Saturday, November 12, 2011

မဟာရာဇိကာရုံ၏ ပုံရိပ်

ကြာပါပြီလေ စာမရေးဖြစ်တာရော ပြီးတော့ ရုပ်ရှင် ဗွီဒီယိုတွေမကြည့်ဖြစ်တာရောပေါ့၊ မဖတ်ရမနေနိုင်တဲ့ ၀ါသနာစရိုက် ကြောင့်တော့ စာတွေတော့ဖတ်ဖြစ်တယ် စာအုပ်ဆိုင်လးတွေသွားပြီး တချို့ကိုဝယ်တယ် တချို့ကိုငေးကြည့်တယ် အရင်လိုဝယ်မဖတ်နိုင်တော့ စာအုပ်ဈေးတွေကလည်း ကြီးလွန်းလှပါဘိ ၊ နယ်စာဖတ်သူတစ်ယောက်အနေနဲ့ ဆိုတော့ ပိုဆိုးတာပေါ့ တိုက်ထုတ်ကပ်ဈေးက နှစ်ထောင်ကျပ် ဆိုရင် ရောင်းဈေးက သုံးထောင်ငါးရာ လေးထောင် ဘုရားရေ..ဆင်းရဲသားတို့ထမင်းတစ်နှပ်စာပါလားကွယ်။ ဒီလိုနဲ့ တစ်နေ့တော့ ` အဖေ..ရေ၊ တရားနာကြရအောင်လို့ ကျနော့်သမီးလေးက လှမ်းခေါ်တာကြောင့်၊အမေ့ကိုဆေးတိုက်ပြီး၊ အိမ်အောက်ဆင်း ၊တရားနာတော့ သီတဂူဆရာတော်ကြီးရဲ့ မန္တ လေးအကျဉ်းထောင်မှာ အလှူတော်မင်္ဂလာ မှတ်တမ်းတင် Vedio အခွေ ငါးကြိမ်တောင်မြေက်ပီလေ သူများတွေကြည့်ပြီးသားဆိုပေမဲ့ မကြည့်ရသေးတဲ့ ကျနော့်အတွက်တော့ အသစ်စက်စက်ပေါ့၊၀မ်းသာလိုက်တာ ဒီမဟာအလှူတော်ကြီးကို ကြည့်ပြီးတော့ ပီတိဖြစ်နေတုံးမှာပဲ ၀မ်းသာနေဆဲမှာပဲ နောက်တစ်ခန်းလည်းစရော..ကျနော့်ရင်ထဲက၀မ်းသာစိတ်က၊ ငိုချင်လောက်ကိုဖြစ်စေတဲ့၊ ၀မ်းနည်းစိတ်ကို ဖြစ်စေတဲ့ မြင်ကွင်းကရောက်လာတာကိုး၊ ထောင်ဝတ်စုံနဲ့ ဦဇင်းတွေဆရာတော်တွေ ဆံပင်မရှိတဲ့ သူတို့ခေါင်းတွေက သိသာနေတဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်က ဖေးမကြင်နာဝမ်းနည်းနေပုံကိုတွေ့ရတော့ ကျနော်မခံစားနိုင်တော့ပါ၊ဒီဆရာတော်တွေက ဘာပြစ်မှုကျူးလွန်ခဲ့သလဲတော့ ကျနော်မသိ၊ရာဇ၀တ်မှုဆိုရင်တော့၊ တမျိုးပေါ့လေ အကယ်လို့ စီတန်းလမ်းလျှောက်ခဲ့တဲ့ ရွှေဝါရောင်သူရဲကောင်းတွေဆိုရင်တော့ ကျောင်းပြန်ချိန်ရောက်နေပါပြီ၊ တကယ့်ကို ပရိယတ္တိဝန် ပဋိပတ္တိဝန် ကိုထမ်းဆောင်ခွင့်ပြန်ရဖို့ကောင်းနေပါပြီ၊ ဘာကြောင့်အခုအချိန်ထိရှိနေသေးလဲ? ကျနော်မသိတော့ပါ၊ မြန်မာပြည်တ၀ှမ်းမှာ အကျဉ်းကျခံနေရသောဆရာတော်များ ကျောင်းကိုပြန်ပို့ ပေးရင်ကောင်းမှာပဲလို့ ရင်ထဲမှာတွေးနေရင်း အတိတ်ပြန်တတ်တဲ့စိတ်က ဖတ်ခဲ့ဖူးတဲ့စာတွေဆီကို ပြန်ရောက်၏။

