Wednesday, June 24, 2009

သူတော်ကောင်းတို့၏အသံတော် အပိုင်း(၂)

ညနေစောင်းတော့ ဆရာတော်နှစ်ပါးရေ သုံးသပ်ဖို့အတွက်ပြင်ဆင်ပေးရင်းနဲ့ ကျောင်းဝင်းထဲလှမ်းကြည့်မိတယ် သစ်ပင်လေးတွေက စိမ်းစိမ်း သရက်ပင်တွေ ပိန္နဲပင်ကြီးတွေ ပြီးတော့ ကျောင်းနောက်ဖက်က ခရေပင်ကြီး လည်း လှနေတယ်၊သူတော်ကောင်းတို့ရဲ့ပျော်စံရာက အငြိမ်းဓာတ်တို့ကိန်းနေတယ်၊ငှက်လေးတွေသီချင်းဆိုနေကြပရဲ့ ငြိမ်ချမ်းရေးသီချင်းဖြစ်ပါလိမ့်မယ် ရေချိုးနေကြတုံး ကျောင်းကဦဇင်းတွေ ရောက်လာတာနဲ့ ဆရာတော်နဲ့ဦဇင်းတွေကိုခွင့်ပန်ပြီး ကျောင်းပေါ်ကကြည့်လိုက်ရင် လှမ်းမြင်နေရတဲ့ ခရေပင်ကြီး ရှိရာကို ကျနော် သွားလိုက်တယ် ကျောင်းရောက်တိုင်း အဲဒီနေရာလေးမှာထိုင်ပြီး အလုပ်လုပ်ရင်လုပ် မလုပ်ရင် တိမ်တိုက်တွေ နဲ့ အိမ်ပြန်ငှက်တွေကိုကြည့်ရင်း……..။



“ အော်နေညှိုနေပြီ ၀င်တော့မယ် ၊ ကျနော်လည်းအိုပြီသေတော့မယ် ဘာရသေးလဲ ဘာလုပ်ပေးခဲ့နိုင်လဲ လူတွေ အတွက် ဘာချန်ထားခဲ့ လဲ၊ အိမ်ပြန်ငှက်တွေက ကျနော့်ကိုအပါယ်လေးဘုံမှာ ပြန်ဆုံမလားလို့မေးနေတယ်ထင်ရပါ့ လေ…သာမာန်ပုထုဇဉ်ကျနော်ရဲ့ အမြဲတန်းနေအိမ်က ငရဲ ပြိတ္တာ အသူရကာယ် နဲ့တိရိစ္ဆာန် ” လေ.. အခုလူအမည်ခံတာတောင်မှ တိရိစ္ဆာန်စိတ်က၀င်ချင်သေး ၀င်လာသေး တယ်လေ..လာသေးတယ် ငါကဘာကောင် မင်းကဘာကောင် အကောင်တွေဇာတိပြသေးတယ် ဘယ်ကလာလဲ ဆိုတာ ကို အပြိုင်ဆိုင်ကြွားကြသေးတယ်၊ သေရင်အပ်တိုတစ်ချောင်းတောင် ယူမသွားနိုင်မှန်းအသိ နဲ့ပင် ရရှိနေဆဲ အခွင့်ရေး စိးစိမ်တွေကို မလွတ်တန်းဆုပ်ကိုင်ချင်ကြတယ် ဘာအတွက်လဲတော့မသိ လူ့ဘ၀သရုပ်အစစ်က ဘာလဲ မြဲရေးလား တည်တန့်ရေး လား အစဉ်ထာဝရလား ၊မသိတာလား သိသိရက်နဲ့မိုက်ချင်တာ လား လို့ပြန်မေးတော့ မိုက်နေသူသာ ကျနော်ဟာ တကယ့်ကို မိုက်နေသူလေ ယူဆောင်သွား လို့မရတဲ့ အရာ အားလုံးကို ပိုင်ဆိုင်ချုပ်ကိုင်ပြိး ထာဝရနေအိမ်မှတ်နေ သူပါ။

