Thursday, December 13, 2007

အတ္တပုံရိပ်
စာရေးသူရဲ့Blogကိုလာပြီး ဖတ်ကြတဲ့သူငယ်ချင်းတွေ ၊ အားပေးကြတဲ့သူငယ်ချင်းတွေ ၊ comment တွေပေးခဲ့တဲ့လေးစားအပ်သူတွေ ၊ အကြံပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။တတ်နိုင်သမျှကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ ။
လသားလောက်သာရှိသေးတဲBloggerအသစ်တစ်ယောက် အနေနဲ့ ၊ အားနည်းချက် အများကြီးရှိ ပါတယ် ။ ဒါကိုသီးခံပြီး အားပေးကြသူများကိုလေးလေးစားစား ကျေးဇူးတင်ပါတယ် ။
စာရေးတတ်လို့မဟုတ်ပါဘူး ၊ အဝေကြီး ကိုပြေးထွက်သွားတဲ့ သစ္စာတရား ကိုပြန်ယူနိုင်တဲ့ နေရာ မှာ ၊ ကျွန်တော် ဟာ သဲတမှုံ စာလောက် ပဲဖြစ်ပါစေ ၊ပါမယ် ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဒီBlogကိုရေးတာပါ ။
ဟုတ်ပါတယ် ၊ ယိုင်နဲ့နေတဲ့ သစ္စာခံအိမ်ကိုပြန်ပြီးပြုပြင်တည်ဆောက်ဖို့လက်တွေလိုနေတဲ့အချိန်မှာ ကျွန်တော် လက်တွေမကျန်ခဲ့ချင်ပါဘူး ၊ သဲတစ်ပွင့် ပဲကောက်ရ ကောက်ရ ၊ အုတ်တစ်ချပ်ပဲ သယ်ရပါစေ ကျွန်တော် လိုက်ချင်လို့ပါ ။
ကျွန်တော် နားလည်သလိုပြောပါရစေ ၊ သစ္စာအလင်းကွယ်ပျောက်ခြင်း ဟာ ၊ တစ်ခြားသောအလင်းရောင် ကွယ်ပျောက်ခြင်းထက် ၊ အဆပေါင်း မနိုင်းသောအောင်လူ ၊နဲ့ (31)ဘုံကို အကန်းဘ၀ ကိုတွန်းပို့ပါလိမ့်မယ် ။
ကျွန်တော်တို့ အစွမ်းရှိသလောက်သစ္စာအလင်းရောင်ကို ၊ကွယ် မသွားဖို့ကြိုးစား ရပါလိမ့်မယ် ။ ပြို ကျလုနီးပါးဖြစ်နေတဲ့ သစ္စာစံအိမ် ကို ၊ပြန်ဆောက်ဖို့ ကျွန်တော်ပါလာခဲ့တာပါ ။
တော်လွန်း၊ တတ်လွန်း လို့မဟုတ်ပါ ။ ကျွန်တော် အားလုံး ဆီက အမြဲတမ်းသင်ယူနေတဲ့လူလို့………၀န်ခံရင်း ..။

1 comment:

Anonymous said...

ခုလို ဘလောဘ်မျိုး ရေးတာ တစ်ခြား ဘလောဘ်တွေထက် အများကြီးတန်ဖိုးရှိပါတယ်
ခုမှ ဖတ်ရလို့ နောက်ကျလိုက်တာ
ကျမလဲ သစ္စာလေးပါးကို မြင်နိုင်အောင်ကြိုးစားနေသူ
တစ်ယောက်ပါ။ အမြဲတမ်းအားပေးနေမှာ ဖြစ်တဲ့အတွက် များများရေးပါနော်