Thursday, January 31, 2008

သသာနာတော်အရေးတွေးပေးပါ(၃)

အခုတလော ထေရ၀ါဒသာသနာတော်အတွက်ရည်စူးပြီးတော့ စာရေးဖြစ်တယ်၊ တကယ်လိုအပ်နေတယ်လို့ ခံစားမိလို့ပါ၊ ဘုရားပြောတာတမျိုး၊ လိုက်လုပ်တာကတမျိုး၊ တလွဲစီဖြစ်တာတွေ တွေ့နေရတာများတော့၊ သိသလောက်လေးကို ဝေမျှယုံပေးပါ၊ သိလွန်းတတ်လွန်းလို့တော့ မဟုတ်ဘူး၊ မှားတာတွေဟာ ကြာလာရင် အမှန်ဖြစ်သွားတတ်တယ်။ အခုကျွန်တော်တို့တိုင်းပြည်မှာက ဗုဒ္ဓ၀ါဒရဲ့ အခြေခံလိုအပ်ချက်တွေကို စေ့စေ့ငှငှ လေ့လာဖို့ အရမ်းလိုအပ်နေပါပြီလို့ဆိုရင် ရယ်(ရီ)ကြမလားဘဲ။ စဉ်းစားကြည့်ပါ … ၀ိပဿနာ တရားစခန်း တိုင်းမှာ လူတွေ အရမ်းကိုများပါတယ်။ တရားစခန်းကထွက်တဲ့အခါ ဒီလူတွေရဲ့ နှလုံးသားတွေ ပြောင်းလဲ သွားကြပါသလား ? ဘာကြောင့် အဲလိုဖြစ်ရတာလဲ ? တရားရဲ့ဂုဏ်တော်ထဲမှာ `အကာလိကော´ `အခါမလင့် အကျိုးပေး၏´ ဆိုတဲ့ ဂုဏ်တော်ပါပါတယ်။ အဲဒီတရားရဲ့ အကျိုးကိုရော တကယ်ခံစားခဲ့ရပါသလား ? ရှိတော့ ရှိပါလိမ့်မယ်။ ရှားပါတယ်။ နှလုံးသားထဲတွင် တကယ့်တရား မကိန်းအောင်းသ၍ နှလုံးသားကိုပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ပါ။ လှူတန်းတဲ့နေရာမှာလည်း တကယ်လိုအပ်နေသော နေရာများ၊ ပုဂ္ဂိုလ်များကို မျက်ကွယ်ပြု၍ ရေများရာရေလျှံကာ လှူဒါန်းနေကြသည်ကို တွေ့ရပါသည်။ အလှူ့ရှင်တော်တော်များများသည် ကားစီး၍ သွားနေသော နာမည်ကြီးသည့် သံဃာတော်အရှင်သူမြတ်များကိုသာလှူဒါန်းချင်ကြပါသည်။ ကျောင်းတိုက် အတွင်း နေထိုင်၍ စာပေများကိုသင်ကြားနေသော၊ သာသနာ့ဝန်ကို မိမိနိုင်သည့်ဘက်မှ ကျေပွန်စွာ ထမ်းဆောင်လိုသော ဆင်းရဲသည့်သံဃာတော်များကိုလည်း မမေ့သင့်ပါ။ ကျွန်တော်သည် ဤသို့ စာပေသင်ကြား နေသော ဆင်းရဲသည့် သံဃာတော်များကို မြင်ရသည့်အခါ အလွန်တရာ ၀မ်းနည်းမိပါသည်။ ဥပသကာ၊ ဥပသကီများအနေဖြင့် ဘတ်(စ်)ကားတိုးစီး၊ ဝေးလံသောခရီးများကို ခြေလျင်ကြွမြန်း၍ ဆွမ်းတစ်နပ် ရရန်အတွက် အားသွန်ခွန်စိုက်ပြီး ကြိုးစားနေရသော သံဃာတော်များကိုလည်း မပင်ပန်းရအောင် စောင့်ရှောက် သင့်ပါသည်။ မြတ်ဗုဒ္ဓသည် လောကမှ လွတ်မြောက်ကြောင်းဖြစ်သော လောကုတ္တရာတရားများကိုသာ ဟောကြားခဲ့သည်မဟုတ်။ လောကီလူ့ဘောင်မှ လူသားများအတွက် ကျင့်သင့်ကျင့်ထိုက်သော လူ့ဝတ္တရားများကို ဟောကြားခဲ့ပေသည်။ သို့တိုင်လျက် ကျွန်တော်တို့လူ့ဘောင်မှလူသားများ မေ့နေကြသည်လော ? မသိ၍လော ? ဟောပြောဆုံးမမည့်သူ မရှိ၍လော ? ထိုဝတ္တရားများကို မကျင့်ကြတော့သည်ကို တွေ့ရသည်မှာ ၀မ်းနည်းဖွယ် ကောင်းပါသည်။ မိဘ၀တ်ကို ရသော မိဘများ၊ ဘယ်နှယောက် ကျန်သေးသနည်း။ ထိုမိဘတို့သည် ဘုရားဟော ခဲ့သော မိဘ၀တ္တရားအတိုင်း ကျင့်ခဲ့ကြသည်လော ? အလားတူပင် သားသမီးတို့သည်လည်း ဘုရားဟောသည့် သားသမီးကျင့်ဝတ်အတိုင်း မိဘအပေါ် ကျင့်ရကောင်းမှန်း မသိကြတော့ချေ။ အလားတူပင် ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်၊ အလုပ်ရှင်ကျင့်ဝတ်တို့ကို မည်မျှ လိုက်နာနေကြ သနည်း။ ယခု ထေရ၀ါဒနိုင်ငံဟုဆိုသော ကျွန်တော်တို့နိုင်ငံ၌ပင်လျှင် ထိုကျင့်ဝတ်တရားတို့သည် ပျောက်ကွယ် နေပါ၏။စင်စစ်ကျင့်ဝတ်ဟူသည် သီလ သိက္ခာသာဖြစ်၏။ထို့သီလကို မစောင့်ထိန်းနိုင်လျှင် သမာဓိ ဖြစ်ရန်မလွယ်ပါ ။ သမာဓိမဖြစ်ပါက ပညာစခန်းဖြစ်သော နိဗာန်သည် ကျွန်တော်တို့နဲဝေးနေအုံးမည်ဖြစ်သည် ။သို့ဖြစ်လျှင် ထေရ၀ါဒသာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ထိုကျင့်ဝတ်သိက္ခာတို့ကို ပြန်လည် အသက်သွင်းတည်ဆောက်ရန်လိုအပ်ပါကြောင်းကို မျှဝေခံစားရင်း … … … … ။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ …. ။
အခုတလော ထေရ၀ါဒသာသနာတော်အတွက်ရည်စူးပြီးတော့ စာရေးဖြစ်တယ်၊ တကယ်လိုအပ်နေတယ်လို့ ခံစားမိလို့ပါ၊ ဘုရားပြောတာတမျိုး၊ လိုက်လုပ်တာကတမျိုး၊ တလွဲစီဖြစ်တာတွေ တွေ့နေရတာများတော့၊ သိသလောက်လေးကို ဝေမျှယုံပေးပါ၊ သိလွန်းတတ်လွန်းလို့တော့ မဟုတ်ဘူး၊ မှားတာတွေဟာ ကြာလာရင် အမှန်ဖြစ်သွားတတ်တယ်။ အခုကျွန်တော်တို့တိုင်းပြည်မှာက ဗုဒ္ဓ၀ါဒရဲ့ အခြေခံလိုအပ်ချက်တွေကို စေ့စေ့ငှငှ လေ့လာဖို့ အရမ်းလိုအပ်နေပါပြီလို့ဆိုရင် ရယ်(ရီ)ကြမလားဘဲ။ စဉ်းစားကြည့်ပါ … ၀ိပဿနာ တရားစခန်း တိုင်းမှာ လူတွေ အရမ်းကိုများပါတယ်။ တရားစခန်းကထွက်တဲ့အခါ ဒီလူတွေရဲ့ နှလုံးသားတွေ ပြောင်းလဲ သွားကြပါသလား ? ဘာကြောင့် အဲလိုဖြစ်ရတာလဲ ? တရားရဲ့ဂုဏ်တော်ထဲမှာ `အကာလိကော´ `အခါမလင့် အကျိုးပေး၏´ ဆိုတဲ့ ဂုဏ်တော်ပါပါတယ်။ အဲဒီတရားရဲ့ အကျိုးကိုရော တကယ်ခံစားခဲ့ရပါသလား ? ရှိတော့ ရှိပါလိမ့်မယ်။ ရှားပါတယ်။ နှလုံးသားထဲတွင် တကယ့်တရား မကိန်းအောင်းသ၍ နှလုံးသားကိုပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ပါ။ လှူတန်းတဲ့နေရာမှာလည်း တကယ်လိုအပ်နေသော နေရာများ၊ ပုဂ္ဂိုလ်များကို မျက်ကွယ်ပြု၍ ရေများရာရေလျှံကာ လှူဒါန်းနေကြသည်ကို တွေ့ရပါသည်။ အလှူ့ရှင်တော်တော်များများသည် ကားစီး၍ သွားနေသော နာမည်ကြီးသည့် သံဃာတော်အရှင်သူမြတ်များကိုသာလှူဒါန်းချင်ကြပါသည်။ ကျောင်းတိုက် အတွင်း နေထိုင်၍ စာပေများကိုသင်ကြားနေသော၊ သာသနာ့ဝန်ကို မိမိနိုင်သည့်ဘက်မှ ကျေပွန်စွာ ထမ်းဆောင်လိုသော ဆင်းရဲသည့်သံဃာတော်များကိုလည်း မမေ့သင့်ပါ။ ကျွန်တော်သည် ဤသို့ စာပေသင်ကြား နေသော ဆင်းရဲသည့် သံဃာတော်များကို မြင်ရသည့်အခါ အလွန်တရာ ၀မ်းနည်းမိပါသည်။ ဥပသကာ၊ ဥပသကီများအနေဖြင့် ဘတ်(စ်)ကားတိုးစီး၊ ဝေးလံသောခရီးများကို ခြေလျင်ကြွမြန်း၍ ဆွမ်းတစ်နပ် ရရန်အတွက် အားသွန်ခွန်စိုက်ပြီး ကြိုးစားနေရသော သံဃာတော်များကိုလည်း မပင်ပန်းရအောင် စောင့်ရှောက် သင့်ပါသည်။ မြတ်ဗုဒ္ဓသည် လောကမှ လွတ်မြောက်ကြောင်းဖြစ်သော လောကုတ္တရာတရားများကိုသာ ဟောကြားခဲ့သည်မဟုတ်။ လောကီလူ့ဘောင်မှ လူသားများအတွက် ကျင့်သင့်ကျင့်ထိုက်သော လူ့ဝတ္တရားများကို ဟောကြားခဲ့ပေသည်။ သို့တိုင်လျက် ကျွန်တော်တို့လူ့ဘောင်မှလူသားများ မေ့နေကြသည်လော ? မသိ၍လော ? ဟောပြောဆုံးမမည့်သူ မရှိ၍လော ? ထိုဝတ္တရားများကို မကျင့်ကြတော့သည်ကို တွေ့ရသည်မှာ ၀မ်းနည်းဖွယ် ကောင်းပါသည်။ မိဘ၀တ်ကို ရသော မိဘများ၊ ဘယ်နှယောက် ကျန်သေးသနည်း။ ထိုမိဘတို့သည် ဘုရားဟော ခဲ့သော မိဘ၀တ္တရားအတိုင်း ကျင့်ခဲ့ကြသည်လော ? အလားတူပင် သားသမီးတို့သည်လည်း ဘုရားဟောသည့် သားသမီးကျင့်ဝတ်အတိုင်း မိဘအပေါ် ကျင့်ရကောင်းမှန်း မသိကြတော့ချေ။ အလားတူပင် ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်၊ အလုပ်ရှင်ကျင့်ဝတ်တို့ကို မည်မျှ လိုက်နာနေကြ သနည်း။ ယခု ထေရ၀ါဒနိုင်ငံဟုဆိုသော ကျွန်တော်တို့နိုင်ငံ၌ပင်လျှင် ထိုကျင့်ဝတ်တရားတို့သည် ပျောက်ကွယ် နေပါ၏။ သို့ဖြစ်လျှင် ထေရ၀ါဒသာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ထိုကျင့်ဝတ်သိက္ခာတို့ကို ပြန်လည် အသက်သွင်းတည်ဆောက်ရန်လိုအပ်ပါကြောင်းကို မျှဝေခံစားရင်း … … … … ။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ …. ။

Tuesday, January 29, 2008

သာသနာတော်အရေးတွေးပေးပါ(၂)

စာရေး သူသည် ဗမာဖြစ်၏။ အမိဗမာ၊ အဖဗမာ၊ အဘိုးအဘွားအားလုံး ဗမာဖြစ်သော စာရေးသူသည် ဤမြေမှာနေ ဤရေကိုသောက်၍ ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် နိုင်ငံကိုချစ်၏။ လူမျိုးကိုချစ်၏။ လူမျိုးဟုဆိုရာ၌ တိုင်းပြည်အတွင်းနေထိုင်သော တိုင်းရင်းသားအားလုံးကို ဆိုလိုပါသည်။ ထို့ထက် ပို၍ ဘိုးစဉ်ဘောင်ဆက် အမွေခံရရှိခဲ့သော ယဉ်ကျေးမှုအတတ်ပညာနှင့် သာသနာတော်ကို မြတ်နိုး၏။
ဤမြေမှာနေ၊ ဤရေကိုသောက်၍ ကြီးပြင်းခဲ့ရသော သူတို့အတွက် တိုင်းပြည်၏ ကျေးဇူးသစ္စာကို စောင့်သိရပါမည်။ တိုင်းပြည်၏အကျိုးကို မိမိနိုင်သည့်ဘက်မှ ဆောင်ရွက်ရပါမည်။ မဟုတ်လျှင် ကျေးဇူးကန်းသူသာဖြစ်၏။ ကျေးဇူးကန်းခြင်းသာဖြစ်သည်။ ကျေးဇူးသိခြင်းသည် ကတညုတမင်္ဂလာဖြစ်၏။ သို့ဖြစ်၍ ကျေးဇူးကန်းခြင်းသည် ကတညုတမင်္ဂလာကိုပျက်စေသောကြောင့် အဓမ္မ၀ါဒဖြစ်သည်။ ထိုကြောင့် ကျေးဇူးကန်းသူကို အ ဓမ္မ၀ါဒီ မိစ္ဆာဒိဋ္ဌိဟုခေါ်ဆိုနိုင်ပါသည်။
မည်သည့်ဘာသာအယူဝါဒကို ကိုးကွယ်သည်ဖြစ်စေ ကျေးဇူးကန်းသူသည် မှားယွင်းသောအယူကို ဆုပ်ကိုင်၍ အဓမ္မလမ်းကြောင်းကို လျှောက်လှမ်းနေကြသူများဟု ဆိုပါသည်။ စာရေးသူ၏ ပထမဆောင်းပါးမှ ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာလျှင်ဟု ရေးခဲ့ပါ၏။ ဂေါတမမြတ်စွာဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကတည်းက ထေရ၀ါဒကို တည်ဆောက်ခဲ့၏။ ယခု ၂၅၀၀ ကျော်ခဲ့ပြီဖြစ်၏။ တိတိကျကျဆိုရလျှင် ၂၅၅၁ ရှိခဲ့ပြီဖြစ်သည်။ မြတ်စွာဘုရား၏ ၀ါဒက အနတ္တ၊ မဇိမဒေသတွင် အတ္တကိုဖယ်၍ အနတ္တတံခွန်ကိုလွင့်ပြီး၊ မြတ်စွာဘုရားထူထောင်ခဲ့သော ထေရ၀ါဒသာသနာတော်သည် အန္ဒိယနိုင်ငံမှစခဲ့၏။
အေဒီ(၁)ရာစုမှစ၍ အိန္ဒိယနိုင်ငံသားတို့သည် အရှေ့ဘက်တလွှား နယ်ချဲ့ခဲ့၏။ အေဒီ(၉)ရာစုတွင် စုမတ္တရာအင်ပိုင်ရာကို တည်ထောင်ပြီးဖြစ်သည်။ ထိုအထဲတွင် အင်ဒိုချိုင်းနားကျွန်းဆွယ်တစ်ခုလုံးပါ၏။ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း စသည်တို့သည် ထိုခေတ်မှ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာသိရ၏။ ယခုမူ ထေရ၀ါဒငါးနိုင်ငံသာ။ ထိုငါးနိုင်ငံ၌ပင် ထေရ၀ါဒအုတ်မြစ် အမှန်တကယ် ခိုင်နေပါ၏လော။
သမိုင်းအရ မြန်မာနိုင်ငံ၏ ထေရ၀ါဒအုတ်မြစ်ကို ပုဂံခေတ်မှချသည်ဆိုဦး (မှတ်ချက်-ထို့ထက် စောစီးစွာ ရောက်နေကြောင်း အထောက်အထားနဲ့ တင်ပြရန် ကြိုးစားနေသည်) နှစ်ပေါင်း ၁၀၀၀ နီးနေပါပြီ။ အမှန်တကယ် ခိုင်မာသော ထေရ၀ါဒအုတ်မြစ်ကို စာရေးသူတို့ ချနိုင်ပါပြီလော။ ကိုယ်ကျင့်သိက္ခာကိုအခြေခံ၍ လောကမှ လွန်မြောက်ရာ ၀ိမုတ္တိကို ညွှန်ပြတော်မူခဲ့သော မြတ်စွာဘုရား၏ အဆုံးအမကို အမှန်တကယ် လိုက်နာမည်ဆိုပါက မိမိပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုထက်၊ ကိုယ်ကျင့်သိက္ခာကိုသာ ဦးစားပေးရပါမည်။ မြတ်စွာဘုရား၏ အဆုံးအမကို အတိအကျလိုက်နာနိုင်မှသာလျှင် ထေရ၀ါဒအုတ်မြစ်ခိုင်မာပါမည်။
သို့သော် … မိမိသည် မြတ်စွာဘုရား၏ အဆုံးအမကို မည်မျှလိုက်နာနေသနည်းဟု ပြန်ပြီးမေးရမလိုဖြစ်နေ၏။
ထို့အတွက် အားလုံးမှာ တာဝန်ရှိပါသည်။ အားလုံးဟုဆိုရာ၌ ရဟန်းလည်းပါ၏။ သီလရှင်လည်းပါ၏။ ဥပသကာ၊ ဥပသိကာမများလည်းပါ၏။ ထိုအဆိုပါ ပုဂ္ဂိုလ်တို့သည် မိမိတို့ဆိုင်ရာ တာဝန်များကို သိအောင်အားထုတ်ရပါမည်။ သိပြီးသည်နောက် လိုက်နာကျင့်ကြံနိုင်အောင် ကြိုးစားရပါမည်။ သို့မဟုတ်ပါက ထေရ၀ါဒသည် ရေတိမ်နက်ရပါလိမ့်မည်ဟု စကားဆိုရင်း …… ။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ … ။