တရားတော်ရဲ့အနှစ်သာရကို ကျနော်တကယ်မြင့်ခဲ့ပြီလား၊ဆိုတဲ့မေး ခွန်း ကို ပြန်မေး မိတယ်၊ ကိုယ့်ဘာသာကိုယ်၊မေးရင်းနဲ့ပဲ စိတ်ကစာရေးနေတဲ့ အပေါ်အတွေးရောက်သွားတယ်လေ မရေးတတ်ရင် ငရဲကျမဲ့ အလုပ်က စာရေးတဲ့ အလုပ် လို့တွေးနေရင်း ကျနော်ဖတ်ခဲ့ ဘူးတဲ့ အကိုကြီး မင်းဒင်ရဲ့ စာတစ်ပုဒ်ကို သတိရ လာတယ် ဖတ်ဖူးပြီးသားဖြစ်မှာပါ ဘလော့ဂါနဲ့ သူခိုးပုံပြင် ဆိုတာလေ သူခိုးထက်ပို အပြစ်ကြီးသောစာရေးဆရာ များဖြစ်ခဲ့လျှင်…ဆိုတဲ့အတွေးကခေါင်းထဲရောက်လာပြန်တယ်။

အဲလိုတွေးနေရင်းနဲ့ပဲ ဖတ်ဖူးတဲ့စာအချို့ခေါင်းထဲရောက်လာတယ်လေ သတိပြုစရာပေါ့ စာရေးသူတိုင်း စာရေးချင်သူတိုင်း သတိထားစရာပါ။ ဘာလဲဆိုတော့



မိမိကိုယ်တိုင်လည်းအမြင်မှားနေ၏၊(မိစ္ဆာဒိဋ္ဌိဖြစ်နေ၏) ၊သူတပါးတို့အားလည်း မိမိလိုအမြင်မှားအောင် မစ္ဆာဒိဋ္ဌိဖြစ်အောင် ရေးသား ဟောပြော ထုတ်ဝေ၏ ထိုသူမျိုးသည်သေလျှင်ဧကန္တ အပါယ်ငရဲသို့သာ ကျရပေသည်။

(ပါရာဇိကဏ်ပါဠိတော်၊ဒိဗ္ဗစက္ခုညာဏကထာ၊အခန်းမြန်မာပြန်)

စာရေးသူလိုမျိုး တောမရောက်တောင်မရောက်စာရေးသူတွေ သေချာသလောက်ရောက်မဲ့နေရာပေါ့ ၊ပြီးတော့ရေး ချင်တာကလည်း ဘာသာရေး ဆိုတော့ ရေးရမှာ လည်း ခပ်တွန့်တွန့် ၊ခက်တာက ပြန်ပြောပြချင်တာလဲ အလွန်..အင်း…..ဆရာကြီး လုပ်တာ မဟုတ်၊ ၀ါသနာကိုယ်တိုင်က ကိုယ်သိသလိုသိစေချင်တာ ကိုယ်ကစာအုပ်လေး တစ်အုပ်လောက်ဖတ်ကြည့် ကောင်းရင် လက်တို့ တတ်သူ ဆိုတော့ လည်း အခက်သား။


ဒီလိုတွေးနေရင်းနဲ့ ပဲဆရာတော်အခေါ် ခိုင်း တယ် ဆိုပြီး ရေမြစ်ကြီးဆရာတော် လေး က ပြောတော့ ဆရာတော့် နောက်က ခပ်ခွာခွာ လိုက်ရင်း ဆရာတော်သီတင်းသုံးရာကျောင်း တော်ဆီ လိုက်ဖြစ်ခဲ့တယ် သံဃာတော်နဲ့ ပခုံးချင်းယှဉ်လိုက်ရဲသောသတ္တိ ကျနော့်မှာ မရှိ။ ဒီနေရာမှာ ဝေဘူဆရာတော်ကြီးရဲ့ အဆုံးအမ ကိုသတိရတုံး ပြန် ပြောရရင်ရင်…..။


ဘုရင်သားကို ပါးစပ်နဲ့အစော်ကားရင် လျှာအဖြတ်ခံရမယ်၊ လက်နဲ့၇ိုက်ပုတ်မိရင် လက်အဖြတ်ခံရမယ်၊ ခြေနဲ့ ခတ်မိရင် ခြေအဖြတ်ခံရမယ်၊ ဒီထက်ပိုဆိုးရင် အသတ်ခံရမှာပဲ..အခုသံဃာတော်ဆိုတာ၊ ရဟန်းဆိုတာ ၊ ဘုရင်သား ထက်မြင့်တဲ့ မြတ်တဲ့ ဘုရားသား..ဒီတော့ ပြစ်မှားရင်ဘာ ဖြစ် မလဲ..စဉ်းစားဗျာ တဲ့လေ ၊ အကျယ်ကိုသိချင်သူများကတော့ ဘေူဆရာတော်ဘုရားကြီးရဲ့ သံဒိဋ္ဌိက တရားတော်များ ဆိုတဲ့စာအုပ်မှာ ဖတ်ရှု ကြည်ညိုနိုင်ကြပါ တယ် ခင် ဗျ။