` ရာဇိကာရုံ´။ မြတ်စွာဘုရားရှင်သက်တော်ထင်ရှား ရှိတော်မူစဉ်က ရှိခဲ့တဲ့ ဘိက္ခုနီမတို့ သီတင်းသုံးရာ ကျောင်းတစ်ကျောင်း တစ်ခြားကျောင်းတွေနဲ့ မတူတဲ့သမိုင်းရှိခဲ့တာကိုး ဒီတုံးကအဖြစ်ပျက်တွေကို စိတ်ထဲပြန်မြင်ရောင်ကြည့် ..အား…ဘုရားရှင်၊တိတ္ထိတွေနဲ့ ကောသလမင်းကြီးတို့ အားပြိုင်မှုပုံရိပ် သို့မဟုတ် ရာဇိကာရုံကျောင်းတော်၊ အကျဉ်းချုပ်ဆိုရရင်တော့၊ ရာဇိကာရုံကျောင်းတော်ဟာ အဓမ္မနဲ့ ဓမ္မတို့ထိပ်တိုက်တွေ့မှုရဲ့ ရလဒ်အဖြေ၊။

ဘုရားရှင်ရဲ့ တုနိုင်းမဲ့တဲ့ဂုဏ်ကျေးဇူး ကိုမသိမြင်နိုင်တဲ့ တိတ္ထိတွေက မြတ်စွာဘုရားအပေါ်မနာလိုဖြစ်ပြီး ဘုရာရှင်ကိုပူဇော်သူများတာဟာ၊ နေရာကြောင့်၊ဇေတ၀န်ကျောင်းတော်က နေရာအနေထားပိုကောင်းတယ် ဒါကြောင့်ဘုရားရှင်ဆီကို ပရိတ်သတ်ပိုလာတယ်လို့ထင်တာကိုး ဈေးရောင်းတဲ့အသိနဲ့ ဘုရားကိုပြိုင်ဖို့လုပ်နေတာ၊ အဲလိုအသိနဲ့ ကောသလမင်းဆီသွား ဇေတ၀န်ကျောင်းတော်ရဲ့ ရှေ့နားမှာကျောင်း တစ်ဆောင်ဆောက်ဖို့ ဘုရင်ကိုလာဘ်ထိုးပြီး ကျောင်းဆောက်၊ ဒီလာဘ်ထိုးတာက ဘုရားရှင်လက်ထက်တော်ကတည်းကရှိတာကိုး၊ ဘုရင်ကလည်း လာဘ်ရပြီဆိုတော့ ကျောင်းဆောက်ခွင့်ပြုမိန့်ချပေးတာပေါ့၊ ဘုရင်အားကိုးနဲ့ တိတ္ထိတွေကျောင်းဆောက်ပြီး နေ၊ ဒီနေရာမှာ မင်းကြီးကောသလကို ကျနော်အပြစ်မတင်လို၊ ပုထုဇဉ်ရဲ့သဘာဝ မက်ကြသည် မောကြသည်သာ ကောသလမင်းကြီးသည် ဗိမ္မိသာရမင်းမဟုတ် မင်းချင်းတူပါလျှက် အသိမတူ အရိယာအသိနဲ့ ပုထုဇဉ်အသိ ကွာလွန်းလှပါ၏၊ အသွင်တူသော တိတ္ထိတွေနဲ့ကောသလမင်းကြီးတို့ စည်းဝါးရိုက်ပြီးဆောက်ထားတဲ့ ကျောင်းရှေ့ကနေ ဇေတ၀န်ကျောင်တော် တရားနာဖို့လာနေကျတဲ့ အမျိုးကောင်းသမီးများ တိတ္ထိတွေရဲ့ မမြင်ဝံ့တဲ့အကျင့်တွေအကြောင်း ဘုရားရှင်ကြားတော်မူတဲ့အခါ လောကကောင်းကျိုးအတွက် လောကသားတို့ချမ်းသာရေးအတွက် ပွင့်တော်မူလာတဲ့ မြတ်စွာဘုရားရှင် ကောသလမင်းကြီးကို အရေးဆိုဖို့ ကျောင်းနေရာဖယ်ပေးဖို့ မေတ္တာရပ်ခံရန် အရှင်အာနန္ဒာကို နန်းတော်လွတ်တဲ့အခါ လာဘ်လာဘအရှိန်နဲ့ အရှင်အာန္ဒာကို မသိသလိုလုပ်ပြီးနေတယ်၊ ဘုရားရေ ပုထုဇဉ်တယောက်အတွက် လာဘ်လာဘက အရိယာထက်အရေးကြီးနေတာ ကောသလမင်းကြီးရဲ့ ရင်မှာမြင်ရပြီလေ၊ မရတော့ဘူးဆိုတော့ ဒုတိယအကြိမ် လက်ဝဲလက်ယာ ကိုယ်တော်နှစ်ပါးကို နန်းတော်ကိုစေလွတ်တော့ မင်းကြီးအတွေ့မခံတော့ ၊ ဒါနဲ့နောက်ဆုံးအကြိမ် ၊ဘုရားရှင်ကိုယ်တော်တိုင် လက်ဝဲရံ လက်ယာရံ အဂ္ဂသာဝက မဟာသာဝကတွေနဲ့
သ၀တ္တိမြို့တော်မှာရှိတဲ့ သံဃာတော်အကုန် စီတန်းပြီးနန်းတော်ကိုကြွ ကောသလမင်းကြီးကို ကျောင်းကိစ္စမေတ္တာရပ်ခံဖို့လေ၊ အဲဒီလိုဆို တော့ ဘုရားကြည်ညိုကြတဲ့ရတနာသုံးပါးကို အမှန်တကယ်မြတ်နိုးကြတဲ့ ဥပသကာ ၊ ဥပါသိကာမတွေ နောက်က ၊ဘေးက ပါပြီပေါ့၊ အခုခေတ်ဆိုရင်တော့ နိုင်ငံရေးလုပ်တယ်ပြောမှာလားမသိ၊ အဲလိုဘုရားကိုယ်တော်တိုင်ကြွမှ ကောသလမင်းကြီး အသိနည်းနည်းလေးရ ဒါတောင်ဘရုဏဇာတ်ဟောတာထင်ပါတယ် တိတ္ထိတွေဆီက ကျောင်းကိုပြန်ဝယ်ပြီး ဘုရားကှိုလှူတော့မှ ရာဇိကာရုံကျောင်းတော်ကြီးဖြစ်လာတာ ဒီအချိန်က ဘုရားကြည်ညိုကြတဲ့ သူတွေရင်ထဲမှာ ဘုရားကို မင်းအာဏာနဲ့ပဲဖမ်းမှာလား သံဃာတော် အရှင်မြတ်တွေကို စစ်တပ်နဲ့ပဲ ရိုက်ခိုင်းမှာလားဆိုပြီးတော့စိုးရိမ်တွေး တွေးမိမှာပါ၊ ပြီးတော့ဘုရားကိုလည်းမဖမ်း သံဃာတော်အရှင်သူမြတ်များကိုလည်း မနှိပ်စက်ခဲ့တဲ့ ကောသလမင်းကို လူတွေပြည်သူတွေ နတ်တွေချစ်ကြမှာပါ၊ အခုလည်း သံဃာတော်တွေကျောင်းတော်ပြန်ဖို့ ဘုရားကိုယ်စားစောင့်ရှောက်ဖို့ မဟာထေရ်များအလှည့်ရောက်လာပြီလေ၊ လူသာဓု နတ်သာဓုခေါ်ဖို့ မင်းတွေလည်းလုပ်ကြတော့မယ်လို့ မျှော်လင့်မိရင်း။ မေတ္တာရပ်ခံ စီတန်းလှည့်လည်တာဟာ ဘုရားရှင်လက်ထက်ကတည်းပါ ဒီအတွက် ၊အကျဥ်းထဲမှာ သီတင်းသုံးနေကြသော ၀ိသေသ ၊အညတရ သမုတိသံဃာတော်များ မိမိတို့ကျောင်းတော်ကို ပြန်ချိန်ရောက်နေပါပြီလေ။ ဆန္ဒစကားတို့ပြောကြားရင်း….။
ငြိမ်းအေးချမ်းသာ ရှိကြပါစေ။
ရိုသေလေးစားစွာဖြင့်

ဥပသကာ
စာတပုဒ်တင်ရန် အလွန်မလွယ်ကူသော အခြေနေဖြစ်နေပါသော ကြောင့် သီးခံဖတ်ရှုပေးကြပါရန် ကျနော် မေတ္တာရပ်ခံပါသည်။

4 comments:

မိုးခါး said...

မျှော်လင့်နေကြဆဲပါ .. ပြန်တွေးတိုင်းလည်း စိတ်မကောင်းဖြစ်ရတယ် .. ဒေါက်တာမင်းတင်မွန်ပြောသလို အားလုံးထဲမှာမှ ၁ယောက်လောက်ပဲ အဘိဥာဉ်ရလိုက်ပါလားနော် .. :-|

မင်းဒင် said...

မြန်မာပြည်တ၀ှမ်းမှာ အကျဉ်းကျခံနေရသောဆရာတော်များ ကျောင်းကိုပြန်ပို့ ပေးရင်ကောင်းမှာပဲလို့

....
ဖြစ်သင့်တာကြာပေါ့ဗျာ ။

ခင်လျက်

မင်းဒင်

MELODYMAUNG said...

let me share it on my FB wall.

Thanks for your effort and time to publish this post

ခွန်မြလှိုင် said...

သာသနာ့အာဇာနည် မြန်မာ့ အာဇာနည်တွေ ကျောင်းပေါ် ပြန်ရောက်ကြပါစေ... မန်းလေးက ပင့်လာပြီး ရန်ကုန်မှာ အနေကဇာ မတင်ရသေးခင် အချိန်က ကျောက်တော်ကြီး ဘုရား ရုပ်ပွားတော်မှာတော့ စာကပ် ခံရဖူးတယ်.. မင်းတို့ကို ကယ်ဖို့ နေနေသာသာ ငါ့ကို ၀ါတွင်းကြီး ပင့်လာပြီး လည်ပင်းကို ကြိုးနဲ့ချည်ရုံမက သပြေခက်နဲ့ ရိုက်တာလဲနာလိုက်တာ တဲ့..