Wednesday, December 5, 2007

‘ယုန်’ အရိပ်ခံဗိမာန်လေးမှာ စာဖွဲ့လို့ထားလိမ့်မယ်

ညကအတော်နက်နေပြီ ၊ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လို့ ၊ ဆောင်းလေနဲ့အတူ နှင်းတွေ့ ကကျွန်တော်ဆီလွင့်လာသလို ခံစားရတယ်။ ခပ်ဝေးဝေး ဘုန်းတော်ကြီး ကျောင်းကပျံ့ထွက်လာတဲ့ ပဋ္ဌန်းတရားတော်ကို ငြိမ်သက်နာယူနေပေမဲ့ စိတ်ကဟို ရောက် ဒီရောက် နဲ့ ဆောင်းလေလိုပဲ ၊ နောက်ဆုံး မထူးတော့တာမို့ ၊ မျက်လုံး ဖွင့်ပြီး ၊ အပေါ် ကိုမော့ကြည် လိုက်တော့ လဆုတ်ညမှာသာတဲ့လ။ ကျွန်တော့်၇င်ကိုအေးစေတယ်။
ဒါကအတ္တကိုဆုတ်ကိုင်ပြီးတွေးတာပါ ၊ ဒီ သာနေတဲ့ လ က ကျွန်တော်အတွက် သက်သက်လင်းနေတာမဟုတ်ဘူးလေ။ မျက်နာမလိုက်ပဲအစွမ်း ရှိသမျှ ကမ္ဘာပေါ်ကရှိရှိသမျှသက်ရှိ ၊ သက်မဲ့အားလုံးပေါ်မှာလင်းနေတာ၊ အေးမျှနေစေတာပါနော် ။ ဆင်းရဲသူရော ၊ ချမ်းသာသူရော ၊ ဘုရင်၊ သူတောင်းစား ၊ ခွဲခြားမထားပဲလင်းစေ၊ အေးမျှစေတာလေ။
လူတိုင်း ကလပြည့် သာတဲ့လကိုပဲ သတိထားမိတတ်ကြတယ် ၊ သာတယ် ၊ အေးတယ် ၊လင်းလက်တယ်ပေါ့။ ဒီ
လိုဆို တစ်ခြား လဆန်း ၊ လဆုတ် ရက်တွေရော် ဒီလ ကမသာဘူးလား ၊ မအေးတော့ဘူးလား?
သာပါတယ် ၊ အေးပါတယ် ၊ တစ်ခြမ်း ရှိရင် တစ်ခြမ်းတစ်ခြမ်း အစွမ်းအစနဲ့လူတိုင်းရင်ကိုအေးစေတယ် ၊ တစ်စိတ်ရှိရင်တစ်စိတ်နဲ့လူ တိုင်း ရင်ကိုအေးစေတယ် ၊ အစွမ်းရှိသမျှ လေ၊ လမင်းရဲ့ရန်သူတွေဖြစ်တဲ့ ဆီးနှင်း ၊ မြူ ၊ တိမ် ၊ အသူရိန် ၊ မီးခိုး ရန် သူမျိုးငါးပါးကင်း ရင် ၊ မြင် ပါလိမ့်မယ်သူအလင်းကိုလေ။
သူအရိပ် ၊ လ ရဲ့ တံဆိပ် ကိုယ်တိုင် က၊ သူတစ်ပါး အတွက် ၊ လောက အတွက် ၊အနစ်နာ ခံစွန့်လွန်မူကရခဲ့တဲ့ ကမ္ဘာတည် မဲ့မော်ကွန်း ၊သိကြား သွန်းတဲ့ ယုန် အရိပ် လေ။
ယူန်မင်း ရဲ့စံပြုထိုက်တဲ့သီလ ၊ ကမ္မည်းတင်အပ်တဲ့အနှစ်နာခံစွန့်လွန်မူု......ကို မှတ်တမ်းတင်ထားတဲ့ လမင်းဟာသူကိုဟောင်တဲ့ ခွေးလည်းပဲ့လင်းမှာပါ ၊
ဒီလိုပဲ လောကအတွက် ၊ အများ အတွက် အနှစ်အနာခံစွန့်လွန် ခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ စွန့်လွန်ဆဲ ပုဂ္ဂိုလ်တွေ စွန့်လွန်အနှစ်နာခံမဲ့ ပုဂ္ဂိုလ် တွေကို ၊ ရိုသေလေးနက်လိုက်လဲစွာရှိခိုးနေမိတယ်
ကျွန်တော်စွမ်းရင်လေ ဒီပုဂ္ဂိုလ်တွေကို လည်းယုန် အရိပ်ခံဗိမာန်လေးမှာ.......အင်း.....စာဖွဲ့လို့ထားပါလိမ့်မယ်လို့။

No comments: