Wednesday, November 28, 2007

compassion

တလောကတော့ရေးဖြစ်ပါတယ်(ချစ်ခြင်း)အကြောင်းပေါ့ ၊ အခုတော့ကရုဏာဆိုတဲ့ သနားခြင်း ၊ အကြောင်းကိုရေးမိတယ်။ ကိုယ်ယုံကြည်ရာကို ၊နားလည်သလို ပြန်ပြီးဝေမျှတယ်ပေါ့
ကရုဏာ ဆိုတဲ့ပါဋိစကားကိုမြန်မာပြန်တော့ သနားခြင်း ၊ဒုက္ခရောက်နေသူကိုသနားခြင်း ဒီလိုပဲ။`
Dictionary တွေထဲမှာတော့ compassion တဲ့
A feeling of sympathy for people who are suffering .
ဒါလဲအားလုံးသိပြီးသားပါ။ ဒုက္ခခံစားနေရတဲ့သူကိုသနားတယ်ဆိုတဲ့သူကိုသနားတယ်ဆိုတဲ့ခံစားမူတစ်ပါးရှိလာတယ်။ ကိုယ့်ဘာသာကိုယ်ပြန်မေးတာပေါ့လေ။ သနားတယ်ဆိုရုံလောက်နဲ့ဒီကရုဏာရဲ့အဓိပါယ်ပြီးစုံစွာသွားပြီး
ကရုဏာရဲ့အလုပ်ပြီးမြောက်သွားပြီလား?
ဆိုပါစို့ လူတစ်ယောက်၊ (သို့) ခွေးတစ်ကောင် ကိုယ့်ရှေ့မှောက်မှာ ဒဏ်ရာရနေတယ်၊ ဝေဒနာတစ်ခုခု ကိုအကြီးအကျယ်ခံစာူးနေရတယ်။သနားစရာကောင်းလိုက်တာဆိုပြီး လှည့်ပြန်သွားရုံနဲ့တော့ပြီးမသွားဘူုး။ ဆေးကုရမယ်၊ ဆေးရုံပို့ရမယ်၊ ဒီဝေဒနာသက်သာဖို့တစ်ခုခုတော့ ကူညီရမယ်………… ဟုတ်တယ်ဟုတ်?
ဒီလူ(သို့)ဝေဒနာရှင်ကသေမယ်မှန်းသိတာတောက်မှသက်သာ
အောင်ကူညီရမှာပဲ။
`သေမှာပဲကွာ ထားလိုက်ပါ´ဆိုပြီးထွက်သွားရင်တာဝန်မဲ့တာပဲ ၊ သေခြင်းရှင်ခြင်းကိစ္စကဝေဒနာရင်ရဲ့ကံနဲကံရဲ့အကျိုးပေါ်မှာမူတည်ပါတယ်။
ဒီတော့နုတ်ခမ်းဖျားနဲ့သနားနေရုံနဲ့မပြီးပါဘူးဒီလိုသာပါးစပ်နဲ့ကရုဏာရှင်ဖြစ်ကြစတမ်းဆိုရင်
ကျွန်တော်လဲဖြစ်ချင်ပါရဲ့ဗျာ

No comments: