အဲဒီလိုနဲ့ကျနော့်မှာဆရာတွေများလာတယ်အသားလည်းနဲနဲကျလာတယ် ဆိုပါတော့..ရင်ထဲလည်းရှင်းတန်သမျှရှင်းလာနေပြီလေ၊ အကုန်လုံးတော့မရှင်းသေးဘူးဗျ။

ရှင်းတယ်ဆိုတဲ့နေရာမှာ လည်း ၊သုတမယညဏ်၊စိန္တမယညဏ်၊ ဘာဝနာမယညဏ်ဆိုပြီး တဆင့်ထက်တဆင့်မြင့်တဲ့ညဏ် တွေထဲမှာတောင်မှ ကျနော်ရှင်းတာသုတမယညဏ်လေးပါဗျာ အဲဒီသုတမယညဏ်နဲ့တင်ရှင်းသင့်သလောက်ရှင်းဖို့ ကျနော်မ နည်းကြိုးစားခဲ့ရတာပါ။
နော်ထပ် စိန္တာမယညဏ် နဲ့ ဘာဝနာမယ ညဏ်တွေအတွက် လက်ကျန်ဖြတ်သန်းရမဲ့ အချိန်တွေမှာ ကျနော် ကြိုးစားရဦးမှာ လေ..။ တကယ်စစ်မှန်တဲ့ထေရ၀ါဒ ဆိုတာတခြားဘယ်ဘာသာကိုမဆို စော်ကား၊ပုတ်ခတ်၊ အတင်းပြောချင်း အလျှင်းမရှိဘူး လို့ကျနော် သင်ခဲ့ရပါတယ်၊မြတ်စွာဘုရာပွင့်တော်မူလာခြင်းဟာ လောကသားအားလုံးအတွက် ကောင်းကျိုးကိုဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်။ဒီအတိုင်းလည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ၊နောက်ဆုံးအချိန်ရောဂါတန်း လမ်းနဲ့တောင်မှ လောက အတွက် လုပ်ဆောင် တော်မူသွားတာကို အားလုံးသိပြီးသာပါ။

အရပ်စကားနဲ့ပြောရရင်အိပ်စက်ချိန်အလွန်နည်းနေတဲ့ကြားကအလုပ်တွေလုပ်ခဲ့တာကိုတွေးမိတိုင်းရှိခိုးမဆုံးဖြစ်ရပါတယ်
မနက်မိုးသောက်အာရုံတက်တာနဲ့ဘယ်သူ့ကိုကူညီရမလဲဆိုတဲ့စိတ်နဲ့နိုးတော်မူနေပါပြီတွေ့ပြီဆိုတာနဲ့အတန်စားမခွဲရောက်အောင်သွားပြီး ချွှတ်တော်မူတယ်၊

သစ္စာညဏ်ရောင်အတွက်ဘ၀ပေါင်းများစွာပါရမီဖြည့်တော်မူခဲ့တဲ့မြတ်စွာဘုရားကိုတွေးမိတိုင်းလည်း
သာသနာတော်ရဲ့တန်ဖိုးကိုပိုပြီးသိလာသလိုခံစားရတယ်၊ကျနော်တို့အခုရှိနေတဲ့အဆုံးအမတွေကိုတကယ်တန်ဖိုးထားတတ်နေရဲ့
လားဆိုတာမေးစရာတွေပေါ့၊ ကျနော်တို့ရဲ့နိုးထခြင်းဟာမြတ်စွာဘုရားလို အကောင်ဆုံးနိုးထခြင်းမဟုတ်တောင်မှ ခြေဖ၀ါးတော်အောက်က ခြေမုန့်လေးလောက်တော့မြတ်စွာဘုရားကိုအတုခိုးကျင့်ကြံသင့်ပါတယ်လို့ကျနော်ယုံတယ်လေ၊မြတ်စွာဘုရားရဲ့
အဆုံးအမ တွေဟာ လက်တွေ့ကျင့်နိုင်ဖို့အထိသိထားတတ်ထားရမဲ့တာဝန်ဟာကျနော်တို့အားလုံးမှာရှိပါတယ်၊။

မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဟာ၊သစ္စာကိုဦးတည်နေတယ်၊ပရမတ္ထသစ္စာနဲ့သမုတိသစ္စာကိုဦးတည်နေတယ်၊ဒီတော့မြတ်စွာဘုရားရဲ့
အဆုံအမတိုင်းကိုသစ္စာမြင်အောင်ကြည့်ပါမှဘုရားအလိုတော်ကျဖြစ်ရမှာပါနောက်တဆင့်ထပ်ပြီတွေးကြည့်ရအောင် ကျနော်တို့ညဏ်စွမ်းရှိသလောက် လေးပေါ့။

