Saturday, December 29, 2007
ရာဇာဝင်ပေးသောအတွေးများ
တကယ်ရမ်းကားတဲ့၊ အများမုန်းခဲ့သူ
ရာဇ၀င်ထဲကမင်းရာမဟာ ၊ မြသားအဆင်း
ရွှေ ခြေနှင်းနဲ့ ၊ မျှားခင်းလေးတင် ပြိုင်ပွဲဝင်ခဲ့သူ။
၊ရာဇာဝင်ထဲကလက္ခဏဟာရျွှေအဆင်းနဲ့
နှောင်ရင်းအတွက်
လက်လျှော့ခဲ့သူ။
ရာဇာဝင်ထဲကယမင်းလှဒေ၀ီ ၊ မယ်သီတာကား
နန်းများထွတ်တင် လှသခင်ငဲ့မြင်သူရှုးအောင်လှတဲ့သူ။
အလှဆွတ်ချူ ၊ နိုင်သူယူတမ်း
သည်ဇတ်လမ်းဝယ် ၊ သွေးနှယ်ရေစီး
မြေတုန်းဟီးအောင် ၊ ကြံဆောင်စီမံ
တရားခံကား ၊တဏှာသခင်ဆရာတည်း
မောဟသခင် ဇတ်ညွန်း တည်း ၊ ဒေါသဘုရင် ဖြစ်ထွန်းတည်း
Thursday, December 27, 2007
ကြောက်စိတ်နဲ့ရေးတဲ့ကဗျာ
ဗလာသက်သက်နဲ့လာခဲ့ပါ။
ဟန်ဆောင်တာ ချန်ထား
နှလုံးသားပဲ့ယူလာပါ ။
ဟန်ဆောင်တာမေ့ပစ်
အဖြူစင်စစ်နဲ့ လာခဲ့ပါ။
ဒါပေမဲ့ မာယာမဲ့လွင်ပြင်က
ဖြူစင်ခြင်းနဲ့ သီးတဲ့
အမှန်တရားသစ်သီးခူးခဲ့ပါနော် ။
သူငယ်ချင်း
Wednesday, December 26, 2007
တွေးကြည့် မိခြင်း
အကြောင်းမဲ့တဲ့အကျိုးတရားဆိုတာ ဒီလောကမှာမရှိသလို အကျိုးမဲ့တဲ့ အကြောင်းတရားဆိုတာလဲ မရှိပါဘူး။ဇြစ်မှု ၊ ပျက်မှု တိုင်းရဲ့နောက်မှာ အကြောင်းတရား အကျိုးတရားဆိုတာရှိမှာပဲ။ ဆိုးတာကောင်းတာနဲ့မှားတာ မှန်တာပဲကွာသွားတယ်။
ဥပမာ ဆိုပါစို့ ငါမှန်တာကိုလုပ်တယ် ဟုတ်ပါတယ် လူတိုင်းဟာမှန်တယ်ထင်လို့ လုပ်ကြတာချည်းပဲ။ မှားတယ် လို့သိနေရင်ဘယ်သူမှမလုပ်ကြဘူး၊ ဘယ်သူမှအမှား ကိုလုပ်ချင်သူမရှိဘူး။သူလုပ်တာသူအမှန် ၊ ငါလုပ်တာငါအမှန် ။ ဟုတ်ပါပြီ ။ထားလိုက်ပါတော့ မှန်တာတွေလုပ်နေတယ်လို့၊ ဒီမှန်တယ် ၊ မှားတယ် ဆိုတဲ့ဟာကို ဘယ်ပေတံနဲတိုင်းမလဲ?ဘယ်ရှုထောင့်ကသုံးသပ်မလဲ?
စာရေးသူကဘုရားစကားကိုအမှန်တရားပေတံအဖြစ်ထားတယ်။တကယ်လည်းမြတ်စွာဘုရားဟာသုံး လောကရဲ့ဘက်လိုက်မှု အကင်းဆုံးပုဂ္ဂိုလ် ၊
အဂတိ အကင်းဆုံးပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့စကားတော်တိုင်း ဟာ သစ္စာထိုက်တယ်။သစ္စာတရားကိုစော်ကားသူ ၊ အမှန်တရားကိုစော်ကားသူ၊အမှန်ကိုမသိအောင်တားဆီးပိတ်ပင်သူမှန်သမျှဟာ ၊ မြတ်စွာဘုရားကိုစော်ကားသူပဲ။ မြတ်စွာဘုရားရဲ့ရန်သူပဲလေ။
အမှန်တရားကိုမသိအောင် တားဆီးပိတ်ပင်ထဲကာထက်ကြီးတဲ့အကုသိုလ်မျိုးစာရေးသူမဖတ်သေးဘူး။ မတွေးမိဖူးဘူး။
မြတ်စွာဘုရားဟာဒီအမှန်တရားကိုသိဖို့ဘ၀ပေါင်းအသင်္ချေပေါင်းများစွာပါရမီဖြည့်၊အနှစ်နာခံပြီး ကိုယ်တိုင်ရှာဖွေခဲ့တာပါ။သိတဲ့အတိုင်းလည်းဒီသတ္တ၀ါတွေကိုပြောခဲ့တာအမှန်တရားအတွက်မနားမနေအလုပ်ခဲ့တာ၊ တွေးရင်းကြည်ညိုတယ် ။
ဒါတောင် မှ ဟေ့ ကာလမ တို ငါပြောတာမယုံနဲ့ ။ ကိုယ်တိုင် လုပ်ကြည့်ပြီးမှ ၊ ကိုယ်တိုင်သိမှယုံ။
ဘယ်လောက်ကောင်းလည်း ၊ တဖက်သားရဲ့ လွပ်လပ်မှု ကို မြတ်စွာဘုရားလေးစားတယ်။ အသိမှတ်ပြုတယ် ။ ငါကိုကိုးကွယ်ပါ လို့ ဘယ် တော့မှ မပြောဘူး ။ အဲဒီ လောက်ထိလွပ်လပ်တယ် ။
သီဟစစ်သူကြီးအယူမှားတွေစွန့်ပြီးတိတ္ထိတွေကိုမလှုလို့ ။ လှူပါကွာလိုတိုက်တွန်းတာလည်းမြတ်စွာဘုရားပါပဲ။
ဒီတော့လူတစ်ဖက်သားရဲ့လွပ်လပ်မှုနဲ့အမှန်တရားရှာဖွေမှု ကိုပိတ်ပင်တားဆီးတာဟာမြတ်စွာဘုရားရဲ့အကြီးမားဆုံးရန်သူလို့တွေးမိးခံစားရင်း………………
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
