Thursday, March 12, 2009

အဖေတစ်ခု သမီးတစ်ခု

အဖေတစ်ခု သားတစ်ခု ဇာတ်ကားကို ကျနော် ငယ်ငယ်လေးတုံးကတော့ ကြည့်ဖူးတယ် အဲဒီရုပ်ရှင် ဇတ်ကားထဲမှာ ဦးစိန်မြင့် သရုပ်ဆောင်တာ ကောင်းလွန်းတော့ ပရိတ်သတ်တွေ ငိုကြ လွမ်းကြ.. နောက်ဆုံးဦစိန်မြင့်.. အကယ်ဒမီ ရခဲ့တဲ့ဇာတ်ကားပေါ့လေ။

အခုကျနော်ကတော့ ကံဇာတ်ဆရာလို့ပဲ ပြောရအောင်နော် .. ရိုက်နေတဲ့ အဖေတစ်ခု သမီးတစ်ခု ဇာတ်ကားကို ပီပြင်အောင် ကပြနေရတဲ့ သရုပ်ဆောင် ပေါ့ဗျာ။ ကျောင်းတွေက စာမေးပွဲပြီးတော့ အချိန်တွေပိုနေတဲ့ သမီးအတွက် ဘာ သင်ပေးရမလဲဆိုတာ ကိုတွေးနေမိတယ်.. တက်ရမဲ့ သင်တန်းတွေက တောင် ပုံရာပုံရှိနေတယ်.. ပြီးတော့ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေ ယဉ်ကျေးမှု သင်တန်းတွေကလည်း ရှိနေတော့.. ပေးတက်ရမလားပေါ့လေ စဉ်းစားနေရပြန်တယ်။

လောလောဆယ်တော့ ခဏနားခိုင်းထားပေမဲ့၊ နောက်တက်ရမဲ့ ပဉ္စမတန်းအတွက် စာတွေကိုကြိုကျက်နေတဲ့သမီးကို ကြည့်ရင်း ကျနော် ပင့်သက်ချနေမိတယ်၊ သူများနောက်မှာ နေကျန်ခဲ့ရမှာကို ကြောက်သောသမီး… စာကို ခင်တွယ်နေသော သမီး.. သမီးကို ပြန်ပြီးမေးတတ်အောင် လေ့ကျင့်ပေးခဲ့သော ကျနော့်ကိုယ် ကျနော် တခါတလေ အပြစ်တင်ချင်သည် ဘာကြောင့်မှ ပြန်ပြီးစောဒကတက်ခွင့် မရသော၊ ပြန်မေး ခွင့် မရသော ကျောင်းစာ ခန်းများတွင် စာ သင် ရမယ့် ခလေး ကို

ကျနော် သည် ပြန် မေးတတ်အောင် လေ့ကျင့်ပေးခဲ့ မိတာ ကို ပေါ့၊

ပြီေးတာ့.. သမီးစာဖတ်တာက ပို မြန် လာ သလို မှတ် လည်း မှတ်မိ လာနေတယ်၊ ဒီအကျင့် လည်း ကျနော် လုပ် ခဲံတာ ပါ မိသားစုရဲ့ အိမ်မက် ဆိုး ကို သမီးဆီရောက် မသွားစေ ဖို့ စိတ် ဓာတ် ကျမသွား ဖို့ ၊ ထွက်သမျှ ခလေး ဖတ်စရာ မှန်သမျှ၊ ရွှေသွေး၊ မိုးသောက် ပန်း ၊ရတနာ ပန်း ခင်း၊ ပုတုတုလေး၊ သူ ငယ်တန်းကတည်း က စာ လုံးပေါင်းပြီးဖတ် နေတဲ့ သမီး ၊နောက် တော့ ပုံပြင် တွေဖတ် လာတယ်၊ သူဖတ်ချင် သမျှကာ တွန်းရုပ် ပြစာ အုပ်များ ကို၊ ကျနော် ၀ယ်မပေး သည့် တိုင် အောင် ကျနော်တို့ မြို့ရဲ့ အကောင်းဆုံး စာ ပေလို့ပြော နိုင်တဲ့ ဘ၀သစ်စာပေက သူ ငယ် ချင်း က သူ့ စိတ် ကြိုက် မွေနှောက် ခွင့်ြ့ပုထား တာ မို့၊ စာ ဖတ် မြန် လာ တာ လေ၊

