Saturday, December 29, 2007

ရာဇာဝင်ပေးသောအတွေးများ

ရာဇာဝင်ထဲက မင်းဒသဟာ၊ စိတ်ကြမ်း လူကြမ်း
တကယ်ရမ်းကားတဲ့၊ အများမုန်းခဲ့သူ

ရာဇ၀င်ထဲကမင်းရာမဟာ ၊ မြသားအဆင်း
ရွှေ ခြေနှင်းနဲ့ ၊ မျှားခင်းလေးတင် ပြိုင်ပွဲဝင်ခဲ့သူ။
၊ရာဇာဝင်ထဲကလက္ခဏဟာရျွှေအဆင်းနဲ့
နှောင်ရင်းအတွက်
လက်လျှော့ခဲ့သူ။
ရာဇာဝင်ထဲကယမင်းလှဒေ၀ီ ၊ မယ်သီတာကား
နန်းများထွတ်တင် လှသခင်ငဲ့မြင်သူရှုးအောင်လှတဲ့သူ။
အလှဆွတ်ချူ ၊ နိုင်သူယူတမ်း
သည်ဇတ်လမ်းဝယ် ၊ သွေးနှယ်ရေစီး
မြေတုန်းဟီးအောင် ၊ ကြံဆောင်စီမံ
တရားခံကား ၊တဏှာသခင်ဆရာတည်း
မောဟသခင် ဇတ်ညွန်း တည်း ၊ ဒေါသဘုရင် ဖြစ်ထွန်းတည်း

Thursday, December 27, 2007

ကြောက်စိတ်နဲ့ရေးတဲ့ကဗျာ

ဟန်ဆောင်တာ လွင့်ပစ်
ဗလာသက်သက်နဲ့လာခဲ့ပါ။
ဟန်ဆောင်တာ ချန်ထား
နှလုံးသားပဲ့ယူလာပါ ။
ဟန်ဆောင်တာမေ့ပစ်
အဖြူစင်စစ်နဲ့ လာခဲ့ပါ။
ဒါပေမဲ့ မာယာမဲ့လွင်ပြင်က
ဖြူစင်ခြင်းနဲ့ သီးတဲ့
အမှန်တရားသစ်သီးခူးခဲ့ပါနော် ။
သူငယ်ချင်း

Wednesday, December 26, 2007

တွေးကြည့် မိခြင်း

တစ်နေ့တုံးက စကားလေးတစ်ခွန်းကို ကြားပြီး၊ ဒီစာကိုရေးဖြစ်တာပါ။ စာရေးသူကတွေးပြီး ဖတ်ရတာကိုကြိုက်တယ် ၊ စာဖတ်ပြီးတိုင်းလည်း တွေးတတ်ပါတယ်။ အကြောင်းအကျိုးကိုစဉ်းစားပြီး ၊ ငါဆိုရင်ကောဒီလိုလုပ်မှာလား။တွေးတာလေးတွေကိုပြောတာပါ။
အကြောင်းမဲ့တဲ့အကျိုးတရားဆိုတာ ဒီလောကမှာမရှိသလို အကျိုးမဲ့တဲ့ အကြောင်းတရားဆိုတာလဲ မရှိပါဘူး။ဇြစ်မှု ၊ ပျက်မှု တိုင်းရဲ့နောက်မှာ အကြောင်းတရား အကျိုးတရားဆိုတာရှိမှာပဲ။ ဆိုးတာကောင်းတာနဲ့မှားတာ မှန်တာပဲကွာသွားတယ်။
ဥပမာ ဆိုပါစို့ ငါမှန်တာကိုလုပ်တယ် ဟုတ်ပါတယ် လူတိုင်းဟာမှန်တယ်ထင်လို့ လုပ်ကြတာချည်းပဲ။ မှားတယ် လို့သိနေရင်ဘယ်သူမှမလုပ်ကြဘူး၊ ဘယ်သူမှအမှား ကိုလုပ်ချင်သူမရှိဘူး။သူလုပ်တာသူအမှန် ၊ ငါလုပ်တာငါအမှန် ။ ဟုတ်ပါပြီ ။ထားလိုက်ပါတော့ မှန်တာတွေလုပ်နေတယ်လို့၊ ဒီမှန်တယ် ၊ မှားတယ် ဆိုတဲ့ဟာကို ဘယ်ပေတံနဲတိုင်းမလဲ?ဘယ်ရှုထောင့်ကသုံးသပ်မလဲ?

စာရေးသူကဘုရားစကားကိုအမှန်တရားပေတံအဖြစ်ထားတယ်။တကယ်လည်းမြတ်စွာဘုရားဟာသုံး လောကရဲ့ဘက်လိုက်မှု အကင်းဆုံးပုဂ္ဂိုလ် ၊
အဂတိ အကင်းဆုံးပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့စကားတော်တိုင်း ဟာ သစ္စာထိုက်တယ်။သစ္စာတရားကိုစော်ကားသူ ၊ အမှန်တရားကိုစော်ကားသူ၊အမှန်ကိုမသိအောင်တားဆီးပိတ်ပင်သူမှန်သမျှဟာ ၊ မြတ်စွာဘုရားကိုစော်ကားသူပဲ။ မြတ်စွာဘုရားရဲ့ရန်သူပဲလေ။
အမှန်တရားကိုမသိအောင် တားဆီးပိတ်ပင်ထဲကာထက်ကြီးတဲ့အကုသိုလ်မျိုးစာရေးသူမဖတ်သေးဘူး။ မတွေးမိဖူးဘူး။
မြတ်စွာဘုရားဟာဒီအမှန်တရားကိုသိဖို့ဘ၀ပေါင်းအသင်္ချေပေါင်းများစွာပါရမီဖြည့်၊အနှစ်နာခံပြီး ကိုယ်တိုင်ရှာဖွေခဲ့တာပါ။သိတဲ့အတိုင်းလည်းဒီသတ္တ၀ါတွေကိုပြောခဲ့တာအမှန်တရားအတွက်မနားမနေအလုပ်ခဲ့တာ၊ တွေးရင်းကြည်ညိုတယ် ။
ဒါတောင် မှ ဟေ့ ကာလမ တို ငါပြောတာမယုံနဲ့ ။ ကိုယ်တိုင် လုပ်ကြည့်ပြီးမှ ၊ ကိုယ်တိုင်သိမှယုံ။
ဘယ်လောက်ကောင်းလည်း ၊ တဖက်သားရဲ့ လွပ်လပ်မှု ကို မြတ်စွာဘုရားလေးစားတယ်။ အသိမှတ်ပြုတယ် ။ ငါကိုကိုးကွယ်ပါ လို့ ဘယ် တော့မှ မပြောဘူး ။ အဲဒီ လောက်ထိလွပ်လပ်တယ် ။
သီဟစစ်သူကြီးအယူမှားတွေစွန့်ပြီးတိတ္ထိတွေကိုမလှုလို့ ။ လှူပါကွာလိုတိုက်တွန်းတာလည်းမြတ်စွာဘုရားပါပဲ။
ဒီတော့လူတစ်ဖက်သားရဲ့လွပ်လပ်မှုနဲ့အမှန်တရားရှာဖွေမှု ကိုပိတ်ပင်တားဆီးတာဟာမြတ်စွာဘုရားရဲ့အကြီးမားဆုံးရန်သူလို့တွေးမိးခံစားရင်း………………
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

Monday, December 24, 2007

လပြည့်ည

ညတုံးက
လမင်းက ငါ့ နံဘေးကိုခုန်ဆင်းပြီး
အလင်းဖွဲ့တယ်။
ညတုံးက
နှင်းမှုံတစ်သိုက် လေအလိုက်နဲ့
သီချင်းဖွဲ့ပြီးကကြတယ်။
ညတုံးက
မှုန်ဝါးအလင်းလွင့်ထုတ်ရင်းနဲ့
ကြယ်ချင်းစီးချင်းထိုးကြတယ်။
ညတုံးက
လကြယ်မြူနှင်း ၊ အားချင်း ပြိုင် အနိုင်လု
ဗိုလ်ထုစစ်ပွဲခင်းခဲ့တယ်။
သြော်
လ က လည်း လ
နှင်း က လည်း နှင်း
ကြယ်မင်းကတစ်ဖုံ
လေညှင်းကတသွယ်
မြုမင်းကတနယ်ဆိုမှ
ဒီညဘယ့်နှယ်ငြိမ်းပါ့မယ်လို့
ငြိမ်းပါ့မယ်။