နောက်တော်က လိုက်ရင်း၊ ကျောင်းတော်ကိုရောက်တော့ ဆရာတော်နှစ်ပါး ကစကားမြည်စ ပြောနေကြပြီ ကျနော်လည်း အလိုက်တသိနဲ့ ဘုရားကို ဦးချပြီးဆရာတော်တွေကို ဦးချ လိုက်တယ် နောက်တော့ ၀တ်ဖြည့်ဖို့ ဖျာခင်း တော့ ဆရာတော်ကြီးက နေရာယူရင်း ..မိန့်လိုက်ပုံက….။

သားအငယ်ရေ…ငါတို့သာသနာတော်ကြီးအတွက်၊ ငါတို့အား လုံးမှာတာဝန်ရှိတယ် လုပ်လည်းလုပ်ရမယ် ဒါပေမဲ့ သတိထားရမှာက ဘာသာခြားထက်ပြုမရောင်နဲ့ဖျက်တဲ့ ပုဂ္ဂိုလ်တွေကွဲ့၊ပြီးတော့ အစဉ်အတိုင်းသွားရမဲ့ ဟာကိုကျော်သွားနေတာတွေ့ရတယ် အဲဒီလိုကျော်သွားနေတာဟာ အလုပ်ခွင်မှာ လည်း အနှေက်အယှက်ပဲ၊ တို့များ မိုးကုတ်ဆရာတော်ကြီး ဟောထားတာရှိပါတယ်၊ သေချာမှတ်နော်..ခန္ဓာ၊ အယာတန၊ ဓာတ်၊ပြီးတော့ သစ္စာ နော်မှ ပဋိစသမုပ္ပတ် နော်၊ အခု က လာတာနဲ့ ဘာတဲ့တန်းပြီးပဋိစ လိုက်ကြရော၊ အောက်ခြေပြတ်နေကြတာပါ၊ တကယ်တန်း က ခန္ဓာက စရမှာဗျ၊ဒီခန္ဓာကြီးရဲမမြဲပုံဆင်းရဲပုံကို အသေချာကို၊ ပိုင်းခြားသိထားရမှာဗျ၊နောက် အတွင်းအာယတနနဲ့အပြင်အာယတနအလုပ်လုပ်ပုံကို မမြဲတရားနဲ့ မြင်အောင်ကြည့် မဟုတ်ရင်ဓာတ်ကိုကြည့်၊ပိုပြီးရှင်းအောင်ပြောရရင်တော့ ခန္ဓာမှာ သစ္စာဆိုက်အောင် သိ နောက်ပြီး အာယာတနမှာ သစ္စာ ဆိုက်အောင် သိ၊ ပြီးတော့ ဓာတ်မှာသစ္စာ ဆိုက် အောင်ကြည့် အဲ လိုမမြဲဆင်းရဲ ရတဲ့ အကြောင်းကျိုးတွေရဲ့ အဖြေက ပဋိစ္စသမုပ္ပတ် မှာကြည့် ဒါမှ တကယ့်ကို ဆရာတော်ကြီး အလိုတိုင်း ကိုယ်တွေ့နား လည်မှာ ဗျ။ သစ္စာနဲ့ ပဋိစ္စသမုပ္ပတ်ကတွဲနေမှ ဗျ။



တင်ပါ့ဘုရား..ဟုဝန်ခံ ချိန်မှာပဲ သက်တော်ကြီးရင့်တော်မူ လှပြီးဖြစ်တဲ့ဆရာတော် ကြီး ကိုကြည့်ရင်း သံဃဂုဏ် ကိုဆင်ခြင်မိနေသလို နော်တရားမော ခင်မှာ ခုနက ဆရာတော်ကြီး ပြောတဲ့ တရား သဘော ကိုတွေးရင်း အင်းမဆရာတော်ကြီး (မှတ်ချက် - ရဝေနွယ်အင်းမဆရာတော်မဟုတ်ပါ) သိမ်တောင်အင်းမ ဆရာတော်ကြီးရဲ့ မိန့်တော်မူ ချက်အချို့ ကိုပြန်ပြီးသတိရမိပါတယ်လေ..ဒီလိုပါခင် ဗျ။

