Thursday, July 2, 2009

ရတနာ့သုတ် ပရိတ်တော်ဖြင့် ကပ်ရောဂါကာကွယ်ခြင်း

စာရေးမယ် လုပ်ရင်း ရည်ရွယ်ရင်းနဲ့ ပဲ မရေးဖြစ်တာများနေတယ် အသံတော်တွေကိုတော့ ဆက်ရေးမှာပါ
အခုလောလောဆယ်တော့ အခုခေတ်ထလာတဲ့ H1N1 ကမ္ဘာ့လူတုတ်ကွေးရောဂါက အမိမြေကိုတောင်မှ
ပျံ့နှံ့ရောက်ရှိ လာပြီ ဖြစ်တဲ့ အတွက် ကာကွယ်ရေးနည်းလမ်း တချို့ကို ရေးမိပါတယ် လက်တွေ့လုပ်ကြည့်ပါလို့

မေတ္တာရပ်ခံပါတယ်။ စာရေးသာရေးရတယ်၊ အခုတလော လူချစ် လူခင်ကလည်းအများသားဗျ ၊ဒီလူချစ် လူခင် ကိစ္စလေး ရှင်းနေရတာနဲ့ ပဲ အချိန် လစ်သွားတယ်၊ ဒါတောင် ကျနော့် မျက်နှာမမြင်သေးလို့၊ မြင်သာမြင်လိုက်ရရင် တော့ တခါတည်း ကို သတ်မလား မသိဘူး ။အခုတော့ လည်း ပြီး ခဲ့ ပါပြီပေါလေ၊။

အခုဖြစ်နေတာကို “ကပ်” ရောဂါပါလို့ WHO ကကြေငြာလိုက်သံကြားတာ နဲ့ ကျနော်တို့ ဘာ လုပ် သင့် လဲ ဘယ်လိုကာကွယ်ကြမလဲ လို့တွေး မိတာ အမှန်ပဲ၊ ခက်တာက ကိုယ်က ဘာ မှ မဟုတ် သေချာတာ က ဘုန်းကြီးကျောင်း သား ၊ဒီတော့ ရှေးကဆရာတော် ဘုရားကြီးတွေ ဘယ် လို ကာကွယ် ခဲ့ကြ သလဲဆိုပြီး ပြန်ရှာရတယ် ၊ လယ်တီဆရာတော် ဘုရားကြီးရဲ့ ရောဂန္တရ ဒီပနီ ကိုတွေ့တယ်။ ဒီမှာဆရာတော်ကြီးက ကိုယ်တိုင် အသုံးပြု ခဲ့ ဘူးတဲ့ ကပ်ရောဂါကာကွယ်ရေး နည်းတွေကို လူတွေ အတွက် ပြောပြပေးထားတယ်။ ဆရာတော်ကြီးအနေနဲ့ ဒီလို ကပ်ရောဂါတွေကို ကာ ကွယ်ဖို့ အင်း၊စမ၊ ဆေး၊ စတဲ့ပညာရပ်တွေကိုပါ သုံးသွားတာကို တွေ့ရပါတယ်၊ သရဏ၈ုံ အင်းတွေ ပါ၊ ဒီနည်းတွေ ကိုပြန်ပြောပြရရင် လည်း သိပြီးသားများနေမလား ပြီးတော့ တခြားတိုင်ပြည်တွေရောက်နေတဲ့ ကျနော်တို့ညီအစ်ကို မောင်နှမတွေ အတွက် ပင် ပန်းနေမလား တွေးမိနေရင်းနဲ့ နောက်ဆုံးတော့ “မြ၀တီဆရာတော် ဘုရားကြီးရဲ့” ရတနသုတ်နဲ့ ကပ်ရောဂါကာကွယ်နည်း ကို သတိရ လို့ပြန် ပြောပြ ပါတယ် ဗျာ။

တကယ်တော့ရတနာ သုတ်ဟာ ပရိတ်ကြီးပါဠိတော်မှာပါပြီးသားဆို တာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသား ပါ သမိုင်းကို လည်း သိပြီးသားဖြစ်နေလို့ဒီနေရာမှာ မပြောတော့ ပါ ဘူးနော်၊ ပရိပ် ဘယ်လို ရွတ်သင့်တယ်ဆိုတာ ကိုတော့ ပြော သင့် ပါတယ် လို့ ပြောရဦးမယ် ဗျ နည်း နည်း….။