Sunday, December 23, 2007

ဝေငှကြည့်ခြင်း

ဒီတစ်ခါ တော့ ၊ ကျွန်တော်သိပ်ပြောချင်တဲ့ အကြောင်း က မေတ္တာ အကြောင်း ပါ ။ သိလွန်းလို့ ရယ်တော့မဟုတ်ပါဘူး ။ သိသလောက် လေးပြန်ပြီး ဝေဌ တာပါ ၊တစ်ခါ တစ်ခါ စာရေး သူပြန်စဉ်းစား ကြည့်မိတယ် ။ ငါတကယ် သိတာဘာရှိလဲ လို့ ရောင်ဝါးဝါး ပဲသိတာ ။တကယ်ပိုင်ပိုင် နိုင်နိုင် သိတာ ဘာမှမရှိသေးပါဘူး ။ အခုလည်းမေတ္တာအကြောင်း ကိုပြောမယ်ဆုံ ပြီးတော့ ၊ စဉ်းစား တယ် ။ စာအုပ်တွေလျှောက် ဖတ်ရင်းနဲ့ တွေးတယ် ။ ပြီးတော့ ပြန်စဉ်းစား တယ် ၊ စာထဲ က အတိုင်း ပြောမှာလား ၊ ကိုယ်နားလည် သလောက် လေးပဲ ဖေါက်သည်ချမှာလားပေါ့ ၊ နောက်ဆုံး တော့ ကိုယ်နားလည် သလောက် လေးပဲပြော မှာပါ လို့ ဆုံးဖြတ်ပြီး ၊ ဒီ စာလေး ကိုရေးဖြစ်တယ် ။ အတူတူ စဉ်းစား ပြီးဖတ်ကြရအောင်ပေါ့ ။နဂိုရ် စာကအရမ်းရှည်တယ်။ ဗဟုသတ လည်းပါချင် သေးတယ်လေ ။ ဒါပေမဲ့ စာရေးသူ ရဲ့ နည်းပညာမကျွမ်းကျင် မှု စာအရေးသားမကျွမ်းကျင်မှု ၊ စတဲ့ အထွေထွေ ခက်ခဲ ပေါင်း များစွာ ကြောင့် ဒီစာတိုလေးပဲ ရေးဖြစ်သွားတာပါ ။
ငယ်ငယ်လေးထဲ ကဗီဇ လို့ပြောရမှာလား ။ မသိဘူး ။ မေတ္တာပို့ရတဲ့အလုပ်ကိုပျော်ပျော်ကြီးလုပ်တတ် တယ် ၊ မေတ္တာဘာဝနာ ကိုစိတ်ဝင်စားတယ် ။ တတ်နိုင်သလောက် လဲကြိုးစားလေ့ကျင့်တတ်ကြာလာတော့ပျော်လာတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ မေတ္တာ ပို့ရာ မှာ သတိ သတိပိုမြဲ လာသလိုခံစားရပါတယ်။်
မေတ္တာနဲ့ တသားတည်းတော့ လုံးဝ မကျသေးပါဘူး ၊ လေ့ကျင့် တုံးပါ ။ ဒီလိုနဲ့ မေတ္တာအကြောင်း ရေးထားသမျှအကုန်ဖတ်၊ လက်လှမ်း တမှီ ပေါ့နော် ။ ဆရာတော် သံဃာတော်တွေမေးလျှောက် ၊ ဘယ်လိုပို့လဲ ၊ ဒီလိုလုပ်လို့ရလား ။ စသဖြင့်ပေါ့လေ ။ရသမျှ စုဆောင်း ၊ ကိုယ်နဲ့သင့်တော် တယ်လိုထင်တာကိုလေ့ကျင့်နဲ့ပေါ့လေ ။ ဒီနေရာ မှာ သင့်တော်တယ် ဆိုတာက ၊ ကိုယ်ဒီ အလုပ်ကို လုပ်ရတာ ပျော်နေတဲ့ အချိန်ကို ပြောတာပါ ။
တစ်ခါ တစ်လေ လုံးဝ တရားအားလုံး ထုတ်လို့ မကောင်း တဲ့ ရက်တွေရှိတတ်ပါတယ်။ ။အဲဒီလိုအခါမျိုးမှာမေတ္တာပို့ကိုအားစိုက်လုပ်လိုက်ရင်စိတ်ထဲမှာငြိမ်သက်အေးချမ်းသွားသလို မျိုးခံစားရတယ် လေ ။ ပြီးတော့မှကိုယ်ပေါ်မှာညဏ်ပြန်စိုက်ပြီးကိုယ့်စိတ်ကိုယ်စစ်တာပေါ့ ။
အခုပြန်ပြောပြချင်တာက စာရေးသူရဲ့ အလုပ်လေးကိုပြောချင်တာပါ ။ မေတ္တာပို့တဲ့ အလုပ်ကိုမလုပ်ခင်သီလ ယူပြီး မေတ္တာ ခံ ယူတဲ့ အလုပ်ကိုလုပ်ပါတယ် ။ ကိုယ့်မှာမရှိပဲနဲ့ သူများကိုပေးလို့မှမရတာ ။ ဒီတော့ ရှိအောင်အရင်လုပ်တယ်ပေါ့။ငြိမ်ငြိမ်လေးထိုင် ၊ ထိုင်တတ်သလိုပေါ့ နော် ။ နို့မဟုတ်ရင်လဲရပ်၊ မဟုတ်ရင် လဲလျောင်းပြီးတော့ ပေါ့။
ပြီးတော့ စကြာင်္ဝဠာမှာရှိကြကုန်သော မြတ်စွာဘုရားရှင် အပေါင်းတို့၏မေတ္တာဓာတ် ၊ပညာ ကိုတပည့်တော်/ မ တို့ ခံယူပါ၏ လို့ ဆိုပါတယ်။ ။နောက်ပြီးစကြ၀ဠာအနန္တမှာရှိနေတဲ့ဓမ္မဓာတ်ဓမ္မ်ာကိုခံယူပါ၏။ ၊ ပြီးတော့သံဃာတော်အရှင်မြတ်ပေါင်းတို့ နောက်ဆုံး ကဒီစကြာဝဠာအနန္တ မှာရှိတဲ့သူတော်စင်အပေါင်းတို့၏ မေတ္တာ ဓာတ်၊ ပညာ တတ်ကိုတပည့်တော်/မ တို့ရှိုသေစွာခံယူပါ၏လို့ စိတ်ထဲ က အဓိဋ္ဌာန်ပြီး ၊ ကိုယ့် ငယ်ထိပ်တည့်တည့် ပေါ်ကမေတ္တာအလင်းရောင်ကြီး စီးဝင်နေတယ်လို့ အာရုံ ပြုလေးနိုင်ရင်ပိုကောင်းပါတယ် ။(ဆလိုက်မီးကြီးကိုယ့်အပေါ်ထိုးကျနေသလိုမျိုးပေါ့)
လုပ်ကြည့်ပါ ။ အရမ်းကြီး အခက်ခဲတွေ ဖြစ်နေတဲ့ သူတွေ ၊ မကျန်းမာ သူတွေ ၊ ဖြစ်အောင်လုပ်ကြည့်ပါ လို့ တိုက်တွန်း လိုက် ပါတယ် ။ ကိုယ် တွေ့လေး တွေကို အကြောင်း ဆုံရင် ပြန်ဝေဌပါ့မယ် ။ ဒါဟာ မေတ္တာ မပို့ခင် မေတ္တာ ကိုခံယူတာလေးပါ ။ မေတ္တာ ပို့တာကိုတော့ အခွင့်သင့်ရင် အတူဆွေးနွေး ကြရအောင်နော် ။ပြီးတော့ ဒါဟာ စာရေးသူ ရဲ့အားလုံးအတွက် နှစ်သစ်ကူးလက်ဆောင်ပါလို့…….

Thursday, December 20, 2007

poem

ကျွန်တော်နဲ့ကဗျာ
ကျွန်တော် ကဗျာ ကိုချစ်ပါသည် ။ ကဗျာ ဆရာ ကိုလေးစား အားကျကြည်ညိုပါသည် ။ ကဗျာ ဆရာသည် သဘာဝ ကိုချစ်၏ ။ အမှန်တရားကိုချစ်၏ ။ အ၀အမြင်လေးနက်လွန်းသည် ၊ စကားလုံးအသုံးအနှုန်း ကျစ်လစ်သည် ။ ကျွန်တော် ကျေးဇူးရှင် ဆရာက ကဗျာဆရာများကို လူမြတ်ပညာရှိ ဟု သတ်မှတ်သည် ။
ကျွန်တော်ကဗျာ ရေးရန် ကြိုးစား ဖူးပါသည် ။ ကြိုးစား နေဆဲ လည်းဖြစ်၏ ။ စာရွက် ကုန်ပြီး ၊ ရင်ဖတ်နှာသော ကဗျာ များသာဖြစ်လာသည် ။ တစ်ပုဒ် မှ မဟန် ၊နေရာ မကျ ၊ သို့တိုင် လျှက် တစ်ပုဒ်လောက် တော့ရေးကြည့်ဦးမည်ဟုကြံစည်မိသည် ။
ငယ်တုံးက ၊ ဆရာကြီး ဇော်ဂျီ ၏ ကဗျာများ ဖတ်သည် ။ ဆရာကြီး ဦး ၀ဏ် ၏ ကဗျာ များ ဆရာ ကြီး တင်မိုး ၏ ဖန်မီးအိမ်ကဗျာ ၊ဆရာ မင်းမွန၏်ူကဗျာ များးကို စိုက်လိုက်မှတ်တတ်ဖတ်ပြီး သိမ်းထားဖြစ်သည် ။
စာနဲနဲ ဖတ်တတ် လာတော့ ၊ ကဗျာ များ ၏ သိမ်မွေ့မူကို ပိုသိလာသလိုခံစားရသည် ( တစ်ကယ်သိသည်မဟုတ်ပါ )
အခုလည်း ကဗျာ စာအုပ်တွေ ၀ယ်ဆဲဖြစ်သည် ။ ဆရာ မိုးဟိန်း ၏ကဗျာ များကိုမနိုင်ရင်ကန်ဖတ်ရ သည် ကြိုက်သည် ။
သည်နေရာ မှာကြားညှပ်ပြီး ရယ်စရာ တစ်ခုပြောပြရမည်ဆိုလျှင်
ကျွန်တော် ကဗျာ ရေးချင် သည်ဟု ဆရာ့ ကိုပြောသောအခါ ၊ ဆရာ ကသူ့စာအုပ် ဗီရို ထဲ မှ ၊ မာန် လည်ဆရာတော် ဘုရားကြီိး၏မာဃဒေ၀ ကိုချပြီး ဒါကိုအာဂုံရရင် ကဗျာ ရေးတတ်ပြီ ဟုဆိုကတည်းက ကျွန်တော်နဲ့ ကဗျာမတတ်သာခပ်ခွါခွါနေခဲ့ရကြောင်းပါဗျာ။

Wednesday, December 19, 2007

အတွေအပိုင်းအစများ

ဒီလောက မှာသတ္တ၀ါ အားလုံးဟာ ဒုက္ခ ကိုကြောက်ကြတယ် ။ ကျွန်တော် လည်းကြောက်တယ် ။ လူရယ် လို့ ဖြစ် လာရင် အေးအေးချမ်းချမ်း မနေချင်တဲ့ လူရယ် လို့ မရှိပါဘူး ၊ ဘယ်သူ ကမှ နေပူထဲ မှထွက်ပြီး ၊ အလုပ်မလုပ်ချင်ဘူး ။ လမ်းမလျှောက်ချင်ဘူး ။ အေးချမ်းတဲ့အရိပ်ကလေးမှာနေချင်တယ် ။ လုပ်ချင်တယ် ။သက်သက်သာသာအေးအေးချမ်းချန်း နေချင်ကြတာ သဘာဝ ပါ ။