ဘ၀သစ် စာ ပေဆိုတာ က တကည် လည်း စာ အစုံဆုံး စာ အုပ် ဆိုင် ပါ၊ ရှား ပါးစာ အုပ် တွေ မှန် သမျှ ရှိတယ် ကိုယ်တိုင် လည်း ဖတ်ပြီး ၊စာအုပ် ကိ ၀ါသနာအရ လုပ် နေတာ ပါ၊ အထူး သဖြင့် ဘာ သာ ပြန် တွေ က ပိုစုံတယ်၊ ကျနော့်  အား ကိုးရာပေါ့..ဟီး တကယ်ရှားနေတဲ့ ဘာ သာ ပြန် တွေ အဟောင်းတွေ ကို လက် လွတ် မခံ လိုက် ၀ယ် တင်ပြီး ထားနေတဲ့ဆိုင်…အမြတ် အစွန်း ကို ထည့် မတွက် ဘူးလေ၊…သူ လို ချင် သော စာ ကျနော့် ဆီမှာ ရှိသလို ကျနော် လို ချင် သော စာ များ လည်း သူ့ဆီမှာ ရှိနေတော့ .. အဆင်ပြေ ပေါ့ ဗျာ..သမီး ကကြား က အမြတ်ရတယ် သူ့စိတ်ကြိုက် စာ အုပ် ဖတ် ခွင့် ရနေတာ ကိုး တခါတလေ သမီး စာ အုပ် သွား ယူပြီး မဖတ်တဲ့နေ့တွေ (ကျောင်း ပိတ်နေ့)တွေ ကိုယ်တိုင် သယ် လာပြီးပေး ဖတ်ခိုင်း တာလေ။

အခု လည်း လွန်ခဲ့တဲ့ မိနှစ် သုံးဆယ် က ယူ ခဲ့တဲ့ ကားတွန်း သုံး အုပ်စလုံး ဖတ်ပြီး အဖွား ကိုတောင် ပြန် ပြောပြနေပီ။ နောက်ပြီး တော့ ကျနော့် ကို လှမ်းပြောတယ် “ အဖေရေ.. ကာ တွန်း က စာ နည်း နည်း လေးတဲ့” နောက်ဆို စာ များတဲ့ ဟာ ပဲ ယူ တော့ မယ်တဲ့..လေ။

တခါတလေ..စာ အုပ်ကိုယ်စီနဲ့ ဇိမ်ကျနေတဲ့ ကျနော်တို့ အိမ်ကို ဖြတ်သွား သူတွေကြည့်ပြီးပြုံး သွား ကြတာ တွေ့ရ တယ်။

ပြီးတော့ ကျနော်တို့ သား အဖက သီ ချင်းကြိုက်တယ်.. အကြိုက်တူ တဲ့ သီချင်းက ကိုလေးဖြူရဲ့ အလွမ်း များ ကိုငှက်ရဲ့ မြို့ ပြ လရောင် တမ်း ခြင်း … သမီး ငယ်တုံးက သားချော့တေးလေ။

အခုတော့ ညဖက် လသာ တဲ့ ညတွေ မှာ ကျနော်ဂစ်တာ တီး ရင်း သမီးကို ဆို ပြနေတဲ့ သီ ချင်းပေါ့။

မြို့ ပြညတွေ… ခါးသီးစွာ ဖြတ် သန်းရင်း……….။

11 comments:

ခေါင်ခေါင် said...

ုသားအဖ ၂ ယောက် မြို့ပြညတွေ ခါးသီးစွာဖြတ်သန်းရင်း အလွမ်းများ.. သီချင်းကို တူတူညည်းကြရင်း .. ဘ၀အမောတွေကနေ ပြေကြပါစေ...

တက်လူငယ် said...

အရင်ကတည်း စာတွေလာဖတ်ပါတယ်ဗျာ။

ုမန့်ခဲ့ပါတယ်။

ခုတော့ ကံဇာတ်ဆရာကြီးဖြစ်နေပြီပေါ့နော်။

သဇင်ဏီ said...

ဘ၀ဇာတ်ကြောင်း ပို့စ်အသစ်ဖတ်သွားပါတယ်...

Dr Phyo Wai Kyaw said...

အစ်ကိုရေ... ကာတွန်းစာအုပ်ဆိုတာ နည်းနည်းလေး နဲ့ ဖတ်မ၀ဘူး.. တူမလေး ပြောတာ အမှန်ပဲ..
ကျနော်လာမှ စာအုပ်တွေယူခဲ့မယ်.. ဂစ်တာလည်း ကူတီးပေးမယ်..တစ်ယောက်တည်းသမားဆိုတော့ တစ်နိုင်ငံလုံး လျှောက်သွားမယ် စိတ်ကူးထားတယ်..