Monday, December 24, 2007
လပြည့်ည
လမင်းက ငါ့ နံဘေးကိုခုန်ဆင်းပြီး
အလင်းဖွဲ့တယ်။
ညတုံးက
နှင်းမှုံတစ်သိုက် လေအလိုက်နဲ့
သီချင်းဖွဲ့ပြီးကကြတယ်။
ညတုံးက
မှုန်ဝါးအလင်းလွင့်ထုတ်ရင်းနဲ့
ကြယ်ချင်းစီးချင်းထိုးကြတယ်။
ညတုံးက
လကြယ်မြူနှင်း ၊ အားချင်း ပြိုင် အနိုင်လု
ဗိုလ်ထုစစ်ပွဲခင်းခဲ့တယ်။
သြော်
လ က လည်း လ
နှင်း က လည်း နှင်း
ကြယ်မင်းကတစ်ဖုံ
လေညှင်းကတသွယ်
မြုမင်းကတနယ်ဆိုမှ
ဒီညဘယ့်နှယ်ငြိမ်းပါ့မယ်လို့
ငြိမ်းပါ့မယ်။
Sunday, December 23, 2007
ဝေငှကြည့်ခြင်း
ငယ်ငယ်လေးထဲ ကဗီဇ လို့ပြောရမှာလား ။ မသိဘူး ။ မေတ္တာပို့ရတဲ့အလုပ်ကိုပျော်ပျော်ကြီးလုပ်တတ် တယ် ၊ မေတ္တာဘာဝနာ ကိုစိတ်ဝင်စားတယ် ။ တတ်နိုင်သလောက် လဲကြိုးစားလေ့ကျင့်တတ်ကြာလာတော့ပျော်လာတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ မေတ္တာ ပို့ရာ မှာ သတိ သတိပိုမြဲ လာသလိုခံစားရပါတယ်။်
မေတ္တာနဲ့ တသားတည်းတော့ လုံးဝ မကျသေးပါဘူး ၊ လေ့ကျင့် တုံးပါ ။ ဒီလိုနဲ့ မေတ္တာအကြောင်း ရေးထားသမျှအကုန်ဖတ်၊ လက်လှမ်း တမှီ ပေါ့နော် ။ ဆရာတော် သံဃာတော်တွေမေးလျှောက် ၊ ဘယ်လိုပို့လဲ ၊ ဒီလိုလုပ်လို့ရလား ။ စသဖြင့်ပေါ့လေ ။ရသမျှ စုဆောင်း ၊ ကိုယ်နဲ့သင့်တော် တယ်လိုထင်တာကိုလေ့ကျင့်နဲ့ပေါ့လေ ။ ဒီနေရာ မှာ သင့်တော်တယ် ဆိုတာက ၊ ကိုယ်ဒီ အလုပ်ကို လုပ်ရတာ ပျော်နေတဲ့ အချိန်ကို ပြောတာပါ ။
တစ်ခါ တစ်လေ လုံးဝ တရားအားလုံး ထုတ်လို့ မကောင်း တဲ့ ရက်တွေရှိတတ်ပါတယ်။ ။အဲဒီလိုအခါမျိုးမှာမေတ္တာပို့ကိုအားစိုက်လုပ်လိုက်ရင်စိတ်ထဲမှာငြိမ်သက်အေးချမ်းသွားသလို မျိုးခံစားရတယ် လေ ။ ပြီးတော့မှကိုယ်ပေါ်မှာညဏ်ပြန်စိုက်ပြီးကိုယ့်စိတ်ကိုယ်စစ်တာပေါ့ ။
အခုပြန်ပြောပြချင်တာက စာရေးသူရဲ့ အလုပ်လေးကိုပြောချင်တာပါ ။ မေတ္တာပို့တဲ့ အလုပ်ကိုမလုပ်ခင်သီလ ယူပြီး မေတ္တာ ခံ ယူတဲ့ အလုပ်ကိုလုပ်ပါတယ် ။ ကိုယ့်မှာမရှိပဲနဲ့ သူများကိုပေးလို့မှမရတာ ။ ဒီတော့ ရှိအောင်အရင်လုပ်တယ်ပေါ့။ငြိမ်ငြိမ်လေးထိုင် ၊ ထိုင်တတ်သလိုပေါ့ နော် ။ နို့မဟုတ်ရင်လဲရပ်၊ မဟုတ်ရင် လဲလျောင်းပြီးတော့ ပေါ့။
ပြီးတော့ စကြာင်္ဝဠာမှာရှိကြကုန်သော မြတ်စွာဘုရားရှင် အပေါင်းတို့၏မေတ္တာဓာတ် ၊ပညာ ကိုတပည့်တော်/ မ တို့ ခံယူပါ၏ လို့ ဆိုပါတယ်။ ။နောက်ပြီးစကြ၀ဠာအနန္တမှာရှိနေတဲ့ဓမ္မဓာတ်ဓမ္မ်ာကိုခံယူပါ၏။ ၊ ပြီးတော့သံဃာတော်အရှင်မြတ်ပေါင်းတို့ နောက်ဆုံး ကဒီစကြာဝဠာအနန္တ မှာရှိတဲ့သူတော်စင်အပေါင်းတို့၏ မေတ္တာ ဓာတ်၊ ပညာ တတ်ကိုတပည့်တော်/မ တို့ရှိုသေစွာခံယူပါ၏လို့ စိတ်ထဲ က အဓိဋ္ဌာန်ပြီး ၊ ကိုယ့် ငယ်ထိပ်တည့်တည့် ပေါ်ကမေတ္တာအလင်းရောင်ကြီး စီးဝင်နေတယ်လို့ အာရုံ ပြုလေးနိုင်ရင်ပိုကောင်းပါတယ် ။(ဆလိုက်မီးကြီးကိုယ့်အပေါ်ထိုးကျနေသလိုမျိုးပေါ့)
လုပ်ကြည့်ပါ ။ အရမ်းကြီး အခက်ခဲတွေ ဖြစ်နေတဲ့ သူတွေ ၊ မကျန်းမာ သူတွေ ၊ ဖြစ်အောင်လုပ်ကြည့်ပါ လို့ တိုက်တွန်း လိုက် ပါတယ် ။ ကိုယ် တွေ့လေး တွေကို အကြောင်း ဆုံရင် ပြန်ဝေဌပါ့မယ် ။ ဒါဟာ မေတ္တာ မပို့ခင် မေတ္တာ ကိုခံယူတာလေးပါ ။ မေတ္တာ ပို့တာကိုတော့ အခွင့်သင့်ရင် အတူဆွေးနွေး ကြရအောင်နော် ။ပြီးတော့ ဒါဟာ စာရေးသူ ရဲ့အားလုံးအတွက် နှစ်သစ်ကူးလက်ဆောင်ပါလို့…….