အခုခတ် က ပိုပြီး ၊ အပြောင်းအလဲမြန်လာတယ် ။ နေစဉ် ရုန်းကန်ရမှုတွေက ပိုပြီး ပြင်းထန်လာတယ် ။ ညည်းညူ ငိုကြွေးသံတွေ ပိုပြီး ကြားလာရတယ် ။ စွမ်းဆောင်နိုင်သူတွေကလည်း ကမ္ဘာကြီး ကိုအငိုတိတ်ဖို့ စွမ်းသလောက် ကြိုးစားနေကြတယ်။

ဒီလောက်ကြိုးစားနေတဲ့ကြားက ၊ ငို ယိုအော်ဟစ် သံတွေ ပိုပြီး ကျယ်လာတယ် ။ ဘာကြောင့်ပါလဲ ? ။

လူကို လူလိုမမြင်သေးသမျှ် ၊ လောကကြီးမအေးချမ်းနိုင်ပါဘူး ။ လူကိုလူလိုမမြင်ပဲ ကုလား တရုတ် ၊ အင်္ဂလိပ် ၊ သူဌေး ၊ ဆင်းရဲ ၊ ဘုရင်၊ သူတောင်စား ၊ လို့နာမည် တတ်ပြီး ကြည့် နေသေးသမျှ ၊ ဆူပွတ်မူ တွေရှိနေဦးမှပါ ။

လူ ကို လူ လိုဖြစ်သော အမြင်သည် ဓမ္မ အမြင် ဖြစ်ပြီး လောက ကြီး ကိုငြိမ်းချမ်းအောင် လုပ်နိုင်စွမ်းပါသည် ။

လူကို ခွဲခြား ပိုင်းဖြတ် သိမြင် သော အမြင်သည် အဓမ္မ အမြင် ဖြစ်ပြီး လောက ကြီးကို ဆူပွက် လောက်ကျွမ်း အောင်ပြု နိုင်ပါသည် ။

တကယ်တမ်း လောက ကိုငြိမ်းချမ်း စေလိုလျှင် ၊ အစစ်သစ္စာ ကိုမြတ်နိုးတတ်ရပါမည် ၊ အမှန် ကိုအမှား ပြော ပြီး ၊ အမှား ကိုအမှန် ကို အမှန် ဟု ဖြစ်နေ လုပ်နေသရ်ျကာလပတ်လုံး ၊ အရာရာ အားလုံး ကျဆုံးနေပါမည် ။

သစ္စာတရားကိုမြတ်နိုးတတ်ဖို့အတွက် သစ္စာတရားကိုသိဖို့ လိုဖို့ ကိုယ်မှာလည်းရှိဖို့ လိုသည် ။`

တကယ်တန်း ပါရမီ မြောက်သစ္စာ ဖြစ် ဖို့ က ကိုယ် ၊ နုတ် ၊ စိတ် တဖြောင့်တည်း ဖြစ် ဖို့ လို သည် ။ ၊ မရှိလျှင် မွေးမြူ ရပါမည် ။ တစ်စ ၊ တစ် စ ကျင့်ုယူရပါမည်…. ဟုမှတ်ယူယုံကြည်ရင်း………

Sunday, December 16, 2007

ပစ္စုပန်(1)

ညက မှောင်လွန်မကမှောင်နေပြီ ။

ဘ၀ တွေကရော ညနဲ့တသားထဲပါပဲလေ ။

ဘယ်သူကမှ လှောင်ချိုင့်ထဲမှာ မနေချင်ကြပါဘူး ။

စိန်စီထားတဲ့လှောင်ချိုင့် ၊ ပတ္တမြား တွေနဲ့ လုပ်ထားတဲ့လှောင်ချိုင်၊ ဘာပဲဖြစ်ဖြစ် လှောင်ချိုင့် ဟာ ၊ လှောင် ချိုင့်ပါပဲ လေ ။ သူ့အလုပ်ကိုက ပိတ်ထားဖို့ ၊ဆီးထားဖို့ ၊ ကွယ်ထားဖို့ပါပဲ ။

အတုမာယာ ကိုတန်ဖိုးထားကိုးကွယ် နေသမျှ ကာလပတ်လုံး အစစ် သစ္စာ ဟာ ကျွန်တော် တို့နဲ့ဝေးနေဥဗဗီးမှာသေချာပါသည် ။

ကျွန်တော် တို့ ကလည်း မာယာ ကွန်ယက်မှာ နှောင်ဖွဲ့ကြီး ပြင်းလာသူများမို့ မာယာကို သစ္စာထက်ပိုပြီး တန်ဖိုးထားနေကြတယ်လေ ။

မာယာကိုသစ္စာမှတ်ပြီး ကိုးကွယ် မိတဲ့အခါ အရာရာအားလုံး ဟာ ပျက်သုန်း ခြင်း ကိုရောက်သွားတော့တာပါပဲလေ ။

လောကကိုတကယ်တမ်း ငြိမ်းချမ်း စေလိုတယ် ဆိုရင်တော့ ၊ ကာယကံ ၊ ၀စီကံ ၊ မနောကံ ၊ ထို ကံသုံးပါး စလုံး တဖြောင့်တည်း ဖြစ် ဖို့လို့တယ်လေ ။ ဟုတ်ပါတယ် ။ မလွယ်ဘူး ။ ကျင့်ယူရမှာပေါ့ ။ တစ်နာရီ ၊ နှစ်နာရီ ၊တစ်ရက် ၊နှစ်ရက် ၊ နှစ်ရက် မှ နှစ် ၊ ထိုမှတဆင့် တက်ပြီး တစ်သက် တာဖြစ်အောင် လေ့ကျင့်ယူရမယ်လေ ။့

သိမ်းပိုက်ရယူခြင်း တွေရဲ့ နောက်ကွယ်မှာ အနှောင်အဖွဲ့ တွေဟာလိုက် ပါလာမြဲပါ ၊ အနှေင့်အဖွဲ့ ဆိုက တည်း ကမလွတ်လပ်တော့ဘူး ၊ မလွတ်လပတဲ့ပုဂ္ဂိုလ် ဟာ လှောင်ချိုင့်ထဲမှာ နေရတာနဲ့ အတူတူပဲလေ ။ ဒီတော့ စောစောက ပြောခဲ့ သလိုပေါ့။

စိန်နဲ့ပဲ စီထားစီထား ၊ ရွေနဲ့ပဲ ကွပ်ထား ၊ ကွပ်ထား လှောင်ချိုင့် ပါပဲနော် ။

တကယ်တော့ ဒီကမ္ဘာ ၊ေ လာက ကိုတည် ဆောက်ခဲ့သူ တွေရဲ့ လက် ပါဟာ ၊ သိမ်းပိုက်ခြင်း ကင်းတဲ့လက်တွေပါ ။ သူတို့ ရဲ့နှလုံးသားဟာသစ္စာ တွေနဲ့ လင်းနေခဲ့တာပါ ။ သူတို့မှာ ရှိတဲ့သတ္တိပါ ။ စွန်လွန်အနှစ်နာခံမူ နောက် ကပါ လာတဲ့ သောက မဲ့ချမ်း သာနဲ့ အနှေင့် အဖွဲ့ အတွေထဲ ကရုံးထွက် ခဲ့သူ တွေပါ် ။

ရရှိလာမဲ့ အကျိုးတစ်စုံ တစ်ရာ ကိုမှမမျှော်လင့်ပဲဘ၀လမ်း ကိုလျှောက်ခဲ့ကြသူတွေလေ။

ဒီလမ်းကိုကျွန်တော်တိုနိုင်သလောက် လျှောက်ရမယ် ၊ အဆုံး ထိလျှောက်ရယမယ် ၊ ငြိမ်းလုလုဖြစ်နေတဲ့ သစ္စာဆီမီးကွယ်မသွားဖိုကျွန်တော် နားလည် နေတာကနောက်ဆုတ်ဖို့ မရတော့သလို ၊ လက်တွဲဖြုတ်ဖို့ မဖြစ်ပါဘူးဆို။

အခုသစ္စာဆီမီး ငြိမ်း စပြု နေပြီ ၊ ဒီဆီမီး ကိုမငြိမ်း ဖို့ ၊ သစ္စာအလင်းရောင် တည်နေဖို့ ၊ကျွန်တော် တို့တစ်ယောက်ကိုတစ်ယောက်ဖို့ချစ်ဖို့လိုတယ် ၊ တစ်ယောက်လောက်ကိုတစ်ယောက်မြဲသထ် ၊ မြဲအောင်ဆုပ်ကိုင် ၊မြဲအောင်ကိုင်ထားဖို့လိုတယ် ၊ တစ်ယောက်ပေါ်တစ်ယောက်အနှစ်နာခံနိုင်ဖို့အရေးကြီးတယ် ။

မဖြစ်နိုင်တာတွေကိုပြောနေတာဟုတ်မဟုတ် ကိုစဉ်းစားကြည့်ရင် သိပါတယ် ။ တကယ်တမ်းအနှစ်နာခံ နိုင်မှုကလည်း ကျင့်ယူရင့်ရပါတယ် ။ အနှစ်နာခံမှုကရလာတဲ့ ချမ်းသာ ဟာအားလုံး သောချမ်းသာတွေ ထကအေးချမ်းပါတယ်။် သိမ်းပိုက်ရယူခြင်းရဲ့ချမ်းသာမှုတိုင်း ရဲ့ နောက်ကွယ် မှာ သောက ဟာ အဖေါ်အဖြစ်လိုက်ပါလာစမြဲပါ ။

