Tuesday, November 24, 2009

သူငယ်ချင်း သို့

သူငယ်ချင်း
ညကနက်နေပါပြီ၊ ငါအိပ်လို့ မဖြစ် သေး ဘူးလေ၊ အိပ်မပျော်တာ ပါဟာ၊ အချိန်ကုန်မဲ့အစား ငါတရားမှတ်နေမိပေမဲ့ ၊ င့ါစိတ်က နင့် အကြောင်း ပဲတွေးနေမိတယ်၊အတွေးနောက် က ကပ်ပါလာတဲ့ သဏ္ဍန်နပညတ် ပြီးတော့ ဒါနဲ့ တခါတဲ တွဲပြီးပါလာ တဲ့ နာမ ပညတ်၊ဒီပညတ်တွေက ငါ့စိတ်ကို စိုးမိုးနေတယ်၊ဒီတော့ ပညတ်ကို အဓိကထား ပြီးပွားရတဲ့ မေတ္တာကမ္မဋ္ဌန်း ကို ဖိပွားရင်း စိတ်ကို တည် ငြိမ်အောင် ကြိုးစားနေမိတယ်၊ ဩဓိသမေတ္တာ ပြောရမလား..ထင်လာတဲ့သဏ္ဍန်နပညတ်ကို ပုံဖေါ်ရင်း
နှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ပဲ အထပ်ထပ်ခါခါ မေတ္တာပွားနေ မိတယ်လေ၊လောလောဆယ် ငါ လုပ် ပေး နိုင်တာ က ဒါလေးပဲရှိတာပါ ၊ သူငယ်ချင်း ငါ့အပေါ်မှာ အများကြီးကောင်းခဲ့ပါတယ်၊ အဲလိုကောင်းခဲ့တဲ့ နေရာမှာ ဘာနှောင်ကြိုးမှ မရှိခဲ့ ဘူး၊ ငါ့ဆီက ဘာပြန်ရပါစေလို့ ရလိုမှုမျှော်လင့်ချက် မြူတစ်မှုံလောက်တောင်မှ မရှိခဲ့ မှန်း ငါသိပါတယ်၊ သိတာမှ တကယ့်ကိုသိခဲ့တာ ပါ၊ ကျေးဇူးသိပေမဲ့၊ ငါ မဆပ်နိုင် သေး ဘူးလေ၊ ကျေးဇူး မသိရင်နေပါ၊ ကျေးဇူးမကန်းပါနဲ့တဲ့ငါတို့ဗမာစကားပုံပါ၊ညီအစ်ကိုမောင်နှစ်မတွေထက်ကောင်းခဲ့တဲ့သူငယ်ချင်း မို့ ရင်ထဲက ကျေးဇူးရှင်လို့ သတ်မှတ် လေးစားနေရင်းနေခဲ့ ပေမဲ့၊ နင့် အတွက် ငါ ဘာ မှ ပြန်ပြီး လုပ်မပေးနိုင်ခဲ့ ဘူးလေ၊ တလုပ်စားဖူးသူ့ကျေးဇူး ပြစ်မှားချေက အပယ်ကျတဲ့၊ တစ်လုပ်မကစား ခဲ့တဲ့ကျေးဇူး ရှင်ကို ငါစိတ်နဲ့တောင်မှ မပြစ်မှား ခဲ့ ဘူးသူငယ်ချင်း၊၊
ငါမှာ သံသရာရှိပါတယ်၊ ပစ္စုပန်ကိုတလွဲသုံးနေတဲ့ မျက်ကန်တစ္ဆေမကြောက် တစ်ဘ၀စံတွေထဲ ငါ မပါဘူးလေ၊
မှတ်မိနေပါသေးရဲ့` အဲဒီလောက် ကူညီပေးရလို့ ငါဘာမှ မဖြစ်ဘူး၊ ဆင်းရဲသွားတာလဲ မဟုတ်ဘူး´ လို့ပြောခဲ့တာ မှတ်မိသေးတယ်၊ နင့် အတွက်က ဘာမှ မဟုတ် ပေမဲ့ အခု လိုဒုက္ခရောက်နေချိန်မှာ နင့် အကူညီနဲ့ ငါတို့ အသက်တွေဆက်ခဲ့ရတာ ပါလေ၊ နီယွန်မီးတွေ မရှိနိုင်တဲ့ တဲအိုည တွေမှာ ဖယောင်းတိုင်အလင်း ဟာ တန်ဖိုးရှိ လွန်း ပါတယ်လေ၊ မိုးခေါင်ကန္တာရမှာ နွားခြေရာ ခွက်လောက်ရှိတဲ့ ရေ ချိုဟာ တန်ဖိုး ဖြတ်လို့ မရ ဘူးလေ၊

ဒါပေမဲ့.. အခုတလော နင်မျက်နှာတွေမကောင်း ဘူး၊ ဘာ ဖြစ်နေလဲမေးတော့ မပြောဘူး၊ ငါဘာ လုပ်ပေးနိုင်မလဲတွေးရင်း၊ လုပ်ပေးနိုင်တာ ကိုတွေးမိတယ်၊ တဖက်က လည်း ငါ့ အပေါ်တမျိုးတွက်နေ လား လို့တွေးနေမိတယ်၊..ခါတိုင်းလို မနွေးထွေးတော့ ဘူး လို့ ငါခံစားရတယ်၊ ငါ လား အရှက် လည်း လည်းရှိတယ်၊ အသက် လည်း ရှိတယ်၊ပြီးတော့ မာန လည်း၇ှိတယ်၊ ဒါပေမဲ့ ငါ့ ကိုမှီပြီး မှ အသက်ဆက်၇မဲ့ ဘ၀ တွေအတွက်၊ င့ါ အ၇ှက်နဲ့ မာနကိုခ၀ါ ချ၇င်းခပ်ညံ့ညံ့ လူတစ်ယောက်ဇာတ်ကို ကံပစ်ချ၇ာကနေ၇တာပါလေ၊။

ငါ့ဘ၀မှာ မိတ်ဆွေတစ်ယောက် ဆုံးရှုံးရမှာကို အရမ်းကြောက်တယ်၊ ငါ့မိတ်ဆွေတွေအားလုံး ကို ငါတန်ဖိုးထားတယ် လေးစားတယ်၊ ချစ်တယ်၊ငါက လွဲပြီး ငါ့ မိတ်ဆွေတွေအား လုံး ဟာ တန်ဖိုးရှိသူတွေဆိုတဲ့ အတွေးကိုရင်ထဲမှာထွေးပွေးထား သူ ပါ၊ အစားထိုး မရတဲ့ဆုံးရှုံး မှုထဲမှာ မိတ်ဆွေကောင်းပါတယ်လေ၊။
မတိဆွေတစ်ယောက်ဆုံး၇ှုံး၇တဲ့အခါတိုင်း ငါ့ရင်ထဲက နာ ကျင်မှုကို စကားနဲ့ဖေါ်ပြ လို့ မရနိုင် လောက် အောင်ကိုနာကျင်ခဲ့ ပါတယ်၊၊ဒါမှ မဟုတ် ပါဘူး တခြား ဘယ်လိုဝေဒနာမျိုးကို မှ ထပ်တူကျအောင် စကားလုံးနဲ့ပုံဖေါ် လို့မရပါ ဘူး၊ ဆင်တူယုံလေးပဲရတာပါလေ၊..မယုံရင် တရား ထိုင်ကြည့်လေ၊ ငါပြောတာ မှား လား မှန် လားဆိုတာ သိလာမှာ ပါ၊။
စိတ်ချ သူငယ် ချင်း..မင်းအတွက် ငါဟာ..လေထဲက မြူတစ်မှုံလောက်တောင် တန်ဖိုးမရှိပေမဲ့ ငါ့ အတွက်မင့် ဟာ အသက်ဆက်ပေး ခဲ့ သူ ကျေးဇူးရှင် တစ် ယောက် အဖြစ် မှတ်ယူသွားမှာ ပါ၊ ဒါပေမဲ့ မင့်သိပါတယ် ငါဟာ ငါပြောတဲ့စကား တိုင်း အတွက် ငါတာ ၀န် အမြဲယူ ခဲ့တယ်ဆိုတာ ကို နှစ် ပေါင်းများစွာပေါင်း လာ တဲ့ မင်း သိ ပါတယ်၊ ဒါပေမဲ့ အခု ချိန်မှာတော့..ငါဟာ လူကြိုက်နဲ့တဲ့ကောင် လို့၊ ဆရာမောင်ချောနွယ်စကား ကို ပဲ ငှါားပြောနေမိတယ် သူငယ် ချင်း။

ငြိမ်း ချမ်း ပါစေ

Friday, October 9, 2009

ဒဏ်ရာနဲ့ ငှက်

ငှက်တစ်ကောင်
အဖြူရောင်အတောင်ပံ
မိုင်ထောင်ချီပျံ
လေဆန်ပျံဝဲ
အမြဲကြိုးကုတ်
လုံ့လထုတ်ကာ
ပန်းနေရှာလဲ
အံခဲဇွဲတင်း ရှေ့ဆက်ရင်းလေ။

ငှက်တစ်ကောင်
အဖြူရောင်ကိုယ်လုံး
အနီဖုံးလွမ်း၊ ဘယ်လိုနွမ်းလဲ
ရင်ထဲမထား၊ဖယ်ရှားအတ္တ
ပရရှေ့တင်၊ငြိမ်းစေချင်စိတ်
ထိုတိဟိဟ်ကြောင့်၊မြှားငြောင့်စိုက်ဝင်
ရင်ဖတ်ဒဏ်ရာ၊ကြီးလွန်ရှာလဲ

သူပြန်နေဆဲ..ပြန်ဆဲလေ။

ဖျားနာနေသော ငြိမ်းချမ်းရေးငှက် သို့ရည်ညွန်း ပါသည်

ငြိမ်းချမ်းကြပါစေ

ဥပသကာ။

Thursday, October 1, 2009

ထူဆန်းဇုံ

မျက်မမြင်အကန်းက၊ကောင်းကင်ပေါ်ကြည့်
ရောင်စဉ်တွေနဲ့ထိပြီး၊ဖြစ်ပျက်
အသီးသီးကိုမြင်ရတယ်။

နားကမကြား ပင်းနေသူများလည်း(လဲ)

အခန်းများထဲဝင်၊နားကျပ်ဆင်သော်
ဟစ်အော်သံများ၊ ကြားရသတဲ့။

ဆွံ့ အနုတ်ဖျား၊စကားမတတ်
ငိုနေတတ်သူ၊ ထိုလူများလည်း(လဲ)
ထိုထဲရောက်သော်၊အော်ဟစ်ရွှင်မြူး
ချစ်ရည်လူးကာ၊ သစ္စာစကားတို့ဆိုသတဲ့။


ထိုကဗျာ အတွက် အတွေးကို အစပြုပေး ခဲ့သော
ကိုရင် နော်
အား

ကျေးဇူးတင် ရှိပါကြောင်း

ငြိမ်းးချမ်းပါစေ

Wednesday, September 30, 2009

လရောင်နဲ့မေတ္တာ

လရိပ်ကကျောင်းထဲ ဖြာဆင်းနေတယ်၊ လရောင် အလင်းတန်းတွေကြားမှာ ၊နှင်းအမှုံလေးတွေ ကိုကျနော်တွေ့ရတော့စိုက်ကြည့်ပြီး၊..အော်..အေးချမ်းလိုက်တာလို့တွေးနေမိတယ်၊ပတ်ဝန်း ကျင်ကတော့တိတ်ဆိတ်ငြိမ်သက်လို့၊တချက်ချက်အော်တတ်တဲ့ညဥ့်ငှက်တွေအသံမှတပါးတ ခြားမရှိ၊လူတောထဲမှာတွေ့ရလေ့ ရှိတဲ့ ဆူညံတဲ့ဂီတသံ၊မူးရစ်ရည်ဝေဖွယ်ကောင်းတဲ့အလှ၊ အနားဖြတ်လျှောက်စဉ်၊ရတတ်တဲ့ အမွေးနံ့သာနဲ့ပေါင်းစပ်ပြီးထွက်လာတတ်တဲ့ ကိုယ်သင်းနံ့ တွေမရှိ၊ မရယ်ချင်ရယ်ချင် နဲ့ဟန်ဆောင်ပြီးရယ်နေကြတဲ့ မာယာသံတွေမရှိ၊ မလုပ်ချင်ပဲအတင်းဇွတ်လုပ်နေရတဲ့နှလုံးသားမဲ့အလုပ်သမားမရှိ၊ငါက..ဘာကောင်ကွဆိုတဲ့ အာဏာပြသူမရှိ၊စိန်သံမရှိငွေသံမဲ့ဇုံ၊ငြိမ်းချမ်းရေးဇုံပေါ့လေ၊ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းရာဇုံတစ်ခုပါလေ၊ခပ်လှမ်းလှမ်းကျောင်းဆောင် တစ်ခု ထဲကထွကလ်ာနေတဲ့၊ ပရိတ်မေတ္တာအသံလှိုင်းက၊ ကျနော့် နားစည်မှတဆင့် ရင်ထဲရောက်လာတယ်၊တကယ့်ငြိမ်းချမ်းရေး သံစဉ်တစ်ခုက လောကထဲဖြတ်ထွက်လာတယ်၊ နာရီကိုက် ကာရံအလိုက်၊ အပြစ်ဆိုဘွယ်မရှိ၊ဒေါသကင်းတဲ့ မြတ်ဘုရား၏နုတ်ထွက်တော်မဟာပရိတ်ကိုသားတော်အရှင်သူမြတ်ကပူဇော်ပေါပြီကော၊ရွှတ်ဖတ်ပူဇော်နေတဲ့သူရဲ့ အတွင်းသဏ္ဍန်က၊ မေတ္တာ အလင်းတွေဖြန့်ကျက်လို့လေ၊

မနှေးမမြန်မှန်ရွတ် နေတဲ့ မေတ္တာ ပရိတ်တော်ကို၊ ကျနော် လည်းစိတ်ထဲမှလိုက်ပါ ရွှတ်ဆိုပူဇော် နေမိရင်း မေတ္တာ အလင်း ကို ဖြန့်ကျင့်နေမိတယ် ၊ ဘယ် လောက် ပဲ ပူပင် သောက ဗျာပါဒတွေ ရင်ထဲ ကိန်းနေပါစေ မေတ္တာ ဘ၀နာ ကိုသေချာစွာ ပွားကြည့် ပါ ကတနေ့တခြား အပူငြိမ်း လာတာ ကိုတွေ့ရ ပါ့ မယ် ၊ငွေကြေးဥစ္စာ မပြည့်စုံပါသော်လည်း ရင်ထဲ ကိန်းတဲ့မေတ္တာကြောင့် အပူငြိမ်းစွာနေရ ပါ လိမ့်မယ် လေ၊

တစ်ချိန်တုံးကငယ်ဆရာတော်ဦဇာဂရဆုံးမခဲ့တဲ့စကားကိုနားထဲပြန်လည်ကြားရောင်လာမိတယ် ကျနော်နဲ့ဆရာတော်က လပြည့်လကွယ်နေ့တိုင်း မနက်အာရုံဆွမ်းကို သစ်သီမျိုးစုံ ပန်းပေါင်းစုံနဲ့သမုတ်သိမ်ထဲပူဇော်လေ့ရှိပါတယ်၊ကျနော်ကဆွမ်းပွဲတွေပြင်ပေးရင်းဆရာတော်က နေရာတကျရှိမရှိ ကြည့်ပြီး သိမ်ထဲရှိသော မဟာမြတ်မုနိ ပုံတူကိုယ်စားတော်ကြေးဘုရား ကြီးကို မျက်နှာသစ်တော်ရေ ဆက် ကပ်လေ့ ရှိတယ်၊ အလဲလို လပြည့် နေ့အာရု့မတက်ခင် ကတည်း က သိမ်ထဲမှာပဲဆရာတော် သီတင်းသုံးလေ့ရှိတာ မို့ ကျနော် လဲဆရာတော်နဲ့အတူနေထိုင် ၀တ်ဖြည့် ခွင့်ရခဲ့ သလို အဆုံးအမ တွေအများကြီးရခဲ့တာ ပါ၊

မှတ်မှတ်ရရ သီတင်းကျွှတ် လပြည့်နေ့ည ပေါ့လေ၊ သိမ်တော်ကြီးဆီက အဘိဓမ္မာ ခုနှစ် ကျမ်း လုံး ရွတ်ဖတ်ပူဇော်ပွဲက လွင့် ထွက်လာတဲ့ တရားသံကို နာနေမိတယ်၊ ပြီးတော့ သိမ်အပြင်ဖက်က လရိပ်ကို ငေးမောကြည့်နေမိတယ် ၊တိုက်တိုက်တွေပျံပြီး လ ၀န်းနား ချည်း ကပ်နေပေမဲ့ မဖုံးနိုင်၊ လမိုက်ညမှာ လင်း အားကောင်းတဲ့ကြယ်လေးတွေ မလင်းနိုင်၊ လ၀န်းကြီးရှိနေတာကိုး၊ မြတ်စွာ ဘုရား နတ်ပြည်က လူ့ပြည်ကို ဆင်းတဲ့နေ့၊ ရောင်ခြည် ခြောက်သွယ်နဲ့ဘုန်းရောင်ညဏ်ရောင် .. တုဘက် ကင်းတဲ့ကျက်သရေနဲ့ပြည့်စုံနေတဲ့ည တောက်ပ မှုအား လုံးရဲ့ အရှင်သခင်..လို့တွေးရင်းရွတ်ဆိုမိတာက။

ဒိဝါတပတိ အာဒိစ္စော..
ရတ္တိမာဘာတိစန္ဒိမာ
သန္နဒ္ဓေါခတ္တိရော တပတိ
ဈာယီတပတိဗြဟ္မဏော
အထ သဗ္ဗမဟောရတ္တိံ
ဗုဒ္ဓေါတပတိ တေဇသာ။

ဆိုတဲ့ ဘုရားရှိခိုး ကို လေးလေးနက် နက် ရွှတ်နေဆဲမှာပဲ၊ ကျနော်ရနံ့ တစ်ခုရ လိုက်တယ် ၊သင်းသင်းလေးနဲ့မွှေးတဲ့ရနံ့၊ဂိုရာမဟုတ်၊ ရှယ်နယ်မဟုတ်၊သနပ်ခါးမွှေးသလို မျိုး လည်း မဟုတ် ပြန်၊ မျက်လုံးဖွင့်ကြည့် လိုက် တော့ မှ ဆရာတော် ရောက် နေမှန်းသိတယ်၊ ဘုရားအာရုံပြုနေ လားမေးတော့ ခေါင်း ညိတ်ရင်း တင် ပါ့ လို့ ဖြေတယ်၊သိမ်ထဲဝင် ကြမယ် ပြောတော့နေက် တော် ပါး က လိုက် နေရင်း ပဲ သရဏ ဂုံကိုပွားနေမိတယ်။

သိမ်ထဲရောက်တော့ သီတင်းသုံးတဲ့ အိပ်ရာပေါ်ဆရာတော် လဲနေတုံး ကျနော် ၀တ် ဖြည့် ခွင့်ရတယ်၊

“ လ ရောင်က အေးတယ် ၊ အဲလို ပဲသူတော် ကောင်းတွေရဲ့ အရိပ် ကပိုအေးတယ်၊ဒီထက်ပိုပြီး၊ ဘုရားရှင်ရဲ့ အရိပ် က ပိုအေးတာ ဘာကြောင့် လဲသိ လား’

လို့မေးတော့ ကျနော် မဖြေနိုင်၊ မေတ္တာရိပ် ကြောင့် မှတ် ထားနော် ၊လူဖြစ်စေ၊နတ်ဖြစ်စေ မေတ္တာကို သာ ပွားနေပါ ဒီပတ်ဝန်းကျင်၊ဒီင်္အရိပ် လည်းရောက်ရော တခါးတည်းအေးချမ်း သွားသလို ကို ခံစားရတော့တာ ပဲကွာ.. လို့ မိန့်တော်မူတယ်၊ တကယ့်သူတော်ကောင်းတွေရှေ့ရောက်ရင် အမှန်တကယ် အေး ချမ်းသွားရတယ်၊ အ၀တ်သူတော် ကောင်းလား၊ အစားသူတော်ကောင်း လား၊တကယ့်သူတော် ကောင်း လားဆိုတာ ကို၊သူ့ရှေ့ေ၇ာက်ရင် ကိုယ် ဘယ် လောက် အေးငြိမ်းသွား လဲဆို တာနဲ့တိုင်းကြည့်ရတယ် လို့ ဆက်ပြီးမိန့်တာ ကို ခံရပြန်တယ် လေ။

အခု ပစ္စပ္ပန် မှာတော့ ကျနော် ဆရာတော်ကြီးရှိတဲ့တောရကျောင်း ဆီရောက် နေတယ် ပြေးထွက် သွားတဲ့ အတိတ်ကို ပြန်ပြီးတော့ လိုက် ဖမ်း ပစ္စုပ္ပန်မှာနေ ခိုင်းရတာ တခါတလေ မီးခဲကို ကိုင်မိတဲေ့မျောက် လို ပဲ ခုန်ဆွခုန်ဆွ၊ ဟိုပြေဒီပြေး တော် တော် ကို မလွယ် ပါ လားနော်၊ တောရကျောင်းထဲက ကျနော့် စိတ် က လွန်ခဲ့တဲ့အနှစ် နှစ် ဆယ် ကို ပြန် ပြေးလိုက်တာ ခဏလေး မှ ခဏလေး အတွေးနဲ့ အတူ သဏ္ဍန်န ပညတ် လို့ခေါ်တဲ့ အရိပ် တွေထင် လာ၊ ကိုယ်က ပါ လိုက်ပါစီးမျှော၊ တသက်လုံးသွား လဲ မကုန်နိုင်တဲ့ အတွေး၈နိုင်ကြီးပါ လား လို့တွေးမိပြန်တယ်၊ ပြောတာက ဆုံး လို့ရသေးတယ်၊တွေးတာက တော် တော် ကောင်းဗျ၊အရှေ့ကိုပြေး လိုက် ၊ အနောက်ကိုပြန်လိုက်၊ အထက်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့လေ…သတိအားနည်းသောကျနော့်အတွက်၊ အတွေးသည် အလုပ် အတွက် အကြီးဆုံးဘေး ဖြစ်နေခဲ့တာပါ၊

သတိက ကိုယ့်ဆီပြန်ရောက် ချိန်မှာတော့ မေတ္တာ ပရိတ် အသံတိတ်နေပါပြီလေ၊၊ ရင်ထဲကမေတ္တာ လှိုင်းကတော့ပျံ့လွင့်နေပါဦးမည်၊