Wednesday, January 23, 2008

သာသနာတော်အရေးတွေးပေးပါ ( ၁ )

ညကအတော်နက်နေပြီ၊စာရေးသူမအိပ်နိုင်သေး၊ကျန်းမာစပြုပြီဖြစ်သောကျေးဇူးရှင်မိခင်အတွက်ပရိတ်တော်များကိုရည်စူးပူဇော်ပီးနောက်အိမ်အပြင်မှာလသာနေတာကိုကြည့်ရင်း၊အမေ့အသက်ရှုသံကို နားစွင့်နေမိတယ် လေ နှလုံးသွေးကျောကျဉ်း၍ နှလုံးရောင်ရမ်းသောရောဂါ ကိုနှစ်ပေါင်းများစွာ ခံစားခဲ့ရသော ၊ အမေ ၊ 1989 -90 နှစ်များဆီမှ ဆရာဝန်၊သမားတော်ကြီးများ ကမရတော့ပြီဟု လက်လျှော့ခဲ့ရသော အမေ့ကို ၊စာရေးသူကိုယ်တိုင် ဆေးကုရင်း၊ ကျန်းမာစေခဲ့ပါတယ် ၊
ဆေးဖက်ဆိုင်ရာသမားတော်ကြီးများနှင့်တိုင်းရင်းဆေးဆရာကြီးများ၏ အပြစ်မဟုတ် ၊အမေကိုယ်တိုင်ကမှအနောက်တိုင်းဆေးများနှင့် မတည်သောရောဂါပါနေပါသလားမသိ ၊ ဆေးထိုး၍ ၊အပ်စိုက်ဆေးဝင်ရုံလေးနှင့် ချက်ခြင်း ၊မူးမေ့ ၊နှလုံးခုန်နှုန်းအမြင့်ဆုံးဖြစ်၍ သေလုနီးပါးအခြေအနေကို ၃- ကြိမ်တိုင်တိုင်ကြုံရပြီးမှ ၊ အနောက်တိုင်းဆေးကိုနား၍ တိုင်းရင်းဆေးပြောင်းတော့လည်း ၊ ဆေးပူဆိုလုံးဝ သောက်လို့မရ ပါ ၊ ဆေးအေးကိုရွေးတိုက်ရတဲ့အနေအထားပါ ၊ နောက်ဆုံးကျတော့ စာရေးသူကိုယ်တိုင်ပဲ့ ၊ အမေ့ကိုကုသပေးရတော့တယ် ၊ နေလ ၀ိဇ္ဇာ ဆေးပညာနဲ့ ၊ အကြောပြင် ၊ ရွှေသွင်းပညာရပ်တို့ဖြင့် ၊ အမေ့အသက်ကို ပြန်လုခဲ့ရတယ် ၊ ဓါတ်စာ စား၍ ဆေးကုသော အတတ်ကို ယနေ့ကမ္ဘာက ဆေးသိပ္ပံပညာရှင်တွေ ၊အကြီးအကျယ်သုတေသနပြုနေချိန်တွင် စာရေးသူတို့ တိုင်းပြည်မှာ ဓါတ်စာပေး၍ ဆေးကုသောပညာရှင်များ ၊လက်တစ်ဆုပ်စားသာ ကျန်တော့သည်ဟု ထင်ပါသည် ၊ဆက်လက်လေ့လာသင် ၊ပြန့်ပွားသင့်သော ပညာတစ်ရပ် ပျောက်သွားမှာကို ၊ စိုးရိမ်မိပါသည် ၊
အလားတူ နောက်ဖြစ်ရပ်တစ်ကား ၊ စာရေးသူတို့တိုင်းပြည်၏ ဗုဒ္ဓသာသနာတော်အနေအထား ၊ တစ်ခြားဥရောပ ၊ အမေရိကားနဲ့ ကွန်မြူနစ် နိုင်ငံဟု အများက ၊ ယူဆသတ်မှတ်ယုံကြည်ထားသော တရုတ်နိုင်ငံတို့တွင် ၊ ဗုဒ္စ ဘာသာဝင် ဦးရေ များသထက် များပြားလာပြီး ၊ ဗုဒ္စ ၀ါဒ စည်ပင် ပြန့်ပွားထွန်းကားလာသည်ကို ဖတ်ရှုရ ၊ သိရ မြင်ရသောအခါ စာရေးသူတို့ နိုင်ငံတွင် ၊ အမှန်တကယ် ထေရ၀ါဒ သာသနာထွန်းကားပြန့်ပွားနေပါသလားဟု ၊ ကိုယ်ဖာသာကို မေးရင်း စဉ်းစားနေမိတယ် ၊1994 ခုနှစ် ဒီဇင်ဘာလ( 22 ) ရက်နေ့က ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့သော ၊ ဘဘဦးရွှေအောင်၏ စာကို ပြန်ပြီး ပြောပြရမယ်ဆိုရင် ၊
“ ထေရ၀ါဒ အုတ်မြစ်” ဟူသည် ကျောက်သားများ ၊သံများ ၊ အုတ်များ ၊ အင်္ဂတေ များမဟုတ်ပါ ၊အဆောက်အအုံနှင့် အဆောက်အအုံဆိုင်ရာ ပစ္စည်းဟူသမျှတို့သည် ၊တစ်ချိန်က မည်မျှပင် လက်ရာမြောက်စေကာ မူ နောက်ဆုံးတွင် မူ ဘာသာရေးအတွက် တန်ဖိုးမရှိလှတော့ပဲ့ ၊ ရှေးဟောင်းသုတေသနအတွက်သာ အသုံးကျတော့၏ ထိုကြောင့်“ ထေရ၀ါဒ အုတ်မြစ်”ဟူသည် ၊ ကိုယ့်ကျင့် သိက္ခာသာ ဖြစ်၏
ဒီစကားရပ်ကို စဉ်းစားကြည့်ပါ ဘယ်လောက်မှန်ကန်သလဲဆိုတာကို အင်ဒိုနီးရှားနှင့်အာဖဂန်နိုင်ငံတို့တွင် ရှိသော ကမ္ဘာ့ကျော် စေတီဆင်းတုကြီးများက သက်သေခံနေတာကို တွေ့ပါလိမ့်မယ် ၊စာရေးသူတို့သည် ၊ အနှိုင်းမဲ့ဖြစ်သော ဗုဒ္ဓ၏ အဆုံးအမ ကိုရခဲ့ပါ၏ ထိုအမွေသည် အဖိုးမဖြတ်နိုင် သလို ၊ ဖြတ်၍လည်းမရပါ ၊ ထိုဗုဒ္ဓအဆုံးမကို သိရုံ ၊အာဂုံရရုံနဲ့ မလုံလောက် ပါ ၊ ကိုယ်တိုင်ကျင့်သုံးရပါမယ် ၊ မဟုတ်ပါက သာသနာတော် ကွယ်မည့်အကြောင်းကို ၊ ဗုဒ္ဓကိုယ်တိုင်ဟောခဲ့ပြီးဖြစ်ပါသည် ၊ အခုက ကျင့်စရာကို ၊ကျက်မှတ်နေရုံ များနေတယ်လို့ ခံစားရတယ် ၊ဟုတ်ပါတယ် မြတ်စွာဘုရားရဲ့ သာသနာတော် အနှစ် (5000)တည်မယ်လို့ ဗျာဒိတ်ပေးထားတာပါ ၊ ရွှေ့မသွားပါဘူးလို့ မပြောပါဘူး တရားကိုလိုက်နာကျင့်ကြံသူမရှိခဲ့ရင်တော့ ၊လိုက်နာကျင့်ကြံသူရှိရာဒေသ သို့ သာသနာ ရွှေ့သွားပါလိမ့် ၊ ရွှေ့ခဲ့ကြောင်းအထောက်အထားလည်း ၊ အားလုံးအသိဖြစ်ပါသည် ၊ထိုကြောင့်ဒီသာသနာတော်ကြီး စာရေးသူတို့ တိုင်းပြည်မှ ရွေ့မသွားအောင်ကာကွယ်ကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်လို့ မှတ်ယူ ယုံကြည်ရင်း ................
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ

Wednesday, January 16, 2008

ငါ့ကိုလာမချစ်ပါနဲ့

ဝေဒနာကိုဟန်လုပ်
အပိုလုပ်တဲ့ရုပ်တွေနဲ့
မငိုချင်ပဲနဲ့ငို
မရယ်ချင်ပဲနဲ့ရယ်
ကွယ်ရာမှာတစ်မျိုး
တည့်တိုးတော့တစ်ဘာသာ
တကယ်စိတ်မှာမရှိ
ဟန်အပြည့်နဲ့နုတ်ဆက်
နေက်ကျောဘက်ဓားထိုး
မလိုတစ်မျိုးလိုတစ်မျိုး
တောင်အဆင်းဘီးတပ်
ပါးစပ်ကဘုရား
လက်ကမတရား
ဝံပုလွေတောင်ဖျားမဲ့
ကောက်ကျစ်တဲ့နှလုံးသားနဲ့
ငါ့ကိုလာမချစ်ပါနဲ့
ဘယ်သူ့ကိုမှလည်းမချစ်ပါနဲ့။

Wednesday, January 9, 2008

ကြိုးနဲ့စွန်

တစ်ခါတစိလေ...ဝေဟင်ထိုးဖေါက်
မိုးရောက်အောင်သွား...ငှက်များဘုရင်
လင်းယုန်ရှင်လို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရှင်နေမင်းနား
ခစားဝပ်စင်း...တိမ်ကိုခွင်းတဲ့
သိမ်းငှက်မင်းလို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရေပေါ်လှိုင်းစီး
ဲပြီးတော့ထပျံ...မိုးသားထံပျော်
မုန်တိုင်းစင်ယော်...ဖြစ်ချင်တယ။်
ဒါပေမဲ့...ကွယ်
ငါပျံပါလဲ...မိုးသားထဲတက်
ပင့်သက်ခဏ...တစ်ချမျှသာ
ဆင်းရပြန်ပြီ...နဖားသီဖွဲ့
ကြိုးနဲ့စွန်လေ...ကြိုးနဲ့စွန်။

Sunday, January 6, 2008

တစ်နပ်စာ

ကုံလုံကြွယ်၊ သူဘ၀အတွက်
ဟင်းတစ်ခွက်က
ချက်ခြင်းရတယ်။
မပြည့်စုံကြ၊ ထိုဘ၀အတွက်
ဟင်းတစ်ခွက်က…..
ဘ၀တွေပါ ၊ ပေးရရှာတယ်။
သူငယ်ချင်း။

Friday, January 4, 2008

လွပ်လပ်ခွင့်

ဟေ့ဒီမှာ
မောဟသခင်တဏှာဘုရင်
နင်လုပ်ချင်ရာလုပ်
နင်ရှုပ်ချင်သလိုရှုပ်
ဖုံးအုပ်ချည်နှောင်
ဘောင်ခပ်ထောင်သွင်း
မှောင်မိုက်ခြင်းမှ ၊ နိုးထတွန်းလှန်
သစ္စာမှန်ဖြင့် လွပ်လပ်ခွင့်ကို….ငါလိုတယ်
ဟေ့ဒီမှာ
မောဟသခင် ၊ တဏှာဘုရင်
မာယာတစ်သောင်း ၊ ဟန်ဆောင်ကောင်းတဲ့သူ
နင့်လူဘက်သား၊ ဖေါ်က်ံပြားလော်လီ
ကျင့်သွေဖီအောင် ၊ သွေးဆောင်မြူဆွယ်
လောကီနယ်မှ ၊ ရုန်းထတွန်းလှန်
သစ္စာမှန်သဖြင့် ၊ လွပ်လပ်ခွင့်ကို
ငါလိုတယ်။
ဟေ့ဒီမှာ
မောဟသခင် ၊ တဏှာဘုရင်
နင့်ကိုရင်ဆိုင် ၊ ငါပြိုင်နှိုင်ဖို့
လူကို့နတ်ရှင်၊ ဦးတင်ရှိခိုး
ရိုကျိုးခတွားမြတ်ဘုရားမင်း
ခြေတော်ရင်းမှ….၊ ဓမ္မလေးမျှား ၊ သစ္စာဓားဖြင့်
၊လွပ်လပ်ခွင့်ကို ငါယူမယ်။

Thursday, January 3, 2008

နမောဝိမုတ္တာနံ
လွတ်မြောက်သူတို့အားရှိခိုးပါ၏။
နမောဝိမုတ္တိယာ
လွတ်မြောက်ခြင်းဥာဏ်အားရှိခိုးပါ၏။
ဝိမုတ္ထိ၏အဓိပါယ်မှာလွတ်မြောက်ခြင်းဖြစ်၏။သတ္တ၀ါတို့သည်လောကအနှောင်အဖွဲအမျိုးမျိုးဖြင့် နှောင်ဖွဲ့ခြင်းခံနေကြရ၏။သူတို့သည်အနှောင်အဖွဲ့အမျိုးမျိုးဖြင့်နှောင့်ဖွဲ့ခြင်းခံရပြီးမလွပ်လပ်သောအခါမှစပြီး လွပ်လပ်ခြင်းဝိမုတ္တီဟူသောစကားလုံးကို သုံးစွဲလာကြ၏။အနှောင်အဖွဲ့သည်အဘယ်မျှကြပ်တည်းပြီးဆင်းရဲဒုက္ခရောက်သနည်း။ထိုနှင့်အမျှပင်ဝိမုတ္တိသည်လွတ်မြောက်ပြီးချမ်းသာသုခမြင့်မောက်လေသည်။ဗုဓစာပေတွငိမုတ္တဟူသောစကားလုံးကိုအနှံ့အပြားတွေ့နိုင်၏။ပဋ္ဌမသံဂါယနာတင်အရှင်တို့သည်ထိုစကားလုံးကိုအသဲနှလုံးသို့ရောင်အကွက်ဖာ်
အရောင်တင်ပေးလိုက်၏။အရှင်မဟာကသပအမှူးရှိသောရဟန္တာအရှင်အမြတ်တို့သည်မြတ်စွာဘုရား၏စကားတော်တို့ကိုသံဂါယနာတင်ကြပြီးဝေဖန်ပိုင်းခြားမှတ်သားကြလေသည်။မြတ်စွာဘုရားသည်အတုမရှိသော သမ်ဗောဓကိုသိတော်မှုပြီး မဟာပရိနိဗာန်ပြုတော်မူသည်၏။အကြားတွင်လေးဆယ်ငါးနှစ်တို့ပတ်လုံးဆုံးမကံဖြစ်တော်မူသော်၊ဆင်ခြင်တော်မူသဖြင့်
့်ဟောတော်မူသောတရားအလုံးအစုံသည်တစ်ခုတည်းသောရသရှိ၏။ဝိမုတ္တိရသသည်သာလျှင်ဖြစ်၏။
(ဦးသောဇင်၏၀ိမုတ္တိရသမှကူးယူဖော်ပြပါသည်။)