Friday, December 14, 2007

မြတ်စွာဘုရား ရဲ့တရားက တကယ်အေးချမ်းပါတယ် ၊ လိုက်ပြီး ကျင့်ကြံနိုင်ဖို့ပဲလိုတယ် ၊ မလွယ်ဘူး ၊ လွယ်တယ် ဆိုတာ က ကိုယ့်ဆုံးဖြတ်ချက်ပဲလိုတယ် လို့ကျွန်တော်ယုံကြည်တယ် ။ မြတ်စွာဘုရားရဲ့အနတ္တ ဒေသနာက နက်နဲ လွန်းအားကြီး တော့ ကျွန်တော် ငမိုက်သားညဏ်နဲ့ ဘယ်မြင်နိုငမလဲလေ ။ဒီတော့ ကျွန်တော် ဘာမှမလုပ်တော့ဘူး ၊ အနတ္တ ကိုမေ့ပစ်လိုက်ပြီး ငါဆိုတဲ့အတ္တ ကို ကိုယ်ကွယ်း လိုက်မိတယ် ၊ ငါဆိုတဲ့အတ္တ ကိုမလွတ်တမ်း ၊ ဖမ်းဆုတ်ပြီး ၊ ဘ၀ ကိုကျင့်လည်နေလိုက်တယ် ၊ မမှီတဲ့ပန်း ကိုမလှမ်းနိုင်သေးတော့ မှီရာပန်းကိုလှမ်းပြီး ချူ လိုက်တယ် ဆိုပါစို့ ။

င့ါကြောင့် သူတစ်ပါး မနှစ်နာစေရဘူး ။ ငါ့ကြောင့် သူတစ်ပါး စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ မဖြစ်စေရဘူး ။

င့ါကြောင့် သူတစ်ပါး တာဝန် မပိုစေရဘူး ။ အဲဒီ ငါ ဆိုတဲ့ အတ္တ ကို ထွက်မပြေး သွားအောင် သံကွန်ချာ ရှိရင် ခဏလေးဌါးပါ ။ ဒီ ငါ ကို ဖမ်းချူပ် ထားချင်သူပါ ။

အနတ္တညဏ်မြင်မှ ရောက်မဲ့ သစ္စာစံအိမ် မရောက်ခင် ၊ ငါ က သစ္စာစံအိမ် ကိုသွားဖို့ လမ်းသွယ်တစ်ခုလို့ယုံကြည်ရင်း ။

Thursday, December 13, 2007

အတ္တပုံရိပ်
စာရေးသူရဲ့Blogကိုလာပြီး ဖတ်ကြတဲ့သူငယ်ချင်းတွေ ၊ အားပေးကြတဲ့သူငယ်ချင်းတွေ ၊ comment တွေပေးခဲ့တဲ့လေးစားအပ်သူတွေ ၊ အကြံပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။တတ်နိုင်သမျှကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ ။
လသားလောက်သာရှိသေးတဲBloggerအသစ်တစ်ယောက် အနေနဲ့ ၊ အားနည်းချက် အများကြီးရှိ ပါတယ် ။ ဒါကိုသီးခံပြီး အားပေးကြသူများကိုလေးလေးစားစား ကျေးဇူးတင်ပါတယ် ။
စာရေးတတ်လို့မဟုတ်ပါဘူး ၊ အဝေကြီး ကိုပြေးထွက်သွားတဲ့ သစ္စာတရား ကိုပြန်ယူနိုင်တဲ့ နေရာ မှာ ၊ ကျွန်တော် ဟာ သဲတမှုံ စာလောက် ပဲဖြစ်ပါစေ ၊ပါမယ် ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဒီBlogကိုရေးတာပါ ။
ဟုတ်ပါတယ် ၊ ယိုင်နဲ့နေတဲ့ သစ္စာခံအိမ်ကိုပြန်ပြီးပြုပြင်တည်ဆောက်ဖို့လက်တွေလိုနေတဲ့အချိန်မှာ ကျွန်တော် လက်တွေမကျန်ခဲ့ချင်ပါဘူး ၊ သဲတစ်ပွင့် ပဲကောက်ရ ကောက်ရ ၊ အုတ်တစ်ချပ်ပဲ သယ်ရပါစေ ကျွန်တော် လိုက်ချင်လို့ပါ ။
ကျွန်တော် နားလည်သလိုပြောပါရစေ ၊ သစ္စာအလင်းကွယ်ပျောက်ခြင်း ဟာ ၊ တစ်ခြားသောအလင်းရောင် ကွယ်ပျောက်ခြင်းထက် ၊ အဆပေါင်း မနိုင်းသောအောင်လူ ၊နဲ့ (31)ဘုံကို အကန်းဘ၀ ကိုတွန်းပို့ပါလိမ့်မယ် ။
ကျွန်တော်တို့ အစွမ်းရှိသလောက်သစ္စာအလင်းရောင်ကို ၊ကွယ် မသွားဖို့ကြိုးစား ရပါလိမ့်မယ် ။ ပြို ကျလုနီးပါးဖြစ်နေတဲ့ သစ္စာစံအိမ် ကို ၊ပြန်ဆောက်ဖို့ ကျွန်တော်ပါလာခဲ့တာပါ ။
တော်လွန်း၊ တတ်လွန်း လို့မဟုတ်ပါ ။ ကျွန်တော် အားလုံး ဆီက အမြဲတမ်းသင်ယူနေတဲ့လူလို့………၀န်ခံရင်း ..။

Wednesday, December 12, 2007

အောင်နိုင်သူ

ညတော်တော်နက်နေပြီလေ ၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့ ၊ လူတွေ အိပ်မော ကျနေလောက်ပြီထင်ရဲ့ ၊ ခပ်လှမ်းလှမ်း အဝေးပြေးလမ်းမပေါ်က ၊ ကားတွေ ဖြတ် သန်းမောင်းနင်သံကိုတော့ ၊တစ်ခါတစ်လေကြားနေသေးတယ် ။တစ်ဝမ်းတစ်ခါ အတွက်ခရီး သွားကြသူများလား? ဒါမှမဟုတ် အသုံးအဖြုန်း အတွက် ခရီး သွားကြသူများ လား? မသိ တော့ဘူး လေ ၊ သေချာတာတစ်ခုက ကျွန်တော်တို့ အားလုံး ခရီး သွားနေကြသူများပါလေ ။ ရည်ရွယ်ချက်တူချင်မျတူမယ်။ပန်းတိုင်လွဲချင်လွဲမယ် ။ အရောင်သွေးကွဲတဲ့ အိပ်မက်တွေ ကိုယ်စီနဲမို့ ၊ သေချာတာက အားလုံးဟာ ခရီးသွားတွေပါ ။

ဒီတိတ်ဆိတ်နေတဲ့ည ကိုချစ်တယ်၊ တိတ်ဆိတ်ခြင်းရဲ့အသံ ကိုနားထောင်ဖို့လေ ။ တစ်နေကုန်အောင် အပြင်မှ ချည်းခရီးသွားနေတဲ့ ကျွန်တော်စိတ်ကို ၊အိမ် မှာထားပြီး အတွင်း ခရီး ဆက်မလို့လေ ။

စိတ်လေးကိုကြည့်ရင်းနဲ့ ၊ တစ်ခါ တစ်လေ ကျွန်တော်စိတ်နဲ့ကျွန်တော်ရန်ဖြစ် ၊ သူနိုင် ကိုယ်နိုင် အသံတိတ် တိုက်ပွဲတွေ ဖြစ်နေလိုက်တာ ကြာခဲ့ပြီပဲလေ ။

ကျွန်တော်နိုင်တဲ့အခါ ၊ ၀မ်းသာလိုက်တာ ၊ ရှုံးတဲ့အခါ တော့ဝမ်းနည်းတာရော် ၊မကျေနပ်တာရောပဲ ။ ဒါသဘာဝပါလေ ။ လောက မှာလူတိုင်းဟာ အနိုင်ကိုပဲ လိုချင်တယ် ။ နံပါတ် (1) ဖြစ်ချင်တယ် ၊ အနိုင်ရရင်လည်းဝမ်းသာတယ် ၊ ငါနိုင်ပြီဟေ့ လို ကြွေး ကြော်တယ် ။အောင်နိုင်သူုဆိုတဲ့ ဂုဏ်ပုဒ် ကိုတွယ်ဖက်လို့ ။

ဘယ်လိုနိုင်တာလဲ? တကယ် တော့ အောင်နိုင်သူအစစ်လား ၊ ဒီအောင်နိုင်မူ က ထာဝရ လား ၊ ယာယီလား မေးခွန်းလေးတွေ ၊ တွေးစရာလေးတွေ ပေါ့ ဟုတ်လား?

လူတိုင်း မှာ အနိုင် ယူခွင့် ရှိတယ် ၊ အနိုင်ယူလို့ လဲရတယ် ၊ အဓမ္မ နည်းနဲ့သိမ်းပိုက် အနိုင်ယူမှာလား ? ၊ ဓမ္မအ၇ စွန့်လွတ်အနှစ်နာခံပြီး အနိုင်ယူမှာလား ၊ ဒါ ကူတော့ ရွေးရမယ် ၊ ဟုတ်တယ်နော် ။

ခွင့်လွတ်ကြပါနော် ၊ ကျွန်တော် စကားမှားသွားရင် ……… အနှိုင်း မဲ့အောင်နိုင်သူ ဖြစ်တဲ့ဘုရား ကိုတောင်အနိုင်ယူလို့ရတယ် ….ဒါပေမဲ့

အဠာဝကယာ……မြတ်စွာဘုရားရှင်က အဠာဝကခိုင်းတဲ့အတိုင်း သူဗိမာန်ထဲက၀င်ဆိုဝင် ၊ ထွက်ဆိုထွက် လုပ်နေတဲ့ အခိုက်အတန့် မှာ အာဠ၀ဟာ အောင်နိုင်သူပါ။

စိဉ္စမာဏဟာမြတ်စွာဘုရားကိုသူနဲ့ အတူ နေခဲ့ပါတယ်လို လူထု ပရိတ်သတ် အလည်မှာ စွပ်စွဲပြောဆိုနေတဲ့အခိုက်မှာ စိဉ္စမာဏာဟာ အောင်နိုင်သူပါ ။

