Monday, June 1, 2009

သူတော်ကောင်းတို့ အသံတော်(၁)

တနေ့ကတော့ ကျောင်း ထဲမရောက် ရောက် အောင်သွားမယ် ဆိုပြီးသွားတော့ လည်း၊ မဖူးမြင်ရတာ ကြာပြီဖြစ်တဲ့ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးဆီ ရောက်ဖြစ်တယ် အလုပ်တွေများနေတဲ့ ခုတလောက စိတ်ထဲမှာငြီးစီစီကြီး ခံစားနေရသလို၊ ကိုယ်ရေးတဲ့ကဗျာ ကိုယ်ပြန်ဖျက်လိုက်ရတဲ့ ခံစားမှုအသစ်က၊ ကျနော့်ရင်ကို ထပ်ပြီးဖို့လိုက်တော့၊ ဦးနောက်ကြီး ထူသွားသလို နှလုံးသားလည်း ထူသွားတယ်ဆိုပါတော့၊ ငယ်တုံးက ကျောင်းသားဘ၀မှာ သူများပြောတာ မခံချင်လို့ စာ…စာ…..စာ.. တွေချည်းဖြစ်လာတော့ ဦးနောက်က ထူထုံထိုင်းကြီး ဖြစ်လာတယ်၊ အခု လည်း သူများရမ်းတာ မခံချင်လို့ ကဗျာကို ပြန်ဖျက်လိုက်ရပေမဲ့ နှလုံးသားက ထူပြီးထုံနေတယ်၊ ခံစားချက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ၊ အစစအရာရာကို ကြောက်ပြီးနေရတဲ့ဘ၀၊ ကြာတော့လည်း ကိုယ့်ဘာသာကိုယ် မုန်းလာတယ်.. တကယ်၊ စိတ်ထဲလေမဲ့အစား တခုခုလုပ်ရင် ကောင်းမယ်ဆိုပြီးတော့၊ ဘုရားမှာ လှူထားတဲ့ သင်္ကန်းတစ်စုံကို ယူပြီး တောရကျောင်းထဲကို ၀င်သွားတယ်၊ တကယ်တော့ ဒီသင်္ကန်းတစုံက ၀ယ်ထားတာ ကြာပါပြီ၊ ကျနော်က သူ့အတွက်ပေါ့လေ… အနစ်နာခံနေသူ အတွက်ပေါ့လေ၊ အလှူလုပ်ပေးနေကြ၊ အဲလှူမယ်ဆိုပြီးတော့ ၀ယ်ပြီး အိမ်ကဘုရားမှာ အရင်ကပ်ပြီး ထားခဲ့တာလေ။ သွားမယ်လုပ်လိုက်.. မဖြစ်လိုက်နဲ့၊ သွားမယ်ဆိုရင်တော့ မဝေးပါဘူး တရက်လောက် နေချင်သေးတယ်၊ တညလောက် ဆရာတော့်အရိပ်မှာ ခိုချင်သေးတယ်၊ အလုပ်ခွင်ထဲ မရှင်းတာတွေ မေးချင်သေးတာကိုး၊ အခုတော့လည်း ရက်ခြင်းပြန်ပဲ သွားမယ်ဆိုပြီးတော့၊ သင်္ကန်းပိုက်ပြီးတော့၊ ဟန်ဆောင်မှုကင်းရာ၊ မာယာမဲ့ရာ၊ သစ္စာရှိရာ ကျောင်းတော်ကိုပဲ လှမ်းဖြစ်တယ်လေ။

ကျောင်းထဲရောက်ရင် ကျနော် ကခလေးဖြစ်ပြီ၊ ဆရာတော်ရေးချိုးဖို့ ရေခပ်ပေး၊ ဆွမ်းစားဖို့ ဆွမ်းကပ်ပေး၊ ဆရာတော်စားပြီး ချကျွေးတာကို စားပြီးတော့ နေ့လည် ကျိန်းတော်မူချိန် ဆိုရင်၊ အနားမှာထိုင်ပြီး ၀တ်ဖြည့်၊ မေးချင်ရာကိုမေး၊ အားမနာတမ်း ထော့ပြီးကလှော်ပြီးမေး၊ ညဖက်ကျတော့ ဆရာတော်နဲ့ အတူအလုပ်လုပ်၊ မဟုတ်ရင်လဲ ကိုယ့်ဘာသာကိုယ်၊ ဇရပ်ပေါ်ဖြစ်ဖြစ် သိမ်ထဲဖြစ်ဖြစ်လုပ်၊ အိပ်ပျော်နေရင် အဆဲခံ အအိပ်မက်ရင် မနက်ကျအဆဲခံ၊ ဘယ်လိုဆဲလဲ သိလား၊ “နင့်ရုပ်ကလေ.. အိပ်နေလိုက်တာ၊ ငရဲမီးနဲ့ထိမှ အသိတရားရပြီး နိုးမဲ့ရုပ်”၊ အဲ.. မအိပ်ဘဲ တောက်လျှောက်ထိုင် မနက်ကျရင် ပြောလိမ့်မယ်.. တော်တယ် ဘုရားကို ပါးစပ်နဲ့မချစ်ဘူး၊ လက်တွေ့ချစ်တယ်.. သာဓုခေါ်တယ်ဆိုပဲ။