မြတ်စွာဘုရားပွင့်တော်မူလာခြင်းအကြောင်းအရင်းက လောကကို ဘာဝနာမယညဏ်ဖြင့် သုညတ မြင်အောင်ကြည့်ဖို့ ဒီအဆင့်ထိ ကျနော်တို့သွားရမှာ အဲဒီမတိုင်ခင်ပြုကျင့်ရမဲ့ အကျင့်တွေထဲမှာ အစဦးက သီလ(ကိုယ်ကျင့်သိက္ခာ)ဆိုတာ အားလုံးလက်ခံတယ်၊ဒါပေမဲ့ကျနော်တို့ဆီမှာ။ ကိုယ်ကျင့်သိက္ခာပိုင်း အရမ်းအားနည်း နေပြီ၊နိုင်ရင်ပြီး ရတာအကုန်ယူဆိုတဲ့
အဟေတုက၀ါဒတွေကို ရင်ထဲမှာထာနေကြပြီး ထေရ၀ါဒဆိုတာပါးစပ်လောက်ပဲကျန်နေတဲ့အနေထားပါ၊

ထေရ၀ါဒကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့ မိမိအတ္တကိုတတ်နိုင်သလောက်ခ၀ါချဆေးကြောရမယ်လေ၊ပထမအဆင့်က လူကိုလူလို့မြင်တဲ့အမြင်ရှိဖို့လိုပါတယ်၊ဒုတိယအဆင့်ကလူကိုရုပ်နာမ်အဖြင့်မြင်ရပါ့မယ်နောက်ဆုံးတတိယအဆင့်ရောက်တော့မှ လူကိုသုညတအဆင့်မြင်ပါလိမ့်မယ်၊မလွယ်တော့မလွယ်မှန်းသိပါတယ်၊လုပ်ရမှာပါလေ၊ထေရ၀ါဒရှုထောင့်ကလောက
ကိုကြည့်မယ်ဆိုရင်တော့.....

မေတ္တာနဲ့ သုညတ ဒီနှစ်ခုကိုတိတိကျကျကိုင်စွဲအသုံးချရပါလိမ့်မယ်

မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့လွဲနေပါတယ်၊ နဲနဲလေးမဟုတ်ဘူးခင်ဗျ ၊အများကြီးကိုလွဲနေပါတယ်၊ အခုဆိုရင်သာသနာတော်နှစ်ပေါင်း၂၅၅၂နှစ်ရှိပါပြီ၊ကျနော်တို့ဆက်ပြီးလုပ်ရပါ့မယ်၊မေတ္တာဆိုတော့တခြားဘာသာတွေမှာလည်း မေတ္တာရှိနေတာပဲ ဘာကွာလဲ၊ဒါသိကိုသိရမယ့်ဟာလေနော်၊

ဒီတော့စဉ်းစားပါ ဘယ်လိုကွာလဲ၊ ထေရ၀ါဒကိုအမှန်တကယ်ချည်းကပ်မယ်ဆိုရင် အရေးပါတဲ့အချက်ထဲမှာ ကိုယ်ပိုင်ညဏ်ပါတယ်၊ ဆရာ့ညဏ်၊စာအုပ်ညဏ်၊အငှါးညဏ်မဟုတ်ဘူး၊ ကိုယ်ပိုင်ညဏ်ပါ၊

ကျနော်လည်း သိသလောက်လေးပြန်ပြောနေတာပါ၊ဒီသသနာတော်ကြီးကိုအခြေခံပြီးတည်ဆောက်ထားတဲ့ ကျနော်တို့ယဉ်ကျေးမှု၊ဥပဒေ၊တွေကို ပြန်ကြည့်ပေးကြပါ၊

ဒီတော့ဒီသာသနာတော်ကြီး ပျက်စီးခြင်း၊ကွယ်ပျောက်ခြင်းဆိုတာ၊ ကျနော်တို့ကွယ်ပျောက်တာပါပဲ၊ဒီတော့ဒီတာဝန်ဟာ
အာလုံးမှာရှိနေပါတယ်ဆိုတာကိုတော့ ပြန်ပြောချင်တယ်လေ မေ့နေမှာစိုးလို့ပါဗျာ။

ကျနော်ဘာမှမဟုတ်ဘူး သာသနာတော်ကိုချစ်တဲ့သာမန်လူတစ်ယောက်ပါ၊အဲ သာသနာတော်ကို ချစ်တဲ့သာမန်လူတစ်ယောက်ပါ၊ သာသနာတော်ရဲ့တန်ဖိုး ကို နား လည် အောင် ကျိုးစာနေသူတစ်ယောက်ပါ ထိုက်သင့်သလောက် လည်း နား လည် ပါတယ်။