ဒေ၀ဒတ်ဟာဂိစ္ဈကုတ်က်တောင်ပေါ်ကနေမြတ်ဘုရားကိုကျောက်တုံးနဲ့လိမ့်ချ လုပ်ကြံသတ်ဖြတ်နေတဲ့အချိန်လေးမှာတော့ ဒေ၀ဒတ်ဟာအောင်နိုင်သူပါ ။

ဒီလိုပဲ အဂုင်္လိမာလာဟာ ဓားကိုင်ပြေးလိုက်နေတဲ့ အခိုက်မှာ သူလဲထင်တာပဲ မြတ်စွာဘုရား ကိုသူနိုင်ပြီ လို့ မြတ်စွာ ဘုရားပြေးနေပြီပေါ့ ။

ဒီလိုထင်ပြီး သူတို့ကျေနပ် နေကြမယ့်အောင်နိုင်သူ တို့ရဲ့သဘောအရဂုဏ်ယူနေကြမယ့်ဟုတ်တာမဟုတ်တာ ၊ခဏထား ၊ဘေးချိပ် ၊မှန်တာ ၊မှားတာ မစဉ်းစားနဲ့ ၊ လောလောဆယ် နိုင်နေကြတယ်လေ

ဒါပေမဲ့ ဒီအောင်နိုင်မှုဟာ မြေမမျိုခင် အချိန်ထိပဲ ရှိတာ ကိုမသိဘူး ။

ဒါပေမဲ့ ၊ ဒီအောင်နိုင်မှု ဟာ သစ္စာ ဓမ္မ ကွယ်နေတဲ့ အခိုက်အတန့် လေးဆိုတာမသိဘူး ။

ခုတော့ အားလုံး သိသွားကြလေ ပြီလေ ။ဓမ္မရဲ့ အောင်နိုင်မှု က ထာဝရ ဖြစ်ပြီး ၊ အဓမ္မ ရဲ့ အောင်နိုင်မှု ကခဏလေးဆိုတာကို ၊ ဒီနေရာမှာ ကွာတာလေး တော့ရှိပါတယ် ၊ အသိစောတာနဲ့ ၊ အသိနောက်ကျ တာ ၊ အသိစောတဲ့လူက ဘာဖြစ်သွားတာလဲ ၊ အသိနောက်ကျတဲ့လူကဘာဖြစ်သွားတာလဲ ဆိုတာကို ၊ သိပြီးသားမို့ ၊ မပြောတော့ဘူးလေ ။ကျွန်တော်.စိတ်နဲ့ ကျွန်တော်ရန်ဖြစ်ရဦးမှာမို့ပါ ။

Monday, December 10, 2007

ဒုက္ခိတဆိုတာ

ငယ်ငယ်လေးတုံးက ….ကိုယ်ဘာသာကိုယ် လုံးဝမကျေနပ်ဘူး ၊ ကိုဘာသာကိုယ် ငရဲသားလို့ ထင်မိတယ် ၊ ကျွန်တော် ဆို လိုတာက ၊ ကိုယ် ကိုတိုင်းလည်း ဆင်းရဲတယ် ၊ သူတစ်ပါး ကိုလည်းဆင်းရဲကြောင်း ဖြစ်အောင် လုပ်နေတဲ့လူဟာ ငရဲသားပေါ့ ၊ ကိုယ့်ကိုအကြောင်းပြုပြီးတော့ ၊ အခြား သူတွေ တာဝန်ပိုရတာ ၊ အလုပ် များရတာ ၊ စိတ်ပင်ပန်း ၊ လူပင်ပန်း ဖြစ်စေတာ ၊ အင်မတန် မှ ရှက်စရာ ကောင်းတယ်လို့ ခံစားမိတယ် ၊ ကိုယ် ကပဲ တစ်ခြား သူတွေ အတွက် တတ်နိုင်သမျှ လုပ်ပေးချင်တယ် ။ ကိုယ်လုပ်ရမဲ့ အလုပ်ကို သူများက လုပ်ပေးရတယ် ဆိုကတည်း ကိုယ် အသုံးမကျတော့ဘူးပေါ့ ၊ အသုံးမကျရင် အသုံးမကျဘူးလို့ လူကြီး မိဘ ကပြောရင်လည်း စိတ်ဆိုးချင်သေးရဲ့…….. လူ့အမှိုက်ပေါ့ဗျာ ။ အမှိုက် ဆိုကတည်းက………….ဘာလုပ်လို့ရဦးမှာလဲ?
အဲလိုပဲ………..ကျန်းမာရေးအတွက် လမ်းလျှောက်တော့နံဘေးက အကူနဲမှဖြစ်ရတဲ့ဘ၀မျိုး ၊ ဘောလုံးလဲကန်ချင် ၊ လက်ဝှေ့လည်းလည်းသတ်ချင် ၊မရဘူး…….ဒီလိုနဲ့စိတ်ဓာတ်ကျနေတဲ့ဘ၀။
တစ်နေ့………ညနေစောင်း…လမ်းလျှောက်ထွက်တော့………နံဘေးမှာ ဘဘ ပါတယ် ခပ်လှမ်းလှမ်းမှာ လက်တစ်ဖက်မရှိတဲ့ လူတစ်ယောကလမ်းလျှောက်နေတာကို ကျွန်တော်ကိုပြရင်း
သားတကယ်ဒုက္ခိတကိုသိလားတဲ့(10)နှစ်အရွယ်ခလေးတစ်ယောက်ကို အဘိုးတစ်ယောက်ကမေးတဲ့စကား
ကျွန်တော်လည်ုးသိတယ်ပေါ့
ဒီတော့ ဘဘကမေးတယ် ၊ ဘယ်မှာလည်းပေါ့ ကျွန်တော်လည်း ကျွန်တော်ကိုကျွန်တော် ပြ၇တာလေ ။ ဒီမှာတင် ဘဘဆီက မေးခွန်းတွေထပ်ထွက်လာတယ်
ဥပမာ သားဆီမှာပိုက်ဆံတစ်ကျပ်ရှိတယ် မရှိလို့သာ တောင်းရင်ပေးမှာလား…….။ ပေးမယ် လို့ပြောတယ် ။ဒီလိုဆို တစ်ကျပ်လုံးတောင်းရင်ကောပေးမှာလားလို့လဲမေးရော၊ ကျွန်တော်အဖြေက ၊ မပေးဘူးပေါ့ ပေးရင် ကျွန်တော် ငတ်သွားမယ်လေ ၊ ဒီစကား ကိုပြုံးပြီး နားထောင်ရင် ဆုံးမခဲ့တဲ့စကားကို ပြန်ပြီးဖေါက်သည် ခရရင်
(1) အယူသာရှိပြီး ၊ အပေးမရှိတဲ့ လူက တကယ် ဒုက္ခိတ
(2) အမှန်တရားကိုနာနိုင်တဲ့နားမရှိတာကတကယ့်နားပင်း
(3)သစ္စာတရားကိုမြင်နိုင်တဲ့ အမြင်မရှိသူကတကယ့်အကန်း
(4) အလုံးစုံသန်စွန်းနေပါလျှက်နဲ့ ကိုယ်လုပ်ချင်သမျှကိုကျန်တဲ့သူတွေ ကလိုက်လုပ်ပေး နေတာကိုကျေနပ်အချောင်ခိုနေတဲ့သူကမှတကယ့်ဒုက္ခိတဲ့လေ။
ကျွန်တော်တစ်သက်လုံးမှတ်သွားရော

Sunday, December 9, 2007

blogတွေကိုလျှောက်ဖတ်ရင်းနဲ့ ၊ စာရေးချင်တဲ့စိတ်ပေါ်လာလို့ ဒီစာတိုလေးကို ၊စိတ်ရှိတဲ့အတိုင်း ရေးချလိုက်မိပါတယ် ။

blogကိုအလည်လာတဲ့သူငယ်ချင်းတွေကိုရော၊လာမိလည်တဲ့သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။စာဖတ်ရတဲ့ အတွက်ပါ။

ပထမဆုံးအားပေးခဲ့တဲ့ဘုန်းဘုန်း၊ညလေး၊စာဖတ်ပြီး စီဘောက်မှာ post တင်လို့ မရတဲ့ မလင်းလက် ၊်စာကိုရင်ထဲ ရောက်အောင်ရေးတတ်တဲ့ကိုthinker ၊ အဝေးကြီးကကိုချစ်သူ ၊ပန်းရောင်လေးတွေနဲ့ ဖွဲ့ထားတဲ့ ယုန်လေး ၊ မေငြိမ်း ၊ မာန်လှိုင်းငယ် ၊ဒိုင်ရာရီ ၊အများကြီးရှိသေးတယ် ကြေငြာ ဖြစ်သွားမှာစိုးလို့ နာမည်ထုတ်မရေးတာက မလေးစားလို့မဟုတ်ဘူး ၊မချစ်လို့မဟုတ်ဘူး ၊ ကျွန်တော်အများကြီးဖတ်ခဲ့ပြီး Linkမချခဲ့တာက ၊ကျွန်တော်blog ကသူများ တွေနဲ့ ယှဉ်ရင် ၊အားလုံးထက်ညံ့တာကိုတွေးပြီး ရှက်လို့ပါ ။ ရေးဖို့နာမည်ကျန်ခဲ့ပေမဲ့ ရင်ထဲမှာအမြဲရှိပါတယ် ။ကံကြမ္မာ ကခွင့်ပြုခဲ့ရင် ဒီအဆိပ်မသင့်တဲ့ လက်တွေကို ကိုယ်တိုင် ကိုယ်ကျဆွဲကိုင်နှုတ်ဆက်နိုင်မှာပါနော် ။