ကျနော် အသက် (၁၂- ၁၃) အရွယ်လောက်တုံး က ဆရာတော် ဘုရားဦးဥတ္တမသာရ တောင် တန်းဆရာတော်ကြီး ကျနော်တို့ နေရာကို ကြွပါတယ်၊ မြို့ ပတ်ပြီး ပရိတ်ရွတ်ချီး မြင့်ပေးတော်မူ တယ်၊ ဘယ်မှာ သီတင်းသုံး လည်းဆိုတော့ စံကျောင်းမှာ ဗျ၊ အဲဒီစံကျောင်းရှေ့မှာက ကျနော်တို့ရဲ့ အဖွား ဖြစ်တဲ့ သီလရှင်ကြီး ဦးစီးတဲ့ ဒေါ်ဧစာရီ သီလရှင်ကျောင်းရှိပါတယ် ၊ သီလရှင်ကျောင်းက ဆရာတော်ဘုရားကြီး ရဲ့ ဆွမ်းကွမ်း ကိုတာ ၀န် ယူရ ပါတယ်၊ အာရုံဆွမ်းကို နွားနို့နဲ့ တခြား သက်သတ်လွတ် အသွေး လွတ် အစား တခု ခု ပေါ့ လေ ဆရာတော် က ဘုန်း ပေးတယ်၊ ကပ်ရတဲ့ သူ က ကျနော်နဲ့ သီ လရှင် ကျောင်း က ခလေးမလေး တစ် ယောက် ပါ၊ အဲ လို ဆွမ်း ကပ်ရတဲ့ အခွင့်ရေး ကို မလွတ်တန်း အသုံး ချ သူ က ကျနော် ပါ၊

ပရိတ်ဘယ်လိုရွှတ် လဲ ဘုရား၊ မေတ္တာ ကိုရောက် အောင် ဘယ်လိုပို့ လည်းဘုရား၊ နတ်တကယ်ရှိ လား ဘုရား၊ ၀ိဇ္ဇ.ဇော်၈ျီဆိုတာ ကကော ဘယ် လို လဲ မေး တော့ တာ ပဲ၊ ဖြေပါတယ်ဆ၇ာတော်ကြီး က ၊ကျနော်သိ ချင်တာ မှန်သမျှ ကို ပြုံး ပြုံးလေးနဲံကိုဖြေတာ၊ မေး လို့ မရရင် ညဘက် မေး မှာ ကိုး ၊ လက် ကလည်း မြန် တယ်၊ ဘယ်ဆရာတော် ဖြစ် ဖြစ် ၀တ်ဖြည့် ဖို့ အသင့် အနေထား ပါ၊ ၀တ် လည်း ဖြည့် ခွင့်ရတယ်( ဥပသကာ..တို့ အသက် ၈နှစ် လောက် ကတည်း က အခြေခံ အနှီပ်ပညာရပ် လော က်တော့ရနေ ပါပြီ၊ ကနေ့ဂျပန်မှာ နာ မယ် ကြီးနေတဲ့ အာစာဟိ အနှိပ်ပညာထက်စုံတဲ့ နှိပ်ကွက်တွေ မြန်မာ့ မနှိပ်ပညာမှာရှိတယ်)။

ဝန်ခံ ပါတယ် ဗျာ၊ ကျနော့် ဘ၀မှာ ဆရာတော်ကြီးတွေ အတော်များ များ ကို သိန်းသောင်း ချီမလှူနိုင် ခဲ့ပေမဲ့ ကျနော်နား လည်တဲ့ အနှိပ်ပညာနဲ့ ပူဇော် ခဲ့ ပါတယ်၊ တချို့ဆရာတော်ကြီးတွေပျံတော်မူ ခဲ့ပေမဲ့ ကနေ့သက်ရှိ ထင်ရှားရှိနေသူတွေထဲမှာ မေတ္တာရှင်ဆရာတော် လည်း ပါတယ်..တခြားဆရာတော်တွေ လည်းရှိ ပါ့၊ နိပ်ရင်း တရားစကားပြောရင်း..ငြင်းကြရင်းရင်ပေါ့၊

အဲစကားက လိုရင်းမရောက်..ဖြစ် နေပါပြီ..ပြန်ဆက်ရမယ်ဆိုရင်တော့ ကိုယ်ရွတ်တဲ့ပရိတ် အစွမ်းထက်ချင်ရင် အရှင်အာနန္ဒာလိုရွတ် တဲ့လေ၊ အရှင်အာနန္ဒာ ဘယ်လိုရွတ်ခဲ့ လည်း.. အတူရှာရအောင် ဗျာ…..။

