ဒဏ်ရာပြင်းပြင်းကိုငါခံစားရင်း
လွမ်းဆွတ်ခြင်းညတွေစိတ်လေလေနဲ့ဖြတ်
ဝမ်းရေးကိုတွေးရင်း
အဆွေးသီချင်းကိုငြီးရင်း
ရင်းတွင်းမှာမကျက်သေးတဲ့အနာ
တကယ်တော့…ငါဟာ
ဒဏ်ရာနဲ့လူပါ။
ဘ၀ဆိုတာပမာစက်ဝန်း
လည်နေတဲ့သဘောပါတဲ့
ပညာရှင်တွေပြောနေကြတယ်
ရေးနေကြတယ်
ဆွေးနွေးနေကြတယ်
ဘယ်ခါဖြူပြီး ဘယ်တော့မဲမယ်
တကယ်ငါမသိ
လက်ရှိဘ၀အတိကျမှာ
ငါရဲ့ဒဏ်ရာမသက်သာဘူး။
ရင်ထဲမရှိတဲ့စကား
ပါးစပ်ဖျားပြောချောမွတ်
ဘုရားကန်တော့ပြီးစိတ်ပုတီးစိပ်
နောက်ပိတ်ကားကွယ်
ဘယ်လိုကြံဘယ်လိုလုပ်
ပြယုတ်သက်သက်တရားဖက်ပြီး
အတ္တဆင်စီးနေတဲ့
ပလီပလာသူတော်ကောင်း
ကြားကောင်းအောင်ပြောဘာသဘောလဲ
ငါလေ….ဒဏ်ရာထဲမှာနှစ်နေဆဲ..လေ။
Friday, May 2, 2008
Subscribe to:
Post Comments (Atom)
1 comment:
Nice Rhythm, Brilliant moods, Wonderful Thoughts..,
Simply, One of the Great Poem.
Soe Mya Nandar Thet Lwin
Post a Comment