Thursday, December 20, 2007

poem

ကျွန်တော်နဲ့ကဗျာ
ကျွန်တော် ကဗျာ ကိုချစ်ပါသည် ။ ကဗျာ ဆရာ ကိုလေးစား အားကျကြည်ညိုပါသည် ။ ကဗျာ ဆရာသည် သဘာဝ ကိုချစ်၏ ။ အမှန်တရားကိုချစ်၏ ။ အ၀အမြင်လေးနက်လွန်းသည် ၊ စကားလုံးအသုံးအနှုန်း ကျစ်လစ်သည် ။ ကျွန်တော် ကျေးဇူးရှင် ဆရာက ကဗျာဆရာများကို လူမြတ်ပညာရှိ ဟု သတ်မှတ်သည် ။
ကျွန်တော်ကဗျာ ရေးရန် ကြိုးစား ဖူးပါသည် ။ ကြိုးစား နေဆဲ လည်းဖြစ်၏ ။ စာရွက် ကုန်ပြီး ၊ ရင်ဖတ်နှာသော ကဗျာ များသာဖြစ်လာသည် ။ တစ်ပုဒ် မှ မဟန် ၊နေရာ မကျ ၊ သို့တိုင် လျှက် တစ်ပုဒ်လောက် တော့ရေးကြည့်ဦးမည်ဟုကြံစည်မိသည် ။
ငယ်တုံးက ၊ ဆရာကြီး ဇော်ဂျီ ၏ ကဗျာများ ဖတ်သည် ။ ဆရာကြီး ဦး ၀ဏ် ၏ ကဗျာ များ ဆရာ ကြီး တင်မိုး ၏ ဖန်မီးအိမ်ကဗျာ ၊ဆရာ မင်းမွန၏်ူကဗျာ များးကို စိုက်လိုက်မှတ်တတ်ဖတ်ပြီး သိမ်းထားဖြစ်သည် ။
စာနဲနဲ ဖတ်တတ် လာတော့ ၊ ကဗျာ များ ၏ သိမ်မွေ့မူကို ပိုသိလာသလိုခံစားရသည် ( တစ်ကယ်သိသည်မဟုတ်ပါ )
အခုလည်း ကဗျာ စာအုပ်တွေ ၀ယ်ဆဲဖြစ်သည် ။ ဆရာ မိုးဟိန်း ၏ကဗျာ များကိုမနိုင်ရင်ကန်ဖတ်ရ သည် ကြိုက်သည် ။
သည်နေရာ မှာကြားညှပ်ပြီး ရယ်စရာ တစ်ခုပြောပြရမည်ဆိုလျှင်
ကျွန်တော် ကဗျာ ရေးချင် သည်ဟု ဆရာ့ ကိုပြောသောအခါ ၊ ဆရာ ကသူ့စာအုပ် ဗီရို ထဲ မှ ၊ မာန် လည်ဆရာတော် ဘုရားကြီိး၏မာဃဒေ၀ ကိုချပြီး ဒါကိုအာဂုံရရင် ကဗျာ ရေးတတ်ပြီ ဟုဆိုကတည်းက ကျွန်တော်နဲ့ ကဗျာမတတ်သာခပ်ခွါခွါနေခဲ့ရကြောင်းပါဗျာ။

1 comment:

လင်းဦး(စိတ်ပညာ) said...

ဟားဟား အာဂုံဆောင်ရမယ်ဆိုရင်တော့ လွယ်ဘူးဗျိှု့