ကျနော် အိပ်မအိပ် ဘယ်နည်းနဲ့သိလဲလို့ မေးတော့၊ နင့်အရလားဆိုပြီးတော့.. ငေါက်တာခံရဘူးသဗျ၊ ငေါက်တော့လည်း ခံရတာပေါ့၊ နင်သိချင် နင်လုပ်မှ ရတဲ့တရား၊ ငါငှါးလို့မရဘူးဆိုပဲ။ ပြီတော့ ဘာပြောလဲမှတ်.. တခါတည်းမှတ်အောင် ဆုံးမတတ်တယ်၊ ပြောပြရဦးမယ်… တစ်ခါတော့ စာရေးဆရာဆိုတဲ့၊ သူတစ်ယောက် ကျောင်းထဲလာပြီး ဆရာတော် ကြီးကိုလာ ဖူးတယ်၊။ ဘာတွေရေးလဲဒကာ လို့မေးတော့၊ ဘာသာရေးပါ ဘုရားတဲ့… ဆရာတော်က ဘာပြောလဲ သိလား၊ “သူများရေး ပြီးသာဟာသာ မကူးချနဲ့ တရားတော်ကို ကိုယ်သိတဲ့ အတိုင်းရေး၊ ငါသာဓုခေါ်တယ်၊ အခုခေတ်က ရှေးဆရာတော်ကြီးတွေ ရေးတာကူးချ၊ ပြီးတော့ ဆရာလုပ်တာ များတော့ ခက်တယ်ကွယ်” ဆိုပြီး ငြီးတော်မူတယ်၊ ကျနော် ဘလော့ရေးတယ်ဆိုတာ ဆရာတော်သိတော့၊ “ဟေ့.. သားအငယ်ရေ နင်ကူးချမယ်ဆို ငါ့ဆီ စာအုပ်တွေ လာယူ” တဲ့လေ။ ပြုံးပြုံးကြီးနဲ့ မိန့်တယ်.. နောက်ထပ် ဆက်ပြီး မှတ်စရာ ကောင်းလွန်းလို့ ဆက်ပြီးပြောရမယ် ဆိုရင်တော့ “ကျမ်းဆိုတာ၊ ကိုးကားခွင့်၊ မှီငြမ်းခွင့်ပဲ ရှိတာပါ၊ တခါတည်း အပြီးသတ် ခိုးချပြီး လူတွေကို ပြန်ပြောရင်၊ နာဖူးထပ်မံဆိုပေမဲ့လည်း ခဏ ခဏဆို လူတွေက ထပ်မမံချင်တော့ဘူး” တဲ့လေ။

စကားတွေက တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီလေ၊ တကယ်ပြောချင်တာက၊ တစ်နေ့တည်း၊ တစ်ပြိုင်တည်းမှာ၊ နေလနှစ်ပါးကို တစ်ပြိုင်တည်း တွေ့လိုက်ရတဲ့၊ ကျနော့် အကြောင်း ပြန်ပြောချင်လို့၊ ရေးမိတာက တစ်ခြား ဥပါသကာတို့ တော်လိုက်ပုံများ လက်ဖျားခါလောက် ပါရဲ့နော်။ ထားလိုက်ပါတော့လေ.. အဲကျနော် ကျောင်းထဲရောက်တော့.. ယဉ်ငေး ဆရာတော်ကြီးပါ ရောက်နေတာကို ဖူးတွေ့လိုက်ရတာ.. စိတ်ထဲ ၀မ်းသာလိုက်တာ မပြောနဲ့တော့.. သူတော်ကောင်း အရိပ်လေ၊ ဒီဆရာတော်ကြီး နှစ်ပါးလုံးကတော့ ကျနော်တို့ ဆီမှာတော့ ပဋိပတ်ထိပ်ခေါင်ပါ၊ ကျနော်တို့ ဒေသမှာပေါ့လေ၊ ရောက်တာနဲ့ ဘုရားကိုဦးချပြီး ဆရာတော် နှစ်ပါးလုံးကို ဦးချပြီးသင့်တယ်။ နေရာမှာပဲ တရားနာလိုက်မိတယ်၊ ဆရာတော်ကြီးက အနားလာဖို့ မိန့်တဲ့အခါတော့ အနားသွားပြီး ၀တ်ဖြည့်နေမိတယ်လေ၊ ၀တ်သာ ဖြည့်နေရပေမဲ့ စိတ်ထဲမကောင်းဘူး၊ ကျနော် အသံဖမ်းချင်နေတာ ဆရာတော်ကြီးတွေ အလုပ်အကြောင်း ပြောနေကြတာကို၊ ပြီးတော့ ဓာတ်ပုံလည်း ရိုက်ချင်တယ်၊ မှတ်တမ်းပေါ့လေ၊ ဒါပေမယ့် ကျနော် ဥပါသကာသည် ဥပါသကာသာမို့၊ ၀မ်းနည်းမိ နေတယ်လေ၊ ကျနော် မ၀ယ်နိုင်တဲ့ဟာအတွက် စိတ်မကောင်း ဖြစ်ယုံပဲလေ။