ဝိပဿနာပညာဆိုတာ၊လူသာမန်၊နတ်သာမန်၊ပုထုဇဉ်သာမန်တို့မကြံအပ်၊မကြံစည်နိုင်ရာ၊၀ရဇိန်မိုးကြိုးစက်သွားပမာ စိန္တမယပညာ၊၀ဋ်ဒုက္ခကိုကုန်ခန်းစေရာ၊တိဟိသ်ပုဂ္ဂိုလ်တို့နဲ့သာထိုက်ရာ၊တန်ရာ၊ကြံစီရာဖြစ်သော သည်ဝိဇ္ဖာ လမ်းကြီးသည်…..တဲ့လေ၊ အကျယ်သိခ်ျသူများအတွက် ကျမ်းက

ဓမ္မစင်္ကြာဆရာတော်ဘုရားကြီး၏ ပထ၀ီဓာတ်နဲ့ညဏ်ကိုးလွာခေါ် ၀ိပဿနာ လုပ်ထုံး ကျမ်း ကိုကြည့်ကြပါ ခင် ဗျ။



အဲဒါပေ မဲ့ ကျနော်တို့က တိဟိတ်ဒွိဟိတ် လား ကိုယ့် ဘာသာကိုယ်မသိနိုင်တော့ အလုပ်ကို တကယ် အပ်ချမှတ်ချ လုပ်ရမှာလေ။ လယ်တီဆရာတော် ကြီးရှဲု အဆုံးအမ အတိုင်း ပေါ့လေ တိဟိတ်၊ဒွိဟိတ် ၀ိစ္ဆိကိတ် ဘေး ချိတ် ထား ပါဘိတဲ့လေ၊ အင်းမကြီးဆရာတော်ရဲ့သြ၀ါဒကို ပြန်ပြောပြမိတာက တရားတော်ရဲ့ လေးနက်မှုသဘောကိုသိစေချင်လို့၊ပြီးတော့တရားတော်ကိုလွယ်လွယ် လုပ်နေကြလို့ပါ၊ဗြဟ္မဇာလာသုတ်မြန်မာ ပြန်ဖတ်ဖူးသူတိုင်သိမျာပါ…..“


ငါဘုရားထိုးထွင်သိမြင်သောတရားတို့မှာ နက်လည်းနက်နဲ၏ မြင်လည်းမြင်နိုင်ခဲ၏ ထိုးထွင်းပြီးလည်သိနိုင်ခဲ၏၊ တည်လည်းတည်ငြိမ်လွန်းသည်၊ မွန်လည်းမွန်မြတ်သည်၊ အတွေးခေါ်သက်သက်ဖြင့်လည်း မှန်ကန်စွာမမြင်နိုင်၊ သိမ်လည်းသိမ်မွေ့လှ၏ ပညာရှိသူမှသာအရသာခံနိုင်ပေမည်…ဆိုတဲ့ ဗြဟ္မဇာလသုတ်မြန်မာ ပြန်ထဲက တရားတော် ကို ပြောနေသလိုပါ ဗျာ။


စာကရှည်နေလို့ ခဏနား ပါ့မယ် ။နောက် လာမဲ့ အပိုင်း(၃)မှာ လည်း သြ၀ါဒတော်တချို့နဲ့ သရဂုံ ကျင့်စခန်း နိဒါန်း ကို ပြန်ပြီးဖေါက်သည်ချပါ့မယ်။

လေးစားစွာဖြင့် ဥပသကာ

10 comments:

မင်းဒင် said...

ကိုရင်လေး ။
တကယ်လေးနက်တဲ့ စာတွေကို ကိုင်ရဲရေးရဲတယ် ဆိုတာ တော်ရုံသတ္တိတော့ မဟုတ်ဘူးဗျာ။ လေးစားဘို့ပိုကောင်းတာက ကိုယ်ပိုင်သံစဉ် ဖြစ်အောင် အားထုတ်မှုကို တွေ့ရခြင်းပါပဲ ။

ခင်မင်လျက်
မင်းဒင်

Dream said...

သာသနာ တည်တံအောင် လူတိုင်း မှာ တာဝန်ရှိပါတယ်...

စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ ဦးကာကြီးရေ
မက်မက်
:)

မမသီရိ said...

လာလည်သွားတာကျေးဇူးပါ
တန်ဖိုးရှိတဲ့ ဘလော့လေးမို့
link ယူသွားပါပြီ
စာတွေလဲဖတ်သွား ပါတယ်

မယ်ကိုး said...