Thursday, December 20, 2007
poem
ကျွန်တော် ကဗျာ ကိုချစ်ပါသည် ။ ကဗျာ ဆရာ ကိုလေးစား အားကျကြည်ညိုပါသည် ။ ကဗျာ ဆရာသည် သဘာဝ ကိုချစ်၏ ။ အမှန်တရားကိုချစ်၏ ။ အ၀အမြင်လေးနက်လွန်းသည် ၊ စကားလုံးအသုံးအနှုန်း ကျစ်လစ်သည် ။ ကျွန်တော် ကျေးဇူးရှင် ဆရာက ကဗျာဆရာများကို လူမြတ်ပညာရှိ ဟု သတ်မှတ်သည် ။
ကျွန်တော်ကဗျာ ရေးရန် ကြိုးစား ဖူးပါသည် ။ ကြိုးစား နေဆဲ လည်းဖြစ်၏ ။ စာရွက် ကုန်ပြီး ၊ ရင်ဖတ်နှာသော ကဗျာ များသာဖြစ်လာသည် ။ တစ်ပုဒ် မှ မဟန် ၊နေရာ မကျ ၊ သို့တိုင် လျှက် တစ်ပုဒ်လောက် တော့ရေးကြည့်ဦးမည်ဟုကြံစည်မိသည် ။
ငယ်တုံးက ၊ ဆရာကြီး ဇော်ဂျီ ၏ ကဗျာများ ဖတ်သည် ။ ဆရာကြီး ဦး ၀ဏ် ၏ ကဗျာ များ ဆရာ ကြီး တင်မိုး ၏ ဖန်မီးအိမ်ကဗျာ ၊ဆရာ မင်းမွန၏်ူကဗျာ များးကို စိုက်လိုက်မှတ်တတ်ဖတ်ပြီး သိမ်းထားဖြစ်သည် ။
စာနဲနဲ ဖတ်တတ် လာတော့ ၊ ကဗျာ များ ၏ သိမ်မွေ့မူကို ပိုသိလာသလိုခံစားရသည် ( တစ်ကယ်သိသည်မဟုတ်ပါ )
အခုလည်း ကဗျာ စာအုပ်တွေ ၀ယ်ဆဲဖြစ်သည် ။ ဆရာ မိုးဟိန်း ၏ကဗျာ များကိုမနိုင်ရင်ကန်ဖတ်ရ သည် ကြိုက်သည် ။
သည်နေရာ မှာကြားညှပ်ပြီး ရယ်စရာ တစ်ခုပြောပြရမည်ဆိုလျှင်
ကျွန်တော် ကဗျာ ရေးချင် သည်ဟု ဆရာ့ ကိုပြောသောအခါ ၊ ဆရာ ကသူ့စာအုပ် ဗီရို ထဲ မှ ၊ မာန် လည်ဆရာတော် ဘုရားကြီိး၏မာဃဒေ၀ ကိုချပြီး ဒါကိုအာဂုံရရင် ကဗျာ ရေးတတ်ပြီ ဟုဆိုကတည်းက ကျွန်တော်နဲ့ ကဗျာမတတ်သာခပ်ခွါခွါနေခဲ့ရကြောင်းပါဗျာ။
Wednesday, December 19, 2007
အတွေအပိုင်းအစများ
ဒီလောက မှာသတ္တ၀ါ အားလုံးဟာ ဒုက္ခ ကိုကြောက်ကြတယ် ။ ကျွန်တော် လည်းကြောက်တယ် ။ လူရယ် လို့ ဖြစ် လာရင် အေးအေးချမ်းချမ်း မနေချင်တဲ့ လူရယ် လို့ မရှိပါဘူး ၊ ဘယ်သူ ကမှ နေပူထဲ မှထွက်ပြီး ၊ အလုပ်မလုပ်ချင်ဘူး ။ လမ်းမလျှောက်ချင်ဘူး ။ အေးချမ်းတဲ့အရိပ်ကလေးမှာနေချင်တယ် ။ လုပ်ချင်တယ် ။သက်သက်သာသာအေးအေးချမ်းချန်း နေချင်ကြတာ သဘာဝ ပါ ။
အခုခတ် က ပိုပြီး ၊ အပြောင်းအလဲမြန်လာတယ် ။ နေစဉ် ရုန်းကန်ရမှုတွေက ပိုပြီး ပြင်းထန်လာတယ် ။ ညည်းညူ ငိုကြွေးသံတွေ ပိုပြီး ကြားလာရတယ် ။ စွမ်းဆောင်နိုင်သူတွေကလည်း ကမ္ဘာကြီး ကိုအငိုတိတ်ဖို့ စွမ်းသလောက် ကြိုးစားနေကြတယ်။
ဒီလောက်ကြိုးစားနေတဲ့ကြားက ၊ ငို ယိုအော်ဟစ် သံတွေ ပိုပြီး ကျယ်လာတယ် ။ ဘာကြောင့်ပါလဲ ? ။
လူကို လူလိုမမြင်သေးသမျှ် ၊ လောကကြီးမအေးချမ်းနိုင်ပါဘူး ။ လူကိုလူလိုမမြင်ပဲ ကုလား တရုတ် ၊ အင်္ဂလိပ် ၊ သူဌေး ၊ ဆင်းရဲ ၊ ဘုရင်၊ သူတောင်စား ၊ လို့နာမည် တတ်ပြီး ကြည့် နေသေးသမျှ ၊ ဆူပွတ်မူ တွေရှိနေဦးမှပါ ။
လူ ကို လူ လိုဖြစ်သော အမြင်သည် ဓမ္မ အမြင် ဖြစ်ပြီး လောက ကြီး ကိုငြိမ်းချမ်းအောင် လုပ်နိုင်စွမ်းပါသည် ။
လူကို ခွဲခြား ပိုင်းဖြတ် သိမြင် သော အမြင်သည် အဓမ္မ အမြင် ဖြစ်ပြီး လောက ကြီးကို ဆူပွက် လောက်ကျွမ်း အောင်ပြု နိုင်ပါသည် ။
တကယ်တမ်း လောက ကိုငြိမ်းချမ်း စေလိုလျှင် ၊ အစစ်သစ္စာ ကိုမြတ်နိုးတတ်ရပါမည် ၊ အမှန် ကိုအမှား ပြော ပြီး ၊ အမှား ကိုအမှန် ကို အမှန် ဟု ဖြစ်နေ လုပ်နေသရ်ျကာလပတ်လုံး ၊ အရာရာ အားလုံး ကျဆုံးနေပါမည် ။