Saturday, December 8, 2007

ဝန်ခံချက်

ဒီတစ်ခါတော့ခဏခဏမေးခံရတဲ့မေးခွန်းတွေကိုဖြေရင်းနဲ့ပဲ ကိုယ်ပြောချင်တာလေးတွေကိုပြောရပါတယ်။
စာရေးသူဟာဘုန်းဘုန်းမဟုတ်ပါ။ ဒါပေမဲ့ သိပ်ပြီးဆိုးဝါးတဲ့ မွေးရာ ပါ ရောဂါတစ်ခုကိုအကြောင်းပြုပြီး ဘုန်းဘုန်း တွေနဲ့ လူမှန်းသိတာတည်းက ရင်းနှီးကြီးပြင်းခဲ့ရတာပါ။ ပိုလီယိုလိုပဲ အရိုးပျော့နာပါ။ ဒီရောဂါ ကိုမွေးရာပါခံစားရင်းနဲ့ကျေးဇူးရှင်တစ်ဦးနဲ့အရိပ်အောက်မှာနေရင်း အိမ် ကျောင်းတလှည့်ဘုန်းကြီးကျောင်းတလှည့် နဲ့နေခဲ့ရတာပါ၊ စာရေးသူရဲ့နွေရာသီကျောင်းပိတ်ရက်တွေအားလုံး ဟာ ဒီဘုန်းဘုန်းတွေ ၊ လူပျံတော်ကြီးတွေ ၊ ကျင့်ကြံအားထုတ်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေ နဲပဲနေထိုင်ကြီးပြင်းခဲ့ရပါတယ် ၊ ကံကြမ္မာရဲ့ လှည့်ကွက်ကြောင့် စာရေးသူဘုန်းကြီးဖြစ်ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ စာစသင်ရကတည်းက မြင်းခြံကိုးဆောင်တိုက်ဆရာတော်ဘုရားကြီးရဲ့ပရိတ်တော်ကိုစသင်ခံရတာပါ ။စာဖတ်တတ်ပြီး အခြေခံပညာအလယ်တန်းလောက်ဆို လယ်တီဆရာတော်ဘုရား ရဲ့ ဒီပနီတွေ မင်းကွန်း
ဆ၇ာတော်ဘုရားကြီးရဲ့ ဘု၇ားကျမ်းစာတွေကို မလွဲ သာပင် ရှောင်သာဖတ်ခဲ့ရတာပါ ။ပိုပြီးကံကောင်းတာက ၊ ဒီဘုန်းဘုန်း တွေ ၊ ဆရာတွေ ရဲ့ စာအုပ် ဗီရို မှန် သမျှ ကိုတံခါး မရှိ ၊ ဓါးမရှိ ကြည့်ခွင့်ရခဲ့ခြင်း နဲ့ သိလိုသမျှ၊ မရှင်းသမျှ ကိုမေးခွင့် ၊ တွေးခွင့်ရခဲ့ခြင်းပါ ။
နာမည် ကြီးခြင်း လို့စာရေးတာလားဆို တာကိုတော့ ၊ မဟုတ်ပါ ဟုဖြေလိုပါသည် ၊ မျှဝေခံစားလိုသော စေတနာ မှတပါး တခြား မရှိဟု သစ္စာဆိုဝံ့ပါသည် ။ကံတရားရဲ့ဖေးမမူကြောင့်စာရေး သူမှာဆရာကောင်းတွေရခဲ့ပါသည် ။ ကမ္ဘာသိ ၊မြန်မာသိဆရာကြီး များ ဖြစ်ပါ ၏ ။ ထိုဆရာကြီးများ ၊ အချို့ သက်ရှိဆရာကြီးများဖြစ်ပါသည် ။ ထိုထိုသောဆရာကြီးများ၏ အရှိန် အ၀ါ ဖြင့်စိန်နားကတ်ရောင် ပါးပြောင် နိုင်သောအနေအထား ရှိပါသည် ။ သိုသော်ကိုယ်တိုင်အရည်အချင်းမဟုတ်သောကြောင့်ရှက်စရာကောင်းပါသည်။ စာရေး ရန်တဖွဖွပြောရင်း ဘ၀တပါးပြောင်းသွားခဲ့တဲ့ ဆရာ့ကိုကျေးဇူးဆပ်ခွင့်မရခဲ့ပါ။
နာမည်ကြီးတာထက် ငရဲမသွားရတဲ့လမ်းကို ပိုပြီးမြတ်နိုးပါတယ်။ စာမှာသာတတ်ပြီးကိုယ်မှာမတတ်ရင် အ၀ိစီချိုးကပ်နေမှာပိုကြောက်ရပါတယ်။
ဒီတော့စာရေးသူရဲ့အမှားတွေကိုတွေ့ရင်ပြင်ပေး၊ အားမနာတမ်းဆဲကြ ၊ အခုရေးတဲ့စာတွေထဲမှာလဲအမှားပါရင်ခွင့်လွတ်ကြပါလို့ အားလုံးကိုစာရေးသူကလေးလေးနက်နက်တောင်းပန်ပါတယ်။
စာရေးဖော်ရေးဖက် ညီအစ်ကို၊ မောင်နှမအားလုံးကိုအမြဲတမ်းသတိရ၊ မေတ္တာပို့နေရင်း................

Wednesday, December 5, 2007

‘ယုန်’ အရိပ်ခံဗိမာန်လေးမှာ စာဖွဲ့လို့ထားလိမ့်မယ်

ညကအတော်နက်နေပြီ ၊ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လို့ ၊ ဆောင်းလေနဲ့အတူ နှင်းတွေ့ ကကျွန်တော်ဆီလွင့်လာသလို ခံစားရတယ်။ ခပ်ဝေးဝေး ဘုန်းတော်ကြီး ကျောင်းကပျံ့ထွက်လာတဲ့ ပဋ္ဌန်းတရားတော်ကို ငြိမ်သက်နာယူနေပေမဲ့ စိတ်ကဟို ရောက် ဒီရောက် နဲ့ ဆောင်းလေလိုပဲ ၊ နောက်ဆုံး မထူးတော့တာမို့ ၊ မျက်လုံး ဖွင့်ပြီး ၊ အပေါ် ကိုမော့ကြည် လိုက်တော့ လဆုတ်ညမှာသာတဲ့လ။ ကျွန်တော့်၇င်ကိုအေးစေတယ်။
ဒါကအတ္တကိုဆုတ်ကိုင်ပြီးတွေးတာပါ ၊ ဒီ သာနေတဲ့ လ က ကျွန်တော်အတွက် သက်သက်လင်းနေတာမဟုတ်ဘူးလေ။ မျက်နာမလိုက်ပဲအစွမ်း ရှိသမျှ ကမ္ဘာပေါ်ကရှိရှိသမျှသက်ရှိ ၊ သက်မဲ့အားလုံးပေါ်မှာလင်းနေတာ၊ အေးမျှနေစေတာပါနော် ။ ဆင်းရဲသူရော ၊ ချမ်းသာသူရော ၊ ဘုရင်၊ သူတောင်းစား ၊ ခွဲခြားမထားပဲလင်းစေ၊ အေးမျှစေတာလေ။
လူတိုင်း ကလပြည့် သာတဲ့လကိုပဲ သတိထားမိတတ်ကြတယ် ၊ သာတယ် ၊ အေးတယ် ၊လင်းလက်တယ်ပေါ့။ ဒီ
လိုဆို တစ်ခြား လဆန်း ၊ လဆုတ် ရက်တွေရော် ဒီလ ကမသာဘူးလား ၊ မအေးတော့ဘူးလား?
သာပါတယ် ၊ အေးပါတယ် ၊ တစ်ခြမ်း ရှိရင် တစ်ခြမ်းတစ်ခြမ်း အစွမ်းအစနဲ့လူတိုင်းရင်ကိုအေးစေတယ် ၊ တစ်စိတ်ရှိရင်တစ်စိတ်နဲ့လူ တိုင်း ရင်ကိုအေးစေတယ် ၊ အစွမ်းရှိသမျှ လေ၊ လမင်းရဲ့ရန်သူတွေဖြစ်တဲ့ ဆီးနှင်း ၊ မြူ ၊ တိမ် ၊ အသူရိန် ၊ မီးခိုး ရန် သူမျိုးငါးပါးကင်း ရင် ၊ မြင် ပါလိမ့်မယ်သူအလင်းကိုလေ။
သူအရိပ် ၊ လ ရဲ့ တံဆိပ် ကိုယ်တိုင် က၊ သူတစ်ပါး အတွက် ၊ လောက အတွက် ၊အနစ်နာ ခံစွန့်လွန်မူကရခဲ့တဲ့ ကမ္ဘာတည် မဲ့မော်ကွန်း ၊သိကြား သွန်းတဲ့ ယုန် အရိပ် လေ။
ယူန်မင်း ရဲ့စံပြုထိုက်တဲ့သီလ ၊ ကမ္မည်းတင်အပ်တဲ့အနှစ်နာခံစွန့်လွန်မူု......ကို မှတ်တမ်းတင်ထားတဲ့ လမင်းဟာသူကိုဟောင်တဲ့ ခွေးလည်းပဲ့လင်းမှာပါ ၊
ဒီလိုပဲ လောကအတွက် ၊ အများ အတွက် အနှစ်အနာခံစွန့်လွန် ခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ စွန့်လွန်ဆဲ ပုဂ္ဂိုလ်တွေ စွန့်လွန်အနှစ်နာခံမဲ့ ပုဂ္ဂိုလ် တွေကို ၊ ရိုသေလေးနက်လိုက်လဲစွာရှိခိုးနေမိတယ်
ကျွန်တော်စွမ်းရင်လေ ဒီပုဂ္ဂိုလ်တွေကို လည်းယုန် အရိပ်ခံဗိမာန်လေးမှာ.......အင်း.....စာဖွဲ့လို့ထားပါလိမ့်မယ်လို့။