ဒီရတနာသုတ်တော်မှာ ပဲ “တိယာမရတ္တိံ ပရိတ္တံကရောန္တော” လို ပြထားတော့

တိယာမရတ္တိံ = ညဥ့်သုံးယံ၊ ညနေ(၆) နာရီမှာ ည(၁၀) နာရီအထိက ညဥ့်ဦးယံ

ညဥ့်(၁၀)နာရီလောက်ကနေ ည နာရီပြန်(၂) ချက်အထိကိုညဥ့်လယ်ယံ

ညဥ့်နာရီပြန်(၂) ချက်မှ နံနက်(၆) နာရီ အထိကို မိုးသောက်ယံ

လို့ ကျမ်းတွေမှာ တွေ့ရတယ်။ ဒီတော့ အရှင်အာ နန္ဒာ ကိုယ်တော်မြတ်ကြီး တညလုံးမနား ပဲ ပရိတ်ရွတ်တယ် လို့ သိရတယ်။ အဲ လိုရွတ်ရင် ပရိတ် က ပိုပြီး ထင် ပါတယ်၊ အခု ခေတ်ပရိတ် ရွတ် ကတော့ ခပ်သုပ်သုပ်က များနေတယ် ပြီးတော့ ပရိတ်က မစွမ်း ဘူးတဲ့ ၊ မပြောကောင်း ပါ ၊ သေချာ ရွတ်ပါ အရှင်တာနန္ဒာက ကျနော်တို့ ကို သင် ခဲ့ ပါပြီ လိုက် လုပ် ကြည့် ပါ လက်တွေ့ သိ ပါ့ မယ်၊

အခု ဖြစ်နေတဲ့ ကပ်ရောဂါတော် တော်များ များ ကို ရတနာ့ သုတ် တစ် ခု တည်း နဲ့ တား နိုင် ပါတယ် “မြ၀တီဆတော် ဘုရားကြီး က..ရတနာ့သုတ်တော် ကို အနု လုံ ပဋိလုံ..တနေ့ကို အနည်း ဆုံး “န၀လောကုတ္တရာ ဓမ္မေဟိ” ဆိုတဲ့ အတိုင်း အစကနေအဆုံး အဆုံးကနေအစ မှ တစ်ကြိမ် လို့ မှတ်ပြီး တစ်နေတ့ကိုကြိမ်း အချိန်မှန်ရွတ် ရမယ် လို့ မိန့် ပါတယ်၊ တအိမ်သား လုံးရွတ် ပါ၊ လူမှုဒုက္ခတွေတောင် ပျောက် ပါတယ်၊ လုပ်ကြည့် ပါ၊
တကယ် လို့ လူနာ ကိုယ်တိုင်ရှိနေမယ်ဆိုရင်တော့ အနည်းဆုံးသံဃာတော် ငါး ပါး ပင့် ပြီး လူနာ ကို အလယ်မှာ ထားပြီးရွတ်၊သံဃာတော်များ ကို ပင့်ဆောင်ရန် ခက် ခဲနေ ပါက။ လူ ငါးဦးသို့ မဟုတ် ခုနှစ်ဦးက လူ နာ ကို အလယ် ချ ပြီး ရွတ် ဖတ် ပူဇော် ပေး နိုင် ပါတယ်၊

လုပ်ကြည့် ကြပါ လို့ တိုက်တွန်း လိုက် ပါတယ်၊

ရပ်ကွက်တွေ၊ လမ်းတွေ မြို့တွေ မှာ လည်း အလှည့်ကျ ပေါ့ နော် မိုး လင်းပေါက်တဲ့ အထိတိုင်(၃)ရက် မဟုတ်ရင် (၇) ရက် လောက် ရွတ်ပေး ပါ၊ လုပ်ကြည့်ကြ ပါဗျာ။

လေးစားစွာဖြင့် ဥပသကာ

ကျမ်းကိုး ။ ပရိတ်ကြီးနိဿယအသစ်
။ အလင်းပြပရိတ်ကြီးနှစ် ဘက်လှဦးကျော်လွင်

12 comments:

မဆုမွန် said...

ကောင်းသော အကြံညဏ်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ် ကျွန်မတို့တွေ ရတနာ့သုတ်ပရိတ်တရားတော်ကို တစ်ပြည်လုံး ရွတ်ဖတ်ပူဇော်သင့်တယ် တစ်ခုခုဆို မြန်မာမှာက သေရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူးလေ

Dr Phyo Wai Kyaw said...

ရတနာ့သုတ်ရယ် ယူနီဆက်ဖ်က ထုတ်ပြန်တဲ့ စာအုပ်ကလေးရယ်ကို နှစ်ခုလုံးကို ဝေမျှသင့်တယ်။ ပါဠိနဲ့ အသံထွက်ကလေးရော.. ရေးပေးနိုင်ရင် ကောင်းမယ်။ ဖြန့်ဖြူးလို့ရတာပေါ့။

Younggun said...

