Thursday, December 27, 2007

ကြောက်စိတ်နဲ့ရေးတဲ့ကဗျာ

ဟန်ဆောင်တာ လွင့်ပစ်
ဗလာသက်သက်နဲ့လာခဲ့ပါ။
ဟန်ဆောင်တာ ချန်ထား
နှလုံးသားပဲ့ယူလာပါ ။
ဟန်ဆောင်တာမေ့ပစ်
အဖြူစင်စစ်နဲ့ လာခဲ့ပါ။
ဒါပေမဲ့ မာယာမဲ့လွင်ပြင်က
ဖြူစင်ခြင်းနဲ့ သီးတဲ့
အမှန်တရားသစ်သီးခူးခဲ့ပါနော် ။
သူငယ်ချင်း

2 comments:

သဇင်ဏီ said...

ကဗျာလေးတွေကကောင်းသား..
အားပေးနေပါတယ်

Layma said...

ဟန်ဆောင်တာတွေ ထားခဲ့တယ်..။
အဖြူယောင် ၀တ်ရုံခြုံထားတယ်...။
အပေါ်ယံအပြုံးတွေလည်း ဖယ်ခဲ့တယ်..။
ရိုးသားစွာ ကဗျာ ဖတ်သွားတယ်...။