ဘသာရေးကို ဘာဖြစ်လို့ဇောင်းပေးပြီး ရေးလဲလို့ သူငယ်ချင်းတစ်ယောက်က မေးလာတော့ ကျနော်အဖြေရ ခက်တယ်လေ၊ ကျနော်က ဘာသာရေးကို စိတ်ဝင်စားတာလား အမှန်တရားကို သိချင်တာ လားလို့ အကြိမ်ပေါင်းများစွာ ကိုယ့်ဘာသာကိုယ် ပြန်မေးဖူး ပါတယ်၊ ကျနော်က အမှန်ကိုသိချင်သူ၊ သစ္စာတရားကို သိချင်သူ၊ လောကသစ္စာကိုပဲ ဖြစ်ဖြစ်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော လောကုတ္တရာ သစ္စာမဂ်ပညာကိုပဲဖြစ်ဖြစ် သိချင်သူ။ ဒီတော့ တတ်နိုင်သမျှ ရှာတယ်၊ လက်လှမ်းမီနိုင်သလောက် ရှာနေတယ်။ တရားဆိုတာ ကျင့်မှရတယ် လို့ဆုံးမခဲ့ဖူးတာ သတိရတယ်။ နေ့စဉ်ဘ၀ထဲကနေ သစ္စာရှာပါ၊ လို့ ဆရာတော်များ ဆုံးမခဲ့တာ ကိုတွေးမိတယ်။ မလွယ်ပါ..ကျနော့် အဖို့ ခက်သည်။ ကျနော် နေတတ်၊စားတတ်၊ ပြောတတ်အောင် သင်နေပါသည်။ သေတတ်ဖို့..အင်း သေတတ်ဖို့က အများကြီး လိုသေးသည်ဟုထင်သည်။ လောလောဆယ် နေတတ်၊ စားတတ်၊ ပြောတတ်အောင် ကျနော် လေ့ကျင့်နေရဆဲ၊ သင်ယူနေရဆဲ ဖြစ်သည်။ မစားတတ်လျှင် ဘာစားစား အဆိပ်။ မပြောတတ်လျှင်.. အကုသိုလ်၊ မနေတတ် လျှင်တော့..သေတတ်ဖို့ မလွယ်၊ ရှေးသူတော်ကောင်းတွေအဆုံးအမ မေးခွန်း က ရင်ထဲရောက်လာတယ်၊ နေတတ်ရဲ့ လား၊စားတတ်ရဲ့ လား၊ ပြောတတ်ရဲ့ လား၊ ဆိုတာ ကျနော်အချိန်အကြာကြီး၊ နှစ်အတော်များများ တွေးပြီးစဉ်းစား နေတတ်တော့၊ အခု ရေးရေး သဘောပေါက်လာသည်၊၊ နေနည်း စားနည်း ပြောနည်း နောက်တော့ သေ နည်း.. မလွယ် တကယ်မလွယ်ဟုဆိုချင်၏၊။ မေးစရာက ရှိလာပြန်သည်၊ နေတာစားတာက ဟုတ်ပါပြီ။ မတတ်ရင် အကုသိုလ်ဆိုတာ၊ တရားစကားပြောလည်း အကုသိုလ်လား ဆိုပြီး ကတ်ကတ်သတ်သတ် မေးတာခံရ ဖူးတယ် လေ၊ ဟုတ်ပါတယ် တရာစကား ကိုတောင်မှ ဗုဒ္ဓမတညူ ဘုရားအလိုတော်ကျမဟုတ်ရင် အကုသိုလ်ပါ၊ ဘယ်သူမှ ဘုရားစကားကို ကိုယ်လိုရာတွေးပြီးဖွင့်ဆိုခွင့်မရှိပါဘူး ဘုရားအလိုတော်ကျမကျ ကိုပဲကြည့်ရမှာပါ။ ကျနော်တို့က ဘုရားအလိုတော်ကျမကျ ဘယ်လိုသိနိုင်မလဲ..ဆိုတော့ ပိဋကတ်တော်များ မြန်မာပြန်များနဲ့ ညှိပါ လို့ ပဲပြောရမှာပါ။ ဒီကြားထဲ လာသေးတာက “ ငါတို့ကို စာတွေ့လာမပြောနဲ့ ကိုယ်တွေ့” တရားပဲ လာပြောဆိုတာကို နားထဲမဆံ့အောင် ကြားလာရတယ်။ ဖတ်လာရတယ်။ တရားတော်ပရိယတ္ထိကို မျက်ကွယ်ပြုလိုသော သဘော မျိုးဖြင့်ကား မပြောကောင်းသော စကားဟုသာ ဆိုချင်ပါသည်။