ဒါပဲကောင်းတယ်မဟုတ်လား

ချမ်းမြေ့ပါစေ။

may16 said...

သားအဖနှစ်ယောက် ပျော်ရွင်ပါစေ. ကာတွန်းစာအုပ်တွေ များ၂ပေးဖတ်လိုက်ပါ ဒီအချိန်ကကျောင်းပိတ်ချိန်လေ ကိုဥပသကာ.

မသက်ဇင် said...

"အဖေတစ်ခု သမီးတစ်ခု"

ဥပသကာတို့ မိသားစုလေးရဲ့ဘဝဟာ
တရားတွေနဲ့ပြည့်သိပ်နေသလို--
စာအုပ်တွေနဲ့ သီချင်းတွေနဲ့ အေးချမ်းပါတယ်ရှင်--

Unknown said...

အဖေတစ်ခု သမီးတစ်ခု ဘ၀ ဇာတ်ကြောင်းကို ငြိမ့်ငြိမ့်လေး လာဖတ်သွားပါတယ် ။

Younggun said...

နှစ်ယောက်တည်းဆိုပေမယ့် .. သီချင်းနဲ့ လမင်းရှိရင်.. ပြီးပြည့်စုံမယ်ထင်ပါတယ်။ အစ်ကိုတို့ မိသားစုလေး ငြိမ်းချမ်းပါစေဗျာ။

Anonymous said...

စောစောကရေးတင်တာ ထွက်သွားပုံမရဘူး။

ကျွန်တော့်မှာတော့ ကလေးတွေအဆင့်ကနေ မြေးတွေကို ဥပသကာ အခုအတွေး-အလုပ်မျိုးလုပ်နေရတယ်။ အကြီးဆုံးက ၁၀ တန်းဖြေနေတယ်လေ။ စာမေးပွဲဖြေရတဲ့ကျောင်းကို အပို့-ပကြိုလုပ်နေရတယ်။ နှစ်ဘာသာတော့ပြီးပြီ။
နေရာသီအတွက် ဒီမှာ ယဉ်ကျေးမှု-ဘာသာရေး သင်ပေးစရာမရှိပါ။
သူတို့ကျောင်းကို အသားငါးမယူဘူးတဲ့။ ငါးပိ-ငန်ပြာဝေလာဝေး။ ဆန်(ထမင်း)စားတာတောင် အထင်သေးသတဲ့။
(မဲလ်တင်း-ပေါ့တ်)ဖြစ်လာ-မလာတော့မသိဘူး။
တခါက ဗမာပြည်ပြန် မိတ်ဆွေအိမ် မဲဇလီဖူးသုတ် သွားပေးပါတယ်၊ သိပ်ကောင်းတယ် ဆရာ။ (ချတ်တနီး)နဲ့ ရောစားလိုက်သတဲ့။
ကလေးတွေအဖို့ အတုခိုးစရာကလဲ ဗမာမဟုတ်တာတွေချည်းဘဲ။ တတိုင်းပြည်ထဲကနေ လာကြတာ မှန်ပေမဲ့ အဖိုး-အဖွါး-အမိ-အဖတွေနဲ့ နောက်ခံမတူတဲ့ လူမျိးစုတွေက အများစုကြီး။
ဆီပြန်စာတဲ့အရပ်ကလာပေမဲ့ ကလေးတချို့ ဆီမပါ-ဆားမခပ်တဲ့ အပြုတ်ကို ကြိုက်နေကြရရှာတယ်။
ကျွန်တော်တောင်မှ ချင်းနဲ့ထောင်တဲ့ငြုတ်သီးထောင်း ဆီမဆန်းတာကို ခံတင်းတွေ့နေပြီဗျို့။

ရွှေပြည်သူ (ShwePyiThu) said...

ဗဟုသုတကြွယ်မယ့် သမီးကောင်းရတနာလေးကို ပြုစုပျိုးထောင်နေရတာ သိပ်ဂုဏ်ယူစရာ ကောင်းလိမ့်မယ်လို့ တွေးမိပါတယ်... ကိုယ်တိုင်ကလည်း အဖေချစ်တဲ့သမီးဆိုတော့ ဒီပို့စ်ထဲက ဖခင်မေတ္တာကို ခံစားရင် အဖေ့ကိုလွမ်းသွားမိတယ်...

မိုးခါး said...

ခါးသီးစရာလိုတော့ မမြင်မိဘူး
ကျေနပ်စရာပါး)