တရားလာနာသွားပါတယ်။ ဒီလို စာမျိုးရေးတတ်ချင်ပါတယ် တကယ်။ ဒီဘ၀တော့ ရေးနိုင်ပါဦးမလား မသိ။

အားပေးလျက် ...

လူလ said...

မင်္ဂလာပါ ကိုဥပသကာ

လောကဓံတရား ၈ ပါးဆိုတာ လူတိုင်း မလွတ်ကင်းနိုင်ပါဘူး ကျွန်နော်အပါအ၀င်ပေါ့။ စွပ်စွဲသူက စွပ်စွဲလိုက်တာပဲ။ ဒါဗေမဲ့ စွပ်စွဲမှုအပေါ် ဘယ်လောက် အခြေအမြစ်ရှိသလဲ ဆိုတာကို စွပ်စွဲသူက သက်သေပြနိုင်ရင်ကောင်းသား..
ဒါဗေမဲ့ ကိုယ့်စိတ်က စေတနာသန့်သန့် ရှိတယ်လို့ ယူဆသရွေ့တော့ ဆက်လုပ်ပါ။ အချိန်က စကားပြောတာပေါ့။ လူတိုင်းမှာတော့ ခံစားချက်ရှိတယ်လေ။ လောလောဆယ်မှာ စိတ်မကောင်းဖြစ်နေမှာပါ။ ဘာဖြစ်ဖြစ် နာမည်ကြီးတာပေါ့။ စောင့်ကြည့်သူတွေ ပေါများပြီး ဘလောဂ်ဖတ်နေကြတဲ့သူတွေကပဲ ဆုံးဖြတ်ပေးမှာပါ...

ရွှင်လန်းချမ်းမြေ့ပါစေ...

မိုးခါး said...

ခုမှဖတ်ဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်း)

ခွန်မြလှိုင် said...

ဘုရင့်သား အယောင်ဆောင်ရင် လည်ဖြတ်ခံရတယ်လို့ ကြားဖူး ဖတ်ဖူးပါတယ် ဘုရားသား အယောင်ဆောင်ရင် တော့ ပိုဆိုးတော့ မပေါ့ ဒိပြင် ကိုယ်နားလည်နိုင် လောက်တဲ့ အရာ မဟုတ်တာကို ဆရာလုပ် ဝေဖန် စွပ်စွဲ ကဲ့ရဲ့ ရင်တော့ ပိုဆိုးမှာပါ အကိုရေ.. နာမည် ကြီးချင်သူ တွေက နာမည်ကြီး ပြီးသား လူတွေကို စွပ်စွဲ ကဲ့ရဲ့တဲ့ စာလေး လေးငါးပုဒ် ရေးပြီးတာနဲ့ ဆရာလုပ်ပြီး ပုတ် ခတ် တိုင်း ဥာဏ်ရှိတဲ့ စာဖတ်သူက လမ်းလွဲ မသွားနိုင် ပါဘူး.. ဆက်ရေးပါ အကိုရေ အားပေးလျက် စောင့်ဖတ် လျက်ပါ သူတော်ကောင်းတွေရဲ့ အသံတော်ကို သူတော်ကောင်း အချင်းချင်းက သိသလို သူတော်ကောင်း ကို မြတ်နိုး တတ်တဲ့ လူတွေက စောင့်နားထောင် နေမှာပါ..

ကဗျာဦး said...

အခုလူအမည်ခံတာတောင်မှ တိရိစ္ဆာန်စိတ်က၀င်ချင်သေး ၀င်လာသေး တယ်လေ..လာသေးတယ် ငါကဘာကောင် မင်းကဘာကောင် အကောင်တွေဇာတိပြသေးတယ် ဘယ်ကလာလဲ ဆိုတာ ကို အပြိုင်ဆိုင်ကြွားကြသေးတယ်၊ သေရင်အပ်တိုတစ်ချောင်းတောင် ယူမသွားနိုင်မှန်းအသိ နဲ့ပင်

မိုက်တယ်

win latt said...

စာအရေးအသားကောင်းပါတယ်။
စာရေးဆရာကြီးများရဲ့ စကားလက်ဆောင်ပေးချင်ပါတယ်။သိပြီးသားဆိုရင်လဲ ပြန်သတိရအောင် ပြောတယ်ဘဲ သဘောထားပေးပါ။
“ စု၊တု၊ပြု”
သုခီအတ္တာနံ ပရဟရန္တု

kokomaung.uk said...

အသံတော်လေးကို လာကြည်ညိုမှတ်သားသွားပါတယ်။