Wednesday, December 19, 2007

အတွေအပိုင်းအစများ

ဒီလောက မှာသတ္တ၀ါ အားလုံးဟာ ဒုက္ခ ကိုကြောက်ကြတယ် ။ ကျွန်တော် လည်းကြောက်တယ် ။ လူရယ် လို့ ဖြစ် လာရင် အေးအေးချမ်းချမ်း မနေချင်တဲ့ လူရယ် လို့ မရှိပါဘူး ၊ ဘယ်သူ ကမှ နေပူထဲ မှထွက်ပြီး ၊ အလုပ်မလုပ်ချင်ဘူး ။ လမ်းမလျှောက်ချင်ဘူး ။ အေးချမ်းတဲ့အရိပ်ကလေးမှာနေချင်တယ် ။ လုပ်ချင်တယ် ။သက်သက်သာသာအေးအေးချမ်းချန်း နေချင်ကြတာ သဘာဝ ပါ ။

အခုခတ် က ပိုပြီး ၊ အပြောင်းအလဲမြန်လာတယ် ။ နေစဉ် ရုန်းကန်ရမှုတွေက ပိုပြီး ပြင်းထန်လာတယ် ။ ညည်းညူ ငိုကြွေးသံတွေ ပိုပြီး ကြားလာရတယ် ။ စွမ်းဆောင်နိုင်သူတွေကလည်း ကမ္ဘာကြီး ကိုအငိုတိတ်ဖို့ စွမ်းသလောက် ကြိုးစားနေကြတယ်။

ဒီလောက်ကြိုးစားနေတဲ့ကြားက ၊ ငို ယိုအော်ဟစ် သံတွေ ပိုပြီး ကျယ်လာတယ် ။ ဘာကြောင့်ပါလဲ ? ။

လူကို လူလိုမမြင်သေးသမျှ် ၊ လောကကြီးမအေးချမ်းနိုင်ပါဘူး ။ လူကိုလူလိုမမြင်ပဲ ကုလား တရုတ် ၊ အင်္ဂလိပ် ၊ သူဌေး ၊ ဆင်းရဲ ၊ ဘုရင်၊ သူတောင်စား ၊ လို့နာမည် တတ်ပြီး ကြည့် နေသေးသမျှ ၊ ဆူပွတ်မူ တွေရှိနေဦးမှပါ ။

လူ ကို လူ လိုဖြစ်သော အမြင်သည် ဓမ္မ အမြင် ဖြစ်ပြီး လောက ကြီး ကိုငြိမ်းချမ်းအောင် လုပ်နိုင်စွမ်းပါသည် ။

လူကို ခွဲခြား ပိုင်းဖြတ် သိမြင် သော အမြင်သည် အဓမ္မ အမြင် ဖြစ်ပြီး လောက ကြီးကို ဆူပွက် လောက်ကျွမ်း အောင်ပြု နိုင်ပါသည် ။

တကယ်တမ်း လောက ကိုငြိမ်းချမ်း စေလိုလျှင် ၊ အစစ်သစ္စာ ကိုမြတ်နိုးတတ်ရပါမည် ၊ အမှန် ကိုအမှား ပြော ပြီး ၊ အမှား ကိုအမှန် ကို အမှန် ဟု ဖြစ်နေ လုပ်နေသရ်ျကာလပတ်လုံး ၊ အရာရာ အားလုံး ကျဆုံးနေပါမည် ။

သစ္စာတရားကိုမြတ်နိုးတတ်ဖို့အတွက် သစ္စာတရားကိုသိဖို့ လိုဖို့ ကိုယ်မှာလည်းရှိဖို့ လိုသည် ။`

တကယ်တန်း ပါရမီ မြောက်သစ္စာ ဖြစ် ဖို့ က ကိုယ် ၊ နုတ် ၊ စိတ် တဖြောင့်တည်း ဖြစ် ဖို့ လို သည် ။ ၊ မရှိလျှင် မွေးမြူ ရပါမည် ။ တစ်စ ၊ တစ် စ ကျင့်ုယူရပါမည်…. ဟုမှတ်ယူယုံကြည်ရင်း………

2 comments:

HtIlArChItHtU said...

လာလည်သွားတဲ့ သူငယ်ချင်းလေးနောက်ကို
လိုက်လာရင်းး..စီဘောက်စ်မတွေ့တာနဲ့
ကွန်းမန့်ဝင်ရေးလိုက်ပါတယ်..
အနှစ်သာရရှိတဲ့ စာပေတွေတင်ထားတာ
တွေ့ရတယ်..ကျနော်အတွက် ဖတ်စရာ
ဘလော့တစ်ခုတိုးလာတယ်..
အားပေးနေပါတယ်..
စိန်မမ

သဇင်ဏီ said...

ဟုတ်တယ်နော်..လူတိုင်းကတော့ ဒုက္ခဆိုတာကိုကြောက်ကြတာပဲ..
ကျွန်မကတော့ လူလာဖြစ်နေရတာကိုကြောက်နေတာ...စိတ်လဲကုန်နေပြီ... ဒီလိုအေးချမ်းတဲ့ပို့စ်လေးတွေ ရေးတာ ကျေးဇူးပါ...