Wednesday, November 28, 2007

compassion

တလောကတော့ရေးဖြစ်ပါတယ်(ချစ်ခြင်း)အကြောင်းပေါ့ ၊ အခုတော့ကရုဏာဆိုတဲ့ သနားခြင်း ၊ အကြောင်းကိုရေးမိတယ်။ ကိုယ်ယုံကြည်ရာကို ၊နားလည်သလို ပြန်ပြီးဝေမျှတယ်ပေါ့
ကရုဏာ ဆိုတဲ့ပါဋိစကားကိုမြန်မာပြန်တော့ သနားခြင်း ၊ဒုက္ခရောက်နေသူကိုသနားခြင်း ဒီလိုပဲ။`
Dictionary တွေထဲမှာတော့ compassion တဲ့
A feeling of sympathy for people who are suffering .
ဒါလဲအားလုံးသိပြီးသားပါ။ ဒုက္ခခံစားနေရတဲ့သူကိုသနားတယ်ဆိုတဲ့သူကိုသနားတယ်ဆိုတဲ့ခံစားမူတစ်ပါးရှိလာတယ်။ ကိုယ့်ဘာသာကိုယ်ပြန်မေးတာပေါ့လေ။ သနားတယ်ဆိုရုံလောက်နဲ့ဒီကရုဏာရဲ့အဓိပါယ်ပြီးစုံစွာသွားပြီး
ကရုဏာရဲ့အလုပ်ပြီးမြောက်သွားပြီလား?
ဆိုပါစို့ လူတစ်ယောက်၊ (သို့) ခွေးတစ်ကောင် ကိုယ့်ရှေ့မှောက်မှာ ဒဏ်ရာရနေတယ်၊ ဝေဒနာတစ်ခုခု ကိုအကြီးအကျယ်ခံစာူးနေရတယ်။သနားစရာကောင်းလိုက်တာဆိုပြီး လှည့်ပြန်သွားရုံနဲ့တော့ပြီးမသွားဘူုး။ ဆေးကုရမယ်၊ ဆေးရုံပို့ရမယ်၊ ဒီဝေဒနာသက်သာဖို့တစ်ခုခုတော့ ကူညီရမယ်………… ဟုတ်တယ်ဟုတ်?
ဒီလူ(သို့)ဝေဒနာရှင်ကသေမယ်မှန်းသိတာတောက်မှသက်သာ
အောင်ကူညီရမှာပဲ။
`သေမှာပဲကွာ ထားလိုက်ပါ´ဆိုပြီးထွက်သွားရင်တာဝန်မဲ့တာပဲ ၊ သေခြင်းရှင်ခြင်းကိစ္စကဝေဒနာရင်ရဲ့ကံနဲကံရဲ့အကျိုးပေါ်မှာမူတည်ပါတယ်။
ဒီတော့နုတ်ခမ်းဖျားနဲ့သနားနေရုံနဲ့မပြီးပါဘူးဒီလိုသာပါးစပ်နဲ့ကရုဏာရှင်ဖြစ်ကြစတမ်းဆိုရင်
ကျွန်တော်လဲဖြစ်ချင်ပါရဲ့ဗျာ

Sunday, November 25, 2007

Nightmare

Life is not dream, everybody know about that but some story like as a dream.When I had a nightmare, pray to the Buddha to be free from it.Now I'm under the nightmare however it is so hard to escape withuot effort.So we must try to esacape from the nightmare.

Wednesday, November 21, 2007

Dear Readers

Dear Readers,
Now the world is full of wile and violence but thesuffering people are sinking in the darkness till now however there is no light for them.
The hypocracy will go more and more.The sublime Dhamma are useless for them .Please do let me ask one that what is the compassion for suffering people?
no words can be describe my suffering feeling.

Sunday, November 18, 2007

ရယူလိုသောဆု

လူသားပုထုစဉ်တစ်ယောက်အနေနဲ့ ၊ လောဘ ၊ ဒေါသ ၊မောဟစတဲ့စိတ်တွေရှိနေတာပါပဲ၊ အတ္တရော မာနပါရှိပါတယ်။ ရှိသင့်ရှိထိုက်တဲ့အတ္တနဲ့မာနမရှိရင်လည်း ၊ လူမူအသိုင်းအ၀ိုင်းထဲမှာနေလို့မဖြစ်ဘူးလေ။
ဒီတော့ ဘာမှမဟုတ်သေးတဲ့ သာမန်လူသားတစ်ယောက် ပီပီ ဘုရားသွားပြီး လိုတဲ့ဆုကိုတောင်းမိတယ် ၊ဆန္နပြုတယ်ပေါ့ ၊တကယ်တော့ ဒီဆုတောင်းနဲ့ပြည့်ဝ လိုက် ဖက်တဲ့(ကံ)အလုပ်ပဲနဲ့တော့ဘာမှမရဘူး။
ပိဋကတ် တော်ထဲမှာ လိုတာအကုန်ရှိတယ်။ ဘုရားကပြောတယ်၊ ကျွန်တော်တို့ကပျင်းတယ်၊ အချောင်ခိုတယ်၊ တတ်ရောင်ကားလုပ်တယ်။
ဒီပင်္ကရာ မြတ်စွာဘုရား ရှေ့မှာ သုမေဓါ ရှင်ရသေ့ဘ၀နဲ့ဆုပန်တယ်။ ဒဲဒီဆုပန်တဲ့အတိုင်းလည်းဘုရားဖြစ်မဲ့အကျင့်ကိုကျင့်ခဲ့တယ်။……… ဖြစ်ခဲ့တာပါပဲ။သုံးလောကရဲ့အထွဋ်အထိပ်။
ကျွန်တော်တို့ကဆုတောင်းတယ်။တောင်းတဲ့ဆုနဲ့ညီအောင်မနေဘူး၊မလုပ်ဘူး ၊ ဒီတော့ဘာမှမဖြစ်ဘူးလေ…..သတိပြုမိဖို့ကောင်းတယ်
နော်။
ကျွန်တော်လည်း ဆုတောင်းပါတယ်၊ လေးလေးနက်နက်ကိုဆုတောင်းတာပါ ဒါကတော့
(1) ဘု၇ားစကားကို နားထောင်သိဖြစ်နိုင်တဲ့လူဖြစ်ရပါလို၏။
(2) ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူပြီး အကောင်ထည်ဖေါ်နိုင်တဲ့လူ ဖြစ်ရပါလို၏
(3) ကိုယ်ဘာသာကိုယ် လေးစားနိုင်တဲ့လူဖြစ်ရပါလို၏ လိုဆုတောင်းတတ်ပါတယ်
`အဇာတသတ်´ လိုဥပဒါန်အစွဲနဲ့မအိပ်နိုင်တဲ့လူ ဖြစ်မှာစိုးလို့ပါ။

Saturday, November 17, 2007

ဧည့်ရိုင်း

တစ်ခါတစ်ခါလောကဟာမာယာဆတွေနဲပြည့်လို့နေတယ်၊လူသားချင်းစာနာထောက်ထားမှုတွေကင်းမဲ့ပြီးအကြမ်းဖက်မှုတွေ၊ယုတ်မှာာရိုင်းစိုင်းမှုအောက်မှာ၊ပြားပြားမှောက်နေတဲ့ကမ္ဘာရဲ့ငိုချင်းရှည်ကို၊ကမ္ဘာလူသားတွေကြားမှကြားရပါမလားမသိဘူးလေ။နားထောင်တတ်ရင်ကြားမှာ
ပါ။……..နှလုံးသားလေးကိုဖွင့်ပြီးခံစားမှုနားနဲနားကြည့်ပါ။(21)ရာစုကမ္ဘာရဲ့ငိုချင်းတစ်ပုဒ်။
ကမ္ဘာကြီးကကျွန်တော်တို့ကိုကောင်းကောင်းထမ်းထားနိုင်ပါတယ်။ဒါပေမဲ့ ညစ်ပတ်တဲ့၊
ယုတ်မာတဲ့၊အချောင်သားစိတ်ဓာတ်ဝန်ထုတ်ကလေးလွန်းအားကြီးတော့၊သူငြီးပြီလေ။ကျွန်
တော်တို့ကဧည့်ရိုင်းတွေလေ ဧည့်ကောင်းတွေမဟုတ်လို့ပေါ့…..ဟုတ်တယ်ဟုတ်။
ကျွန်တော်တို့ဟာကမ္ဘာကိုခဏလေးလာတဲ့ဧည့်သည်၊အိမ်ရှင်တာဝန်ကျေပါတယ် ၊စားစရာအစာ ၊သောက်စရာရေ ၊နေဖို့နေရာ…..လိုလေသေးမရှိ။
ဒါပေမဲ့ ၊ကျွန်တော်တို့တစ်တွေလေ ၊ဧည့်သည်တာဝန်မကျေဘူး ၊အိမ်ရှင်ကိုစော်ကားကြတယ်၊ အရိပ်နေပြီး အခက်ချိုးကြတယ်။
ကမ္ဘာမြေပေါ်ရောက်စက`ဖြူစင်ကြည်လင်´နေတဲ့စိတ်ကို ၊ ပိုင်ဆိုင်ရလိုမှု အတ္တတွေနဲ အရောက်ကတစ်မျိုး၊မနာလိုတဲ့အရောင်ကတစ်ဖုံး၊ န်ဆောင်ကြွားဝါမှုကာလာတွေချယ်ရင်းနဲ့နလုံးသားဟာ ညစ်ပေမဲနက်နေတဲ့ပန်းချီကားတစ်ချပ်ဖြစ်သွားတယ်လေ၊ ဒီမဲညစ်နေတဲ့ပန်းချီကားကိုအချောင်သမားစိတ်နဲဘောင်ကွပ်ပြီးနေလာလိုက်တာကမ္ဘာကြီးငိုတဲ့အထိပါပဲလေ။
ဒီတောကမ္ဘာကြီးငိုတဲ့အသံကိုကြားနာမို့နှလုံးသားကိုဖွင့်ထားပါ။ကိုယ်ချင်းစာတရား ဆိုတဲ့ခံစားမှုလေးနဲနားထောင်ပေးပါလို့…..။
မှန်ပါတယ်..မြတ်ဘုရားရဲ့ဒေသနာကိုအမှန်အကန်သိနားလည်မို့ အတွက်၊ ကိုယ်ချင်းစာတရားဟာ အခြေခံပဲလို့ ယုံကြည်သလို၊ ကမ္ဘာကြီးကိုငြိမ်းချမ်းအောင်လည်းစွမ်းဆောင်နိုင်လိမ့်မယ်လိုယုံကြည်မျှော်လင့်ရင်း။