ပရိယတ္ထိသည် သာသနာတော်၏ မူလရေသောက်မြစ်ဟု ဆိုခဲ့ပါလျှက် စာမလို ဟုပြောသော စကားသည် ဘုရားစကားတော်ကို ပယ်သောစကားဖြစ်သည်။ သာသနာသုံးရပ် ဟုဆိုပါသည်။ ထိုကြောင့် တစ်ခုကိုမျှပယ်ရန် မဖြစ်နိုင်ပါ။ ထိုပရိယတ္ထိကို ဆရာတင်ကာ အလုပ်ခွင်ဝင်ရပါသည်။ ပဋိပတ် အလုပ်ခွင်မှ ပဋိဝေဓ တည်း ဟူသော အသီးအပွင့်ကို ရရှိခံစား ရနိုင်ကြသောကြောင့် မိမိလုပ်သော အလုပ်၊ အကျင့်မြတ်သည် ပရိယတ္ထိစာနဲ့ အံချော်လွဲနေပါမူ စာကားမမှား မိမိမှားသည်ဟုသာဆုံး ဖြတ်ရပါမည်။
ပဋိပတ်ဋိအလုပ်ခွင်ထဲ အလွန်အသုံးတည့်သော ဝေဘူဆရာတော်ကြီး၏ အဆုံးအမကို ကြားဖူး၊ နာဖူးသူများ ရှိပြီးသော်လည်း ပြန်အမှတ်ရမိအောင် ပြောရပြန်သော် “ငါတို့တရားက လောဘကင်းကြောင်း ဒေါသကင်းကြောင်း မောဟကင်းကြောင်းတရားပါ၊ ဒီတရားက တနာရီလုပ် တစ်နာရီ လောဘ၊ဒေါသ၊မောဟ ကင်းရမယ်၊ လုပ်လေ လောဘ၊ဒေါသ၊မောဟ ကြီးလေဆိုရင် ဒီတရားမှားနေပြီ” လို့ဆုံးမခဲ့ပါတယ်။
မည်သူ့ကိုမျှ စော်ကားလိုသောဆန္ဒ မရှိဘဲ ကျနော်တွေ့ဖူးခဲ့သည့် သောတပန် ဆိုသူ အကြောင်းပြောရမည်ဆိုလျှင်…“ငါ့ကိုဆရာတော်က အရိယာဖြစ်ပြီလို့ ပြောလိုက် တယ် ဒီတော့ ငါအပါယ်လွတ်ပြီ..ငါ့ဘာသာငါ ဘောလုးံပွဲပဲလောင်းလောင်း နွားပွဲပဲလောင်းလောင်း ဘယ်သူမှ လာမပြောနဲ့ ငါ့မှာ အပါယ်ဇာတိမရှိတော့ ဘူး” ဆိုသော နွားပွဲသောတပန်မျိုးလည်း တွေ့ခဲ့ဖူးပါသည်။ ထိုပုဂ္ဂိုလ်ကို မည်သူမျှ တရားဟော မရတော့ပါ။ သူကပဲ လူတကာကို တရားအားထုတ်ရန် တိုက်တွန်း နေပါတော့သည်။ ဘယ်သူ မှားသနည်း၊ ဘယ်သူ မှန်သနည်း စဉ်းစားစရာ ဖြစ်လာသည်။ နောက် ထပ် အရိယာဆိုပြီး လုပ်ချင်သလိုလုပ်နေသော သူများ အကြောင်းရေးရလျှင် စာအုပ်တစ်အုပ်စာ မကရနိုင်သည်။ မိမိသန္တန် လောဘ ဒေါသ၊ မောဟ မည်မျှကင်းကြောင်း ကို မိမိသာလျှင်အသိဆုံးဖြစ်ပါသည်။ မိမိကိုယ်ကို သေချာ ဆန်းစစ် အားမနာတမ်း ဝေဖန်ဖို့ လိုသည်။ နှိမ့်ချစဉ်စားတတ်ဖို့ လိုပါသည်။
စစ်မှန်သော မြတ်ဗုဒ္ဓ၏ တရားတော်သည် တစ်ခုတည်းသော ဘ၀ငြိမ်းချမ်းရေး လမ်းစဉ်အဖြစ် မြတ်နိုး ယုံကြည်မိသဖြင့် ကျနော်စွမ်း သမျှ ဘာသာရေး အကြောင်းများကိုရေးရခြင်း ဟု ၀န်ခံစကားဆိုရင်း……..။
ဥပသကာ
ငြိမ်းချမ်းကြပါစေ။
Tuesday, January 5, 2010
Subscribe to:
Post Comments (Atom)
7 comments:
မိုးခေါင်ကန္တာရမှာ နွားခြေရာ ခွက်လောက်ရှိတဲ့ ရေ ချိုဟာ တန်ဖိုး ဖြတ်လို့ မရ ဘူးလေ၊
...
အကျိုးပြုစာတွေဆက်ရေးနိုင်ပါစေဗျာ။
ခင်လျက်
မင်းဒင်
ဝိမုတ္တိယုဂ ခေတ် လုပ်ငန်းစဉ်သုံးရပ်ကား
ကိုယ်မကြိုက်တဲ့ ပါဠိတော်နဲ့ အဋ္ဌကထာတွေကို ပယ်ခြင်း
အနောက်နဲ့ တရုတ်ဂျပန်ကလာတဲ့ ဖီလော်ဆိုဖီ ဆန်းဆန်းတွေကို ခိုးချခြင်းနဲ့ ထေရ၀ါဒအမည်တပ်ကာ ဂိုဏ်းဆရာကြီးအဖြစ် ကြော်ညာခြင်းတို့ ဖြစ်ပါသတဲ့ အစ်ကိုရေ။
ဘ၀ အောင်မြင်ရေး နာမည် ကျော်ကြားရေးအတွက် ဗုဒ္ဓရဲ့ တရားဓမ္မတွေကို နာမည်မျှ ယူသုံးပြီး ခုတုံးလုပ်ချင်ကြဟန် တူတယ် အစ်ကို...။
ရေးထားတာလေး ကောင်းပါတယ်။ ရင်ထဲက စေတနာကိုလည်း မြင်ပါတယ်။ စာလုံးပေါင်းတွေတော့ အချိန်ပေး ပြန်စစ်စေချင်တယ်။ လုပ်ရမယ်လို့ အမိန့်ပေးတာမျိုး မဟုတ်ပါဘူး။ ဒီထက်မက ကောင်းစေချင်လို့ စေတနာနဲ့ အကြံပေးတာမျိုးပါ။ ဆန်ရင်း နာနာဖွပ်တယ်လို့ပဲ မြင်စေချင်ပါတယ်။
စားတတ်ဖို့ နေတတ်ဖို့ နဲ့သေတတ်ဖို့ကိုပါ ကြိုးစားနေဆဲပါ ဦးဦးကာ...ဦးကာလဲ တရားတွေ့၊တွေ့သောတ၇ား ကျင့်ကြံအောင်မြင် အားထုတ်နိုင်သော သူဖြစ်ပါစေလို့...
ရင်ထဲက စေတနာတွေကို အခုလို ဖတ်ခွင့်ရတာ ကျေးဇူးပါ ဦးဦး...း)
တချို့ကျတော့လည်း အတ္တတွေဖုံး မာနတွေဖုံးနဲ့ အမှန်ကို မမြင်နိုင်ကြတော့ဘူး
အကြောင်းဆုံး ဖြစ်ဖို့ပဲ ကြိုးစားရမှာပါပဲ ..း))
အကိုရေ...
မနေ့ညကတည်းက ဖတ်မိပေမဲ့
ကော်မန့် မရေးဖြစ်ခဲ့ဖူးနော်..
မိမိကိုယ်ကို ဝေဖန်ဖို့ တကယ်လိုအပ်တဲ့အရာ ဖြစ်သလို နှိမ့်ချစဉ်းစားဖို့ အများကြီး လိုတယ်.... ဆိုတဲ့ နေရာလေးအရောက်မှာ လေးလေးနက်နက် ခေါင်းလေး ညိတ်မိသွားပါတယ်...
မင်္ဂလာပါ ကိုဥပသာကာ
မရောက်ဖြစ်တာ ကြာပ့ါ။ ဆောရီးဗျ နေကောင်းသလား။ စကားမစပ် အခုတလော အွန်လိုင်းမှာ မိုးပြာဂိုဏ်းအကြောင်း ဖတ်ရတယ်။ ဘယ်လိုအနေအထားလဲ သိချင်ပါတယ်။ ကျွန်နော်ကလဲ ပြည်တွင်းကို လက်လှမ်းလို့မမှီဘူးဆိုတော့ ကိုဥပသာကာကိုပဲ အကူအညီတောင်းလိုက်တာပါ။ ဖြစ်နိုင်ရင် သိသလောက် တင်ပြပေးရင်တော့ သိပ်ကောင်းမှာပဲလို့ တောင်းဆိုရင်း...
ရွှင်လန်းချမ်းမြေ့ပါစေ...
Post a Comment