ဒီပို့စ်ကို သဘောကျနှစ်ခြိုက်မိပါတယ်။ ထေရဝါဒမှာ ဒါတွေမရှိဘူး။ အရွတ်ဟာ အသားလောက် မကောင်းပါဘူး ဆိုပြီး ဖင်ပိတ်ငြင်းမယ့်သူတွေကိုတော့ ဘေးခေါက်ထားလိုက်ပါ အစ်ကို။ ကျွန်တော် လင့်ခ်အဖြစ် ရည်ညွှန်းကိုးကားတဲ့အခါ ဒီပို့စ်ကို ယူသုံးပါရစေလို့ ခွင့်တောာင်းချင်ပါတယ်။

သူကြီးမင်း (တုံးဖလား) said...

ရွတ်ဖတ်ကြပါစို့။

may16 said...

အကြံပေးတာကျေးဇူးပါ ကိုဥပသကာ

ခွန်မြလှိုင် said...

ရတန သုတ်ကို မြတ်စွာဘုရား ကိုယ်တော်တိုင်က ဝေသာလီပြည် ကပ်ကြီး ၃ပါး ဆိုက်လို့ လူတွေ မြို့ တမြို့ စာ သေကုန်တာကို ကယ်ဖို့ ရှင်အာနန္ဒာ မထေရ်မြတ် ကို သင်ပေးပြီး မြို့ တံတိုင်း သုံးထပ် ကြားမှာ လှည့် ရွတ်ခိုင်း တာပါ။ ဒီအကြောင်းကို မင်းကွန်း တိပိဋက ဆရာတော်ကြီး ကိုယ်တိုင် ဝေသာလီ ရတနသုတ် တရားတော်မှာ ဟောပြီးသားပါ။ ထေရ၀ါဒမှာ ရွတ်သင့် ရင် ရွတ်ပါတယ်။ ကျင့်သင့်ရင် ကျင့်ရပါတယ်။ သစ္စာ ဆိုတယ် ဆိုတာ ရွတ်ရတာပါ။ လှေနံဓားထစ် တဖက် စောင်းနင်း မဖြစ်ရပါဘူး။ ဗောဇ္ဈင်သုတ်ကိုတော့ စုန္ဒ မထေရ်ကို ရွတ်ခိုင်းပြီး မြတ်စွာဘုရား ကိုယ်တော်တိုင် နာကြားခဲ့ပါတယ်။ ခု ရောဂါ ကပ်ဘေးကို ရတန သုတ်နဲ့ ဗောဇ္ဈင်သုတ် ၂ပါးကို ရွတ်ရင်း တဖက်ကလဲ လက်တွေ့ကျကျ ကာကွယ် ဆောင်ရွက်သင့်တာကိုလဲ ဆောင်ရွက်တာက အကောင်းဆုံး ပါပဲ အကိုရေ

မယ့်ကိုး said...

ကျေးဇူတင်စွာ တလေးတစားမှတ်သွားပါတယ်။

မသက်ဇင် said...

ဖတ်မှတ်သွားပါတယ် ဥပသကာ
ခင်မင်လျက်

သစ္စာအလင်း said...

ကိုဥပသကာရေ.....

ဆရာတော်ဘုရားများကိုခြေဆုပ်လက်နယ်ပြုစုလုပ်ကျွေးခွင့်ရရခဲ့တာ တော်တော် ဘုန်းကံရှိတာပဲနော်..။ကျွန်မလည်း အခုရက်ပိုင်းမှာ ပိုင်းလော့ဆရာတော်ဘုရားကြီးခိုင်းလို့ ရတနာသုတ်ရွတ်နေဖြစ်ခဲ့ပါတယ်။
အခုအကြံ ကတော်တော်ကောင်းပါတယ်။

ဇော် said...

ဟုတ်တယ်နော် ဦးငယ်
ကျနော်တို့ မြန်မာပြည်မှာ ကပ်ရောဂါတွေ
ဖြစ်ဖြစ်နေတယ်။
ရတနာ့သုတ်ကို တစ်နိုင်ငံလုံး ရွတ်သင့်ပြီထင်တယ်နော်။ =)

win latt said...

ကောင်းတဲ့ အကြံးပေးချက်ပါ။ကျေးဇူးတင်ပါတယ်..အမောင်ဘုန်းကြီးကျောင်းသားလေးရေ....။
တစ်ခုအကြံပေးချင်ပါတယ်...။ကျွန်တော်လဲခဏခဏ ဖြစ်တတ်တဲ့ အမှားလေးတွေပါ။ ရေးပြီးသားစာပိုဒ် တစ်ပိုဒ်လုံးကို အပြန်ပြန်ဖတ်စေချင်ပါတယ်။ အဲဒီအခါ အမှား တွေရှာတွေ့တတ်ပါကြောင်း...မေတ္တာဖြင့်
သုခီအတ္တာနံ ပရိဟရန္တု.....။

Anonymous said...

ကပ်ရောဂါပျောက်ဘို့ ဆရာ့ ဘလော့ခ်မှာ တင်လိုက်ပါတယ်။
http://yamuna-clinic-delhi.blogspot.com/