ကျနော့် လို အတေွးများပြီး သတိမနိုင်တဲ့ လူအတွက် သမာဓိကိုခြည် ဖို့က မေတ္တာကမ္မဋ္ဌန်းက
အကောင်းဆုံးပါ လို့ကျနော် ယုံတယ် လေ၊ အတွေးကထွက်သွားပညတ်ရိပ် တွေက ပေါ်လာ၊အဲ လိုပေါ်နေဆဲတခါတည်းမေတ္တာပွား လိုက်၊ရောက်ရက်မခတ့််နိုင်တော့ ပါ ဘူးဒီစိတ်
ဟုတ်ပြီ မေးစရာက သေဆုံးပြီးသွားတဲ့ပိုဂ္ဂိုလ်တွေအာရုံထဲ ထင် လာရင်တော့ အမျှဝေပါ ၊ တောတောင် တွေ၊ အိမ်တွေ စတဲ့သက်မဲံတွေထင် လာရင် သက်ဆိုင်ရာ အစောင့်ရှောက် တွေ နတ်တွေ ကို မှန်းပြီးပို့ သိပ်မကြာခင် စိတ်လေး အေးငြိမ်း လာတဲ့အခါ ကိုယ့်ရဲ့ မူလကမ္မဋ္ဌန်းကို ပြန်သွား ပိုပြီးထင်ထင်ရှားရှားသိရလိမ့်မယ်လေ၊။

ပညတ်ကိုအာရုံတင်ပြီး ပွားရတဲံမေတ္တာကမ္မဋ္ဌန်းကိုတော့ ဖြစ် အောင်ပွားကြည့်စေချင်တယ်၊ ကျနော်ဆရာတစ်ဦးပြောခဲ့ ဘူးတယ် ဗျ၊

လောကီမှာ အားအကြီးဆုံးက မေတ္တာ၊ လောကုတ္တရာမှာ အားအကြီးဆုံးက ၀ိပဿနာ

တဲ့လေ၊ မေတတာပရိတ်သံစဲပြီမို့ ကျနော် လည်း အိပ်ရာဝင်ဖို့ ဆရာတ်ေကြီး သီတင်းသုံးတဲ့ ကျောင်း ကို လှမ်း ပြီး ၀င် ခဲ့တယ်လေ၊ရင်ထဲမှာတော့ငြိမ်းချမ်းလို့လေ။

ငြိမ်းချမ်းကြပါစေ

Sunday, September 27, 2009

အ..ရဟံဂုဏ်တော်၊ လောကပါ လ တရားများနဲ့ ကျနော်

လောကပါ လ တရား ဆိုတာ လောက ကိုစောင့်တဲ့ တရားတဲ့ လူတိုင်း သိတယ်၊ဒါ ပေမဲ့ ဘယ် လို လောက ကိုစောင့် သလဲဆိုတာတော့ တွေးရတယ်လေ၊ တရာတော် တွေထဲမှာတော့ လောက ကို သုံမျိုးခွဲပြီးပြတယ်
သတ္တလောက ၊သြကာသလောက၊ နဲ့သင်္ခါရလောက..ဒီသုံမျိုးသော လောကထဲမှာ ကျနော်တို့သိ နား လည်တဲ့
အရှက်နဲ့ အကြောက်ဆိုတဲ့ လောကပါ လတရားနှစ်ပါး က သတ္တလောကကို စောင့်ပါတယ်၊ အထူးသဖြင့် ကျနော်တို့ ပုခုံးနှစ်ဘက် ကြားက ခေါင်းပေါက်ပြီး ဒါဝင် ပြောတဲ့ မျောက် ကဆင်းသက် လာ တဲ့ အမျိုးကိုစောင့် ပါ သတဲ့ ကျနော်ဆိုလို တာ က လူသာမျိုးနွယ် ဆင်းသက် လာ ပုံ ကို မဟုတ် ဘူးဗျ၊ လူ ဟာ မျေက် ကပဲဆင်း ဆင်း ဗြဟ္မာက ပဲ လာ လာ၊ လူ သား ကမ္ဘာကိုတော့ရောက်လာ ခဲ့ပါ ပြီ လူ့ယဉ်ကျေး မှု၊ လူ့ သမိုင်း တွေ ကို လက် ဆက် ကမ်း ခဲ့ ကြ၊ တည် ဆောက် ခဲ့ကြ ပြီးတော့ ဖြိုဖျက် ခဲ့ကြပြီးပါပြီ၊ အခု ကျနော် တို့ရဲ့ကမ္ဘာ ပေါ့ ဗျာ
ကျနော်တို့ အလှည့်၊ တည် ဆောက် မလား၊ဖြိုပျက်မ လား ကြိုက်တာ လုပ်ကြလေ၊။

ကျနော်တို့နှလုံးသားမှာ အရှက်တရားနဲ့ အကြောက်တရား တကယ်ကို ကိန်းနေကြပါ ရဲ့ လား လို့မေးခွန်း ထုတ်ကြည့် ပါ ၊ ဘာကိုရှက် ပြီး ဘာ ကိုကြောက်ရမလဲ ဆို တာ က လူ တိုင်း သိ ပြီးသား မကောင်းမှု တွေ လုပ်ရ မှာ ကိုရှက် ပြီး အကုသိုလ် ကံတွေကျူး လွန်ရမှာ ကိုကြောက်ရမှာလို့ လူတိုင်း သိတယ်၊ဗုဒ္ဓဘာ သာ ၀င်တိုင်း လည်း သိတယ် ဒါပေမဲ့ လူရှေ့ ကျ တော့် ရှက်တတ် ကြောက်တတ် ပြီး ကွယ်ရာကျ တော့ ဒီတရားနှစ် ပါး ဘယ်မှာ ပစ် ထားကြ လဲ မသိတာ က ဆိုးနေ တယ်၊

မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော် ကြီး ကို မှန်းဆပူ ဇော်မိ လေ ဘုရားရှင်ရဲ့ လော ကို ကျေးဇူးသိတတ် မှုနဲ့ ကျေးဇူးဆပ်တတ် မှု ကို ပိုပြီးကြည် ညိုရလေ ပါ ပ။

အ….ရဟံ ဆိုတဲ့ဂုဏ်တော် အဖွင့် က မကောင်း မှု ကိုရှေ့တည့် နောက် ကွယ် စိတ် တော်နဲ့တောင်မှ ပြု လုပ်ကျူး လွန်မှုမရှိတဲ့ ဂုဏ်တော် ဒီတော့ ကျနော့် စိတ်နဲ့ မနိုင်း ကောင်း နိုင်း ကောင်း ပြန် ပြီးယှဉ်ကြည့်တယ်
အပါယ် ကို တိုက်ရိုက်သွားနိုင်မဲ့ လော ဘ၊ ဒေါ သ မော ဟ၊ ၀န်တို မစ္ဆေယ စိတ် တွေနဲ့ ခန္ဓာ ၀န် ကို ထမ်း သူ လို့ ပိုပြီး သိ လာ တယ်၊ ပါးစပ်က ဘုရား လက်က လည်းတရား သို့သော် နှလုံး သား က အဓမ္မ ကိုမက် မော စွာတွယ် ဖက်ထားနေတာကိုတွေ့ရတယ်။

လောက ကို ငြိမ်း စေ ချင် သော်၊ လောက ပါ လတရား ကို ထိန်းရ ပါ့ မယ်ဆိုတာ အသိ အဆင့် မှ အကျင့် အဆင့် ကို တက် မှ ရ မယ် ဆို တာနား လည် လာ သလို၊ ကိုယ့် ရဲ့ ကာယကံ ၊၀စီကံ၊ မနောကံ ကို
ထိန်း သိမ်းရ ပါ့ မယ်၊.. အခု က အမိနဲ့သား၊ အဘနဲ့သမီး မကြည့် ၀ံ့သော် ကာ လပေါ် ၀တ်စားဆင်ရင် ပုံများ ကို အတု ခိုးမှား ပြီး လူ လယ် ခေါင် ၀တ။်မပြော သင့် တဲ့စကား ပြော၊ မကောင်း မှုနဲ့ကောင်း မှု တောင်မှ ခွဲ ခြား မသိနိုင် တော့ သော ခေတ် တခုဖြစ် နေ လို ကျနော် ထင် ပါတယ်၊
အဲ လိုတွေ ၀တ် လာတော့ မင်းသား ခေါင်းဆောင်း ပန်းစား ဘီ လူးတွေ လည်းပေါ လာ တယ်။လူသားမှရွှေးစားတဲ့ မယ်ဂမ္ဘီတွေများ လာတယ်။ လောက အသီးသီးမှာ ရှိတဲ့ ကျင့် ၀တ် သိကခာ ကိုစောင့် စည်း မှုတွေ နည်း လာ တယ်၊စာ ခိုး၊သီချင်း ခိုး၊အနုပညာ သူ ခိုးတွေ လည်း ဖောင်း ပွ လာ တယ်
နဲနဲလောက် တော့ရှက်ကြည့် စေ ချင် ပါတယ်၊ကြောက် လည်း ကြောက် ကြည့်စေ ချင် ပါတယ်၊ တဘ၀စံ ခရီသွားများ အတွက် လောက ပါ လ တရားနှစ် ပါး က စဉ်းစားစရာ မလို သော် လည်း သံသရာ ကိုယုံကြည် သူ များ အနေဖြင့် လော ကပါလ တရားကို မြတ်နိုး သင့် ပါကြောင်း။။။

လေးစားစွာ ဖြင့်
ဥပသကာ
ငြိမ်း ချမ်းကြပါစေ

Wednesday, September 23, 2009

နှလုံးသား

ဒီနေရာမှာ

မာယာလည်းရှိတယ်
သစ္စာ လည်းရှိတယ်

ဒီနေရာမှာ

စစ်ပွဲ လည်းရှိတယ်
ငြိမ်းချမ်းရေး လည်းရှိတယ်

ဒီနေရာမှာ
အဖြူလည်းဆိုး လို့ရတယ်
အနက်လည်းချယ် လို့ရတယ်

ဒီနေရာမှာပဲ
လွပ်လပ်မှု လည်းရှိတယ်
ချုပ် နှောင်မှု လည်းရှိတယ်

ဒီနေရာမှာပဲ
ငရဲတံခါး လည်းရှိတယ်
နိဗ္ဗာန်မုခ်ဝလည်းရှိတယ်

ကိုယ် လိုရာကိုယ် လုပ်
ကံဆိုတာ အရုပ် မဟုတ်

သင့် စေတနာ ဆိုတာကတော့ သေချာ ပါတယ် သူငယ်ချင်း။

ငြိမ်းချမ်း ကြပါစေ

Thursday, July 2, 2009

ရတနာ့သုတ် ပရိတ်တော်ဖြင့် ကပ်ရောဂါကာကွယ်ခြင်း

စာရေးမယ် လုပ်ရင်း ရည်ရွယ်ရင်းနဲ့ ပဲ မရေးဖြစ်တာများနေတယ် အသံတော်တွေကိုတော့ ဆက်ရေးမှာပါ
အခုလောလောဆယ်တော့ အခုခေတ်ထလာတဲ့ H1N1 ကမ္ဘာ့လူတုတ်ကွေးရောဂါက အမိမြေကိုတောင်မှ
ပျံ့နှံ့ရောက်ရှိ လာပြီ ဖြစ်တဲ့ အတွက် ကာကွယ်ရေးနည်းလမ်း တချို့ကို ရေးမိပါတယ် လက်တွေ့လုပ်ကြည့်ပါလို့

မေတ္တာရပ်ခံပါတယ်။ စာရေးသာရေးရတယ်၊ အခုတလော လူချစ် လူခင်ကလည်းအများသားဗျ ၊ဒီလူချစ် လူခင် ကိစ္စလေး ရှင်းနေရတာနဲ့ ပဲ အချိန် လစ်သွားတယ်၊ ဒါတောင် ကျနော့် မျက်နှာမမြင်သေးလို့၊ မြင်သာမြင်လိုက်ရရင် တော့ တခါတည်း ကို သတ်မလား မသိဘူး ။အခုတော့ လည်း ပြီး ခဲ့ ပါပြီပေါလေ၊။

အခုဖြစ်နေတာကို “ကပ်” ရောဂါပါလို့ WHO ကကြေငြာလိုက်သံကြားတာ နဲ့ ကျနော်တို့ ဘာ လုပ် သင့် လဲ ဘယ်လိုကာကွယ်ကြမလဲ လို့တွေး မိတာ အမှန်ပဲ၊ ခက်တာက ကိုယ်က ဘာ မှ မဟုတ် သေချာတာ က ဘုန်းကြီးကျောင်း သား ၊ဒီတော့ ရှေးကဆရာတော် ဘုရားကြီးတွေ ဘယ် လို ကာကွယ် ခဲ့ကြ သလဲဆိုပြီး ပြန်ရှာရတယ် ၊ လယ်တီဆရာတော် ဘုရားကြီးရဲ့ ရောဂန္တရ ဒီပနီ ကိုတွေ့တယ်။ ဒီမှာဆရာတော်ကြီးက ကိုယ်တိုင် အသုံးပြု ခဲ့ ဘူးတဲ့ ကပ်ရောဂါကာကွယ်ရေး နည်းတွေကို လူတွေ အတွက် ပြောပြပေးထားတယ်။ ဆရာတော်ကြီးအနေနဲ့ ဒီလို ကပ်ရောဂါတွေကို ကာ ကွယ်ဖို့ အင်း၊စမ၊ ဆေး၊ စတဲ့ပညာရပ်တွေကိုပါ သုံးသွားတာကို တွေ့ရပါတယ်၊ သရဏ၈ုံ အင်းတွေ ပါ၊ ဒီနည်းတွေ ကိုပြန်ပြောပြရရင် လည်း သိပြီးသားများနေမလား ပြီးတော့ တခြားတိုင်ပြည်တွေရောက်နေတဲ့ ကျနော်တို့ညီအစ်ကို မောင်နှမတွေ အတွက် ပင် ပန်းနေမလား တွေးမိနေရင်းနဲ့ နောက်ဆုံးတော့ “မြ၀တီဆရာတော် ဘုရားကြီးရဲ့” ရတနသုတ်နဲ့ ကပ်ရောဂါကာကွယ်နည်း ကို သတိရ လို့ပြန် ပြောပြ ပါတယ် ဗျာ။

တကယ်တော့ရတနာ သုတ်ဟာ ပရိတ်ကြီးပါဠိတော်မှာပါပြီးသားဆို တာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသား ပါ သမိုင်းကို လည်း သိပြီးသားဖြစ်နေလို့ဒီနေရာမှာ မပြောတော့ ပါ ဘူးနော်၊ ပရိပ် ဘယ်လို ရွတ်သင့်တယ်ဆိုတာ ကိုတော့ ပြော သင့် ပါတယ် လို့ ပြောရဦးမယ် ဗျ နည်း နည်း….။

ကျနော် အသက် (၁၂- ၁၃) အရွယ်လောက်တုံး က ဆရာတော် ဘုရားဦးဥတ္တမသာရ တောင် တန်းဆရာတော်ကြီး ကျနော်တို့ နေရာကို ကြွပါတယ်၊ မြို့ ပတ်ပြီး ပရိတ်ရွတ်ချီး မြင့်ပေးတော်မူ တယ်၊ ဘယ်မှာ သီတင်းသုံး လည်းဆိုတော့ စံကျောင်းမှာ ဗျ၊ အဲဒီစံကျောင်းရှေ့မှာက ကျနော်တို့ရဲ့ အဖွား ဖြစ်တဲ့ သီလရှင်ကြီး ဦးစီးတဲ့ ဒေါ်ဧစာရီ သီလရှင်ကျောင်းရှိပါတယ် ၊ သီလရှင်ကျောင်းက ဆရာတော်ဘုရားကြီး ရဲ့ ဆွမ်းကွမ်း ကိုတာ ၀န် ယူရ ပါတယ်၊ အာရုံဆွမ်းကို နွားနို့နဲ့ တခြား သက်သတ်လွတ် အသွေး လွတ် အစား တခု ခု ပေါ့ လေ ဆရာတော် က ဘုန်း ပေးတယ်၊ ကပ်ရတဲ့ သူ က ကျနော်နဲ့ သီ လရှင် ကျောင်း က ခလေးမလေး တစ် ယောက် ပါ၊ အဲ လို ဆွမ်း ကပ်ရတဲ့ အခွင့်ရေး ကို မလွတ်တန်း အသုံး ချ သူ က ကျနော် ပါ၊

ပရိတ်ဘယ်လိုရွှတ် လဲ ဘုရား၊ မေတ္တာ ကိုရောက် အောင် ဘယ်လိုပို့ လည်းဘုရား၊ နတ်တကယ်ရှိ လား ဘုရား၊ ၀ိဇ္ဇ.ဇော်၈ျီဆိုတာ ကကော ဘယ် လို လဲ မေး တော့ တာ ပဲ၊ ဖြေပါတယ်ဆ၇ာတော်ကြီး က ၊ကျနော်သိ ချင်တာ မှန်သမျှ ကို ပြုံး ပြုံးလေးနဲံကိုဖြေတာ၊ မေး လို့ မရရင် ညဘက် မေး မှာ ကိုး ၊ လက် ကလည်း မြန် တယ်၊ ဘယ်ဆရာတော် ဖြစ် ဖြစ် ၀တ်ဖြည့် ဖို့ အသင့် အနေထား ပါ၊ ၀တ် လည်း ဖြည့် ခွင့်ရတယ်( ဥပသကာ..တို့ အသက် ၈နှစ် လောက် ကတည်း က အခြေခံ အနှီပ်ပညာရပ် လော က်တော့ရနေ ပါပြီ၊ ကနေ့ဂျပန်မှာ နာ မယ် ကြီးနေတဲ့ အာစာဟိ အနှိပ်ပညာထက်စုံတဲ့ နှိပ်ကွက်တွေ မြန်မာ့ မနှိပ်ပညာမှာရှိတယ်)။

ဝန်ခံ ပါတယ် ဗျာ၊ ကျနော့် ဘ၀မှာ ဆရာတော်ကြီးတွေ အတော်များ များ ကို သိန်းသောင်း ချီမလှူနိုင် ခဲ့ပေမဲ့ ကျနော်နား လည်တဲ့ အနှိပ်ပညာနဲ့ ပူဇော် ခဲ့ ပါတယ်၊ တချို့ဆရာတော်ကြီးတွေပျံတော်မူ ခဲ့ပေမဲ့ ကနေ့သက်ရှိ ထင်ရှားရှိနေသူတွေထဲမှာ မေတ္တာရှင်ဆရာတော် လည်း ပါတယ်..တခြားဆရာတော်တွေ လည်းရှိ ပါ့၊ နိပ်ရင်း တရားစကားပြောရင်း..ငြင်းကြရင်းရင်ပေါ့၊

အဲစကားက လိုရင်းမရောက်..ဖြစ် နေပါပြီ..ပြန်ဆက်ရမယ်ဆိုရင်တော့ ကိုယ်ရွတ်တဲ့ပရိတ် အစွမ်းထက်ချင်ရင် အရှင်အာနန္ဒာလိုရွတ် တဲ့လေ၊ အရှင်အာနန္ဒာ ဘယ်လိုရွတ်ခဲ့ လည်း.. အတူရှာရအောင် ဗျာ…..။

ဒီရတနာသုတ်တော်မှာ ပဲ “တိယာမရတ္တိံ ပရိတ္တံကရောန္တော” လို ပြထားတော့

တိယာမရတ္တိံ = ညဥ့်သုံးယံ၊ ညနေ(၆) နာရီမှာ ည(၁၀) နာရီအထိက ညဥ့်ဦးယံ

ညဥ့်(၁၀)နာရီလောက်ကနေ ည နာရီပြန်(၂) ချက်အထိကိုညဥ့်လယ်ယံ

ညဥ့်နာရီပြန်(၂) ချက်မှ နံနက်(၆) နာရီ အထိကို မိုးသောက်ယံ

လို့ ကျမ်းတွေမှာ တွေ့ရတယ်။ ဒီတော့ အရှင်အာ နန္ဒာ ကိုယ်တော်မြတ်ကြီး တညလုံးမနား ပဲ ပရိတ်ရွတ်တယ် လို့ သိရတယ်။ အဲ လိုရွတ်ရင် ပရိတ် က ပိုပြီး ထင် ပါတယ်၊ အခု ခေတ်ပရိတ် ရွတ် ကတော့ ခပ်သုပ်သုပ်က များနေတယ် ပြီးတော့ ပရိတ်က မစွမ်း ဘူးတဲ့ ၊ မပြောကောင်း ပါ ၊ သေချာ ရွတ်ပါ အရှင်တာနန္ဒာက ကျနော်တို့ ကို သင် ခဲ့ ပါပြီ လိုက် လုပ် ကြည့် ပါ လက်တွေ့ သိ ပါ့ မယ်၊

အခု ဖြစ်နေတဲ့ ကပ်ရောဂါတော် တော်များ များ ကို ရတနာ့ သုတ် တစ် ခု တည်း နဲ့ တား နိုင် ပါတယ် “မြ၀တီဆတော် ဘုရားကြီး က..ရတနာ့သုတ်တော် ကို အနု လုံ ပဋိလုံ..တနေ့ကို အနည်း ဆုံး “န၀လောကုတ္တရာ ဓမ္မေဟိ” ဆိုတဲ့ အတိုင်း အစကနေအဆုံး အဆုံးကနေအစ မှ တစ်ကြိမ် လို့ မှတ်ပြီး တစ်နေတ့ကိုကြိမ်း အချိန်မှန်ရွတ် ရမယ် လို့ မိန့် ပါတယ်၊ တအိမ်သား လုံးရွတ် ပါ၊ လူမှုဒုက္ခတွေတောင် ပျောက် ပါတယ်၊ လုပ်ကြည့် ပါ၊
တကယ် လို့ လူနာ ကိုယ်တိုင်ရှိနေမယ်ဆိုရင်တော့ အနည်းဆုံးသံဃာတော် ငါး ပါး ပင့် ပြီး လူနာ ကို အလယ်မှာ ထားပြီးရွတ်၊သံဃာတော်များ ကို ပင့်ဆောင်ရန် ခက် ခဲနေ ပါက။ လူ ငါးဦးသို့ မဟုတ် ခုနှစ်ဦးက လူ နာ ကို အလယ် ချ ပြီး ရွတ် ဖတ် ပူဇော် ပေး နိုင် ပါတယ်၊

