Saturday, December 29, 2007

ရာဇာဝင်ပေးသောအတွေးများ

ရာဇာဝင်ထဲက မင်းဒသဟာ၊ စိတ်ကြမ်း လူကြမ်း
တကယ်ရမ်းကားတဲ့၊ အများမုန်းခဲ့သူ

ရာဇ၀င်ထဲကမင်းရာမဟာ ၊ မြသားအဆင်း
ရွှေ ခြေနှင်းနဲ့ ၊ မျှားခင်းလေးတင် ပြိုင်ပွဲဝင်ခဲ့သူ။
၊ရာဇာဝင်ထဲကလက္ခဏဟာရျွှေအဆင်းနဲ့
နှောင်ရင်းအတွက်
လက်လျှော့ခဲ့သူ။
ရာဇာဝင်ထဲကယမင်းလှဒေ၀ီ ၊ မယ်သီတာကား
နန်းများထွတ်တင် လှသခင်ငဲ့မြင်သူရှုးအောင်လှတဲ့သူ။
အလှဆွတ်ချူ ၊ နိုင်သူယူတမ်း
သည်ဇတ်လမ်းဝယ် ၊ သွေးနှယ်ရေစီး
မြေတုန်းဟီးအောင် ၊ ကြံဆောင်စီမံ
တရားခံကား ၊တဏှာသခင်ဆရာတည်း
မောဟသခင် ဇတ်ညွန်း တည်း ၊ ဒေါသဘုရင် ဖြစ်ထွန်းတည်း

3 comments:

လင်းဦး(စိတ်ပညာ) said...

ကောင်းလိုက်တဲ့အတွေး..ကောင်းလိုက်တဲ့အတွေး

လင်းဦး(စိတ်ပညာ) said...

ကောင်းလိုက်တဲ့အရေး

MGLUAYE said...

ကံကြမ္မာကို စီရင်နိုင်မယ်ဆိုရင်...
ရာမမင်း ဖြစ်ချင်ကြတဲ့ သူတွေချည်းပါပဲလေ...
သို့ငြားလည်း... ကံဇာတ်ဆရာက ...
သူကြိုက်သလို စီမံရာ လူသားတွေလိုက်ကရတာဆိုလေတော့...
လောကမှာ... မဖြစ်ချင်ဘဲ ဒဿဖြစ်ခဲ့ရသူတွေ...
ပိုင်ဆိုင်ချင်ပါရက်... ပင့်သက်ရှိုက်နောက်ဆုတ်...
လက္ခဏ ဇာတ်ရုပ်နဲ့ပဲ ကျေနပ်ခဲ့ကြရသူတွေလည်း အများသားကလား...
ဆိုတော့ကာ....
ဘ၀ဆိုတဲ့ ဇာတ်လမ်းမှာ ကျရာဇာတ်ရုပ်က အပီပြင်ဆုံး သရုပ်ဆောင်ရင်းနဲ့ပဲ ကုန်လွန်ခြင်းသည်ပင် ဘ၀ရဲ့ အဓိပာယ်လို့ ဆိုရမယ် ထင်ပါရဲ့ဗျာ....


ကဗျာလေး ကောင်းပါတယ်ဗျို့... Happy New Year ပါ... နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ....