Saturday, November 17, 2007

ဧည့်ရိုင်း

တစ်ခါတစ်ခါလောကဟာမာယာဆတွေနဲပြည့်လို့နေတယ်၊လူသားချင်းစာနာထောက်ထားမှုတွေကင်းမဲ့ပြီးအကြမ်းဖက်မှုတွေ၊ယုတ်မှာာရိုင်းစိုင်းမှုအောက်မှာ၊ပြားပြားမှောက်နေတဲ့ကမ္ဘာရဲ့ငိုချင်းရှည်ကို၊ကမ္ဘာလူသားတွေကြားမှကြားရပါမလားမသိဘူးလေ။နားထောင်တတ်ရင်ကြားမှာ
ပါ။……..နှလုံးသားလေးကိုဖွင့်ပြီးခံစားမှုနားနဲနားကြည့်ပါ။(21)ရာစုကမ္ဘာရဲ့ငိုချင်းတစ်ပုဒ်။
ကမ္ဘာကြီးကကျွန်တော်တို့ကိုကောင်းကောင်းထမ်းထားနိုင်ပါတယ်။ဒါပေမဲ့ ညစ်ပတ်တဲ့၊
ယုတ်မာတဲ့၊အချောင်သားစိတ်ဓာတ်ဝန်ထုတ်ကလေးလွန်းအားကြီးတော့၊သူငြီးပြီလေ။ကျွန်
တော်တို့ကဧည့်ရိုင်းတွေလေ ဧည့်ကောင်းတွေမဟုတ်လို့ပေါ့…..ဟုတ်တယ်ဟုတ်။
ကျွန်တော်တို့ဟာကမ္ဘာကိုခဏလေးလာတဲ့ဧည့်သည်၊အိမ်ရှင်တာဝန်ကျေပါတယ် ၊စားစရာအစာ ၊သောက်စရာရေ ၊နေဖို့နေရာ…..လိုလေသေးမရှိ။
ဒါပေမဲ့ ၊ကျွန်တော်တို့တစ်တွေလေ ၊ဧည့်သည်တာဝန်မကျေဘူး ၊အိမ်ရှင်ကိုစော်ကားကြတယ်၊ အရိပ်နေပြီး အခက်ချိုးကြတယ်။
ကမ္ဘာမြေပေါ်ရောက်စက`ဖြူစင်ကြည်လင်´နေတဲ့စိတ်ကို ၊ ပိုင်ဆိုင်ရလိုမှု အတ္တတွေနဲ အရောက်ကတစ်မျိုး၊မနာလိုတဲ့အရောင်ကတစ်ဖုံး၊ န်ဆောင်ကြွားဝါမှုကာလာတွေချယ်ရင်းနဲ့နလုံးသားဟာ ညစ်ပေမဲနက်နေတဲ့ပန်းချီကားတစ်ချပ်ဖြစ်သွားတယ်လေ၊ ဒီမဲညစ်နေတဲ့ပန်းချီကားကိုအချောင်သမားစိတ်နဲဘောင်ကွပ်ပြီးနေလာလိုက်တာကမ္ဘာကြီးငိုတဲ့အထိပါပဲလေ။
ဒီတောကမ္ဘာကြီးငိုတဲ့အသံကိုကြားနာမို့နှလုံးသားကိုဖွင့်ထားပါ။ကိုယ်ချင်းစာတရား ဆိုတဲ့ခံစားမှုလေးနဲနားထောင်ပေးပါလို့…..။
မှန်ပါတယ်..မြတ်ဘုရားရဲ့ဒေသနာကိုအမှန်အကန်သိနားလည်မို့ အတွက်၊ ကိုယ်ချင်းစာတရားဟာ အခြေခံပဲလို့ ယုံကြည်သလို၊ ကမ္ဘာကြီးကိုငြိမ်းချမ်းအောင်လည်းစွမ်းဆောင်နိုင်လိမ့်မယ်လိုယုံကြည်မျှော်လင့်ရင်း။

No comments: