Tuesday, May 13, 2008

မေးခွန်းများ

ရိုက်ချက်ပြင်းပြင်းနဲ့
ချိုးဖဲ့ဖျက်ဆီးမြေတုံဟီးအောင်
သောင်ကမ်းပါးဖျက်၊ရက်စက်ဆိုးဝါး
လူသားအသွေး၊မရွေးသုံးပါး
ကိုက်စားဝါမြို၊မျက်ရေယိုစေ
နင်ဖန်လေလားနာဂမုန်တိုင်းဘီလူးရိုင်း။
ပင်လယ်ဝပေါ်၊အားသော်မြုပ်နစ်
မွှေပစ်မှေက်လှန်၊မကျန်ဘာမျှ
မြစ်ဝတဖန်၊ရေလျှံလှိုင်းကြီး
ရင်ထဲမီးလောင်၊ယူဆောင်ခွဲထုတ်
ဆွဲဆုပ်ဖျက်ဖြိုငုတ်လျှိုရေထဲ
နင်ဆွဲလေလားနာဂမုန်တိုင်းဘီလူရိုင်း။
ကူပါကယ်ပါတစာစာနဲ့
တွယ်ရမဲ့တွေထားခဲ့လေပြီး
ကမ္ဘာမီးလောင်သူယောင်သူခိုး
မိစ္ဆာပိုးကိုဂုတ်ချိုးသွေးစုတ်
အမြတ်ထုပ်စေနင့်အမွှေနှစ်ချန်ရစ်ခဲ့လား
နာဂမုန်တိုင်းဘီလူးရိုင်း။

1 comment:

စိုးထက် - Soe Htet ! said...

သဘာဝ နဲ့ လူသားတွေ အားစမ်းသလို ပဲ :) လောဘ ဒေါသ မောဟ ... တွေ များလာခြင်းရဲ့ နောက်ဆက်တွဲ ဗျ :)