သစ္စာတရားကိုမြတ်နိုးတတ်ဖို့အတွက် သစ္စာတရားကိုသိဖို့ လိုဖို့ ကိုယ်မှာလည်းရှိဖို့ လိုသည် ။`
တကယ်တန်း ပါရမီ မြောက်သစ္စာ ဖြစ် ဖို့ က ကိုယ် ၊ နုတ် ၊ စိတ် တဖြောင့်တည်း ဖြစ် ဖို့ လို သည် ။ ၊ မရှိလျှင် မွေးမြူ ရပါမည် ။ တစ်စ ၊ တစ် စ ကျင့်ုယူရပါမည်…. ဟုမှတ်ယူယုံကြည်ရင်း………
Sunday, December 16, 2007
ပစ္စုပန်(1)
ညက မှောင်လွန်မကမှောင်နေပြီ ။
ဘ၀ တွေကရော ညနဲ့တသားထဲပါပဲလေ ။
ဘယ်သူကမှ လှောင်ချိုင့်ထဲမှာ မနေချင်ကြပါဘူး ။
စိန်စီထားတဲ့လှောင်ချိုင့် ၊ ပတ္တမြား တွေနဲ့ လုပ်ထားတဲ့လှောင်ချိုင်၊ ဘာပဲဖြစ်ဖြစ် လှောင်ချိုင့် ဟာ ၊ လှောင် ချိုင့်ပါပဲ လေ ။ သူ့အလုပ်ကိုက ပိတ်ထားဖို့ ၊ဆီးထားဖို့ ၊ ကွယ်ထားဖို့ပါပဲ ။
အတုမာယာ ကိုတန်ဖိုးထားကိုးကွယ် နေသမျှ ကာလပတ်လုံး အစစ် သစ္စာ ဟာ ကျွန်တော် တို့နဲ့ဝေးနေဥဗဗီးမှာသေချာပါသည် ။
ကျွန်တော် တို့ ကလည်း မာယာ ကွန်ယက်မှာ နှောင်ဖွဲ့ကြီး ပြင်းလာသူများမို့ မာယာကို သစ္စာထက်ပိုပြီး တန်ဖိုးထားနေကြတယ်လေ ။
မာယာကိုသစ္စာမှတ်ပြီး ကိုးကွယ် မိတဲ့အခါ အရာရာအားလုံး ဟာ ပျက်သုန်း ခြင်း ကိုရောက်သွားတော့တာပါပဲလေ ။
လောကကိုတကယ်တမ်း ငြိမ်းချမ်း စေလိုတယ် ဆိုရင်တော့ ၊ ကာယကံ ၊ ၀စီကံ ၊ မနောကံ ၊ ထို ကံသုံးပါး စလုံး တဖြောင့်တည်း ဖြစ် ဖို့လို့တယ်လေ ။ ဟုတ်ပါတယ် ။ မလွယ်ဘူး ။ ကျင့်ယူရမှာပေါ့ ။ တစ်နာရီ ၊ နှစ်နာရီ ၊တစ်ရက် ၊နှစ်ရက် ၊ နှစ်ရက် မှ နှစ် ၊ ထိုမှတဆင့် တက်ပြီး တစ်သက် တာဖြစ်အောင် လေ့ကျင့်ယူရမယ်လေ ။့
သိမ်းပိုက်ရယူခြင်း တွေရဲ့ နောက်ကွယ်မှာ အနှောင်အဖွဲ့ တွေဟာလိုက် ပါလာမြဲပါ ၊ အနှေင့်အဖွဲ့ ဆိုက တည်း ကမလွတ်လပ်တော့ဘူး ၊ မလွတ်လပတဲ့ပုဂ္ဂိုလ် ဟာ လှောင်ချိုင့်ထဲမှာ နေရတာနဲ့ အတူတူပဲလေ ။ ဒီတော့ စောစောက ပြောခဲ့ သလိုပေါ့။
စိန်နဲ့ပဲ စီထားစီထား ၊ ရွေနဲ့ပဲ ကွပ်ထား ၊ ကွပ်ထား လှောင်ချိုင့် ပါပဲနော် ။
တကယ်တော့ ဒီကမ္ဘာ ၊ေ လာက ကိုတည် ဆောက်ခဲ့သူ တွေရဲ့ လက် ပါဟာ ၊ သိမ်းပိုက်ခြင်း ကင်းတဲ့လက်တွေပါ ။ သူတို့ ရဲ့နှလုံးသားဟာသစ္စာ တွေနဲ့ လင်းနေခဲ့တာပါ ။ သူတို့မှာ ရှိတဲ့သတ္တိပါ ။ စွန်လွန်အနှစ်နာခံမူ နောက် ကပါ လာတဲ့ သောက မဲ့ချမ်း သာနဲ့ အနှေင့် အဖွဲ့ အတွေထဲ ကရုံးထွက် ခဲ့သူ တွေပါ် ။
ရရှိလာမဲ့ အကျိုးတစ်စုံ တစ်ရာ ကိုမှမမျှော်လင့်ပဲဘ၀လမ်း ကိုလျှောက်ခဲ့ကြသူတွေလေ။
ဒီလမ်းကိုကျွန်တော်တိုနိုင်သလောက် လျှောက်ရမယ် ၊ အဆုံး ထိလျှောက်ရယမယ် ၊ ငြိမ်းလုလုဖြစ်နေတဲ့ သစ္စာဆီမီးကွယ်မသွားဖိုကျွန်တော် နားလည် နေတာကနောက်ဆုတ်ဖို့ မရတော့သလို ၊ လက်တွဲဖြုတ်ဖို့ မဖြစ်ပါဘူးဆို။
အခုသစ္စာဆီမီး ငြိမ်း စပြု နေပြီ ၊ ဒီဆီမီး ကိုမငြိမ်း ဖို့ ၊ သစ္စာအလင်းရောင် တည်နေဖို့ ၊ကျွန်တော် တို့တစ်ယောက်ကိုတစ်ယောက်ဖို့ချစ်ဖို့လိုတယ် ၊ တစ်ယောက်လောက်ကိုတစ်ယောက်မြဲသထ် ၊ မြဲအောင်ဆုပ်ကိုင် ၊မြဲအောင်ကိုင်ထားဖို့လိုတယ် ၊ တစ်ယောက်ပေါ်တစ်ယောက်အနှစ်နာခံနိုင်ဖို့အရေးကြီးတယ် ။
မဖြစ်နိုင်တာတွေကိုပြောနေတာဟုတ်မဟုတ် ကိုစဉ်းစားကြည့်ရင် သိပါတယ် ။ တကယ်တမ်းအနှစ်နာခံ နိုင်မှုကလည်း ကျင့်ယူရင့်ရပါတယ် ။ အနှစ်နာခံမှုကရလာတဲ့ ချမ်းသာ ဟာအားလုံး သောချမ်းသာတွေ ထကအေးချမ်းပါတယ်။် သိမ်းပိုက်ရယူခြင်းရဲ့ချမ်းသာမှုတိုင်း ရဲ့ နောက်ကွယ် မှာ သောက ဟာ အဖေါ်အဖြစ်လိုက်ပါလာစမြဲပါ ။
Friday, December 14, 2007
မြတ်စွာဘုရား ရဲ့တရားက တကယ်အေးချမ်းပါတယ် ၊ လိုက်ပြီး ကျင့်ကြံနိုင်ဖို့ပဲလိုတယ် ၊ မလွယ်ဘူး ၊ လွယ်တယ် ဆိုတာ က ကိုယ့်ဆုံးဖြတ်ချက်ပဲလိုတယ် လို့ကျွန်တော်ယုံကြည်တယ် ။ မြတ်စွာဘုရားရဲ့အနတ္တ ဒေသနာက နက်နဲ လွန်းအားကြီး တော့ ကျွန်တော် ငမိုက်သားညဏ်နဲ့ ဘယ်မြင်နိုငမလဲလေ ။ဒီတော့ ကျွန်တော် ဘာမှမလုပ်တော့ဘူး ၊ အနတ္တ ကိုမေ့ပစ်လိုက်ပြီး ငါဆိုတဲ့အတ္တ ကို ကိုယ်ကွယ်း လိုက်မိတယ် ၊ ငါဆိုတဲ့အတ္တ ကိုမလွတ်တမ်း ၊ ဖမ်းဆုတ်ပြီး ၊ ဘ၀ ကိုကျင့်လည်နေလိုက်တယ် ၊ မမှီတဲ့ပန်း ကိုမလှမ်းနိုင်သေးတော့ မှီရာပန်းကိုလှမ်းပြီး ချူ လိုက်တယ် ဆိုပါစို့ ။
င့ါကြောင့် သူတစ်ပါး မနှစ်နာစေရဘူး ။ ငါ့ကြောင့် သူတစ်ပါး စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ မဖြစ်စေရဘူး ။
င့ါကြောင့် သူတစ်ပါး တာဝန် မပိုစေရဘူး ။ အဲဒီ ငါ ဆိုတဲ့ အတ္တ ကို ထွက်မပြေး သွားအောင် သံကွန်ချာ ရှိရင် ခဏလေးဌါးပါ ။ ဒီ ငါ ကို ဖမ်းချူပ် ထားချင်သူပါ ။
အနတ္တညဏ်မြင်မှ ရောက်မဲ့ သစ္စာစံအိမ် မရောက်ခင် ၊ ငါ က သစ္စာစံအိမ် ကိုသွားဖို့ လမ်းသွယ်တစ်ခုလို့ယုံကြည်ရင်း ။
Thursday, December 13, 2007
စာရေးသူရဲ့Blogကိုလာပြီး ဖတ်ကြတဲ့သူငယ်ချင်းတွေ ၊ အားပေးကြတဲ့သူငယ်ချင်းတွေ ၊ comment တွေပေးခဲ့တဲ့လေးစားအပ်သူတွေ ၊ အကြံပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။တတ်နိုင်သမျှကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ ။
လသားလောက်သာရှိသေးတဲBloggerအသစ်တစ်ယောက် အနေနဲ့ ၊ အားနည်းချက် အများကြီးရှိ ပါတယ် ။ ဒါကိုသီးခံပြီး အားပေးကြသူများကိုလေးလေးစားစား ကျေးဇူးတင်ပါတယ် ။
စာရေးတတ်လို့မဟုတ်ပါဘူး ၊ အဝေကြီး ကိုပြေးထွက်သွားတဲ့ သစ္စာတရား ကိုပြန်ယူနိုင်တဲ့ နေရာ မှာ ၊ ကျွန်တော် ဟာ သဲတမှုံ စာလောက် ပဲဖြစ်ပါစေ ၊ပါမယ် ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဒီBlogကိုရေးတာပါ ။
ဟုတ်ပါတယ် ၊ ယိုင်နဲ့နေတဲ့ သစ္စာခံအိမ်ကိုပြန်ပြီးပြုပြင်တည်ဆောက်ဖို့လက်တွေလိုနေတဲ့အချိန်မှာ ကျွန်တော် လက်တွေမကျန်ခဲ့ချင်ပါဘူး ၊ သဲတစ်ပွင့် ပဲကောက်ရ ကောက်ရ ၊ အုတ်တစ်ချပ်ပဲ သယ်ရပါစေ ကျွန်တော် လိုက်ချင်လို့ပါ ။
ကျွန်တော် နားလည်သလိုပြောပါရစေ ၊ သစ္စာအလင်းကွယ်ပျောက်ခြင်း ဟာ ၊ တစ်ခြားသောအလင်းရောင် ကွယ်ပျောက်ခြင်းထက် ၊ အဆပေါင်း မနိုင်းသောအောင်လူ ၊နဲ့ (31)ဘုံကို အကန်းဘ၀ ကိုတွန်းပို့ပါလိမ့်မယ် ။
ကျွန်တော်တို့ အစွမ်းရှိသလောက်သစ္စာအလင်းရောင်ကို ၊ကွယ် မသွားဖို့ကြိုးစား ရပါလိမ့်မယ် ။ ပြို ကျလုနီးပါးဖြစ်နေတဲ့ သစ္စာစံအိမ် ကို ၊ပြန်ဆောက်ဖို့ ကျွန်တော်ပါလာခဲ့တာပါ ။