အခြေခံအကျဆုံး ကျမ်းစာ လို့ကျနော်တို့နား လည်နေတဲ့ပရိတ်တော်ကြီးတွေ ထဲမှာတောင် ကျနော်တို့ မသိနိုင်သေးတဲ့ လမ်းညွန်ချက်တွေပါနေပါတယ်(မှတ်ချက်- ပညာရျင်များတတ်သိနားလည်ပြီးသူများ ကို မဆို လိုပါ ၊ကျနော်ကန်တော့ ပါတယ်)
ထေရ၀ါဒပိဋကတ်တော်ကို အခြေခံပြီးရေးတဲ့ စာမှန်သမျှဟာ သစ္စာနဲ့ မလွတ်ပါဘူး၊ ဒီတော့ စာဖတ်တိုင်း သစ္စာ ဆိုက်အောင် ဖတ်ဖို့က ကျနော်တို့တာ ၀န်လေ၊
မြင်တဲ့ အမြင်တိုင်း ကလည်း သစ္စာ ဆိုက် အောင် မြင်တဲ့ အမြင် ဖြစ်ဖို့ လို ပါတယ်၊ အငှားသိ ကို ဦးစားမပေး ဦးခေါင်းမချတဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုအငှားသိနဲ့လမ်းဆုံးနေတာဟာမြတ်စွာဘုရားကိုစော်ကားနေသလိုပါပဲ လို့ ကျနော် ထင်တယ်။
ဒီတော့ အင်မတန်လေးနက်သိမ်မွေ့တဲ့ ထေရ၀ါဒ ဆိုတာ သမုတိသစ္စာရော ဓ ပရမတ္ထသစ္စာကိုပါ ပိုင်နိုင်သိမြင်စေတဲ့ အနိင်းမဲ့သင်ကြား ချက် ပါလို့ မှတ် ယူနား လည် နေမိပါတယ်။

Tuesday, February 24, 2009

အမြင်

သစ္စာကိုရှာဖို ငါဟာတိမ်တိုက်စီးပြီးခရီးထွက်
မေတ္တာ ကိုရှာဖို့ ငါဟာ မြေလွှာအနှံ့ခရီးဆက်
မာယာရထားနဲ့တူတဲ့ တိမ်တိုက်က
ငါ့ကို သစ္စာဆိုတာ ကိုသင်ပေးတယ်
ပြပေးတယ် သိစေတယ်။

ခန္တီအားနဲ့တူတဲ့မြေလွာက
ငါ့ကို မေတ္တာဆိုတာကို သင်ပေးတယ်
ပြပေးတယ် သိစေတယ်။

မိုးတိမ်နဲ့မြေလွာ
အခြေနေခြားကွဲသော်ငြားလည်း
ညဏ်စိုက်သက်ဝင်
အနှစ်မြင်သော်
ရှင်တော်ဗုဒ္ဓ
မြတ်ဓမ္မကို မုချသိလိမ်မည်သာတည်း။

Tuesday, January 6, 2009

စလေဦးပုည၏ သင်္ဂါယနာမှတ်တမ်း

ကျနော်စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့ လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်း အပိုင်း (၂)ကို ရပ်ပြီး ကြား ဖြတ် တင်လိုက်တာပါ အဲ မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ် ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။

စာအုပ်နာမယ်က သာသနမုခကျမ်း

ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း

(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)

( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)

အကြိမ်က (တတိယအကြိမ်)

ခုနှစ်က (မြန်မာ ၁၃၁၄ ခု)

ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်

ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)

၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။

တန်ဖိုး ၂- ကျပ်တဲ့

အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်

တစ်ခြား တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင် မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ ၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။ အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။

ရွာစဉ်ရွာစားမင်းလှ သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ (၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။


ပဋ္ဌမသင်္ဂါယနာ။ ။ ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀ တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။


ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည် ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။


တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ် သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ် ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။


စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း ၀ဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက် ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။


ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။


ဆဋ္ဌမသင်္ဂါယနာ။ ။ သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော ၀ိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။


သတ္တမသင်္ဂါယနာ။ ။ ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊ ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။


အဋ္ဌမသင်္ဂါယနာ ။ ။ ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ် ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။

န၀မသင်္ဂါယနာ ။ ။ ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ် (၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။


ဒသမသင်္ဂါယနာ။ ။ အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊ ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သင်္ဂါယနာတင်သည်။



ဧကဒသမသဂ်ါယနာ။ ။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ် သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒသီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊ ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း ၀န်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊ သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊ ၀ိနည်း၅ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ (၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊ ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။

ဒါစလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသလောက် သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည်ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊

အခုသော်ကား သာသနာတော်အရှည်တည်တံ့နေစေရန် အကျွန်တို့ဝန်သာဖြစ်တော့အံ့။