Wednesday, November 14, 2007

ကျွန်တော်ပြောချင်တဲ့ချစ်ခြင်းအကြောင်း

အမိမြေကိုချစ်ပါ
ဥပဒေကိုလေးစာပါ
ကောင်းလိုက်တဲ့ဆောင်ပုဒ၊်တကယ်ကောင်းပါတယ်၊အမိမြေကိုကော တကယ်
ချစ်ရဲ့လားလိုဘာသာစဉ်းစားရင်း.........ချစ်တယ် ဆိုတာဘာလဲလိုတွေးလို်က်မိတယ်………ချစ်တယ်လိုလွယ်လွယ်နဲ့ပြောလိုက်၊ရေးလိုက်လုပ်နေကြတာချစ်ခြင်းတွေဖေါင်းပွနေတော့တာပါပဲ။
ခက်တာကချစ်ခြင်းဆိုတဲ့အဓိပါယ်က၊ခံစားမှုပိုင်းဆိုင်ရာဖွင့်ဆိုခြင်းတွေဖြစ်နေတော့၊သူခံစားမှုနဲ့သူ၊ကိုယ်ခံစားမှုနဲ့ကိုအဓိပါယ်တွေဖွင့်နေကြတာပါပဲ။
ဒီတော့ကျွန်တော်လဲကျွန်တော်နားလည်သလိုဖွင့်ကြည့်မယ်လေ……..နော…..ရှင်းပါတယ်………ကျွန်တော်နားလည်တဲ့အချစ်ကချစ်ရင်အနှစ်နာခံပါကိုယ်ကျိုးစွန့်ပါ
ပြန်ပြောမယ်နော်၊တကယ်ချစ်ရင်ကိုယ်ချစ်တဲ့အရာအတွက်၊အနှစ်နာခံပါ၊ကိုယ်ကျိုးစွန့်ပါ
နဲနလေးချစ်ရင်-နဲနဲလေးပဲအနှစ်နာခံပါများများချစ်ချစ်ရင်-များများချစ်ချစ်ရင်-များများအနှစ်နာခံပါ။အနှစ်နာခံမှု၊ကိုယ်ကျိုးစွန့်မှုမရှိပဲနဲချစ်တယ်လို့ပြောပြောနေတဲ့စကားကဆားမပါတဲ့ဟင်းကိုပဲပေါ့ပျက်ပျက်နဲ့တော့
ဒီတော့ချစ်သူကိုချစ်ရင်ချစ်သူအတွက်အနှစ်နာခံပါ။မိဘကိုချစ်ကိုရင်မိဘအတွက်
အနှစ်နာခံပါ။
သားသမီးကိုချစ်ရင်သားသမီးအတွက်အနှစ်နာခံပါ။
တိုင်းပြည်ကိုချစ်ရင်တိုင်းပြည်အတွက်အနှစ်နာခံပါ။
လောကကိုချစ်ရင်လောကအတွက်အနှစ်နာခံပါ။`
ရှင်းရှင်းလေးပြောရရင်ကိုယ်ချစ်တဲ့အရာအားလုံးအတွက်ကိုယ်အတကိုစွန့်ထားခဲ့ပါ။
ပိုင်ဆိုင်ရလိုမှုအတ၀န်ထုပ်ကြီးကိုပုခုံးအပ်ါထမ်းပြီး၊ဘယ်နေရာမှဘယ်သူအတွက်မှ
အနှစ်နာမခံနှိုင်တဲ့သူတွေရဲ့ပါးစပ်ကချစ်တယ်လို့နားထောင်ကောင်းယုံလေးမပြောကြပါနဲလို့…..

Monday, November 12, 2007

Friday, November 9, 2007

အတူတူကြိုးစားကြပါစို့

ဒီ blog ရဲ့ရည်ရွယ်ချက်က ကိုယ့်အမြင်လေးတွေကို၊ အသိလေးတွေကို တတ်နိုင်သလောက်ပြန်ပြောပြဖို့၊ မျှဝေခံစားဖို့၊ ပြီးတော့ရတနာသုံးပါးနဲ့သစ္စာတရားရဲ့ အနှစ်သာရကိုသိမြင် ဦးခိုက်ပူဇော်တတ်ဖို့ပါ။ မြတ်ဗုဒ္ဓရဲ့ အနှိုင်းမဲ့ သင်ကြားချက်တွေကို
လက်လှမ်းမှီသလောက်လေး ဝေငှသင်ယူမယ်ဆိုတဲ့အတွေးရည်ရွယ်ချက်ပါ။
တကယ်တော့လောကဆိုတာ စစ်မြေပြင်ပဲ ဓမ္မနဲ့အဓမ္မ တို့ရဲ့တိုက်ပွဲဝင်ရာစစ်မြေပြင်၊ သူတော်ကောင်းတရားလွမ်းမိုးရေးနဲ့မသူတော်တရားတို့ပြန့်ပွားရေးအတွက် အားမြိုင်တိုက်ခိုက်ရာနေရာပါ။ ဒီဆန့်ကျင်ဘက်သဘောတရားတွေရှိနေလိုလဲပဲ `လောက´ဆိုတာရှိနေတာ၊ ဒီဆန့်ကျင်ဘက်သဘောတရားတွေသာမရှိဘူးဆို လောကလည်းမရှိတော့ဘူး။ ဒီတော့လောကရဲ့ ဟိုမှာဘက်၊ လောကုတ္တရာဖြစ်သွားပြီလေဖြစ်ခြင်း၊ ပျက်ခြင်းတို့ရဲ့ လွန်မြောက်ရာလောကုတ္တရာ (သို့) ၀ိမုတ္တိဒေသ
ဒီတော့၊ လောကကိုပြန်ကြည့်ပါ မြင်ပါလိမ့်မယ်။ ဓမ္မနဲ့အဓမ္မဆိုတဲ့အုပ်စုနှစ်ခုရှိနေမှာပါ။ ဒါပေမဲ့လုပ်ဆောင်ချက်ကတော့မတူဘူးလေ။
´ဓမ္မ´ကလောကကိုတည်ငြိမ်အေးချမ်းအောင်လုပ်ဖို့ကြိုးစားရင် ´အဓမ္မ´ကလောကကိုဆူပွတ်သောင်းကျန်းအောင်လုပ်မှာပဲဒီတော့ဒီလောကကြီးအေးချမ်းတည်ငြိမ်ဖို့လောကကိုဓမ္မလွမ်းမိုးဖို့အရမ်းကိုအရေးကြီးတယ်။ ဒီလောကဆိုတဲ့နေရာမှာ၊ လူလောက၊ နတ်လောက၊ အပါယ်လေးပါးဆိုတဲ့လောက လောကသုံးပါးစလုံးကိုဆိုလိုတာပါ။ ဒီသုံးလောကစလုံးအေးချမ်းငြိမ်သက်ဖို့လောကကိုဓမ္မလွမ်းမိုးရေးဟာ လောကကိုချစ်တဲ့လောကသားတိုင်းရဲ့တာဝန်၊အနှိုင်းမဲ့ဗုဒ္ဓပွင့်တော်မူလာခြင်းဟာလည်းဒီလောကမှာ ဓမ္မလွမ်းမိုးဖို့နဲ့ ဒီလောကထဲကလုံးဝလွန်မြောက်ဖို့၊ ဒါပေမဲ့ လောကမှ မလွန်မြောက်မှီကာလာ အတောအတွင်းမှာတော့ လောကကြီးသာယာအေးချမ်း အောင်
ကြိုးစားဖို့ကဘုရားကိုချစ်တဲ့သူတိုင်းမလွဲမသွေပြုလုပ်ရမဲ့ လောကကျင့်စဉ်လေ၊ မိမိတတ်နိုင်သလောက်ကျင့်ဖို့မမေ့ပါနဲ့။
ဟုတ်ပြီ …………..ဒီဓမ္မသူတော်ကတရားထွန်းကားရေးဟာ ငါနဲ့မဆိုင်ဘူးလို့ လက်ပိုက်ပြီး ဘေးထွက်ကြည့်လိုက်ပါ………..အဓမ္မကအင်အားကောင်းလာပြီးလောကကြီးကိုဖျက်ဆီးပါလိမ့်မယ်။ ဒါအသေအချာပါပဲ။
ဒီတော့ အဓမ္မ၀ါဒမထွန်းကားမှီဓမ္မအင်အားစုကောင်းဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အဓမ္မ၀ါဒမသူတော်လမ်းစဉ်ဖြစ်တဲ့အကြမ်းဖက်မှုတွေ၊ ယုတ်မာရိုင်းစိုင်းမှုတွေ၊ အနိုင်ကျင့်မှုတွေ၊မတရားမှုတွေရပ်တန့်ဖို့ဓမ္မအင်အားစုကြီးထွားရေးအတွက်ဘုရားကိုချစ်တဲ့သူတော်ကောင်းတွေကြိုးစားကြပါလို့ ဘာပဲဖြစ်ဖြစ်လောကကိုကောင်းအောင်ရော ဆိုးအောင်ပါ သင်လုပ်နိုင်တယ်ဆိုတာကိုတော့မမေ့ပါနဲ့၊
သူတော်ကောင်းတရားထွန်းကားပါစေ။

Thursday, November 8, 2007

Well and Orchard
You’ll have to work to find peacefulness in the world .It is like reaching water for a well-it’s there but you have to dig for it .Or like an orchard that’s already planted –the fruit are there, but you have to pick them. they won’t just into your month.

Tuesday, November 6, 2007

STILL, FOLLING WATER

Have you ever seen flowing water? Have you ever seen still water? If your mind is peaceful, it will be just like still, flowing water? Have you ever seen still, flowing water? There! You've only seen flowing water or still water, haven't you? When your mind is peaceful, you can develop wisdom. your mind will be like flowing water, and yet still. It's almost as if it were still, and yet it's flowing. So I call it "still, flowing water. "Wisdom can arise here.