Monday, December 24, 2007

လပြည့်ည

ညတုံးက
လမင်းက ငါ့ နံဘေးကိုခုန်ဆင်းပြီး
အလင်းဖွဲ့တယ်။
ညတုံးက
နှင်းမှုံတစ်သိုက် လေအလိုက်နဲ့
သီချင်းဖွဲ့ပြီးကကြတယ်။
ညတုံးက
မှုန်ဝါးအလင်းလွင့်ထုတ်ရင်းနဲ့
ကြယ်ချင်းစီးချင်းထိုးကြတယ်။
ညတုံးက
လကြယ်မြူနှင်း ၊ အားချင်း ပြိုင် အနိုင်လု
ဗိုလ်ထုစစ်ပွဲခင်းခဲ့တယ်။
သြော်
လ က လည်း လ
နှင်း က လည်း နှင်း
ကြယ်မင်းကတစ်ဖုံ
လေညှင်းကတသွယ်
မြုမင်းကတနယ်ဆိုမှ
ဒီညဘယ့်နှယ်ငြိမ်းပါ့မယ်လို့
ငြိမ်းပါ့မယ်။

2 comments:

လင်းဦး(စိတ်ပညာ) said...

ကဗျာလေးကိုတော့ ကြိုက်သွားပြီဗျာ....ဆက်အားပေးမယ်နော်

သဇင်ဏီ said...

သူများတွေများ ကဗျာတွေရေးနေကြတာ အားကျစရာကြီး..
ဆက်ရေးပါ.. အားပေးနေတယ်..