လုပ်ကြည့် ကြပါ လို့ တိုက်တွန်း လိုက် ပါတယ်၊

ရပ်ကွက်တွေ၊ လမ်းတွေ မြို့တွေ မှာ လည်း အလှည့်ကျ ပေါ့ နော် မိုး လင်းပေါက်တဲ့ အထိတိုင်(၃)ရက် မဟုတ်ရင် (၇) ရက် လောက် ရွတ်ပေး ပါ၊ လုပ်ကြည့်ကြ ပါဗျာ။

လေးစားစွာဖြင့် ဥပသကာ

ကျမ်းကိုး ။ ပရိတ်ကြီးနိဿယအသစ်
။ အလင်းပြပရိတ်ကြီးနှစ် ဘက်လှဦးကျော်လွင်

Wednesday, June 24, 2009

သူတော်ကောင်းတို့၏အသံတော် အပိုင်း(၂)

ညနေစောင်းတော့ ဆရာတော်နှစ်ပါးရေ သုံးသပ်ဖို့အတွက်ပြင်ဆင်ပေးရင်းနဲ့ ကျောင်းဝင်းထဲလှမ်းကြည့်မိတယ် သစ်ပင်လေးတွေက စိမ်းစိမ်း သရက်ပင်တွေ ပိန္နဲပင်ကြီးတွေ ပြီးတော့ ကျောင်းနောက်ဖက်က ခရေပင်ကြီး လည်း လှနေတယ်၊သူတော်ကောင်းတို့ရဲ့ပျော်စံရာက အငြိမ်းဓာတ်တို့ကိန်းနေတယ်၊ငှက်လေးတွေသီချင်းဆိုနေကြပရဲ့ ငြိမ်ချမ်းရေးသီချင်းဖြစ်ပါလိမ့်မယ် ရေချိုးနေကြတုံး ကျောင်းကဦဇင်းတွေ ရောက်လာတာနဲ့ ဆရာတော်နဲ့ဦဇင်းတွေကိုခွင့်ပန်ပြီး ကျောင်းပေါ်ကကြည့်လိုက်ရင် လှမ်းမြင်နေရတဲ့ ခရေပင်ကြီး ရှိရာကို ကျနော် သွားလိုက်တယ် ကျောင်းရောက်တိုင်း အဲဒီနေရာလေးမှာထိုင်ပြီး အလုပ်လုပ်ရင်လုပ် မလုပ်ရင် တိမ်တိုက်တွေ နဲ့ အိမ်ပြန်ငှက်တွေကိုကြည့်ရင်း……..။



“ အော်နေညှိုနေပြီ ၀င်တော့မယ် ၊ ကျနော်လည်းအိုပြီသေတော့မယ် ဘာရသေးလဲ ဘာလုပ်ပေးခဲ့နိုင်လဲ လူတွေ အတွက် ဘာချန်ထားခဲ့ လဲ၊ အိမ်ပြန်ငှက်တွေက ကျနော့်ကိုအပါယ်လေးဘုံမှာ ပြန်ဆုံမလားလို့မေးနေတယ်ထင်ရပါ့ လေ…သာမာန်ပုထုဇဉ်ကျနော်ရဲ့ အမြဲတန်းနေအိမ်က ငရဲ ပြိတ္တာ အသူရကာယ် နဲ့တိရိစ္ဆာန် ” လေ.. အခုလူအမည်ခံတာတောင်မှ တိရိစ္ဆာန်စိတ်က၀င်ချင်သေး ၀င်လာသေး တယ်လေ..လာသေးတယ် ငါကဘာကောင် မင်းကဘာကောင် အကောင်တွေဇာတိပြသေးတယ် ဘယ်ကလာလဲ ဆိုတာ ကို အပြိုင်ဆိုင်ကြွားကြသေးတယ်၊ သေရင်အပ်တိုတစ်ချောင်းတောင် ယူမသွားနိုင်မှန်းအသိ နဲ့ပင် ရရှိနေဆဲ အခွင့်ရေး စိးစိမ်တွေကို မလွတ်တန်းဆုပ်ကိုင်ချင်ကြတယ် ဘာအတွက်လဲတော့မသိ လူ့ဘ၀သရုပ်အစစ်က ဘာလဲ မြဲရေးလား တည်တန့်ရေး လား အစဉ်ထာဝရလား ၊မသိတာလား သိသိရက်နဲ့မိုက်ချင်တာ လား လို့ပြန်မေးတော့ မိုက်နေသူသာ ကျနော်ဟာ တကယ့်ကို မိုက်နေသူလေ ယူဆောင်သွား လို့မရတဲ့ အရာ အားလုံးကို ပိုင်ဆိုင်ချုပ်ကိုင်ပြိး ထာဝရနေအိမ်မှတ်နေ သူပါ။

တရားတော်ရဲ့အနှစ်သာရကို ကျနော်တကယ်မြင့်ခဲ့ပြီလား၊ဆိုတဲ့မေး ခွန်း ကို ပြန်မေး မိတယ်၊ ကိုယ့်ဘာသာကိုယ်၊မေးရင်းနဲ့ပဲ စိတ်ကစာရေးနေတဲ့ အပေါ်အတွေးရောက်သွားတယ်လေ မရေးတတ်ရင် ငရဲကျမဲ့ အလုပ်က စာရေးတဲ့ အလုပ် လို့တွေးနေရင်း ကျနော်ဖတ်ခဲ့ ဘူးတဲ့ အကိုကြီး မင်းဒင်ရဲ့ စာတစ်ပုဒ်ကို သတိရ လာတယ် ဖတ်ဖူးပြီးသားဖြစ်မှာပါ ဘလော့ဂါနဲ့ သူခိုးပုံပြင် ဆိုတာလေ သူခိုးထက်ပို အပြစ်ကြီးသောစာရေးဆရာ များဖြစ်ခဲ့လျှင်…ဆိုတဲ့အတွေးကခေါင်းထဲရောက်လာပြန်တယ်။

အဲလိုတွေးနေရင်းနဲ့ပဲ ဖတ်ဖူးတဲ့စာအချို့ခေါင်းထဲရောက်လာတယ်လေ သတိပြုစရာပေါ့ စာရေးသူတိုင်း စာရေးချင်သူတိုင်း သတိထားစရာပါ။ ဘာလဲဆိုတော့



မိမိကိုယ်တိုင်လည်းအမြင်မှားနေ၏၊(မိစ္ဆာဒိဋ္ဌိဖြစ်နေ၏) ၊သူတပါးတို့အားလည်း မိမိလိုအမြင်မှားအောင် မစ္ဆာဒိဋ္ဌိဖြစ်အောင် ရေးသား ဟောပြော ထုတ်ဝေ၏ ထိုသူမျိုးသည်သေလျှင်ဧကန္တ အပါယ်ငရဲသို့သာ ကျရပေသည်။

(ပါရာဇိကဏ်ပါဠိတော်၊ဒိဗ္ဗစက္ခုညာဏကထာ၊အခန်းမြန်မာပြန်)

စာရေးသူလိုမျိုး တောမရောက်တောင်မရောက်စာရေးသူတွေ သေချာသလောက်ရောက်မဲ့နေရာပေါ့ ၊ပြီးတော့ရေး ချင်တာကလည်း ဘာသာရေး ဆိုတော့ ရေးရမှာ လည်း ခပ်တွန့်တွန့် ၊ခက်တာက ပြန်ပြောပြချင်တာလဲ အလွန်..အင်း…..ဆရာကြီး လုပ်တာ မဟုတ်၊ ၀ါသနာကိုယ်တိုင်က ကိုယ်သိသလိုသိစေချင်တာ ကိုယ်ကစာအုပ်လေး တစ်အုပ်လောက်ဖတ်ကြည့် ကောင်းရင် လက်တို့ တတ်သူ ဆိုတော့ လည်း အခက်သား။


ဒီလိုတွေးနေရင်းနဲ့ ပဲဆရာတော်အခေါ် ခိုင်း တယ် ဆိုပြီး ရေမြစ်ကြီးဆရာတော် လေး က ပြောတော့ ဆရာတော့် နောက်က ခပ်ခွာခွာ လိုက်ရင်း ဆရာတော်သီတင်းသုံးရာကျောင်း တော်ဆီ လိုက်ဖြစ်ခဲ့တယ် သံဃာတော်နဲ့ ပခုံးချင်းယှဉ်လိုက်ရဲသောသတ္တိ ကျနော့်မှာ မရှိ။ ဒီနေရာမှာ ဝေဘူဆရာတော်ကြီးရဲ့ အဆုံးအမ ကိုသတိရတုံး ပြန် ပြောရရင်ရင်…..။


ဘုရင်သားကို ပါးစပ်နဲ့အစော်ကားရင် လျှာအဖြတ်ခံရမယ်၊ လက်နဲ့၇ိုက်ပုတ်မိရင် လက်အဖြတ်ခံရမယ်၊ ခြေနဲ့ ခတ်မိရင် ခြေအဖြတ်ခံရမယ်၊ ဒီထက်ပိုဆိုးရင် အသတ်ခံရမှာပဲ..အခုသံဃာတော်ဆိုတာ၊ ရဟန်းဆိုတာ ၊ ဘုရင်သား ထက်မြင့်တဲ့ မြတ်တဲ့ ဘုရားသား..ဒီတော့ ပြစ်မှားရင်ဘာ ဖြစ် မလဲ..စဉ်းစားဗျာ တဲ့လေ ၊ အကျယ်ကိုသိချင်သူများကတော့ ဘေူဆရာတော်ဘုရားကြီးရဲ့ သံဒိဋ္ဌိက တရားတော်များ ဆိုတဲ့စာအုပ်မှာ ဖတ်ရှု ကြည်ညိုနိုင်ကြပါ တယ် ခင် ဗျ။


နောက်တော်က လိုက်ရင်း၊ ကျောင်းတော်ကိုရောက်တော့ ဆရာတော်နှစ်ပါး ကစကားမြည်စ ပြောနေကြပြီ ကျနော်လည်း အလိုက်တသိနဲ့ ဘုရားကို ဦးချပြီးဆရာတော်တွေကို ဦးချ လိုက်တယ် နောက်တော့ ၀တ်ဖြည့်ဖို့ ဖျာခင်း တော့ ဆရာတော်ကြီးက နေရာယူရင်း ..မိန့်လိုက်ပုံက….။

သားအငယ်ရေ…ငါတို့သာသနာတော်ကြီးအတွက်၊ ငါတို့အား လုံးမှာတာဝန်ရှိတယ် လုပ်လည်းလုပ်ရမယ် ဒါပေမဲ့ သတိထားရမှာက ဘာသာခြားထက်ပြုမရောင်နဲ့ဖျက်တဲ့ ပုဂ္ဂိုလ်တွေကွဲ့၊ပြီးတော့ အစဉ်အတိုင်းသွားရမဲ့ ဟာကိုကျော်သွားနေတာတွေ့ရတယ် အဲဒီလိုကျော်သွားနေတာဟာ အလုပ်ခွင်မှာ လည်း အနှေက်အယှက်ပဲ၊ တို့များ မိုးကုတ်ဆရာတော်ကြီး ဟောထားတာရှိပါတယ်၊ သေချာမှတ်နော်..ခန္ဓာ၊ အယာတန၊ ဓာတ်၊ပြီးတော့ သစ္စာ နော်မှ ပဋိစသမုပ္ပတ် နော်၊ အခု က လာတာနဲ့ ဘာတဲ့တန်းပြီးပဋိစ လိုက်ကြရော၊ အောက်ခြေပြတ်နေကြတာပါ၊ တကယ်တန်း က ခန္ဓာက စရမှာဗျ၊ဒီခန္ဓာကြီးရဲမမြဲပုံဆင်းရဲပုံကို အသေချာကို၊ ပိုင်းခြားသိထားရမှာဗျ၊နောက် အတွင်းအာယတနနဲ့အပြင်အာယတနအလုပ်လုပ်ပုံကို မမြဲတရားနဲ့ မြင်အောင်ကြည့် မဟုတ်ရင်ဓာတ်ကိုကြည့်၊ပိုပြီးရှင်းအောင်ပြောရရင်တော့ ခန္ဓာမှာ သစ္စာဆိုက်အောင် သိ နောက်ပြီး အာယာတနမှာ သစ္စာ ဆိုက်အောင် သိ၊ ပြီးတော့ ဓာတ်မှာသစ္စာ ဆိုက် အောင်ကြည့် အဲ လိုမမြဲဆင်းရဲ ရတဲ့ အကြောင်းကျိုးတွေရဲ့ အဖြေက ပဋိစ္စသမုပ္ပတ် မှာကြည့် ဒါမှ တကယ့်ကို ဆရာတော်ကြီး အလိုတိုင်း ကိုယ်တွေ့နား လည်မှာ ဗျ။ သစ္စာနဲ့ ပဋိစ္စသမုပ္ပတ်ကတွဲနေမှ ဗျ။



တင်ပါ့ဘုရား..ဟုဝန်ခံ ချိန်မှာပဲ သက်တော်ကြီးရင့်တော်မူ လှပြီးဖြစ်တဲ့ဆရာတော် ကြီး ကိုကြည့်ရင်း သံဃဂုဏ် ကိုဆင်ခြင်မိနေသလို နော်တရားမော ခင်မှာ ခုနက ဆရာတော်ကြီး ပြောတဲ့ တရား သဘော ကိုတွေးရင်း အင်းမဆရာတော်ကြီး (မှတ်ချက် - ရဝေနွယ်အင်းမဆရာတော်မဟုတ်ပါ) သိမ်တောင်အင်းမ ဆရာတော်ကြီးရဲ့ မိန့်တော်မူ ချက်အချို့ ကိုပြန်ပြီးသတိရမိပါတယ်လေ..ဒီလိုပါခင် ဗျ။

ဝိပဿနာပညာဆိုတာ၊လူသာမန်၊နတ်သာမန်၊ပုထုဇဉ်သာမန်တို့မကြံအပ်၊မကြံစည်နိုင်ရာ၊၀ရဇိန်မိုးကြိုးစက်သွားပမာ စိန္တမယပညာ၊၀ဋ်ဒုက္ခကိုကုန်ခန်းစေရာ၊တိဟိသ်ပုဂ္ဂိုလ်တို့နဲ့သာထိုက်ရာ၊တန်ရာ၊ကြံစီရာဖြစ်သော သည်ဝိဇ္ဖာ လမ်းကြီးသည်…..တဲ့လေ၊ အကျယ်သိခ်ျသူများအတွက် ကျမ်းက

ဓမ္မစင်္ကြာဆရာတော်ဘုရားကြီး၏ ပထ၀ီဓာတ်နဲ့ညဏ်ကိုးလွာခေါ် ၀ိပဿနာ လုပ်ထုံး ကျမ်း ကိုကြည့်ကြပါ ခင် ဗျ။



အဲဒါပေ မဲ့ ကျနော်တို့က တိဟိတ်ဒွိဟိတ် လား ကိုယ့် ဘာသာကိုယ်မသိနိုင်တော့ အလုပ်ကို တကယ် အပ်ချမှတ်ချ လုပ်ရမှာလေ။ လယ်တီဆရာတော် ကြီးရှဲု အဆုံးအမ အတိုင်း ပေါ့လေ တိဟိတ်၊ဒွိဟိတ် ၀ိစ္ဆိကိတ် ဘေး ချိတ် ထား ပါဘိတဲ့လေ၊ အင်းမကြီးဆရာတော်ရဲ့သြ၀ါဒကို ပြန်ပြောပြမိတာက တရားတော်ရဲ့ လေးနက်မှုသဘောကိုသိစေချင်လို့၊ပြီးတော့တရားတော်ကိုလွယ်လွယ် လုပ်နေကြလို့ပါ၊ဗြဟ္မဇာလာသုတ်မြန်မာ ပြန်ဖတ်ဖူးသူတိုင်သိမျာပါ…..“


ငါဘုရားထိုးထွင်သိမြင်သောတရားတို့မှာ နက်လည်းနက်နဲ၏ မြင်လည်းမြင်နိုင်ခဲ၏ ထိုးထွင်းပြီးလည်သိနိုင်ခဲ၏၊ တည်လည်းတည်ငြိမ်လွန်းသည်၊ မွန်လည်းမွန်မြတ်သည်၊ အတွေးခေါ်သက်သက်ဖြင့်လည်း မှန်ကန်စွာမမြင်နိုင်၊ သိမ်လည်းသိမ်မွေ့လှ၏ ပညာရှိသူမှသာအရသာခံနိုင်ပေမည်…ဆိုတဲ့ ဗြဟ္မဇာလသုတ်မြန်မာ ပြန်ထဲက တရားတော် ကို ပြောနေသလိုပါ ဗျာ။


စာကရှည်နေလို့ ခဏနား ပါ့မယ် ။နောက် လာမဲ့ အပိုင်း(၃)မှာ လည်း သြ၀ါဒတော်တချို့နဲ့ သရဂုံ ကျင့်စခန်း နိဒါန်း ကို ပြန်ပြီးဖေါက်သည်ချပါ့မယ်။

လေးစားစွာဖြင့် ဥပသကာ

Monday, June 1, 2009

သူတော်ကောင်းတို့ အသံတော်(၁)

တနေ့ကတော့ ကျောင်း ထဲမရောက် ရောက် အောင်သွားမယ် ဆိုပြီးသွားတော့ လည်း၊ မဖူးမြင်ရတာ ကြာပြီဖြစ်တဲ့ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးဆီ ရောက်ဖြစ်တယ် အလုပ်တွေများနေတဲ့ ခုတလောက စိတ်ထဲမှာငြီးစီစီကြီး ခံစားနေရသလို၊ ကိုယ်ရေးတဲ့ကဗျာ ကိုယ်ပြန်ဖျက်လိုက်ရတဲ့ ခံစားမှုအသစ်က၊ ကျနော့်ရင်ကို ထပ်ပြီးဖို့လိုက်တော့၊ ဦးနောက်ကြီး ထူသွားသလို နှလုံးသားလည်း ထူသွားတယ်ဆိုပါတော့၊ ငယ်တုံးက ကျောင်းသားဘ၀မှာ သူများပြောတာ မခံချင်လို့ စာ…စာ…..စာ.. တွေချည်းဖြစ်လာတော့ ဦးနောက်က ထူထုံထိုင်းကြီး ဖြစ်လာတယ်၊ အခု လည်း သူများရမ်းတာ မခံချင်လို့ ကဗျာကို ပြန်ဖျက်လိုက်ရပေမဲ့ နှလုံးသားက ထူပြီးထုံနေတယ်၊ ခံစားချက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ၊ အစစအရာရာကို ကြောက်ပြီးနေရတဲ့ဘ၀၊ ကြာတော့လည်း ကိုယ့်ဘာသာကိုယ် မုန်းလာတယ်.. တကယ်၊ စိတ်ထဲလေမဲ့အစား တခုခုလုပ်ရင် ကောင်းမယ်ဆိုပြီးတော့၊ ဘုရားမှာ လှူထားတဲ့ သင်္ကန်းတစ်စုံကို ယူပြီး တောရကျောင်းထဲကို ၀င်သွားတယ်၊ တကယ်တော့ ဒီသင်္ကန်းတစုံက ၀ယ်ထားတာ ကြာပါပြီ၊ ကျနော်က သူ့အတွက်ပေါ့လေ… အနစ်နာခံနေသူ အတွက်ပေါ့လေ၊ အလှူလုပ်ပေးနေကြ၊ အဲလှူမယ်ဆိုပြီးတော့ ၀ယ်ပြီး အိမ်ကဘုရားမှာ အရင်ကပ်ပြီး ထားခဲ့တာလေ။ သွားမယ်လုပ်လိုက်.. မဖြစ်လိုက်နဲ့၊ သွားမယ်ဆိုရင်တော့ မဝေးပါဘူး တရက်လောက် နေချင်သေးတယ်၊ တညလောက် ဆရာတော့်အရိပ်မှာ ခိုချင်သေးတယ်၊ အလုပ်ခွင်ထဲ မရှင်းတာတွေ မေးချင်သေးတာကိုး၊ အခုတော့လည်း ရက်ခြင်းပြန်ပဲ သွားမယ်ဆိုပြီးတော့၊ သင်္ကန်းပိုက်ပြီးတော့၊ ဟန်ဆောင်မှုကင်းရာ၊ မာယာမဲ့ရာ၊ သစ္စာရှိရာ ကျောင်းတော်ကိုပဲ လှမ်းဖြစ်တယ်လေ။

ကျောင်းထဲရောက်ရင် ကျနော် ကခလေးဖြစ်ပြီ၊ ဆရာတော်ရေးချိုးဖို့ ရေခပ်ပေး၊ ဆွမ်းစားဖို့ ဆွမ်းကပ်ပေး၊ ဆရာတော်စားပြီး ချကျွေးတာကို စားပြီးတော့ နေ့လည် ကျိန်းတော်မူချိန် ဆိုရင်၊ အနားမှာထိုင်ပြီး ၀တ်ဖြည့်၊ မေးချင်ရာကိုမေး၊ အားမနာတမ်း ထော့ပြီးကလှော်ပြီးမေး၊ ညဖက်ကျတော့ ဆရာတော်နဲ့ အတူအလုပ်လုပ်၊ မဟုတ်ရင်လဲ ကိုယ့်ဘာသာကိုယ်၊ ဇရပ်ပေါ်ဖြစ်ဖြစ် သိမ်ထဲဖြစ်ဖြစ်လုပ်၊ အိပ်ပျော်နေရင် အဆဲခံ အအိပ်မက်ရင် မနက်ကျအဆဲခံ၊ ဘယ်လိုဆဲလဲ သိလား၊ “နင့်ရုပ်ကလေ.. အိပ်နေလိုက်တာ၊ ငရဲမီးနဲ့ထိမှ အသိတရားရပြီး နိုးမဲ့ရုပ်”၊ အဲ.. မအိပ်ဘဲ တောက်လျှောက်ထိုင် မနက်ကျရင် ပြောလိမ့်မယ်.. တော်တယ် ဘုရားကို ပါးစပ်နဲ့မချစ်ဘူး၊ လက်တွေ့ချစ်တယ်.. သာဓုခေါ်တယ်ဆိုပဲ။

ကျနော် အိပ်မအိပ် ဘယ်နည်းနဲ့သိလဲလို့ မေးတော့၊ နင့်အရလားဆိုပြီးတော့.. ငေါက်တာခံရဘူးသဗျ၊ ငေါက်တော့လည်း ခံရတာပေါ့၊ နင်သိချင် နင်လုပ်မှ ရတဲ့တရား၊ ငါငှါးလို့မရဘူးဆိုပဲ။ ပြီတော့ ဘာပြောလဲမှတ်.. တခါတည်းမှတ်အောင် ဆုံးမတတ်တယ်၊ ပြောပြရဦးမယ်… တစ်ခါတော့ စာရေးဆရာဆိုတဲ့၊ သူတစ်ယောက် ကျောင်းထဲလာပြီး ဆရာတော် ကြီးကိုလာ ဖူးတယ်၊။ ဘာတွေရေးလဲဒကာ လို့မေးတော့၊ ဘာသာရေးပါ ဘုရားတဲ့… ဆရာတော်က ဘာပြောလဲ သိလား၊ “သူများရေး ပြီးသာဟာသာ မကူးချနဲ့ တရားတော်ကို ကိုယ်သိတဲ့ အတိုင်းရေး၊ ငါသာဓုခေါ်တယ်၊ အခုခေတ်က ရှေးဆရာတော်ကြီးတွေ ရေးတာကူးချ၊ ပြီးတော့ ဆရာလုပ်တာ များတော့ ခက်တယ်ကွယ်” ဆိုပြီး ငြီးတော်မူတယ်၊ ကျနော် ဘလော့ရေးတယ်ဆိုတာ ဆရာတော်သိတော့၊ “ဟေ့.. သားအငယ်ရေ နင်ကူးချမယ်ဆို ငါ့ဆီ စာအုပ်တွေ လာယူ” တဲ့လေ။ ပြုံးပြုံးကြီးနဲ့ မိန့်တယ်.. နောက်ထပ် ဆက်ပြီး မှတ်စရာ ကောင်းလွန်းလို့ ဆက်ပြီးပြောရမယ် ဆိုရင်တော့ “ကျမ်းဆိုတာ၊ ကိုးကားခွင့်၊ မှီငြမ်းခွင့်ပဲ ရှိတာပါ၊ တခါတည်း အပြီးသတ် ခိုးချပြီး လူတွေကို ပြန်ပြောရင်၊ နာဖူးထပ်မံဆိုပေမဲ့လည်း ခဏ ခဏဆို လူတွေက ထပ်မမံချင်တော့ဘူး” တဲ့လေ။

စကားတွေက တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီလေ၊ တကယ်ပြောချင်တာက၊ တစ်နေ့တည်း၊ တစ်ပြိုင်တည်းမှာ၊ နေလနှစ်ပါးကို တစ်ပြိုင်တည်း တွေ့လိုက်ရတဲ့၊ ကျနော့် အကြောင်း ပြန်ပြောချင်လို့၊ ရေးမိတာက တစ်ခြား ဥပါသကာတို့ တော်လိုက်ပုံများ လက်ဖျားခါလောက် ပါရဲ့နော်။ ထားလိုက်ပါတော့လေ.. အဲကျနော် ကျောင်းထဲရောက်တော့.. ယဉ်ငေး ဆရာတော်ကြီးပါ ရောက်နေတာကို ဖူးတွေ့လိုက်ရတာ.. စိတ်ထဲ ၀မ်းသာလိုက်တာ မပြောနဲ့တော့.. သူတော်ကောင်း အရိပ်လေ၊ ဒီဆရာတော်ကြီး နှစ်ပါးလုံးကတော့ ကျနော်တို့ ဆီမှာတော့ ပဋိပတ်ထိပ်ခေါင်ပါ၊ ကျနော်တို့ ဒေသမှာပေါ့လေ၊ ရောက်တာနဲ့ ဘုရားကိုဦးချပြီး ဆရာတော် နှစ်ပါးလုံးကို ဦးချပြီးသင့်တယ်။ နေရာမှာပဲ တရားနာလိုက်မိတယ်၊ ဆရာတော်ကြီးက အနားလာဖို့ မိန့်တဲ့အခါတော့ အနားသွားပြီး ၀တ်ဖြည့်နေမိတယ်လေ၊ ၀တ်သာ ဖြည့်နေရပေမဲ့ စိတ်ထဲမကောင်းဘူး၊ ကျနော် အသံဖမ်းချင်နေတာ ဆရာတော်ကြီးတွေ အလုပ်အကြောင်း ပြောနေကြတာကို၊ ပြီးတော့ ဓာတ်ပုံလည်း ရိုက်ချင်တယ်၊ မှတ်တမ်းပေါ့လေ၊ ဒါပေမယ့် ကျနော် ဥပါသကာသည် ဥပါသကာသာမို့၊ ၀မ်းနည်းမိ နေတယ်လေ၊ ကျနော် မ၀ယ်နိုင်တဲ့ဟာအတွက် စိတ်မကောင်း ဖြစ်ယုံပဲလေ။

တရားဟောခဲ့သော ဆရာတော်များမို့ အလုပ်အကြောင်း ကို မှတ်တမ်းတင် နာယူချင်တာတော့ အမှန်၊ အဲလိုပြောရက်ကနေ.. ဒီည ကျောင်းမှာအိပ်နော်၊ တောင်တွေး မြောက်တွေးနဲ့ အကုသိုလ် များမနေနဲ့” လို့ တောရ ဆရာတော်ကြီးက မိန့်တော့ ကျနော့်အဖို့တော မဆန်းတော့၊ ဆရာတော် သိချင်ရင် သိနိုင်တဲ့ သူမှန်း ကျနော် သိနေတာ ကြာပါပြီလေ။ အင်း ညကျရင်တော့ ကျနော် တရားတွေ အများကြီး နာရဦးမှာကိုတော့ ၀မ်းသာမိတယ်ဗျာ.. ညကနာတဲ့ တရားကိုတော့ လာမဲ့ပို့စ်မှာ ပြောပါ့မယ်နော်။


လေးစားစွာဖြင့်
ဥပါသကာ

Monday, May 25, 2009

ဓါးနဲ့တရား

အခုတလောက စာရေးမလို့ လုပ် လိုက်၊ အလုပ်ကပေါ် လာ လိုက်နဲ့ မရေး ဖြစ် ဘူးလေ၊ကျောင်း ဖွင့်ချိန်လေ…။ ခလေးတွေကျောင်းအပ်ရတော့မယ်၊တွယ်ရာမဲ့လေးတွေအတွက်အလုပ်နဲနဲပိုလုပ်ရတာပေါ့လေ၊မောတော့မောတာ ပေါ့လေ၊ အဲ လိုမောတိုင်းမှာ တော့၊ အသဲထဲ သိမ်းထားတဲ့ ဓားနဲ့ တရား ကို ဆွဲတင် လွင့် ထုတ်ရင်း အမော ဖြေနေရပါ့လေ။

“ ဓါး” တဲ့ ဗမာတိုင်း

မကင်းကြပါဘူးဓါးနဲ့၊ရာဇ၀င်မှာလည်းဓါးတွေရှိခဲ့ကြတာပဲလေ၊ဓားနဲ့ပတ်သက်တဲ့စာအုပ်ကျတော့ အရှားသားဗျ၊ကျနော်တို့ဆီမှာ၊ ဆရာမင်းဆွေရဲ့“ဓါး”၊ နောက်ပြီးဆရာမင်းယက္ခရဲ့“ဓါး”၊၊ အဲနာ မယ်တူ အကြောင်းရာမတူပေါ့လေနော်၊ ထည့်မယ်ဆိုလို့ရှိရင်တော့ဆရာစန်းသမိန်ရဲ့၊ မြန်မာ့သွေး၊မြန်မာ့ဓါး၊ မြန်မာ့စစ်ပညာ၊ လည်း ထည့် လို့ရ တာပေါ့နော်။

တချိန်တုံးက ကျနော်တို့မှာလည်း ဓါးတလက် ရှိခဲ့ ဘူး ပါတယ်၊စာရေးတဲ့အခါလဲဒီဓါးပါတယ်၊ထမင်းဟင်းချက်တော့လည်း ပါတယ်၊တော်ခုတ်ချုံရှင်းတော့ လည်း ဒီဓါးကို ချန်မထား ခဲ့ ဘူး၊ပျော်စရာကောင်း လွန်းတဲ့ အချိန်မှာ လည်းဒီဒါးကိုလက်မှာကိုင်းထားနေခဲ့ကြတယ်၊ ၀မ်းနည်းစရာကြုံ့ လာတော့ လည်းဒီဓါးတစ်လက် ကိုပဲကျနော်တို့ စုပေါင်းကိုင်ဆောင်ခဲ့ကြတယ်၊အဲ..ကျနော်တို့ဆိုတာက၊ အခုစာရေးဆရာတွေအဖြစ်၊ကဗျာဆရာတွေအဖြစ် အခိုင်မှာရပ်တည်နေကြတဲ့၊ စာရေးဆရာဒါရိုက်တာ ချိုတူးဇော်၊ ကဗျာဆရာM ဇော်နောင်၊ ကဗျာဆရာ ဆည်းဆာ
တို့ပဲလေ၊ ဘုရာကြီးဝင်းအတွင်းမှာ လည်း ဒီဓါးပါတယ်၊နောက်ဆုံးလေထန်ကုန်း ကိုရောက် လာတယ်၊ အခုတော့ အသဲ ထဲမှာ ပါ။ အဲဒီဓါးက “ ကဗျာဓါး” ပါဗျာ။ တလွဲမတွေးပါနဲ့။
မူလကဗျာပိုင်ရှင်တော့ ကျနော်မမှတ်မိတော့ပါဘူးခင်ဗျ၊ကျနော့်ညံ့လို့ပါ၊ ကျနော်ရေးတာမဟုတ်ဘူး၊ ကဗျာရှင်ကို ကိုဇော်ကြီးပြောပြပေမဲ့ ကျနော်မမှတ်မိတော့ပါ၊ ကဗျာနာမယ်က ….။

သံမဏိဓါး
မီးပြင်းနဲ့တိုက်၊တိုက်ခြင်တိုက်။
ပေမှာတင်ထု၊ထုချင်ထု၊။
မီးပြင်းတိုက်ရင်၊ရဲနီလာမယ်။
ပေမှာထုရင်၊ကျစ်မာလာမယ်။
သံမဏိဓါး၊ကြေမသွားဘူး
နာနာထုလေ၊ဓါးကောင်းလေ…ဟေ့။

အဲဒီကဗျာလေး ဟာ၊ကျနော်တို့ နှလုံးသားထဲက “ဓါး” တစ်စင်းလေ။

ပြီးတော့တရားတစ်ပုဒ်ပါ၊ကျနော်အသက်ကလေးနည်းနည်းရလာတော့တရားတွေနာဖြစ်တယ်လေ၊ဆရာသမားတွကလည်း သင်ကြတာပေါ့၊ကျနော်ဟာကျနော့်ဆရာတွေရဲ့ခပ်ညံ့ညံ့တပည့်တစ်ယောက်တော့ဖြစ်တန်ကောင်းပါရဲ့
အရမ်းအလုပ်လုပ်တတ်ကြပြီးအကြင်နာကြီးတဲ့ဆရာတွေကြားမှာ၊ကျနော်နေခဲ့ရဖူးပေမဲ့ကျနော်ဟာဇွန်းတစ်ချေင်းပါဗျာ…အညှိတက်နေတဲ့ဇွန်းတစ်ချောင်းပါ။
အာလုံးသိတဲ့တရားတစ်ပုဒ်ပါ၊ ကျေးဇူးရှင်တောင်မြို့ဆရာတော်ကြီးရဲ့တရာတော်လို့ပဲပြောခွင့်ပြုပါ..အဲဒီတရားတော်တစ်ပိုဒ်ကို၊ ကျနော်တို့ကမ္ဘာအေးမှာရွတ်ခဲ့ကြဖူးတယ်၊အေးရိပ်ချောင်မှာရွတ်လဲ့ကြဖူးတယ်၊ပါရမီစာပေနဲ့ဗုဒ္ဓအသံ စာပေမှာလည်း ရွတ်ဆိုခဲ့ ဖူးပါတယ်၊ ဘဘဦးဋ္ဌေလှိုင်က အသံချိုလေးနဲ့ရွတ်တယ်၊ ဘဘဦးရွှေအောင်က
လေသံတိုးသက်သက်လေးရွတ်တယ်၊နာယကချုပ်ဆရာတော်ကြီးကလေသံမှန်နဲ့ ရွတ်ခဲ့တယ်၊ အဲဒါပေမဲ့
ဒီတရားတော်းလေးရွတ်သူတိုင်းက လက်အုပ်လေးတွေချီလို့..အရမ်းပင်ပန်းတော်မူတိုင်းရွတ်ခဲ့ကြတယ်၊
အခု လည်း သူငယ်ချင်းမိတ်ဆွေတွေပင်ပန်းနေကြပြီဟုတ်၊ရီတ်ကြည့်ပါဗျာ..ဟောဒီတရားလေး…။

ဗုဒ္ဓမြတ်စွာလောင်းလျာတုံးက
နောက်ဆုံးအထိပါရမီ
လူနတ်များစွာချမ်းသာရေးတွက်
အသက်ပေးလို့ကျင့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင်ခုလိုတွေးလို့
ကုသိုလ်ရေးမို့ကြိုးစားမည်။

ကြိုးစားလိုက်ရအောင် ဗျာ…

လေးစာစွာဖြင့် ဥပသကာ

Sunday, May 17, 2009

အမေ သို့ မှော်ဝင်နှင်းဆီ(၂)

အမေနဲ့ ပတ်သက် လာ ရင်တော့ရေးစရာအတော် ရှိတယ် လို့ပြောရမှာပါ။ဟုတ်ပါတယ် လေ မိန်းမသာတစ်ယောက်ရဲ့ဘ၀ရပ်တည်မှုဟာ၊ယောက်ျးတစ်ယောက်ရဲ့ဘ၀ရပ်တည်မှုထက်ပိုပြီးဂရုစိုက်ရတယ်လို့ ကျနော် ထင်တယ်လေ၊ အထူးသဖြင့် ဆင်းရဲတဲ့မိသားစုကပေါက်ဖွား လာ တဲ့မိန်မမသားတစ်ယောက် ပေါ့လေ၊ ပြီးတော့ ရုပ်ရည် လည်းရှိမယ်ဆိုရင်တော့၊ အန္တရာယ် အတော် ကြီးတယ် လို့ကျနော်ထင်ပါတကယ်တော့ အမေ့စိတ်ရင်းကငြိမ်းချမ်းစွာနဲ့ဘ၀ကိုဖြတ်သန်းချင်တာပါ၊အဲ..ဒါပေမဲ့ကံတရားကအမေ့ကိုအဲလိုဖြတ်သန်းခွင့်မပြုခဲဘူးလို့ထင်ပါရဲ့၊အဖေဆုံးကတည်းကအမေဟာဘ၀ကိုအရှံးမပေးတမ်းရင်ဆိုင်လာခဲ့တာ၊ကျနော်တို့အရွယ်ရောက်တဲ့အထိပါပဲ၊..အမေ့အကြောင်းကိုပြောမယ်ဆိုရင်တော့၊ကျနော့် အနေနဲ့အဖွားပန်းယုံအကြောင်းကိုလည်းပြော မှဖြစ်မှာပါ၊ အမေနဲ့ အဖွားပန်းယုံကဆက်စပ်နေတဲ့ဘ၀တစ်ခုလေ၊။
အဖွားပန်းယုံဆိုတာက၊အဖိုးနောက်ကိုပါလာတဲ့၊အဘဒေါင်းရဲ့ဘ၀ကြင်ဖေါ်ပါ၊နဲနဲတော့သီးခံပါဗျာ..ရှုပ်သလိုဖြစ်နေတော့..ကျနော်တို့ အဖိုးက မန်းဇာတိ…အောက်ပြည်လို့ ခေါ်တဲ့ကျနော်တို့နေရာကို..အခြနေရပြောင်း လာတော့၊ အဖိုးနဲကသေတူရှင်မကွာ၊ဂျပန်တော်လှန်ရေးမှာတိုက်ခဲ့တဲ့အဘဒေါင်းလည်း လိုက်လာတယ်၊ အဲဒီတော့..အဘရဲ့ဇနီးအဖွားပန်းယုံလည်း ပါလာတယ်၊ကျနော်တို့ဆီမရောက်ခင်တော့၊ရန်ကုန်၊မောလမြိုင်၊ရေး တွေမှာခဏစတည်းချခဲ့သေးတယ်၊..အဲလိုအဖိုးနောက်တောက်လျှောက်ပါခဲ့တာဆိုတော့၊ကျနော်တို့မိသားစုစာရင်းသွင်းရမှာပဲလေ။ကျနော်ပြောတဲ့အဖိုးတွေအားလုံးမှာထိုးကွင်းတွေရှိတယ်၊သျှောင်နဲ့ပဲသက်ထက်ဆုံးနေသွားကြတယ်။ဘောင်းဘီအရှည်ဝတ်တော့ လည်း၊ကျနော်တို့ရှမ်းတိုင်းရင်းသားတွေဝတ်တဲ့ဘောင်းဘီအရှည်မျိုးတွေ…ပြန်မြင်ကြည့်တယ်..အဖိုးနဲ့အဘဒေါင်းတို့ကို၊သျှောင်တစောင်းနဲ့ဆေးတံနဲ့၊နောက်ပြီးတော့ထိုးကွင်းတွေနဲ့၊အဖိုးကသူ့ဆွေမျိုးတွေအကြောင်းကိုသိပ်မပြောချင်..မေးရင်လည်းမကြိုက်တော့၊ကျနော်တို့မမေး၊အဘဒေါင်းကိုမေးတော့လည်း...“မြေးရယ်..နင့်အဖိုးခေါင်းညိတ်မှ..အဘပြောရဲမယ်တဲ့”ဘာမှန်းကျနော်နားမလည်တောနောက်လည်းမမေးတော့၊ အဲစိတ်သာတဲ့အခါတော့ တစွန်းတစပြောပြတာတွေ လည်းရှိတော့ ရှိတယ်လေ၊…စကားကလိုရင်းမရောက် ဖြစ်နေပြီ ..ကျနော်ပြောချင်တာက မဖွားပန်းယုံအကြောင်း.. အမေနဲ့ အဖေညားတော့..အဖေကအိမ်ခွဲနေတယ်၊ မိဘကိုအပူမပေးဘူးပေါ့လေ၊ ဒါပေမဲ့..အဖိုးကဇွတ်ခေါ်နေပြီးအဖွားကလည်း ငိုကြတော့ အိမ်ပေါ်တက်နေရတာ၊..အဲဒီမှာ အမေနဲ့ အဖွားပန်ယုံတို့တွေ့ကြတာပါ၊..အမေ့ကိုတော့အား လုံး ချစ်ကြပါတယ် ဒါပေမဲ့၊ အမေက ကျနော်တို့အဖွားအစစ်ထက်၊အဖွားပန်းယုံကိုပိုချစ်တယ်၊မဟုတ်မခံစိတ်ဓာတ်ခြင်းတူလို့တဲ့လေ
ထားပါတော့ အဲဒီမှာတင်အဖွားပန်းယုံဆီက..ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အတတ်တွေကို၊အမေရခဲ့တာပါ။

“မိန်းခလေးဆိုတာ၊ပန်းတစ်ပွင့်ပါ၊အချိန်တန်ရင်တော့ကြွေမှာပါ၊တချို့ကလေချွှေလို့ကြွေရတယ်တချို့လူချွေလို့ ကြွေရတယ်။ ဒီတော့လူကြောင့်ကြွေတဲ့ပန်းမဖြစ်အောင်၊ မိန်းခလေးတိုင်းဟာ၊ကိုယ့်ကိုကိုယ်စောင့်ရတယ်၊ ကိုယ့် စိတ်ကိုလည်းစောင့်ရတယ်၊အိနြေ္ဒရေကိုလည်းစောင့်ရတယ်၊အဲဒီအစောင့်သုံးယောက်သာမရှိရင်၊ဂုမ္ဘလဏ်တစ်ထောင်စောင့်နေလဲအလကားပဲ၊ လူတွေချွေလို့ကြွေတတ်တယ်…အထူးသဖြင့်အရမ်းလှတဲ့မိန်းခလေးတွေပေါ့”

(အဖွားပန်းယုံ)

အဲလိုမျိုးအတွေးနဲ့ကိုယ့်ကိုကိုယ်စောင့်တတ်အောင်ဆိုပြီး၊အမေ့ကိုသူနားလည်သလောက်၊ဆူးထိုးအတတ်၊ပန်းထိုးအတတ်၊လက်ပစ်ဆူးအတတ်ကိုသင်ခဲ့တာပါ၊အမေကလည်းနဂိုလ်ကတည်းက၀ါသနာပါလားမသိ၊အဖွားပန်ယုံခိုင်းသမျှအကုန်လိုက်သင်တော့တာပဲ၊အတတ်မြန်တယ်လို့တော့ပြောသံကြားတယ်၊အမေဆူးပေါက်ပြတာတော့တခါနှစ်ခါမြင်မြင်ဘူးတယ်၊….မြင်ဘူးတာကလည်းအရမ်းကိုအကြောင်းဆုံလို့ပါ၊မေးခေါင်းပေါ်ကဆံထုံးမှာထိုးထားတဲ့ကိန္နာရာရုပ်ပါတဲ့ဆံထိုးလေးကိုအဖွားကပဲပေးထားတာပါ၊အဲ….အခုတော့မရှိတော့ဘူးလေ၊ဒုတိယအကြိမ်ကျနော်တို့မိသားစုမီးဘေး အသင့် ခံရမှာပါသွားတယ်တဲ့ ဗျာ။
ဆိုပါတော့ဗျာ..အဲ လိုအမေပါ၊ဒီတော့ အမေနဲ့အဖွားပန်ယုံဟာ မျဉ်းတစ်ကြောင်းတည်းလို့ပြောလို့ရတာပါ၊ဒီလိုနဲ့ အဖေဆုံးတော့..အမေကဈေးသည်ပေါ့၊အဲလိုပုဇွန်တွေငါးတွေ..ဖေါက်သည်ပေးတန်ပေး၊ကိုယ်တိုင်ရောင်းတန်ရောင်းပြီးတော့၊မနက်(၁၀)နာရီလောက်ဆိုဈေးပြန်ပြီးတော့ခဏနားတယ်၊နောက်ပြီးရာသီပေါ်တဲ့အသီးတွေကိုရောင်းတယ်၊ အထူးသဖြင့် အခုလိုဒူရင်းသီး၊ မင်းဂွတ်သီးတွေပေါ်ချိန်ပေါ့လေ။အနောက်ဘက်ကမ်းကတက်လာတဲ့ဒူရင်း သီးတွေ၊မင်းဂွတ်သီးတွေနဲ့ တခြားသစ်သီးတွေကို၊အပင်ရှင်တွေဆီက၀ယ်၊ပြီးတော့ဖေါက်သည်ပေး၊ငှွေုကတော့ အဟောင်းပေးအသစ်ယူတဲ့နည်းနဲ့အမေရောင်းတယ်၊။ မိန်ခလေးတွေတော်များများကအမေ့ဆီကယူရောင်း ကြတာများပါတယ်၊အဲဒီအထဲမှာ..ကျနော်တို့က အစ်မလို့ခေါ်တဲ့ ကျနော်တို့အမေရဲ့ညီမအငယ်ဆုံး၊ အဒေါ်အထွေးဆုံးပါတယ်။အမေနဲ့ဆိုအသက်က(၁ရ)နှစ်လောက်ကွာတယ်၊အမေ့ညီမလို့မပြောရအမေ့လိုပဲကြည့်ကောင်းတယ်ဗျ။အခုထိလည်းချောတုံးပါ။အမေကကျောင်းတက်ခိုင်းတာ..မတက်ချင်ဘူးဈေးပဲရောင်းမယ်ဆိုတော့ လည်း။ အမေကဈေးရောင်းသင်ပေးရတာဗျ၊ကျနော်တို့ကခေါ်တော့ အစ်မတဲ့၊ အဲလိုနဲ့ အစ်မဈေးရောင်းတယ်ဆိုပါတော့…။ ညနေငွေရှင်းချိန်ရောက်တိုင်းအစ်မငွေကလိုနေတယ်၊ အမေကမေးတော့ ဈေးကောက်ပေးရတာပါလို့ပြောတယ်၊ အဲလိုနဲ့နော် နေ့တွေ လည်းကျရော ငွေကပိုကွာလာတယ်၊အမေမေးတော့ဈေးကောက်ပေးရတာပဲဖြေတော့၊ အမေဘ၀င်မကျ၊“အထွေး..နင့်ဟာက မဟုတ်တော့ဘူးနော်၊ ပထမနေ့က (၅) ကျပ်ကွာတယ်၊ ဒုတိယနေ့မှာ(၁၀) နောက်နေ့တွေတိုး လိုက်တာ ကနေ့ငါးရကလ်ည်းမြောက်ရော ဈေးကောက်ကအစိတ်တောင်ဖြစ်သွား လား..ဟ (၂၅) ကျပ်ပေါ့”..အမှန်အတိုင်းပြော.. မဟုတ်ရင်တော့ ..ငါမြူနီစပါယ်ရုံးသွားမေးရလိမ့်မယ်ဟ။ ပြောတော့မှ ကမ်းနားက အထမ်းသမား လူမိုက် ကုလားမာ မွတ်နဲ့၊ သူ့တပည့်ဂွတို တို့ နဲ့ အမေထိပ်တိုက်တိုးတော့တာ ပဲဗျ။

နောက်နေ့လည်းကျရော..အမဈေးရောင်းတဲ့ကမ်းနာဖက်ကို…ဦးလေးချစ်ဆွေဆိုက္ကားနဲ့မရောင်မလည်လိုက်သွားကြည့်တယ်…ကျနော်လည်းလိုက်ရတယ်.. ကျနော့်ကိုခေါ်တာက ထမင်းကျွှေးမလို့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ မနက်ကရောင်းထားတဲ့ ပုဇွန်ဖိုးတွေသိမ်းရင်း ငါးဖိုးတွေတောင်းရင်း၊ ကျနော်က ၀ါဒီးတင်ရတယ် ဗျ၊ ကျနော်တောင်ဒီကိစ္စဖြစ်တော့ (၅)တန်းရောက်ပြီ၊..ညီကတော့ ဒုတိယတန်းပေါ့၊ ပြီးတော့ အဖိုးဆီက၊ အဘဒေါင်းဆီက၊ သတ်ကိုးသတ်တို့ မောင်းကိုးမောင်းတို့တောင် ကြားဖူးပြီး အီးရောင်ဝါးလုပ်တတ်နေပြီ။သင်ပေးစရာရှားလို့ ကျနော့်ကို ခဲပေါက်နည်း သင်ပေးတာက.. ကျနော့်ဘကြီး၊ညနေတိုင်း ခဲပေါက်ကျင့်ရတယ်။ခပ်လှမ်းလှမ်းမှာရှိတဲ့ အုန်းမှုတ်ခွက်၊ကြက်ဥခွံတို့ပေါ့လေ၊ ပါရမီပါလို့လားမသိ..အလွန်စိတ်ရှည်တဲ့ဘကြီးလက်လန်သွားတယ်။သူပစ်ခိုင်းတိုင်းမထိလို့လေ။ထားပ်ါတော့လေ။ လမ်းကြောင်းပြောင်းမှာစိုးလို့ဆက်ပြောပြမယ်။
အဲဒီလိုအမေသွားပြီးအမရောင်းတဲ့ဆိုင်နားအရောက်၊လာပါပြီ..လမ်းသွားရင်ဆောက်ကြွဆောက်ကြွနဲ့ရုပ်ရှင်ထဲက လူမိုက်ပုံ၊မရရအောင်ဖမ်းပြီးတော့“ဒီနေ့လည်းအစိပ်ပဲပေးပါ”လို့ငွေတောင်းတော့…“ဒီမှာဂွတို..နင်ယောက်ျားမှဟုတ်သေးလား..မိန်းခလေးတစ်ယောက်လုပ်အားကိုမိုက်ကြေးခွဲ၊တောင်းရမ်းစားသောက်နေတဲ့အရှက်မရှိကောင်၊နင်တို့ အမေတွေအစားငါရှက်လိုက်တာ”လို့အမေ့ အသံကြားတော့ ဒီလူကရှက်ပြီး အမေ့ဆီကိုအပြေးတပိုင်းနဲ့ဝင် အလာမှာ… အစကတည်းကပြဿနာဖြစ်တော့ မယ်လို့သိတဲ့ ကျနော်နဲ့ဦးလေးချစ်ဆွေတို့..ကြားဝင်လိုက်ပုံက
အမေ့ဆီအရှိန်နဲ့ဝင်လာတဲ့…ဂွတိုမျက်နာကိုဒူရင်းသီးနဲ့ကျနော် လှမ်းထုတာ..ဒီတခါတော့ကွတ်တိ…အား လို့အော်ပြီးရပ်နေတုံး၊ဆိုက္ကားပေါ်မှာ ပါလာတဲ့ ၀ါးရင်းတုတ်နဲ့ဦးလေးချစ်ဆွေက ဒီလူရဲ့ ပုခုံးကိုဖြတ်ရိုက်ချလိုက်တာ…တခါတည်တခြမ်းကိုင်ပြီးပုံအကျ၊ နံဘေးကလူတွေဝိုင်ဆွဲပေါ့လေ၊ တခါတည်း ဂွတိုကို သူ့ဆရာမာမွတ်ဆီပြန်ပို့……လိုက်ကြတယ်။ ပြဿနာကအေးပြီထင်တာ ဗျ..မအေးပါဘူး ဗျာ၊ ဖြစ်ပုံက..
သူ့တပည့်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး..ဒီမာမွတ်ဆိုတဲ့ကုလားက.. အမေ့ကိုတေ့းထားတယ်…အမေဈေးသွားတဲ့ အချိန်ကိုမှတ်ထားတယ်၊ အမေကမနက်နှစ်နာရီလောက်ဆို အိပ်ရာထဈေးသွားပြီလေ၊ ဒီလိုနဲ့ မိုးတွင်းတနေ့မှာ၊ အမေရယ် အမရယ်၊ ပြီးတော့ အိမ်နားကဈေးသည်တွေစုပြီတော့ဈေးသွား….ကံကောင်း ခြင်တော့၊ ကျနော်တို့ကျောင်းတက်ဖို့ မုန့်ဖိုးမပေးရသေးတာ သိရတော့ အိမ်ကိုပြန်လှည့်လာပြီး..မုန့်ဖိုးလာအပေးမှာ၊ အိမ်လမ်းကြားထဲ မှာ အရိပ်တွေမြင်တော့၊“ သူခိုးရှင့်…သူခိုး…သူခိုး” လို့အမေကအော်တော့၊ ဒီလူနှစ်ယောက်ထွက်ပြေးတုံး မီးသတ်တွေတခြားဈေးသွားသူတွေ လမ်းပိတ်ဖမ်းလိုက်တော့ မှ လမ်းမီးရောင်အောက်မှာကြည့်တော့ မာမွတ်တို့ ဆရာတပည့်၊ အမေ မသက်ာတာနဲ့ အိမ်ဘေး လမ်းကြားကို လူတွေခေါ်ပြီး ၀င်ကြည့်၊ ကျနော်တို့ လည်းနိုး၊ အဖွားလည်း နိုးထပြီး မီး ဖွင့်ကြည့်မှ…ဘုရား… ဘိန်းတွေရယ်လေ။ ကိုလိုနီခေတ်ကလိုဘိန်းပစ် တာပေါ့လေ။
အမေလေ..အသားတွေတုန်နေလိုက်တာ။ဒေါသကြောင့်အမေ့မျက်လုံးမှာအရောင်ထွက်နေလားအောက်မေ့ရတယ်။ “ဥပဒေနဲ့ထောင်သာ မရှိရင်..ငါ့သားတွေသာမရှိရင် ဒီမှာ မိန်မတစ်ယောက်ကိုတောင် ကလိန်စေ့ညဏ်ဆင်လောက်ပဲလုပ်ရဲတဲ့ ကု လား ယုတ်ဆရာတပည့်၊ နင်တို့ လို လူစားတွေကိုလေ၊ငါ ဓါးတလက်အပိုပေးပြီးခုတ်လိုက်ချင်တယ်တဲ့”
ကျနော်လဲ အဲဒီလူတွေနဲ့ အဲဒီဖြစ်ရပ်ကိုကြည့် ပြီး တယောက်ထဲ လမ်းသွားနေတဲ့ မိန်းခလေးဆိုကြည့်တောင်မကြည့်မိအောင်နေမိတော့တယ်.. ဘာဖြစ်လို့ လဲဆိုတော့ မတော်တဆ မျက်လုံးကအနိုင်ကျင့်မိသော်။ ကျန်တာတွေကိုတော့ သက်ဆိုင်ရာကပဲ တရားမျှတစွာရှင်း လိုက်ပါတယ် ဗျာ။ ။

Tuesday, May 12, 2009

အမေ သို့ မှော်ဝင်နှင်းဆီ

တကယ်တော့နှင်ဆီအနီရောင်တစ်ပွင့် နဲ့ တူတဲ့ အမေ့ ကို ကျနော်ရ ခဲ့ တာပါ၊တကယ်လည်း အမေဟာနှင်းဆီအနီရဲရဲနဲ့တူတဲ့သူတစ်ယောက်ပါ၊ အဖေကတော့ အမေ့ကိုပြောဖူးတာ မှတ်မိနေတယ်“မှော်ဝင်နှင်းဆီတဲ့”လေ အဖေက မန်းသားဆိုတော့စကားတတ်တယ်၊ အမေကတော့ ဖွဲ့နွဲ့မပြောတတ်သူ၊ ကျနော်တို့ အဖေဆုံးတော့ အမေအသက်က(၃၀) ပြည့် ယုံလေးတင်၊ ကျနော်ဆိုဒုတိယတန်းပဲရသေးတယ်၊ ဆုံးတာကလည်း ရေခြား မြေခြား မှာဆိုတော့၊ ကျနော်တို့ဆိုအဖေံ့ရုပ်ကလပ် ကိုတောင်မှ မမြင် လိုက်ရ ဘူးလေ၊ အမေလိုက်သွားတာတော့ မှတ်မိတယ်၊ သိပ်တော့ မကြာ ဘူး အမေပြန်လာတယ်၊ ကျနော် ထက် ငယ်သေးတဲ့ညီလေးအတွက် အမေအလုပ် တွေ လုပ် ရမှာ ဆိုတော့ လည်း၊ အမြန်ပြန်လာ ခဲ့တာ ပဲ ဖြစ် မည်၊ကျနော်တို့ ကျောင်းတက် တော့ အရင် ကလို အမေ လိုက် မပို့နိုင်တော့၊ အိမ်နားက ဦးလေးချစ် ဆွေရဲ့ ဆိုက်ကား ကို လပေး ငှါးပြီးတော့ ကျောင်း ပို့စေတယ်၊ အမေကဈေးထွက် ပြီဆိုတော့ လည်း အိမ်မှာ ကျနော်တို့က အဖွားနဲ့ ကျန် နေရစ်တာ များ ပါတယ်၊ကျနော်တို့ အဖိုးက(အဖေ့ဘက်က) သူ့ ဆီ လာ ပါ ၊ခလေးတွေ အတွက် ထောင့် ပံ့ မယ် လိုံပြောတော့ ၊ အမေလက်မခံ…

“သူများနှာခေါင်းနဲ့ အသက်မရှင်လိုတဲ့”ဆန္ဒနဲ့အမေဘ၀ကိုရုံးခဲ့တာပါ၊အဲပြောရဦးမယ်..အမေကစကားနည်းတယ် ဗျ၊ မလိုအပ်ရင် ဘယ်သူနဲ့ မှမပြော၊ ပြောပြီဟေ့ဆို လည်း ပြောတဲ့ အတိုင်း လုပ်တာ များတော့ အမေ့ကိုတော့ နှစ် ဘက်စလုံးမှာရှိတဲ့ အမျိုးတွေက ရှိန်တယ်..ဈေးသည်ဆို ပေမဲ့ နုတ်မဖွာ၊ အရောင်းသွက်တယ်၊ဖောက် သည်မှန်တယ၊ နောက်တော့ အမေ့လုပ် ငန်းတွေ ပို လုပ် လာရတယ်၊..ငါးတွေ ပုဇွန်တွေ၊ဂဏန်းတွေ၊ ပြည်ကြီး ငါးတွေပေါ့ ဗျာ၊ ကျနော်တို့ မြို့ မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ အား လုံးနီး ပါး အမေ့ ဖေါက်သည်တွေ ဖြစ် လာတယ်၊ဆိုပါတော့… အဲဒါ ကို မကျေနပ် တော့ အမေနဲ့ဈေးရောင်း ဖက် လို့ ပြောရမဲ့ အဒေါ်ကြီး တယောက် က အမေ့ ကိုတိုက်တာ… အဲ လို ဗျ၊။

အဲဒီအဒေါ်ကြီးရဲ့ယောက်ျားက.. နယ်မြေလူ မိုက် လေ…ထောင် ကိုခြင် ထောင်မှတ်တေသူပေါ့၊ ထောင်ဆိုတာ သူ့ အတွက်မဆန်းဘူး၊ အမေ့ဖေါက်သည်တွေဆီသွား..မိုက်ကြေး ခွဲ၊ ခြိမ်းခြောက်၊ ..သူ့ မိန်းမဖေါက်သည်တွေ ဆိုရင် တော့ တပည့်တပန်းတွေ အား ကိုးနဲ့အဆင်ပြေ…ရွှာတွေဖက်ကတက်လာတဲ့ပုဇွန်လှေတွေ၊ငါးလှေတွေဆို .. အမေ့ ကိုရောင်းမယ်ဆိုရင် ချိန်းခြောက်၊အဲ လို ဖြစ်နေတာ ၊ဦးလေးတွေ က သိတော့ ဒီပြဿနာကိုရှင်းမယ်တဲ့ ပြောတော့၊ အမေ့ကသူကိစ္စ သူရှင်း ပါ့မယ်ဆိုပြီးပြောတယ်၊ အဖိုးက ဘယ်လိုရှင်းမလဲ..မေးတော့.. နည်း လမ်းရှိတယ်တဲ့လေ..။

အဲ လိုနဲ့ နှစ်ရက်သုံးရက်လောက် ကြာတော့၊ ကျနော်နဲ့ အမေ..အဖိုးရှိတဲ့ ကမ်းနား လမ်း က အိမ်ကိုသွားတော့

ခုနက ကျနော် ပြောတဲ့ လူမိုက်ဆို တဲ့လူက မုန်းပျားသလက်ဆိုင်နား မှာ ရပ်နေတယ်..အမေလည်း အဲဒီဆိုင်နား ကိုသွားတယ်၊ ကျနော့် စိတ်ထဲ မုန့် ၀ယ် ပေါ့လေ.. ခလေး အတွေးနဲ့ လိုက်သွားတယ်၊ အဖိုးဆီလာတိုင်းအမေက မုန့် ၀ယ် နေကျဆိုတော့ ဘာ မှ မဖြစ် ဘူး လို့ ပဲ ထင်တယ်လေ၊ မုန်သည် ဆီမှာ မုန့်ဝယ်တော့လည်းလေသံက အမေ့ ထုံးစံ အတိုင်း အေး အေး လေး၊ မုန့်သည်နား ကို တိုး ပြီတော့ မိး ဖို နား မှာ ထိုင်..လိုက်တယ်၊ ကျနော့် ကိုတော့ မုန်ံရောင်းနေတဲ့ အဒေါ်နား မှာနေတဲ့၊ ကျနော် လည်း ဘုမသိ ဘမသိအမေခိုင်းတဲ့ အတိုင်းပေါ့ ၊ မုန့်ရောင်းနေတဲ့ အဒေါ်ကြီးနား ကပ်နေလိုက်တယ်.. အမေ့ကို မြင်တော့.. အဲဒီလူမိုက်ကြီးက အမေ့နာ မယ် ခေါ်ပြီးတော့… မိုက်မိုက်ရိုင်းပြောတော့ တာ ပဲ… လင်မရှိတဲ့ အတူ ငါ့ ကို ပဲယူ လိုက်တော့ တဲ့လေ။ အမေပြုံးနေ လိုက်တယ်၊ ကျနော်မကျေနပ်၊ အမေပြုံးနေတာကို ကျနော် မကျေနပ်၊ အဲဒီ လူက အမေပြုံးနေတာကိုမြင်တော့၊ အမေ့နံဘေး မှာထိုင်ချလိုက်ပြီး၊ ထိကပါးရိကပါး ပြော ဖို့ စကာား အစ… မီး ဖိုထဲက မီးစွဲနေတဲ့ ထင်း စကို ဆတ်ကနဲယူပြီးမျက်နာကို ဖြတ်ရိုက်… လိုက်တာ အရှောင် မြန်တော့၊ ရင် ဖတ်ပေါ် ကြ အမေလေး အော် နေတုံး မှာ ပဲ၊ ထမိန်ထဲ လိမ်ယူ လာ တဲ့ဓားနဲ့ ထိုး။ တော့ ဒီ လူ ပြေး.. မပြေး လို့ မရ၊ ဆက်တိုက် ထိုး ချ လိုက်တာ၊နောက် လေး ငါး ချက်ပဲလေ၊ ကျနော် ဘာ လုပ်ရ မှန်း မသိ ၊ ဟို လူ သိပ်မပြေးနိုင် ခင် မှာ ပဲ အမေလိုက်ပြီး ဓားနဲ့ အထိုး မှာ၊ ကျနော် ဦးလေးတွေရောက် လာပြီး အမေ့ ကို ဆွဲ တာ မနည်း ဆွဲရတယ်၊ ကျနော့် အဖိုး က ဘယ် လို ဖြစ်တာ လဲ မေးတော့“ ကျမပြဿနာကို ကျမရှင်း လိုက်တာ ပါတဲ” ဒါပမဲ့ ကိုင်း ထားတဲ့ ဓာမြှေင် ကိုတော့ အမေမလွတ်၊ အဲ လို နဲ့တရားရုံးရောက်တော့ ..မိန်မသားဖြစ် နေတာ ရယ်၊လူ မိုက်စော်ကားတာ ရယ်ကို ရပ် ကွက်ကောင်စီတွေက အစ.. သက် သေလိုက်ပေး တော့၊ ဆေးဇိုးငွေ ကုန် ကျ ခံယုံ နဲ့ ပဲ့ပီးသွားတာ ပါ၊ နောက် ထပ်စော်ကားရင် .. တကယ်သတ်မှာ ပါတဲ့.. တရားရုံးမှာ ကိုပြော ခဲ့ တာ

အဲ လို ပြောနေ လဲ.. “ နင့် အမေက ပြုံးပြုံးလေး ပါပဲ” တဲ့ဦးလေး ကပြန်ပြောကို မှတ်မိနေတယ်၊

အဲ လို ဖြစ်ပြီးတော့ မှ လူ မိုက်လေးတွေ မစရဲတော့၊ ဖေါက် သည် တွေ အမေ့ဆီ ပြန် လာ ခဲ့ကြတာ ကိုတော့ မှတ်မိနေတယ်….နောက်ဆက်တွဲက ဈေး ထဲမှာ အမေ့ကိုစောင်းဆဲ၊ရိဆဲသံတွေ မကြားရတော့ ပါ၊

ကျနော်တို့ ကို အမေဆုံးမတော့ လည်း ၊စကားသံလေး က အေး တယ်၊ရိုက်ပြီဆိုတော့ လည်း မနားတော့

အဲ လို အမေမျိုး ပါ၊ဘယ်သူ့ ကို မှ ထိခိုက် အောင် မလုပ် ခဲ့၊ သူက ကို ထိ ခိုက် လာပြီဆိုရင် လည်းအမေ့တုံ့ ပြန်မှုက.. ပြင်း ထန် လွန်းတယ်၊

အဲအမေငိုတာတော့မြင်ဖူးတယ်။သစ်ရွက်စိမ်းတွေကြွေတုံးက။နောက်ပြီးတော့..ေ၇ွှအိုရောင်တိမ်တိုက်တွေပြိုတုံးက..နုတ်ခမ်း တွေက..သွား နဲ့ ကိုက်ထားလို့..အနီရောင် တွေစွန်းနေတယ်လေ။

လေးစားစွာဖြင့်…..ဥပသကာ။

Thursday, May 7, 2009

မဟာကဆုန်လပြည့်နေ့(၁)

လပြည့်နေ့ တိတိကျကျဆိရရင်တော့ ကဆုန်လပြည့်နေ့၊ တကယ် တော ကျနော်
ကိုယ်တိုင် လည်း မနေ့ ကမှ ဒီကနေ့ လပြည့်နေဆိုတာ ကို သတိထား မိတာ ပါ၊ ဘာ
ဖြစ် လို့ လည်း ဆိုတော့၊ ဘုရား ဒေသစာရီ ကြွနေတာ ကို ဖူးတွေ့ရ လို့ ပါ၊
ဟုတ်ပါတယ် လေ၊ ကဆိုန် လပြည့် နေမရောက် ခင် လဆန်း တိုင်း ဒီပကာင်္ရာ မြတ်စွာ
ဘုရားကို မြို့တွင်း လှည့် လည် အပူဇော် ခံပြီး ရေ သွန်း ပူဇော် ကြတာ အခု
ဆို(၆၅) ကြိမ်မြောက် လေ၊အဲ လို မြတိစွာ ဘုရား အပူ ဇော် ခံတိုင်း လည်း၊
နေဘယ် လောက် ပူပူ မိုး ကရွာ မြဲ…၊ မနေ့ က ဘုရာ ပွဲ စ တယ် လေ၊
တမြို့ လုံး မှာ အပူ ဇော် ခံ တယ်၊ ပွဲစံတွေ၊ ပွဲရံတွေ၊ စည် တော်
တွေပြီးတော့ ယိမ်း အကတွေ နဲ့ ဒိုး ပတ်တွေနဲ့
အရှေ့ ဆုံး က တော့ အ၀တ်ဖြူနဲ့ ဥပသကာ လူ ငယ် လေးတွေ သာ သနာ အလံ ကိုယ် စီ
လွင့် လို့.. နောက် တော် ပါး က ဒီပင်္ကာရာ မြတ်စွာ ဘုရား ရှင် ကိုယ် တော်
မြတ်ကြီး က ပန်းရထားပေါ် မှာ စံနေ တဲ့ မြင် ကွင်း ကို မှန်း ဆကြည် ညို သိ
စေ ချင် တယ် လေ။… အဲ လို ပဲလေ…..။

မှန်ဆကြည့် တယ်----တစ် ချိန်တုံး ကရမ္မာ ၀တီ..ဒီပင်္ကာရာ မြတ်စွာ ဘု၇ား
ကသုဒဿနကျောင်းတော် ကြီး မှာ သီတင်းသုံးပြီး လပြည့်နေမှာ မြို့ ထဲ ကြွ
မှာဆိုတော့.. မြိုသူမြို့ သားတွေ အလုပ်များနေကြ ပါလိမ့် မယ်၊ လူ တိုင်း
လည်း လှနေကြ ပါ လိမ့် မယ်၊ အသွင်သဏ္ဍန်အရ လည်း လှနေကြ ပါ့ မယ်၊ အနှစ်သာရ
အား ဖြင့် လည်း လှနေကြ ပါ လိမ့်မယ်လေ…။

အဲဒီ အချိန်မှာ.. အလှ တကာ့ အလှဆုံး ဖြစ် ဖို့ အတွက်..ကြွ လာတာ က..
အလောင်းတော် မြတ်သု မေဓါ..အား လုံး အသိ..ဒီအတဲက မှ လှတာလေး ကို ကျနော်
တွေး မိလို့ ရေး ဖြစ်တာ ပါ၊ တန်ခိုး အဘိဥည်တွေနဲပကောင်း ကင် ပေါ် က ဈာန်
နဲ့ကြွ လာတဲ့ ရသေ့ မြတ်ဆို တော့၊ လူတွေက အား ကိုး တကြီး နဲ့၊ အခက်ဆုံး
လမ်း ကို ပြင် ဖို့ပေး၊ရွံ့အထူးဆုံး၊ြီအောင်ညှိရ အခက်ဆုံး ကိုပေးကြ၊
တန်းခိုးတော်နဲ့ဆိုရင် တခဏခြင်း နဲ့ အပြည့်အစုံပြီး မှာ
ကိုး၊ဒါပေမဲ့အလောင်းတော်မြတ်တကယ်အသုံးချခဲ့တာကအဘိဥည်တန်ခိုးမဟုတ်၊ကာယတန်ခိုး၊ညာဏတန်ခိုးတွေ
ကိုသုံ ရင်း နဖူး ကချွှေး ခြေမ တော် အကျ။ အပင်ပန်း ခံပြီး ကိုယ်တိုင်ပြင်
သူ၊ သူများ မယူရဲသော တာ ၀န် ကိုယူသူ၊ သူ များ မလုပ် ချင် သော အလုပ် ကို
လုပ်သူ။

ကြည်ညို လိုက်တာလေ.. ကိုယ်နဲ့နိုင်းပြီးကြည် ညို လိုက်တာ ဒီနေရာမှာ
ကျနော် သာဆို.. ဘယ် လို လုပ် မလဲ.. လော က လူ သားတို့ ထုံး စံ
အတိုင်းငွေရှိသူက ငွေ အား ကိုး၊ အာဏာရှိသူ က အာဏာ အား ကိုးပြီး၊ ကိုယ်
လိုရာ ကို ဖန်တီးကြ ပါလိမ့် မည်၊ တရား သည် မတရား သည် ကိုနောက် မှရှင်းပါ
လိမ့် မယ်၊ အခု အလောင်းတော် မြတ်ကြီး က တန်ခိုးတော် ကို သုံး လို့ရ ပါ
ရက်နဲ့၊ သူတော် ကောင်းတွေ ကဲ့ရဲ့ မှာ စိုး လို့.. အဲ လို မြင့်
မြတ်တဲ့အတွေ အကြံ ဆန္ဒ နဲ့ ကိုယ့် အား ကိုယ် ကိုးလမ်း သစ် ထွင်၊သူ၊
အလောင်းတော့ ဘ၀ ကတည်း က တောင်မှ၊ ကိုယ့် အား ကိုယ် ကိုးခဲ့ တဲ့
အလောင်းတော် မြတ်၊ဘုရားရှင် ဖြစ် တော်မူ တဲ့ အခါ ` မိမိကိုယ် သာ ကိုး
ကွယ် ရာ၊ အား ထားရာ ဟု´ ဟော ခဲ့ သည်မှာ.. မဆန်းတော့ ..ဟု မှန်းဆကြည်ညို ရ
ပြန်တယ်၊။

` ငါသိသလို သိစေရမယ်၊ သတ္တ၀ါတွေကို သံသရာမှ လွတ်အေင် ကယ်မယ်ဆိုတဲ့´
စိတ်ဓာတ်နဲ့ အရှေ့ မှာ ရှိတဲ့ နိဗာန်ရွှေပြည် သွားရ ထား ကို
စီးနိုင်ပါရက်နဲ့ မျက်နှာ လွဲ ခဲ့သူ၊ ကိုယ့်ရှေ့ ကရွှေ ခွက်ကို တယောက် ထဲ
မယူ ပဲ အများ ကို ဝေမျှပေးရဲသူ.. မဟာအာဇာနည်တို့ ရဲ့ စိတ်ဓာတ် ကို
ကျနော်ခပ်ညံ့ညံ့လူ က မှန်းဆပူဗဇာ် နေမိတယ်၊

အာ လုံး အတွက်၊ လူတွေ နတ်တွေ၊ ခမ်းသိမ်းသော သတ္တ၀ါ တွေ
အတွက်မိမိအသက်ကိုယ်ဖက်ရွက် လို စွန့်ဝံ့သူ
သစ္စာတည်း ဟူသော တကယ့် အမှန်တရား ပြန်ံပွားရေး အတွက် နောင် လာမဲ့
ဘ၀ပေါင်းများ စွာ ကို စတေး မဲ့ သူ.. ကျနော်တို့ ကနေ့ရှိခိုး နေရတဲ့ေ၈ါတမ
ဘုရား အရှင် ဖြစ် လိမ့်မယ် လို့ ဗျာဒိတ်တော်ရ ခဲ့တဲ့သူ..
မဟာသုမေဓါ…ပြီးတော့ မဟာကဆုန်လပြည့်နေ့။… ကိုမှန်းဆပူ ဇော်ရင်း

Friday, May 1, 2009

အမေသို့ တမ်း ချင်း

မကြာ ခင်တုံး က လွန်သွား ခဲ့ တဲ့ အမေ့ မွေးနေ့ မှာ ကျနော် က စာ နည်း နည်း
လေးရေး မယ် လို့ စိတ် ကူးရှိ ပေ မဲ့ တကယ် ကျတော့ ကျနော်မရေး ဖြစ် ပြန်
ဘူး လေ၊ လူ တိုင်း မှာ အမေရှိ ကြ တော့ ၊ အမေ တွေ ကို ဥ ပမာ တွေ အမျိုး
မျိုး နဲ့ တင် စားကြ တာ ကို ဖတ်ရ သိ ရ၊ ကြားနေ ရ တယ် လေ၊ ကျနော် လည်း
အမေ့ ကို တင်စား ဖို့ စကား လုံးရှာနေ ပြန်တယ

ပင်ပန်းလွန်း စွာ နဲ့ အိပ်ပျော် နေပြီ ဖြစ်တဲ့ အမေ့ကို ကြည့် ရင်း၊
ကျနော့် စိတ် တွေ အတိတ်ကို ပြန်နေမိတယ်… တချိန်တုံး က မိန်း မချော တစ်
ယောက် ဖြစ် ခဲ့ သော အမေ ၊ အခုတော့ ဇရာ အရိပ် အထက် လောကဒဏ် အရိုက် အပုတ်
ကို အံကြိတ် ခံရင်း၊ အား တင်း ခဲ့ ရ တဲ့ အမေ….သူ ကိုယ်တိုင် ကမှ အတန်း
ကျောင်း ကို မှန် အောင် မနေခဲ့ရပေမဲ့၊ သားတွေ ကို ပညာတတ် စေ ချင် ခဲ့ သော
အမေ…..သားတွေ စိတ် ကို အမြဲ ဖတ်၇င်း အလို မှန် သမျှ ကို ဖြည့် နိုင် အော
င် ကြိုး စားနေ ခဲ့ တဲ့ အမေ…သားတွေကျောင်း စရိတ် အတွက် ဈေးတောင်း
ခေါင်းရွက်၊ ချက် ချက် တောက် ပူ တဲ့ နေ ရောင် မှာ ငွေရှာ ရင်း ကျောင်း
စရိတ် ပို့ ခဲ့ သော အမေ၊ ….. တခါ တလေ…` သားရယ် သား တို့ ကို အမေက ဘာ မှ
သင် မပေး နိုင် ဘူး´ လို့ ပြော ခဲ့ သော အမေ… တကယ် တော့ အမေ က လက် တွေ့
နဲ့ သင် ပေး ခဲ့ တာ အမေကိုယ်တိုင် မသိ ခဲ့။

မတရား တာ ကို မလုပ် မိအောင်၊ တရား မျှတမှု အတွက်အလုပ် လုပ်တတ်အောင်၊အထူး
သဖြင့် စိတ်ရှည် တတ် သော သီး ခံတတ် သော၊ ကိုယ့် ကျင့် ကို တန်ဖိုး ထား
တတ် သော ယောက်ျား ဖြစ် အောင် အမေ သင် ခဲ့ သည် သာ။အမေ..သည် ကတိကို တန်
ဖိုး ထာ သူ၊ အမေသည် ကိုယ့် စကား ကို ကိုယ် တာ ၀န် ယူတတ် သူ၊ အမေ..သည် ဟန်
ဆောင်မှု ကင်း မဲ့ သူ၊ အမေသည်… ကျနော်တို့ အတွက် ဘ၀ လမ်း ပြ၊ စာ မတတ် သော
် လည်း ငါ တတ် ဖြင့် ကျနော်တို့ ကိုဦးဆောင် ခဲ့ သူ….။

အ မေသည် ကျနော် တို့ အတွက် လိုအပ် လာ လျှင်ဓါး တစ်လက် ဖြစ် ခဲ့ သို၊ ပန်ဒ
တစ် ပွင့် လည်း ဖြစ် ခဲ့ ပါ၏၊ သားတွေနဲ့ ပတ် သက် လာ လျှင် ဘယ်တုံး က
မှအပြုံး မပျက် ခဲ့ သောအမေ…

ကျနော်တို့ အား ယောက်ျား နီတိ၊ ယောက်ျား အတတ်၊ ယောက်ျား စိတ် ဓာတ် ကို
သွန်းလောင်း ပေး ခဲ့သော အမေ…။

အိပ် ပျော် နေတဲ့ အမေ့ ကို..ကြည့် ရင်းး နီုင်စရာရှာ သော် လည်း မတွေ့..
အမေ အတွက် ယှဉ် ဖက်စကား လုံး သည် `အမေ´ သာ လျှင် ဖြစ် သည် ဟု မှတ် ယူရင်း
အမေံ အား အကြိမ်ကြိမ်ဦး ချ မိ ပါသည်။

Friday, April 24, 2009

အတွေ့ ချင်ဆုံး လူ(၁၀)ယောက်

အခုတလောစာရေးချင်ပေမဲ့မအားလွန်းကံဇတ်ဆရာစီရင်ဖန်ဆင်းအပ်သော၊ဘ၀ဇာတ်ခုံပေါ် တွင်၊ ကျနော်သည်ခုနှစ်ထွေအကကိုပိုင်နိုင်အောင်ကနေရသည်မို့၊ခုဘီလူး တော်ကြာရသေ့
နောက်တဖန်ဇော်ဂျီ…စသည့်ဇတ်ရုပ်များကို ကျရာအရုပ်အဟုတ်တူအောင် ကနေရင်း နဲ့ ပဲ၊
ဘလော့မလည်ြုဖစ်၊စာမဖတ်ဖြစ်…ပိုဆိုးတာက မြန်မာ ပြည်ကြီး၏ မဟာကွန်နက်ရှင်၊…ထား ပါတော့လေ..သည်မျှသုံးနေရသည်ကိုပဲ..ကျေးဇူးတင်နေရပါသည်။

မကလျာက(မေတ္တာရောင်ပြန်)က တက်ဂ်ထားတဲ့ အတွေ့ ချင်ဆုံးလူ…အဲ(၁၀) ယောက်ထဲ ဆိုတော့ ရေးရကျပ်နေပြန်သည်၊ တကယ်တွေ့ ချင်နေတာက အား လုံးကိုပါ၊ ရေးဖေါ်ရေးဖက် အား လုံးကိုတွေ့ ချင် ပါသည်၊ ကျနော့် စိတ်ထဲမှာ အား လုံး ကို တကယ့် မောင် နှမလို ပဲတွေ့ ချင်ပါသည်၊ မောင်နှမတွေ မိတ်ဆွေတွေ..ကလျာဏမိတ်တ္တတွေ.. ထိုထက်ပိုပြီးပြောရလျှင် အတူတကွ သံသရာ ခရီးသွားဖေါ်များဟုဆိုသော်…ဆိုကောင်းပါ၏။

ကလျာဏမိတ္တ..ရှင်တော်ဗုဒ္ဓက ..“ငါသည်အလုံစုံသောသူတို့၏ ကလျာဏမိတ္တ” ဟု ဆို၏
ထိုမလွဲသောစကာဖြင့်မိတ္တဂုဏ်ကိုချီးမွမ်း၏..သို့သော်ကလျာဏမိတတသာလျင်…ကလျာဏကို၊ပါဠိအဘိဓာန်တွေ ထဲမှာ နာမ၀ိသေသနအဖြစ်(၈)မျိုး၊ နာမ်အဖြစ်(၄)မျိုး ဖွင့်ကြောင်းကို
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က ရေး ထား ဖူး သဖြင့် မှတ်မိနေသည်၊

ကလျာဏမိတ္တကို အဆွေ ခင်ပွန်းကောင်းဟု ပြန်၏၊ ထို ခင်ပွန်းကောင်တွေကို ကျနော် တွေ့ ချင် ပါသည်၊ မ်တ်ဆွေကောင်းတွေ နဲ့ ပက်သက် လို့ ပိဋကတ်တော်တွေ ထဲမှာ ဖတ်ဖူး ပါသည် လက်လှမ်း မှီသလောက် ပေါ့လေ။ ကျနော်ကိုယ်တိုင် ကလာည်း မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားနေသည်။ သို့သော် မဖြစ် သေးဟုထင်၏၊ မိတ်ဆွေကောင်း မဟုတ် တောင်မှ။

အညဒတ္ထုဒရ မည်သော အပေးမရှိသည့် မိတ်ဆွေတု။

ဝစီပရမ မည်သော နုတ်ဖြစ်သာပေးလေ့ရှိသော မိတ်ဆွေတု

အနုပီယဘာဏီ မည်သော အကြိုက်လိုက်ပြီးမြှေက်ပစ်ပြောဆိုတတ်သော မိတ်ဆွေတု။

အပါယသဟာယ မည်သော ပျက်စီးရာ ပျက်စီးကြောင်းတို့ တွင်သာ ပေါင်း ဖေါ်တတ်သော
မိတ်ဆွေတု..တော့ မဖြစ်လို။

ကျနော့်အတွက်တော့ ကျနော်မိတ်ဆွေများအာ လုံးသည်၊
ဥပကာရ မည်သော အကျိုးပြုမိတ်ဆွေများ

သမာနသုခ ဒုက္ခမည်သော အေးအတူပူအမျှနေတတ်ကြသည့် မိတ်ဆွေ

အတ္ထက္ခာယီ မည်သော အကျိုးစီးပွားရှိရာအကြောင်း ကို သာပြောတတ်သော မိတ်ဆွေ

အနုကမ္ပကမည်သော အစဉ်သနာ စောင့်ရှောက်တတ်သော မိတ်ဆွေ များ ဟု ကျနော်ဆို ပါသည်။
ထိုမိတ်ဆွေများအား လုံးကို ကျနော်တွေ့ ချင် ပါသည်… သို့သော် မူလ တဂ်သော ဆရာက (၁၀) ယောက်သာ ဟုဆိုချေသောကြောင့်……..။

အစ်ကိုကြီးမင်းဒင်

ကိုလူလှ
ကိုသင်ကာ

ညီလေးအလှတရား
ညီလေးဖိုးသား

မသက်ဇင်
တူမတော်မက်မက်
ညီမတော် ပင့်ဂိုးလ်
မသဇင်ဏီနဲ့

ကျနော်က နတ်သမီး လို ခေါ်တတ်တဲ့ နတ်သမီး ဘလော့ ပိုင် ရှင် ၀င်း ၀င်း တို့ ပါ

အရမ်းစာရေးကောင်းတဲ့ အကိုတွေ ညီတွေ ညီမတွေ အမ တွေရှိသေးတယ် နော် နောက် လာ မယ် ပေါ့ပေါ့လေးတွေ ကို ရင် ထဲရောက် အောင်ရေးတတ် ကျ သူတွေရေ….

ငြိမ်းချမ်းကြ ပါစေ။

Tuesday, March 31, 2009

ပန်မိတဲ့ ဆု

ဘယ်သောအခါမှ.......
ရင်မှာ မရှိ၊ မတွယ်ငြိပဲ
စိတ်ထဲရှိယောင်၊ဟန်ဆောင်ပလီ
ချိုသီစကား၊ငါ့နုတ်ဖျားမှ...

မပြောလို။ ။

ဘယ်သောအခါမှ.....
ယုတ်မာညစ်ညူး၊ဘီလူးလောဘ

လိုဆန္ဒကို၊ငုတ်လျိုရင်မှာ
ကာဖုန်းဝှက်ပြီး၊မျက်နှာချိုးထား
မာယာများနဲ့၊ချဉ်းကပ်လာသူမဖြစ်လို။ ။

ဘယ်သောအခါမှ......
တဏှာငွေမက်၊ ရောယှက်ထွေးနှေင်
ဟန်ဆောင် အချစ်၊စင်စစ်မဟုတ်
ဝတ်ရည်စုတ်ယုံ၊လူပုံဖန်ဆင်း
ရင်တွင်ဘီးလူး၊ရမက်ကြူးသော
လူယုတ်ယောက်ျား၊ မဖြစ်လို။ ။

ဘယ်သောအခါမှ
မျောက်ပြဆန်တောင်း၊သာပေါင်းညာစား

အထက်ဖားအောက်ဖိ၊လူအသိပျောက်
အဆင်းချောက်တွန်း၊မနောယုတ်မာ
လူသိက္ခာမဲ့၊ ဘုရားကဲ့ရဲ့
သူတော်မဲ့သော၊ယောက်က်ျားလူယုတ်မဖြစ်ပါလို
ပန်ဆုဆို၏။

Saturday, March 14, 2009

မြက်ပင်၊ တိမ်တိုက်နဲ့ လူ

ညက တုန်းက လပြည့်ကျော် တစ်ရက်နေ့ဆိုပေမဲ့ လမင်း က အရမ်း ကို သာနေတယ်၊ လကြီးက ပိုပြီးဝိုင်းစက်လာ သလိုပဲ လေတချက်မွှေ့ လိုက်တိုင်း ဆောက်တည်ရာမဲ့တိမ်တိုက်တွေက …ပရမ်းပတာတွေဖြစ်ကုန်ရော.. ငွေနားကွပ် တိမ်တိုက်ဆိုတဲ့ ဂုဏ်တွေက နေ့ဖက်မှာ ကျန်ခဲ့ပြီလေ၊ အခုတိမ်တွေမှာ ငွေနားကွပ်မရှိတော့.. အကွပ်မဲ့ကြမ်း ပရမ်းပတာဆိုပေမဲ့ မိုးကောင်းကင်ကို ဟီးလေးခိုပြီး မာန်ဝင့်နေတဲ့ တိမ်တိုက်တွေ ၊လောကကြီးကို အပေါ်စီးကနေ ကြည့်နေမယ်ဆိုတဲ့ တိမ်တိုက်ပျံတွေ လေတစ်ချက်မွေ့တိုင်း ထားရာနေ စေရာသွားနေရတဲ့ ဗေဒါတပွင့်လောက်တောင်မှ တန်ဖိုးမရှိတော့။ လောကစကားနဲ့ဆိုရင်တော့ အပေါ်ထပ်အဆောက်အဦးက အနှစ်မဲ့ဘ၀တွေလို့ဆိုရမလား…

“သား မင်းသူတို့ကိုအားကျနေလား”

ကောင်းကင်ကို ဟီးလေးခိုပြီးတော့ နေကြတဲ့ တိမ်တိုက်တွေကို ကြည်ပြီးတော့ နေတဲ့ မြစ်ပင်ပုစုကွေးလေးကို မြက်ပင်အဖေက မေးတော့….

ဟုတ်ကဲ့ .. သားသူတို့ လိုဖြစ်ချင်တယ်” ဆိုတဲ့ မြက်ပင်ပုစုကွေးလေးရဲ့စကားကို မြက်ပင်အဖေက ကြားတဲ့အခါ…

“သားရေ.. အားမကျစမ်းပါနဲ့ မိုးကောင်းကင်မှာ နေရလို့ လွပ်လပ်တယ်မင်းထင်နေရင်တော့ မှားပြီ၊ သူတို့ခမျာ နေထွက်ပြီးအရမ်းပူ လာရင် ကျူးကျော်ရပ်ကွက်မှာ တဲတိုးပြီးနေတဲ့ လူတွေ လို ပဲ စစ် ဆေးရေးတွေရောက် လာရင် ဖယ်ပေး၊ ဖျက်ပေးရတယ်၊ နောက်ပြီး လေတိုက် လာတဲ့ အခါ စည်ပင်အခွန်မပေးနိုင်လို့လျှောက်ပြီးပြေးနေရတဲ့ လမ်းလျှောက်ဈေးသည်လို နေရာ တကျ မနေနိုင်ဖြစ်ရတယ်၊ ပြီးတော့ ကောင်း ကင်ရဲ့ ဘုရင်လို့ ပြောနေတဲ့ နေမင်းကြီးရဲ့အလို အရ နေ့တိုင်း မှာ အချိန်တိုင်းမှာ အရောင်တွေပြောင်းပြီး နေကြရတာ ပါကွာ သူများနှခေါင်းနဲ့အသက်ရှူနေကြတာ လေ။ ဘာလဲဟိုတခါက တိမ်တိုက်တွေနဲ့ရန်ဖြစ်ထား လို့စိတ်မကောင်း ဖြစ် နေလား ပြီးတော့ မြေကြီးပေါ်က နင်းပြား လို့ အခေါ်ခံရတာ ကို သားဝမ်းနည်းနေလား”

“ဟုတ်တယ်အဖေ..ဒီတုံးက သူတို့ဝတ်ထားတဲ့ အကျီက ငွေရောင်လေးတွေနဲ့သိပ်လှတယ်..အဖေရ”

“ အား..ငါ့သားအတု ခိုး မှာနေပြီ..ဒါက ခဏလေး အရောင်တင်ထားတာ.. အခုသားရှေ့ မှာ ရှိတဲ့ ကတ္တရာလမ်း လိုပဲ လူကြီးတွေ လာမှာ မို့ ခဏလေးကောင်းနေတာ ၊ လူကြီးတွေ လည်း ပြန်ရော လမ်းလည်း ပျက်ရော..ဒါသား လည်း တွေ့နေတာ ပဲ၊ အခု လည်း ကောင်း ကင် က ဘုရင် နေမင်း လာ လို့ ခဏငှါး ၀တ်တာ လေ နေမင်းကြီး ပြန်ရင် လူ လုပ်ထားတဲ့ လမ်း ထက် တောင် ငွေရောင် တွေ က ပျက် မြန်သေးဟ။

ပြီးတော့ သားရေ.. သူတို့ဘ၀ က သနားစရာပါ ကွာ သူတို့ပုံတွေကြည့် ပါလား တော် ကြာ ဘီလူး ပုံ ဖြစ် လိုက် တော်ကြာ မင်းသား ဖြစ်လိုက် တော် ကြာဂွမ်းပုံဖြစ်လိုက် ဇတ်မင်းသမီးတွေ လို အရောင် တွေပြောင်း လိုက်..မော လိုက်တာကွာ၊ အခု အဖေတို့ က မြက်.. လမ်းဘေးကမြက် မွေး လာတုံးကစိမ်းနေတယ် အခု အရွယ်ရောက် လာတော့် လည်း စိမ်းနေတယ်…

သေခါနီး သက် ကြီး မြက် ဖြစ် နေတာ တောင်မှ စိမ်းနေတုံး ပါ ကွာ၊ ဟို နား လမ်းထောင့် အိမ်က ကိုကြွယ် လိုစီး ပွားရေး သမားမျိုး အလုပ်ကွက်ရအောင် ဘယ်သူ့ဆီ ဘယ် လောက် ပေးရ၊ ဘာ အတွက် ဘယ် လောက်လှူရ မရှိဘူး ကွာ၊ အစိမ်းရောင် ဖြစ် ခွင့်ရ ဖို့ ဘယ် သူ့ ကို မှ ဟန် လုပ် ဖားနေစရာ မလို ဘူး ကွာ..နဂို ကတည်း ကအစိမ်းရောင်ပဲလေ… အခု လည်း စိမ်း မယ် နောင် လည်း စိမ်း မယ်ပေါ့ကွာ။။ ဟုတ်ပီ လား..

အမ်.. ဒီက အဖေပြောနေတာတော့ နား မထောင်ဘူး.. လူတွေ ရပ်ပြောနေတဲ့ စကား ကို နားထောင် နေတယ်…သား

မြက်ပင်ပြောတဲ့စကား ကို ပျင်းနေလား…

မဟုတ် ဘူး အဖေရ … လူတွေပြောနေတာ က နားထောင် ကောင်း နေလို့ ပါ..ဟို မှာကြည့်လေ အဖေ.. ကျနော် တို့ အရှေ့ အိမ်ကကျောင်း အမ ကြီးပြောနေတာ ဘယ်လောက်လှူပြီး ပြီ နောက် ဘာ လှူရမလဲ..ဆိုပြီးတော့.. အားကျလို့ ပါ.. အဖေရာ…။

အပြစ် မပြောချင် ဘူး သားရေ မင်း ငယ်သေးတာ ကိုး.. တခါတုံး ကသားပြောတဲ့ ကျောင်း အမကြီးက နာမည်ကျော်ဆရာတော် ကြီးတပါး ထိုင်တဲ့ကျောင်း မှာ မုခ်ဝ မလှူရ လို့ ပြန် ခဲ့တာဗျ ၊နာ မည်မပါရင် မလှူ ဘူး သားရေ…

ပြီးတောု သား မတွေ့ ဘူး လားစားစရာမရှိ၊ သောက်စရာ မရှိတဲ့ ကလေးတွေ လာရင် ခွေးနဲ့ တိုက် လွတ် တာ၊ တခါတုံး ကဆိုကောင် လေး တစ် ယောက် အကြောက် လွန်ပြီး ပြေးရင်း ငါ့ ပေါ်တောင် ရှူရှူးတွေ ပန်း ခဲ့သေး..ငါတို့ မြက် လေကွာ..သားရေ။

နေဦးသား အဖေမေးဦးမယ်..လူတွေက ပါးစပ်နဲ့ပြောနေတာ က တကယ်ကွာ ဘာမှမရှိရင် နေ အကျင့်တရားနဲ့ စိတ်ဓာတ် ကောင်းရင်ရပီဆိုတာ ဒါပေမဲ ဒီကိုယ်ကျင့်တရားတို့ ရိုးသားမှုတို့၊ သစ္စာရှိမှုတို့ နဲ့တင် တောင်လို့ ညားသွားတဲ့ သတိုးသမီးသတိုး သားရှိ လား.. မရှိ ဘူးနော်..ငွေနဲ့ ပစ်ဝယ်ပြီး လက် ဖွဲ့ ပစ္စည်း အဝေ မတည့် တာနဲ့ ညမအိပ်ပဲ ကွဲကြတာ ပဲ မြင် ဘူး ပါတယ်သားရေ။

ဒီတော့ လူ တွေ ကိုယ် ကျင့်တရားဖေါက်သလို .. ငါ့သား လည်း အပင် ကျင့်တရား မဖေါက်နဲ့ ငါတို့ အပင် တွေက ကာဗွန်တိုင် အောက်ဆိုဒ်ကိုရှူပြီးတော့ လူတွေ အတွက် အောက်စီဂျင် ကိုပြန် ထုတ် ပေးမယ်၊ ပြီးတော့ လူတွေခြေနဲ့နင်း လည်းကြီးပြင်းပေးရမယ်၊ ရေမလောင်းလည်း ရှင်သန် ပေးရမယ်၊ လူတွေ ဘာလုပ်လုပ် .. ငါတို့က အမြဲတမ်း ကြီး ထွားပြီး အစိမ်းရောင်ရှိနေအောင် လုပ် ဖို့ပဲစဉ်းစား ပါ ကွာ…။

ဟော..ပြောရင်းဆိုရင်း..လေတွေတိုက် လာပီ… မင်း အထင်ကြီးတဲ့ တိမ်တိုက် တွေ အမဲရောင် ပြောင်းပြီး ငိုရတော့ မယ်…။

လာသား အဖေတို့ လက် တွေ မြဲမြဲထား ပြီးတော့ အဖေတို့အရိပ် ကို ခို ဖို့ လာတဲ့ ပုရွက်ဆိတ်တွေကို လုံအောင် လွင့်မသွားအောင် ကာပေးထား… အပင် ကျင့်တရား နဲ့ ညီအောင် နေကြစို့သားရေ… မိုးရွာ လာပြီ…။ ။


Thursday, March 12, 2009

အဖေတစ်ခု သမီးတစ်ခု

အဖေတစ်ခု သားတစ်ခု ဇာတ်ကားကို ကျနော် ငယ်ငယ်လေးတုံးကတော့ ကြည့်ဖူးတယ် အဲဒီရုပ်ရှင် ဇတ်ကားထဲမှာ ဦးစိန်မြင့် သရုပ်ဆောင်တာ ကောင်းလွန်းတော့ ပရိတ်သတ်တွေ ငိုကြ လွမ်းကြ.. နောက်ဆုံးဦစိန်မြင့်.. အကယ်ဒမီ ရခဲ့တဲ့ဇာတ်ကားပေါ့လေ။

အခုကျနော်ကတော့ ကံဇာတ်ဆရာလို့ပဲ ပြောရအောင်နော် .. ရိုက်နေတဲ့ အဖေတစ်ခု သမီးတစ်ခု ဇာတ်ကားကို ပီပြင်အောင် ကပြနေရတဲ့ သရုပ်ဆောင် ပေါ့ဗျာ။ ကျောင်းတွေက စာမေးပွဲပြီးတော့ အချိန်တွေပိုနေတဲ့ သမီးအတွက် ဘာ သင်ပေးရမလဲဆိုတာ ကိုတွေးနေမိတယ်.. တက်ရမဲ့ သင်တန်းတွေက တောင် ပုံရာပုံရှိနေတယ်.. ပြီးတော့ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေ ယဉ်ကျေးမှု သင်တန်းတွေကလည်း ရှိနေတော့.. ပေးတက်ရမလားပေါ့လေ စဉ်းစားနေရပြန်တယ်။

လောလောဆယ်တော့ ခဏနားခိုင်းထားပေမဲ့၊ နောက်တက်ရမဲ့ ပဉ္စမတန်းအတွက် စာတွေကိုကြိုကျက်နေတဲ့သမီးကို ကြည့်ရင်း ကျနော် ပင့်သက်ချနေမိတယ်၊ သူများနောက်မှာ နေကျန်ခဲ့ရမှာကို ကြောက်သောသမီး… စာကို ခင်တွယ်နေသော သမီး.. သမီးကို ပြန်ပြီးမေးတတ်အောင် လေ့ကျင့်ပေးခဲ့သော ကျနော့်ကိုယ် ကျနော် တခါတလေ အပြစ်တင်ချင်သည် ဘာကြောင့်မှ ပြန်ပြီးစောဒကတက်ခွင့် မရသော၊ ပြန်မေး ခွင့် မရသော ကျောင်းစာ ခန်းများတွင် စာ သင် ရမယ့် ခလေး ကို

ကျနော် သည် ပြန် မေးတတ်အောင် လေ့ကျင့်ပေးခဲ့ မိတာ ကို ပေါ့၊

ပြီေးတာ့.. သမီးစာဖတ်တာက ပို မြန် လာ သလို မှတ် လည်း မှတ်မိ လာနေတယ်၊ ဒီအကျင့် လည်း ကျနော် လုပ် ခဲံတာ ပါ မိသားစုရဲ့ အိမ်မက် ဆိုး ကို သမီးဆီရောက် မသွားစေ ဖို့ စိတ် ဓာတ် ကျမသွား ဖို့ ၊ ထွက်သမျှ ခလေး ဖတ်စရာ မှန်သမျှ၊ ရွှေသွေး၊ မိုးသောက် ပန်း ၊ရတနာ ပန်း ခင်း၊ ပုတုတုလေး၊ သူ ငယ်တန်းကတည်း က စာ လုံးပေါင်းပြီးဖတ် နေတဲ့ သမီး ၊နောက် တော့ ပုံပြင် တွေဖတ် လာတယ်၊ သူဖတ်ချင် သမျှကာ တွန်းရုပ် ပြစာ အုပ်များ ကို၊ ကျနော် ၀ယ်မပေး သည့် တိုင် အောင် ကျနော်တို့ မြို့ရဲ့ အကောင်းဆုံး စာ ပေလို့ပြော နိုင်တဲ့ ဘ၀သစ်စာပေက သူ ငယ် ချင်း က သူ့ စိတ် ကြိုက် မွေနှောက် ခွင့်ြ့ပုထား တာ မို့၊ စာ ဖတ် မြန် လာ တာ လေ၊

ဘ၀သစ် စာ ပေဆိုတာ က တကည် လည်း စာ အစုံဆုံး စာ အုပ် ဆိုင် ပါ၊ ရှား ပါးစာ အုပ် တွေ မှန် သမျှ ရှိတယ် ကိုယ်တိုင် လည်း ဖတ်ပြီး ၊စာအုပ် ကိ ၀ါသနာအရ လုပ် နေတာ ပါ၊ အထူး သဖြင့် ဘာ သာ ပြန် တွေ က ပိုစုံတယ်၊ ကျနော့်  အား ကိုးရာပေါ့..ဟီး တကယ်ရှားနေတဲ့ ဘာ သာ ပြန် တွေ အဟောင်းတွေ ကို လက် လွတ် မခံ လိုက် ၀ယ် တင်ပြီး ထားနေတဲ့ဆိုင်…အမြတ် အစွန်း ကို ထည့် မတွက် ဘူးလေ၊…သူ လို ချင် သော စာ ကျနော့် ဆီမှာ ရှိသလို ကျနော် လို ချင် သော စာ များ လည်း သူ့ဆီမှာ ရှိနေတော့ .. အဆင်ပြေ ပေါ့ ဗျာ..သမီး ကကြား က အမြတ်ရတယ် သူ့စိတ်ကြိုက် စာ အုပ် ဖတ် ခွင့် ရနေတာ ကိုး တခါတလေ သမီး စာ အုပ် သွား ယူပြီး မဖတ်တဲ့နေ့တွေ (ကျောင်း ပိတ်နေ့)တွေ ကိုယ်တိုင် သယ် လာပြီးပေး ဖတ်ခိုင်း တာလေ။

အခု လည်း လွန်ခဲ့တဲ့ မိနှစ် သုံးဆယ် က ယူ ခဲ့တဲ့ ကားတွန်း သုံး အုပ်စလုံး ဖတ်ပြီး အဖွား ကိုတောင် ပြန် ပြောပြနေပီ။ နောက်ပြီး တော့ ကျနော့် ကို လှမ်းပြောတယ် “ အဖေရေ.. ကာ တွန်း က စာ နည်း နည်း လေးတဲ့” နောက်ဆို စာ များတဲ့ ဟာ ပဲ ယူ တော့ မယ်တဲ့..လေ။

တခါတလေ..စာ အုပ်ကိုယ်စီနဲ့ ဇိမ်ကျနေတဲ့ ကျနော်တို့ အိမ်ကို ဖြတ်သွား သူတွေကြည့်ပြီးပြုံး သွား ကြတာ တွေ့ရ တယ်။

ပြီးတော့ ကျနော်တို့ သား အဖက သီ ချင်းကြိုက်တယ်.. အကြိုက်တူ တဲ့ သီချင်းက ကိုလေးဖြူရဲ့ အလွမ်း များ ကိုငှက်ရဲ့ မြို့ ပြ လရောင် တမ်း ခြင်း … သမီး ငယ်တုံးက သားချော့တေးလေ။

အခုတော့ ညဖက် လသာ တဲ့ ညတွေ မှာ ကျနော်ဂစ်တာ တီး ရင်း သမီးကို ဆို ပြနေတဲ့ သီ ချင်းပေါ့။

မြို့ ပြညတွေ… ခါးသီးစွာ ဖြတ် သန်းရင်း……….။

Wednesday, February 25, 2009

ထေရ၀ါဒသို့ ဦးခိုက်ခြင်း အပိုင်း(၂)

ကျနော်အနေနဲ့ ဘာသာရေးစာပေအတော်များများကို ဘာကြောင့်ရေးဖြစ် လည်းဆိုရင် ကြီကျယ်တယ် လို့ပဲပြော ကြပါစေ
ဗုဒ္ဓရဲ့ အဆုံးအမကို ဗုဒ္ဓအလိုတော်ကျသိစေချင်တယ်..မြတ်စွာ ဘုရားရဲ့တကယ့်ဆို လိုရင်းကဘာ လဲဆိုတာကို ကျနော်တို့ မသိသိအောင်ကြိုးစား အား ထုပ်သင့်တယ်လို့ ကျနော်ယုံကြည်တယ် ကျနော်ယုံတဲ့ အတိုင်း ဘုရားစကားတော်မှန်သမျှကို ပေါ်ယံအသိလေးနဲ့ တင် သိပြီးမနေမိအောင်ပေါ့လေ ကြိုးစားနေမိတယ် ဆရာရှာတယ် ကိုယ့်ရင်ထဲမှာရှိတဲ့ သံသယဆူးကို ချိုးဖို့ ပြီးတော့ မှားနေတဲ့အယူကို အမှန်ရောက် အောင်ပြပေးဖို့ ဆရာ ရှာတယ် ။ချည်းကပ်တယ် မေးမြန်းတယ် ပြောတဲ့အတိုင်း လိုက်နာတယ် ကျင့်တယ် ဒီလုပ်နေရင်းနဲ့မှသံသယရှိလာရင် ရင်ထဲမရှင်းလာရင် မေးတယ် မရှင်းရင် ရှင်းအောင် လုပ်နိုင်တဲ့သူကိုညွန်ပြစေတယ် ညွန်တဲ့ဆီသွားတယ်။

ကျနော်ဆိုတဲ့ အကောင်ကလည်း ရှင်းလေထုံလေမေးခွန်းတွေများလာလေပါပဲမရှင်းလို့ရှင်းပါတယ်ဆိုနေမှအဲဒီလို ရှင်းတဲ့နေရာက မေး ခွန်းတွေကပြန်ထွက်လာတယ်အဲဒီလိုနဲ့ကျနော့်မှာဆရာတွေများလာတယ်အသားလည်းနဲနဲကျလာတယ် ဆိုပါတော့..ရင်ထဲလည်းရှင်းတန်သမျှရှင်းလာနေပြီလေ၊ အကုန်လုံးတော့မရှင်းသေးဘူးဗျ။

ရှင်းတယ်ဆိုတဲ့နေရာမှာ လည်း ၊သုတမယညဏ်၊စိန္တမယညဏ်၊ ဘာဝနာမယညဏ်ဆိုပြီး တဆင့်ထက်တဆင့်မြင့်တဲ့ညဏ် တွေထဲမှာတောင်မှ ကျနော်ရှင်းတာသုတမယညဏ်လေးပါဗျာ အဲဒီသုတမယညဏ်နဲ့တင်ရှင်းသင့်သလောက်ရှင်းဖို့ ကျနော်မ နည်းကြိုးစားခဲ့ရတာပါ။
နော်ထပ် စိန္တာမယညဏ် နဲ့ ဘာဝနာမယ ညဏ်တွေအတွက် လက်ကျန်ဖြတ်သန်းရမဲ့ အချိန်တွေမှာ ကျနော် ကြိုးစားရဦးမှာ လေ..။ တကယ်စစ်မှန်တဲ့ထေရ၀ါဒ ဆိုတာတခြားဘယ်ဘာသာကိုမဆို စော်ကား၊ပုတ်ခတ်၊ အတင်းပြောချင်း အလျှင်းမရှိဘူး လို့ကျနော် သင်ခဲ့ရပါတယ်၊မြတ်စွာဘုရာပွင့်တော်မူလာခြင်းဟာ လောကသားအားလုံးအတွက် ကောင်းကျိုးကိုဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်။ဒီအတိုင်းလည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ၊နောက်ဆုံးအချိန်ရောဂါတန်း လမ်းနဲ့တောင်မှ လောက အတွက် လုပ်ဆောင် တော်မူသွားတာကို အားလုံးသိပြီးသာပါ။

အရပ်စကားနဲ့ပြောရရင်အိပ်စက်ချိန်အလွန်နည်းနေတဲ့ကြားကအလုပ်တွေလုပ်ခဲ့တာကိုတွေးမိတိုင်းရှိခိုးမဆုံးဖြစ်ရပါတယ်
မနက်မိုးသောက်အာရုံတက်တာနဲ့ဘယ်သူ့ကိုကူညီရမလဲဆိုတဲ့စိတ်နဲ့နိုးတော်မူနေပါပြီတွေ့ပြီဆိုတာနဲ့အတန်စားမခွဲရောက်အောင်သွားပြီး ချွှတ်တော်မူတယ်၊

သစ္စာညဏ်ရောင်အတွက်ဘ၀ပေါင်းများစွာပါရမီဖြည့်တော်မူခဲ့တဲ့မြတ်စွာဘုရားကိုတွေးမိတိုင်းလည်း
သာသနာတော်ရဲ့တန်ဖိုးကိုပိုပြီးသိလာသလိုခံစားရတယ်၊ကျနော်တို့အခုရှိနေတဲ့အဆုံးအမတွေကိုတကယ်တန်ဖိုးထားတတ်နေရဲ့
လားဆိုတာမေးစရာတွေပေါ့၊ ကျနော်တို့ရဲ့နိုးထခြင်းဟာမြတ်စွာဘုရားလို အကောင်ဆုံးနိုးထခြင်းမဟုတ်တောင်မှ ခြေဖ၀ါးတော်အောက်က ခြေမုန့်လေးလောက်တော့မြတ်စွာဘုရားကိုအတုခိုးကျင့်ကြံသင့်ပါတယ်လို့ကျနော်ယုံတယ်လေ၊မြတ်စွာဘုရားရဲ့
အဆုံးအမ တွေဟာ လက်တွေ့ကျင့်နိုင်ဖို့အထိသိထားတတ်ထားရမဲ့တာဝန်ဟာကျနော်တို့အားလုံးမှာရှိပါတယ်၊။

မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဟာ၊သစ္စာကိုဦးတည်နေတယ်၊ပရမတ္ထသစ္စာနဲ့သမုတိသစ္စာကိုဦးတည်နေတယ်၊ဒီတော့မြတ်စွာဘုရားရဲ့
အဆုံအမတိုင်းကိုသစ္စာမြင်အောင်ကြည့်ပါမှဘုရားအလိုတော်ကျဖြစ်ရမှာပါနောက်တဆင့်ထပ်ပြီတွေးကြည့်ရအောင် ကျနော်တို့ညဏ်စွမ်းရှိသလောက် လေးပေါ့။

မြတ်စွာဘုရားပွင့်တော်မူလာခြင်းအကြောင်းအရင်းက လောကကို ဘာဝနာမယညဏ်ဖြင့် သုညတ မြင်အောင်ကြည့်ဖို့ ဒီအဆင့်ထိ ကျနော်တို့သွားရမှာ အဲဒီမတိုင်ခင်ပြုကျင့်ရမဲ့ အကျင့်တွေထဲမှာ အစဦးက သီလ(ကိုယ်ကျင့်သိက္ခာ)ဆိုတာ အားလုံးလက်ခံတယ်၊ဒါပေမဲ့ကျနော်တို့ဆီမှာ။ ကိုယ်ကျင့်သိက္ခာပိုင်း အရမ်းအားနည်း နေပြီ၊နိုင်ရင်ပြီး ရတာအကုန်ယူဆိုတဲ့
အဟေတုက၀ါဒတွေကို ရင်ထဲမှာထာနေကြပြီး ထေရ၀ါဒဆိုတာပါးစပ်လောက်ပဲကျန်နေတဲ့အနေထားပါ၊

ထေရ၀ါဒကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့ မိမိအတ္တကိုတတ်နိုင်သလောက်ခ၀ါချဆေးကြောရမယ်လေ၊ပထမအဆင့်က လူကိုလူလို့မြင်တဲ့အမြင်ရှိဖို့လိုပါတယ်၊ဒုတိယအဆင့်ကလူကိုရုပ်နာမ်အဖြင့်မြင်ရပါ့မယ်နောက်ဆုံးတတိယအဆင့်ရောက်တော့မှ လူကိုသုညတအဆင့်မြင်ပါလိမ့်မယ်၊မလွယ်တော့မလွယ်မှန်းသိပါတယ်၊လုပ်ရမှာပါလေ၊ထေရ၀ါဒရှုထောင့်ကလောက
ကိုကြည့်မယ်ဆိုရင်တော့.....

မေတ္တာနဲ့ သုညတ ဒီနှစ်ခုကိုတိတိကျကျကိုင်စွဲအသုံးချရပါလိမ့်မယ်

မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့လွဲနေပါတယ်၊ နဲနဲလေးမဟုတ်ဘူးခင်ဗျ ၊အများကြီးကိုလွဲနေပါတယ်၊ အခုဆိုရင်သာသနာတော်နှစ်ပေါင်း၂၅၅၂နှစ်ရှိပါပြီ၊ကျနော်တို့ဆက်ပြီးလုပ်ရပါ့မယ်၊မေတ္တာဆိုတော့တခြားဘာသာတွေမှာလည်း မေတ္တာရှိနေတာပဲ ဘာကွာလဲ၊ဒါသိကိုသိရမယ့်ဟာလေနော်၊

ဒီတော့စဉ်းစားပါ ဘယ်လိုကွာလဲ၊ ထေရ၀ါဒကိုအမှန်တကယ်ချည်းကပ်မယ်ဆိုရင် အရေးပါတဲ့အချက်ထဲမှာ ကိုယ်ပိုင်ညဏ်ပါတယ်၊ ဆရာ့ညဏ်၊စာအုပ်ညဏ်၊အငှါးညဏ်မဟုတ်ဘူး၊ ကိုယ်ပိုင်ညဏ်ပါ၊

ကျနော်လည်း သိသလောက်လေးပြန်ပြောနေတာပါ၊ဒီသသနာတော်ကြီးကိုအခြေခံပြီးတည်ဆောက်ထားတဲ့ ကျနော်တို့ယဉ်ကျေးမှု၊ဥပဒေ၊တွေကို ပြန်ကြည့်ပေးကြပါ၊

ဒီတော့ဒီသာသနာတော်ကြီး ပျက်စီးခြင်း၊ကွယ်ပျောက်ခြင်းဆိုတာ၊ ကျနော်တို့ကွယ်ပျောက်တာပါပဲ၊ဒီတော့ဒီတာဝန်ဟာ
အာလုံးမှာရှိနေပါတယ်ဆိုတာကိုတော့ ပြန်ပြောချင်တယ်လေ မေ့နေမှာစိုးလို့ပါဗျာ။

ကျနော်ဘာမှမဟုတ်ဘူး သာသနာတော်ကိုချစ်တဲ့သာမန်လူတစ်ယောက်ပါ၊အဲ သာသနာတော်ကို ချစ်တဲ့သာမန်လူတစ်ယောက်ပါ၊ သာသနာတော်ရဲ့တန်ဖိုး ကို နား လည် အောင် ကျိုးစာနေသူတစ်ယောက်ပါ ထိုက်သင့်သလောက် လည်း နား လည် ပါတယ်။

အခြေခံအကျဆုံး ကျမ်းစာ လို့ကျနော်တို့နား လည်နေတဲ့ပရိတ်တော်ကြီးတွေ ထဲမှာတောင် ကျနော်တို့ မသိနိုင်သေးတဲ့ လမ်းညွန်ချက်တွေပါနေပါတယ်(မှတ်ချက်- ပညာရျင်များတတ်သိနားလည်ပြီးသူများ ကို မဆို လိုပါ ၊ကျနော်ကန်တော့ ပါတယ်)
ထေရ၀ါဒပိဋကတ်တော်ကို အခြေခံပြီးရေးတဲ့ စာမှန်သမျှဟာ သစ္စာနဲ့ မလွတ်ပါဘူး၊ ဒီတော့ စာဖတ်တိုင်း သစ္စာ ဆိုက်အောင် ဖတ်ဖို့က ကျနော်တို့တာ ၀န်လေ၊
မြင်တဲ့ အမြင်တိုင်း ကလည်း သစ္စာ ဆိုက် အောင် မြင်တဲ့ အမြင် ဖြစ်ဖို့ လို ပါတယ်၊ အငှားသိ ကို ဦးစားမပေး ဦးခေါင်းမချတဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုအငှားသိနဲ့လမ်းဆုံးနေတာဟာမြတ်စွာဘုရားကိုစော်ကားနေသလိုပါပဲ လို့ ကျနော် ထင်တယ်။
ဒီတော့ အင်မတန်လေးနက်သိမ်မွေ့တဲ့ ထေရ၀ါဒ ဆိုတာ သမုတိသစ္စာရော ဓ ပရမတ္ထသစ္စာကိုပါ ပိုင်နိုင်သိမြင်စေတဲ့ အနိင်းမဲ့သင်ကြား ချက် ပါလို့ မှတ် ယူနား လည် နေမိပါတယ်။

Tuesday, February 24, 2009

အမြင်

သစ္စာကိုရှာဖို ငါဟာတိမ်တိုက်စီးပြီးခရီးထွက်
မေတ္တာ ကိုရှာဖို့ ငါဟာ မြေလွှာအနှံ့ခရီးဆက်
မာယာရထားနဲ့တူတဲ့ တိမ်တိုက်က
ငါ့ကို သစ္စာဆိုတာ ကိုသင်ပေးတယ်
ပြပေးတယ် သိစေတယ်။

ခန္တီအားနဲ့တူတဲ့မြေလွာက
ငါ့ကို မေတ္တာဆိုတာကို သင်ပေးတယ်
ပြပေးတယ် သိစေတယ်။

မိုးတိမ်နဲ့မြေလွာ
အခြေနေခြားကွဲသော်ငြားလည်း
ညဏ်စိုက်သက်ဝင်
အနှစ်မြင်သော်
ရှင်တော်ဗုဒ္ဓ
မြတ်ဓမ္မကို မုချသိလိမ်မည်သာတည်း။

Tuesday, January 6, 2009

စလေဦးပုည၏ သင်္ဂါယနာမှတ်တမ်း

ကျနော်စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့ လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်း အပိုင်း (၂)ကို ရပ်ပြီး ကြား ဖြတ် တင်လိုက်တာပါ အဲ မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ် ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။

စာအုပ်နာမယ်က သာသနမုခကျမ်း

ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း

(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)

( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)

အကြိမ်က (တတိယအကြိမ်)

ခုနှစ်က (မြန်မာ ၁၃၁၄ ခု)

ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်

ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)

၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။

တန်ဖိုး ၂- ကျပ်တဲ့

အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်

တစ်ခြား တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင် မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ ၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။ အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။

ရွာစဉ်ရွာစားမင်းလှ သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ (၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။


ပဋ္ဌမသင်္ဂါယနာ။ ။ ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀ တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။


ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည် ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။


တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ် သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ် ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။


စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း ၀ဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက် ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။


ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။


ဆဋ္ဌမသင်္ဂါယနာ။ ။ သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော ၀ိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။


သတ္တမသင်္ဂါယနာ။ ။ ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊ ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။


အဋ္ဌမသင်္ဂါယနာ ။ ။ ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ် ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။

န၀မသင်္ဂါယနာ ။ ။ ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ် (၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။


ဒသမသင်္ဂါယနာ။ ။ အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊ ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သင်္ဂါယနာတင်သည်။



ဧကဒသမသဂ်ါယနာ။ ။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ် သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒသီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊ ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း ၀န်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊ သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊ ၀ိနည်း၅ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ (၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊ ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။

ဒါစလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသလောက် သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည်ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊

အခုသော်ကား သာသနာတော်အရှည်တည်တံ့နေစေရန် အကျွန်တို့ဝန်သာဖြစ်တော့အံ့။

Sunday, January 4, 2009

Tag Post




နှစ်တစ်နှစ်ရဲ့နောက်ဆုံး ည တဲ့ တူမတော် Dream က Tag လာတော့ ဘယ်လိုရေးရမလဲပေါ့ စဉ်းစား တယ် နောက်ဆုံးဆိုတာ နိဂုံးချုပ်တာကို ပြောလို့ရပါတယ် ထပ်ပြီးမဖြစ်တော့တာပေါ့နော် တကယ်ကော ကျနော်တို့ ဘ၀တွေ ပြီးတော့ ညတွေ နိဂုံးချုပ်သွားပြီလား လို့ ကိုယ်ဟာကိုယ် မေးမိပြန်တယ် လက်ရှိဘ၀တွေ ချုပ်ပြီး နောင်ဘ၀အသစ်တွေစမဲ့ဟာက သေချာနေတော့ အဆုံးမဲ့တဲ့ ဘ၀ဖြစ်စဉ်တစ်ခုပေါ့ အခုဘ၀လူ နောက်ဘ၀ခွေး နောက်လာမဲ့ ဘ၀တွေ ခန္ဓာတွေ..မဆုံသေး ဘူးဆိုတော့ နိဂုံးအတုပေါ့ဗျာ။

အခုလည်း နှစ်သစ်အစတဲ့ နှစ်ဟောင်းကုန်ပြီပေါ့ဗျာ။ အတိတ်ဖြစ်သွားပြီပေါ့၊ကျနော်တို့ခြေလှမ်းတွေ က မကြာခင်မှာ တဖက်ကိုကူးတော့မယ်လေ။ နေံ့စဉ်မကြာခဏ စိတ်ထဲရွတ်နေဖြစ်တဲ့ သံဝေဂအလကာင်္ တစ်ပုဒ်ကို ပိုပြီးသတိရလာတယ် လေးလေးနက်နက်ဆင်ခြင်လာတယ်။

“တစ်နေကွယ်၊သေနယ်ကိုတစ်နေ့ကူး

နေကွယ်ပါများရင်ကွယ့်

သေနယ်ကိုသွားရမယ်

တားမရဘူး”

ကျေးဇူးရှင်လယ်တီဆရာတော်ကြီး ရဲ့ဒီသံဝေဂ လင်္ကာလေးကို ကျနော်မကြာခဏ ရွတ်ဆိုမိနေတယ်။

နောက်ဆုံးညတဲ့၊တိတိပပဆိုရရင်တော့် 2008 နှစ်ဟောင်းရဲ့နောက်ဆုံးည ကျနော်နှစ်သစ်ကို ငြိမ်း ချမ်းစွာထွေးပွေ့ချင်တယ်၊ထွက်လာမဲ့နေမင်းကိုမေတ္တာနဲ့နုတ်ဆက်ကြိုဆိုချင်တယ်အလားတူပဲအား လုံးကိုလည်း ရင်ထဲငြိမ်အေးစေချင်တယ် အဲ လိုငြိမ်းချမ်းအောင် လုပ်မယ်ဆိုရင်တော့ ပြိုပျက်စပြုနေပြီ ဖြစ်တဲ့ ထေရ၀ါဒ အဆောက်အအုံကို ကျနော်တို့တက်ညီ လက်ညီ ပြန်ဆောက်ရမယ်။ဒီလိုတွေးရင်းနဲ့ ကျနော်ဘုရားပေါ်တက်ပြီး တရားဦဓမ္မစကြာင်္ကို ရွတ်ဆိုဆင်ခြင်မိတယ် နှစ်ဦးလေ..တရားဦးနဲ့ ပူဇော်ခဲ့တာပေါ့ နောက်တော့် သန္တိသုခနိုင်ငံတော်ရဲ့ ပထမခြေလှမ်းလို့ပြောနိုင်တဲ့ သရဏဂုံကို လယ်တီဆရာတော် ဘုရားကြီးရေးသားတော်မူခဲ့တဲ့ မဟာသရဏာဂုံ ကြီးကို ရွတ်ဖတ်ပူဇော်ရင်း

ကျနော်စိတ်ကိုနှစ်နေလိုက်တာ။


ပြီးလို့ကြည့်လိုက်ချိန်မှာတော့.. ဟော နေထွက်တော့မယ် လေ၊နှစ်သစ်တစ်ခုရဲ.နေ့သစ်က အရှေ့ ဆီမှာစနေပြီလေ။

ငြိမ်းချမ်းကြပါစေ။







Friday, January 2, 2009

ထေရ၀ါဒသို့ ဦး ခိုက်ခြင်း(၁)

မြတ်စွာဘုရား၏ အဆုံးမသာသနာတော်သည် အိန္ဒိယ၌ BC ၆ ရာစုမှစခဲ့ပြီး AD ၁၂ ရစု၌ကွယ်၏။ ခန့်မှန်းတွက်ချက်ရမည်ဆိုလျှင် ပင်ရင်းဋ္ဌာန၌ သာသနာတော်ဟူသော မြတ်စွာဘုရား၏ အဆုံးအမ သည် နှစ်ပေါင်း(၁၈၀၀)မျှသာ တည်ခဲ့ပြီးနောက်၊ ၀ါဒအန္တရယ်၊ ပြည်တွင်းပြည်ပ အန္တရယ်တို့ကြောင့် မူလနေရာ၌ ကွယ်ပျောက်ခဲ့ရပါ၏။

ဗြာသ္မဏ၀ါဒနဲ့တိုက်ခိုက်ရင်း မူလထေရ၀ါဒသည် မဟာယနသို့ ကူးခဲ့ရ၏။ နောက်ဆုံး မူလပင်မ နယ်မြေ ဖြစ်သောအိန္ဒယမှ လွင့်ထွက်ခဲ့ရသည်ကို ကျနော်တို့တွေ့ရ၏၊ ဖတ်ရ၏၊ ထို့အတူ ကြားနာခဲ့ရပါ၏။ ကျနော်တို့သည်လည်း စစ်မှန်သော မြတ်စွာဘုရား၏ အဆုံးအမကိုရခဲ့ပါ၏။ ရခဲ့သည်ဟုဆိုရာ၌

ဒဿနလည်းပါ၏၊ ကျင့်စဉ်လည်းပါ၏။ ၀ိဇ္ဇာ(အသိ) စရဏ(အသိနဲ့ထပ်တူညီသောအကျင့်) ကို လည်းရခဲ့ပါ၏။ သို့သော် ကံတရားကြောင့် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ တရားတော်ကို ရခဲ့ပါသည်ဟုဆိုလျှင် သာသနာတော်အား ကျနော်တို့ဆီအရောက် သယ်ဆောင်လာခဲ့ကြကုန်သော မထေရ်မြတ်တို့နှင့် သာသနာပြု ပုဂ္ဂိုလ်အပေါင်းတို့၏ ကျေးဇူးတရားကို မေ့နေခြင်းသာဖြစ်ပါ၏။ လောက၌ ကျေးဇူးကင်းသူဟူ၍မရှိ သူ့ကျေးဇူးကိုသိပြီး ဆပ်ရမည်သာ။

ထိုကျေးဇူးရှင်တို့၏ စွမ်းဆောင်မှုတို့ကြောင့် ရရှိလာသော ကျနော်တို့၏ ရေမြေပေါ်၌ ထေရ၀ါဒသည် အမှန်တကယ်ခိုင်ခန့်စွာ ရပ်တည်နိုင်ခဲ့ပြီးဟုဆိုလျှင် ကျနော်တို့သည် အမှန်တကယ်ငြိမ်းချမ်းသော တိုင်းပြည်ကို တည်ဆောက်နိုင်ပြီးဖြစ်ပါမည်။
စင်စစ် မြန်မာပြည့်သို့ ထေရ၀ါဒရောက်ရှိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုလွှတ်စဉ်ကပင် ဖြစ်၏။ အထောက်အထာမခိုင်သော အဖြစ်များရှိနေစေ ကာမူ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက မြန်မာပြည်သို့သာသနာရောက်ခဲ့ကြောင်း ဘုရားသမိုင်းမျာကဆို၏။

ထိုမျှ နှစ်ပေါင်းကြာခဲ့ပြီ်ဖြစ်သော ကျနော်တို့အမိမြေပေါ်ရှိ ထေရ၀ါဒသည် မပြိုနိုင်သောအင်းအားဖြင့် ရပ်တည်နိုင်ပါပြီလော?

ထိုမေးခွန်းကို ဖြေရန်အတွက် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကို ပြန်လည်တူးဖေါ် ရပါလိမ့်မည်။
အမှန်အားဖြင့် ဗုဒ္ဓ၀ါဒဟူသည် သစ္စာဝါဒသာဖြစ်၏။ မြတ်ဗုဒ္ဓကို တနည်းအားဖြင့် “သိသူ” ဟုဆိုကြ၏။ ဘာကိုသိသနည်းဟုမေးသော် သစ္စာတရားကို သိသူဖြစ်ပါ၏။ လောက၌ သိစိတ်ရှိသော သတ္တ၀ါတိုင်း သည် သိစရာအာရုံကို သိကြသည်သာဖြစ်ပါ၏။ သို့သော် သိပုံခြင်းကားမတူချေ။ သိသည်ဟူဆိုရာ၌ လည်း ကွဲသေး၏။ မိမိညဏ်အဆင့်ကို မှီ၍ အသိကွဲကြသည်မှာ လောကနိယာမဖြစ်သည်သာ။

သုတမယညဏ်ဖြင့်လည်း သိ၏။ စိန္တာမယညဏ်ဖြင့်လည်း သိ၏။ ဘ၀နာမယညဏ်ဖြင့်လည်း သိ၏။
ထိုကြောင့် ကျနော်တို့၊ အန္ဓပုထုဇဉ်တို့၏ အမြင်အရ လူတွင် ဆင်းရဲချမ်းသာ၊ ကုလားတရုတ် ရှိ၏။
ကလျာဏပုထုဇဉ်တွင် လူကို လူလိုမြင်၏ အရိယာအဆင့်တွင်မူ ရုပ်နာမ်ဓမ္မ သင်္ခါရအဖြစ် မြင် သည့်တိုင် အဆင့်ဆင့်သွား၏။ မြတ်စွာဘုရားအတွက်မူကား ကိလေသာကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်၍ လောကတစ်ခုလုံးကို သုညတ အဖြစ်သာမြင်တော့၏။
သို့အတွက် မြတ်စွာဘုရားရှင်၏ အဆုံးအမဓမ္မသည် ဘက်လိုက်မှုအကင်းဆုံးဖြစ်ပါ၏။

ကိလေသာတန်းလန်းနဲ့ ပြုစုထားသော အယူအတွေးများတွင် အနည်းနှင့်အများဆိုသလို ဘက်လိုက်မှု ပါသည်ကို ကျနော်တို့ တွေ့ရမည်သာဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ မဟာသြ၀ါဒကား။

မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား

ဟု လူတိုင်း အထူးသဖြင့် ဗုဒ္ဓ၀ါဒကို လေ့လာဘူးသူတိုင်း သိနေပြီးဖြစ်ပါ၏။ သို့အတွက် ထေရ၀ါဒကို သုံးသပ်ဆင်ခြင်ရာတွင် အဆိုပါတရားကို လက်ကိုင်ပြုရမည်သာ ဖြစ်သည်။

ထေရ၀ါဒ၏ ပန်းတိုင်သည် သန္တိသုခဖြစ်၏။ ပန်းတိုင်သို့သွားရာတွင် ကျနော်တို့သည် ကိလေသာ မစင်သေးသည့် အားလျှော်စွာ မကောင်းမှု၊ ကောင်းမှုတို့ကို ပြုလုပ်မည်သာ ဖြစ်ပါသည်။ သို့သော် လည်း ကျနော်တို့သည် မိမိ၏အတ္တအား ရှေ့တန်းမတင်မိစေရန် ကြိုးစားအားထုတ်သင့်ပါ၏။

မကောင်းမှုကို မလွဲသာ၍ ပြုလုပ်ရသည့်တိုင်အောင် လောက၌ ဓမ္မထွန်းကားရေး အတွက်သာ ဖြစ်သင့်ပါ၏။
အမှန်စင်စစ် ထေရ၀ါဒကို လက်တွေ့ကျင့်သုံးမည်ဟု ဆိုပါလျှင် မိမိကိုယ်ကျင့်သိက္ခာကို ဖြူသည် ထက် ဖြူအောင် သီလဖြင့် ဆေးကြောရပါမည်။ မိမိစိတ်ကိုလည်း ဖြူသထက်ဖြူအောင် သမာဓိဖြင့် လည်းကောင်း၊ ဘာဝနာဖြင့်လည်းကောင်း အထပ်ထပ် ဆေးကြောသန့်စင်စေရပါမည်။ ထိုသို့ မဟုတ်ပါက ကျနော်တို့၏ထေရ၀ါဒသည်လည်း ကျနော် တို့မြေပေါ်မှ လွင့်ပါးလိမ့်မည်။
ဤနေရာ၌ အလွန်မှတ်သားဖွယ် သံဝေဂရဖွယ် ကျနော်တို့ ဆင်ခြင်သုံးသပ်ရမည့် စကားတချို့ကို ထပ်၍ တစ်ခါပြန်ပြောရပါလျှင်….

“ထေရ၀ါဒ အုတ်မြစ်ဟူသည် ကျောက်သားများ၊ သံများ အင်္ဂတေများမဟုတ်။
အဆောက်အအုံဆိုင်ရာ ပစ္စည်းဟူသမျှတို့သည် တစ်ချိန်က မည်မျှပင်လက်ရာမြောက်စေကာမူ
နေက်ဆုံးတွင်မူ ဘာသာရေးအတွက် တန်ဖိုးမရှိလှတော့ဘဲ ရှေးဟောင်းသုတေသန အတွက်သာ
အသုံကျတော့၏”
ထိုကြောင့် “ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာဖြစ်၏”
(ဆရာကြီးဦးရွှေအောင်)