တော်လွန်း၊ တတ်လွန်း လို့မဟုတ်ပါ ။ ကျွန်တော် အားလုံး ဆီက အမြဲတမ်းသင်ယူနေတဲ့လူလို့………၀န်ခံရင်း ..။
Wednesday, December 12, 2007
အောင်နိုင်သူ
ညတော်တော်နက်နေပြီလေ ၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့ ၊ လူတွေ အိပ်မော ကျနေလောက်ပြီထင်ရဲ့ ၊ ခပ်လှမ်းလှမ်း အဝေးပြေးလမ်းမပေါ်က ၊ ကားတွေ ဖြတ် သန်းမောင်းနင်သံကိုတော့ ၊တစ်ခါတစ်လေကြားနေသေးတယ် ။တစ်ဝမ်းတစ်ခါ အတွက်ခရီး သွားကြသူများလား? ဒါမှမဟုတ် အသုံးအဖြုန်း အတွက် ခရီး သွားကြသူများ လား? မသိ တော့ဘူး လေ ၊ သေချာတာတစ်ခုက ကျွန်တော်တို့ အားလုံး ခရီး သွားနေကြသူများပါလေ ။ ရည်ရွယ်ချက်တူချင်မျတူမယ်။ပန်းတိုင်လွဲချင်လွဲမယ် ။ အရောင်သွေးကွဲတဲ့ အိပ်မက်တွေ ကိုယ်စီနဲမို့ ၊ သေချာတာက အားလုံးဟာ ခရီးသွားတွေပါ ။
ဒီတိတ်ဆိတ်နေတဲ့ည ကိုချစ်တယ်၊ တိတ်ဆိတ်ခြင်းရဲ့အသံ ကိုနားထောင်ဖို့လေ ။ တစ်နေကုန်အောင် အပြင်မှ ချည်းခရီးသွားနေတဲ့ ကျွန်တော်စိတ်ကို ၊အိမ် မှာထားပြီး အတွင်း ခရီး ဆက်မလို့လေ ။
စိတ်လေးကိုကြည့်ရင်းနဲ့ ၊ တစ်ခါ တစ်လေ ကျွန်တော်စိတ်နဲ့ကျွန်တော်ရန်ဖြစ် ၊ သူနိုင် ကိုယ်နိုင် အသံတိတ် တိုက်ပွဲတွေ ဖြစ်နေလိုက်တာ ကြာခဲ့ပြီပဲလေ ။
ကျွန်တော်နိုင်တဲ့အခါ ၊ ၀မ်းသာလိုက်တာ ၊ ရှုံးတဲ့အခါ တော့ဝမ်းနည်းတာရော် ၊မကျေနပ်တာရောပဲ ။ ဒါသဘာဝပါလေ ။ လောက မှာလူတိုင်းဟာ အနိုင်ကိုပဲ လိုချင်တယ် ။ နံပါတ် (1) ဖြစ်ချင်တယ် ၊ အနိုင်ရရင်လည်းဝမ်းသာတယ် ၊ ငါနိုင်ပြီဟေ့ လို ကြွေး ကြော်တယ် ။အောင်နိုင်သူုဆိုတဲ့ ဂုဏ်ပုဒ် ကိုတွယ်ဖက်လို့ ။
ဘယ်လိုနိုင်တာလဲ? တကယ် တော့ အောင်နိုင်သူအစစ်လား ၊ ဒီအောင်နိုင်မူ က ထာဝရ လား ၊ ယာယီလား မေးခွန်းလေးတွေ ၊ တွေးစရာလေးတွေ ပေါ့ ဟုတ်လား?
လူတိုင်း မှာ အနိုင် ယူခွင့် ရှိတယ် ၊ အနိုင်ယူလို့ လဲရတယ် ၊ အဓမ္မ နည်းနဲ့သိမ်းပိုက် အနိုင်ယူမှာလား ? ၊ ဓမ္မအ၇ စွန့်လွတ်အနှစ်နာခံပြီး အနိုင်ယူမှာလား ၊ ဒါ ကူတော့ ရွေးရမယ် ၊ ဟုတ်တယ်နော် ။
ခွင့်လွတ်ကြပါနော် ၊ ကျွန်တော် စကားမှားသွားရင် ……… အနှိုင်း မဲ့အောင်နိုင်သူ ဖြစ်တဲ့ဘုရား ကိုတောင်အနိုင်ယူလို့ရတယ် ….ဒါပေမဲ့
အဠာဝကယာ……မြတ်စွာဘုရားရှင်က အဠာဝကခိုင်းတဲ့အတိုင်း သူဗိမာန်ထဲက၀င်ဆိုဝင် ၊ ထွက်ဆိုထွက် လုပ်နေတဲ့ အခိုက်အတန့် မှာ အာဠ၀ဟာ အောင်နိုင်သူပါ။
စိဉ္စမာဏဟာမြတ်စွာဘုရားကိုသူနဲ့ အတူ နေခဲ့ပါတယ်လို လူထု ပရိတ်သတ် အလည်မှာ စွပ်စွဲပြောဆိုနေတဲ့အခိုက်မှာ စိဉ္စမာဏာဟာ အောင်နိုင်သူပါ ။
ဒေ၀ဒတ်ဟာဂိစ္ဈကုတ်က်တောင်ပေါ်ကနေမြတ်ဘုရားကိုကျောက်တုံးနဲ့လိမ့်ချ လုပ်ကြံသတ်ဖြတ်နေတဲ့အချိန်လေးမှာတော့ ဒေ၀ဒတ်ဟာအောင်နိုင်သူပါ ။
ဒီလိုပဲ အဂုင်္လိမာလာဟာ ဓားကိုင်ပြေးလိုက်နေတဲ့ အခိုက်မှာ သူလဲထင်တာပဲ မြတ်စွာဘုရား ကိုသူနိုင်ပြီ လို့ မြတ်စွာ ဘုရားပြေးနေပြီပေါ့ ။
ဒီလိုထင်ပြီး သူတို့ကျေနပ် နေကြမယ့်အောင်နိုင်သူ တို့ရဲ့သဘောအရဂုဏ်ယူနေကြမယ့်ဟုတ်တာမဟုတ်တာ ၊ခဏထား ၊ဘေးချိပ် ၊မှန်တာ ၊မှားတာ မစဉ်းစားနဲ့ ၊ လောလောဆယ် နိုင်နေကြတယ်လေ ။
ဒါပေမဲ့ ဒီအောင်နိုင်မှုဟာ မြေမမျိုခင် အချိန်ထိပဲ ရှိတာ ကိုမသိဘူး ။
ဒါပေမဲ့ ၊ ဒီအောင်နိုင်မှု ဟာ သစ္စာ ဓမ္မ ကွယ်နေတဲ့ အခိုက်အတန့် လေးဆိုတာမသိဘူး ။
ခုတော့ အားလုံး သိသွားကြလေ ပြီလေ ။ဓမ္မရဲ့ အောင်နိုင်မှု က ထာဝရ ဖြစ်ပြီး ၊ အဓမ္မ ရဲ့ အောင်နိုင်မှု ကခဏလေးဆိုတာကို ၊ ဒီနေရာမှာ ကွာတာလေး တော့ရှိပါတယ် ၊ အသိစောတာနဲ့ ၊ အသိနောက်ကျ တာ ၊ အသိစောတဲ့လူက ဘာဖြစ်သွားတာလဲ ၊ အသိနောက်ကျတဲ့လူကဘာဖြစ်သွားတာလဲ ဆိုတာကို ၊ သိပြီးသားမို့ ၊ မပြောတော့ဘူးလေ ။ကျွန်တော်.စိတ်နဲ့ ကျွန်တော်ရန်ဖြစ်ရဦးမှာမို့ပါ ။
Monday, December 10, 2007
ဒုက္ခိတဆိုတာ
အဲလိုပဲ………..ကျန်းမာရေးအတွက် လမ်းလျှောက်တော့နံဘေးက အကူနဲမှဖြစ်ရတဲ့ဘ၀မျိုး ၊ ဘောလုံးလဲကန်ချင် ၊ လက်ဝှေ့လည်းလည်းသတ်ချင် ၊မရဘူး…….ဒီလိုနဲ့စိတ်ဓာတ်ကျနေတဲ့ဘ၀။
တစ်နေ့………ညနေစောင်း…လမ်းလျှောက်ထွက်တော့………နံဘေးမှာ ဘဘ ပါတယ် ခပ်လှမ်းလှမ်းမှာ လက်တစ်ဖက်မရှိတဲ့ လူတစ်ယောကလမ်းလျှောက်နေတာကို ကျွန်တော်ကိုပြရင်း
သားတကယ်ဒုက္ခိတကိုသိလားတဲ့(10)နှစ်အရွယ်ခလေးတစ်ယောက်ကို အဘိုးတစ်ယောက်ကမေးတဲ့စကား
ကျွန်တော်လည်ုးသိတယ်ပေါ့
ဒီတော့ ဘဘကမေးတယ် ၊ ဘယ်မှာလည်းပေါ့ ကျွန်တော်လည်း ကျွန်တော်ကိုကျွန်တော် ပြ၇တာလေ ။ ဒီမှာတင် ဘဘဆီက မေးခွန်းတွေထပ်ထွက်လာတယ်
ဥပမာ သားဆီမှာပိုက်ဆံတစ်ကျပ်ရှိတယ် မရှိလို့သာ တောင်းရင်ပေးမှာလား…….။ ပေးမယ် လို့ပြောတယ် ။ဒီလိုဆို တစ်ကျပ်လုံးတောင်းရင်ကောပေးမှာလားလို့လဲမေးရော၊ ကျွန်တော်အဖြေက ၊ မပေးဘူးပေါ့ ပေးရင် ကျွန်တော် ငတ်သွားမယ်လေ ၊ ဒီစကား ကိုပြုံးပြီး နားထောင်ရင် ဆုံးမခဲ့တဲ့စကားကို ပြန်ပြီးဖေါက်သည် ခရရင်
(1) အယူသာရှိပြီး ၊ အပေးမရှိတဲ့ လူက တကယ် ဒုက္ခိတ
(2) အမှန်တရားကိုနာနိုင်တဲ့နားမရှိတာကတကယ့်နားပင်း
(3)သစ္စာတရားကိုမြင်နိုင်တဲ့ အမြင်မရှိသူကတကယ့်အကန်း
(4) အလုံးစုံသန်စွန်းနေပါလျှက်နဲ့ ကိုယ်လုပ်ချင်သမျှကိုကျန်တဲ့သူတွေ ကလိုက်လုပ်ပေး နေတာကိုကျေနပ်အချောင်ခိုနေတဲ့သူကမှတကယ့်ဒုက္ခိတဲ့လေ။
ကျွန်တော်တစ်သက်လုံးမှတ်သွားရော
Sunday, December 9, 2007
blogတွေကိုလျှောက်ဖတ်ရင်းနဲ့ ၊ စာရေးချင်တဲ့စိတ်ပေါ်လာလို့ ဒီစာတိုလေးကို ၊စိတ်ရှိတဲ့အတိုင်း ရေးချလိုက်မိပါတယ် ။
blogကိုအလည်လာတဲ့သူငယ်ချင်းတွေကိုရော၊လာမိလည်တဲ့သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။စာဖတ်ရတဲ့ အတွက်ပါ။
ပထမဆုံးအားပေးခဲ့တဲ့ဘုန်းဘုန်း၊ညလေး၊စာဖတ်ပြီး စီဘောက်မှာ post တင်လို့ မရတဲ့ မလင်းလက် ၊်စာကိုရင်ထဲ ရောက်အောင်ရေးတတ်တဲ့ကိုthinker ၊ အဝေးကြီးကကိုချစ်သူ ၊ပန်းရောင်လေးတွေနဲ့ ဖွဲ့ထားတဲ့ ယုန်လေး ၊ မေငြိမ်း ၊ မာန်လှိုင်းငယ် ၊ဒိုင်ရာရီ ၊အများကြီးရှိသေးတယ် ကြေငြာ ဖြစ်သွားမှာစိုးလို့ နာမည်ထုတ်မရေးတာက မလေးစားလို့မဟုတ်ဘူး ၊မချစ်လို့မဟုတ်ဘူး ၊ ကျွန်တော်အများကြီးဖတ်ခဲ့ပြီး Linkမချခဲ့တာက ၊ကျွန်တော်blog ကသူများ တွေနဲ့ ယှဉ်ရင် ၊အားလုံးထက်ညံ့တာကိုတွေးပြီး ရှက်လို့ပါ ။ ရေးဖို့နာမည်ကျန်ခဲ့ပေမဲ့ ရင်ထဲမှာအမြဲရှိပါတယ် ။ကံကြမ္မာ ကခွင့်ပြုခဲ့ရင် ဒီအဆိပ်မသင့်တဲ့ လက်တွေကို ကိုယ်တိုင် ကိုယ်ကျဆွဲကိုင်နှုတ်ဆက်နိုင်မှာပါနော် ။
Saturday, December 8, 2007
ဝန်ခံချက်
စာရေးသူဟာဘုန်းဘုန်းမဟုတ်ပါ။ ဒါပေမဲ့ သိပ်ပြီးဆိုးဝါးတဲ့ မွေးရာ ပါ ရောဂါတစ်ခုကိုအကြောင်းပြုပြီး ဘုန်းဘုန်း တွေနဲ့ လူမှန်းသိတာတည်းက ရင်းနှီးကြီးပြင်းခဲ့ရတာပါ။ ပိုလီယိုလိုပဲ အရိုးပျော့နာပါ။ ဒီရောဂါ ကိုမွေးရာပါခံစားရင်းနဲ့ကျေးဇူးရှင်တစ်ဦးနဲ့အရိပ်အောက်မှာနေရင်း အိမ် ကျောင်းတလှည့်ဘုန်းကြီးကျောင်းတလှည့် နဲ့နေခဲ့ရတာပါ၊ စာရေးသူရဲ့နွေရာသီကျောင်းပိတ်ရက်တွေအားလုံး ဟာ ဒီဘုန်းဘုန်းတွေ ၊ လူပျံတော်ကြီးတွေ ၊ ကျင့်ကြံအားထုတ်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေ နဲပဲနေထိုင်ကြီးပြင်းခဲ့ရပါတယ် ၊ ကံကြမ္မာရဲ့ လှည့်ကွက်ကြောင့် စာရေးသူဘုန်းကြီးဖြစ်ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ စာစသင်ရကတည်းက မြင်းခြံကိုးဆောင်တိုက်ဆရာတော်ဘုရားကြီးရဲ့ပရိတ်တော်ကိုစသင်ခံရတာပါ ။စာဖတ်တတ်ပြီး အခြေခံပညာအလယ်တန်းလောက်ဆို လယ်တီဆရာတော်ဘုရား ရဲ့ ဒီပနီတွေ မင်းကွန်း
ဆ၇ာတော်ဘုရားကြီးရဲ့ ဘု၇ားကျမ်းစာတွေကို မလွဲ သာပင် ရှောင်သာဖတ်ခဲ့ရတာပါ ။ပိုပြီးကံကောင်းတာက ၊ ဒီဘုန်းဘုန်း တွေ ၊ ဆရာတွေ ရဲ့ စာအုပ် ဗီရို မှန် သမျှ ကိုတံခါး မရှိ ၊ ဓါးမရှိ ကြည့်ခွင့်ရခဲ့ခြင်း နဲ့ သိလိုသမျှ၊ မရှင်းသမျှ ကိုမေးခွင့် ၊ တွေးခွင့်ရခဲ့ခြင်းပါ ။
နာမည် ကြီးခြင်း လို့စာရေးတာလားဆို တာကိုတော့ ၊ မဟုတ်ပါ ဟုဖြေလိုပါသည် ၊ မျှဝေခံစားလိုသော စေတနာ မှတပါး တခြား မရှိဟု သစ္စာဆိုဝံ့ပါသည် ။ကံတရားရဲ့ဖေးမမူကြောင့်စာရေး သူမှာဆရာကောင်းတွေရခဲ့ပါသည် ။ ကမ္ဘာသိ ၊မြန်မာသိဆရာကြီး များ ဖြစ်ပါ ၏ ။ ထိုဆရာကြီးများ ၊ အချို့ သက်ရှိဆရာကြီးများဖြစ်ပါသည် ။ ထိုထိုသောဆရာကြီးများ၏ အရှိန် အ၀ါ ဖြင့်စိန်နားကတ်ရောင် ပါးပြောင် နိုင်သောအနေအထား ရှိပါသည် ။ သိုသော်ကိုယ်တိုင်အရည်အချင်းမဟုတ်သောကြောင့်ရှက်စရာကောင်းပါသည်။ စာရေး ရန်တဖွဖွပြောရင်း ဘ၀တပါးပြောင်းသွားခဲ့တဲ့ ဆရာ့ကိုကျေးဇူးဆပ်ခွင့်မရခဲ့ပါ။
နာမည်ကြီးတာထက် ငရဲမသွားရတဲ့လမ်းကို ပိုပြီးမြတ်နိုးပါတယ်။ စာမှာသာတတ်ပြီးကိုယ်မှာမတတ်ရင် အ၀ိစီချိုးကပ်နေမှာပိုကြောက်ရပါတယ်။
ဒီတော့စာရေးသူရဲ့အမှားတွေကိုတွေ့ရင်ပြင်ပေး၊ အားမနာတမ်းဆဲကြ ၊ အခုရေးတဲ့စာတွေထဲမှာလဲအမှားပါရင်ခွင့်လွတ်ကြပါလို့ အားလုံးကိုစာရေးသူကလေးလေးနက်နက်တောင်းပန်ပါတယ်။
စာရေးဖော်ရေးဖက် ညီအစ်ကို၊ မောင်နှမအားလုံးကိုအမြဲတမ်းသတိရ၊ မေတ္တာပို့နေရင်း................
Wednesday, December 5, 2007
‘ယုန်’ အရိပ်ခံဗိမာန်လေးမှာ စာဖွဲ့လို့ထားလိမ့်မယ်
ဒါကအတ္တကိုဆုတ်ကိုင်ပြီးတွေးတာပါ ၊ ဒီ သာနေတဲ့ လ က ကျွန်တော်အတွက် သက်သက်လင်းနေတာမဟုတ်ဘူးလေ။ မျက်နာမလိုက်ပဲအစွမ်း ရှိသမျှ ကမ္ဘာပေါ်ကရှိရှိသမျှသက်ရှိ ၊ သက်မဲ့အားလုံးပေါ်မှာလင်းနေတာ၊ အေးမျှနေစေတာပါနော် ။ ဆင်းရဲသူရော ၊ ချမ်းသာသူရော ၊ ဘုရင်၊ သူတောင်းစား ၊ ခွဲခြားမထားပဲလင်းစေ၊ အေးမျှစေတာလေ။