တရားဟောခဲ့သော ဆရာတော်များမို့ အလုပ်အကြောင်း ကို မှတ်တမ်းတင် နာယူချင်တာတော့ အမှန်၊ အဲလိုပြောရက်ကနေ.. ဒီည ကျောင်းမှာအိပ်နော်၊ တောင်တွေး မြောက်တွေးနဲ့ အကုသိုလ် များမနေနဲ့” လို့ တောရ ဆရာတော်ကြီးက မိန့်တော့ ကျနော့်အဖို့တော မဆန်းတော့၊ ဆရာတော် သိချင်ရင် သိနိုင်တဲ့ သူမှန်း ကျနော် သိနေတာ ကြာပါပြီလေ။ အင်း ညကျရင်တော့ ကျနော် တရားတွေ အများကြီး နာရဦးမှာကိုတော့ ၀မ်းသာမိတယ်ဗျာ.. ညကနာတဲ့ တရားကိုတော့ လာမဲ့ပို့စ်မှာ ပြောပါ့မယ်နော်။


လေးစားစွာဖြင့်
ဥပါသကာ

11 comments:

မင်းဒင် said...

.ညကနာတဲ့တရား ကို တော့ လာမဲ့ပို့စ်မှာ ပြောပါ့မယ်နော်။
....တဲ့လား။ ကိုရင်က တရားနာနိုင်သေးတယ်နော်။
အရင်တပုဒ်က ဓား ၊ ဒီတပုဒ်က တရား ။ တရားတဖက် ။ ဓားတဖက် တွေ ဖြစ်ကုန်မယ်နော် ။
အားပေးလျက်ပါဗျာ

ခင်မင်သော

မင်းဒင်

AHlaTaya said...

အကိုတော့ဆရာတွေသမားတွေနဲ့ဟန်ကျနေတယ်။
ဥဇူစသုဟုဇူစရဲ့နောက်က သုဝစောစဿ မုဒုအနတိမာနီလား။
ကျနော်တော့ ဦးသုခကို တော်တော်ကျေးဇူးတင်တယ်။
အနက်နဲ့တကွသိရတော့ တစ်ဘ၀လုံးသုံးပါလေရော။

ကိုရင်နော်ခင်လေးငယ် said...

သူတော်ကောင်းတို့ အသံတော် ကို နာယူသွားပါတယ်..

mm thinker said...

တစ်ပါးသူရဲ့စိတ်ကို သိနေတဲ့ ရဟန်းတော်တစ်ပါးကို ကြုံဖူးပါတယ်။
သူရောက်ရှိပြီဖြစ်တဲ့အဆင့်ကိုတော့ မပိုင်းဖြတ်ဝံ့ဘူး။
သိမ်မွေ့တဲ့ကိစ္စပဲ။

gold lotus9@gmail.com said...
This comment has been removed by the author.
poemflower said...

တရားများကို မျှဝေပေးတာကျေးဇူးပါ...

မိုးခါး said...

နောက်ပို့စ်ကို စောင့်မျှော်နေပါ့မယ်..း)

မေတ္တာရောင်ပြန် said...

အခုလို မျှဝေးပေးတာ ကျေးဇူးပါအကို။ နောက်လာမယ့် တရားကို ဆက်လက်စောင့်မျှော်နေပါတယ်။

ခင်မင်လေးစားလျှက်
ညီမ ရောင်

ကဗျာဦး said...

လာမဲ့ပို့စ် လည်းစောင့်ဖတ်မယ် ဥပသကာ

မသက်ဇင် said...

တောင်တွေး မြောက်တွေးနဲ့ အကုသိုလ် များမနေနဲ့ လို့ တောရ ဆရာတော်ကြီးက မိန့်တော့ ကျနော့်အဖို့တော့ မဆန်းတော့၊

ဥပသကာ တို့များကံကောင်းလိုက်တာ
ဆရာတော်။ သမားတော်တွေနဲ့အနီးကပ်နေပြီး
တရားတွေ ဆုံးမမှုအောက်တွေမှာ ငြိမ်းချမ်းနေလို့လေ
စောင့်ဖတ်နေပါ့မယ်
တရားတွေဝေငှမှုကို
ခင်မင်လျက်

ကဗျာဦး said...

ဟားးးးးးးး
ဆိုက်သစ်လေးလားတော်ပါသေးရဲ့
"သူတော်ကောင်းတို့ အသံတော်(၁)"
ထပ်လာဖတ်တယ်