Sunday, December 23, 2007

ဝေငှကြည့်ခြင်း

ဒီတစ်ခါ တော့ ၊ ကျွန်တော်သိပ်ပြောချင်တဲ့ အကြောင်း က မေတ္တာ အကြောင်း ပါ ။ သိလွန်းလို့ ရယ်တော့မဟုတ်ပါဘူး ။ သိသလောက် လေးပြန်ပြီး ဝေဌ တာပါ ၊တစ်ခါ တစ်ခါ စာရေး သူပြန်စဉ်းစား ကြည့်မိတယ် ။ ငါတကယ် သိတာဘာရှိလဲ လို့ ရောင်ဝါးဝါး ပဲသိတာ ။တကယ်ပိုင်ပိုင် နိုင်နိုင် သိတာ ဘာမှမရှိသေးပါဘူး ။ အခုလည်းမေတ္တာအကြောင်း ကိုပြောမယ်ဆုံ ပြီးတော့ ၊ စဉ်းစား တယ် ။ စာအုပ်တွေလျှောက် ဖတ်ရင်းနဲ့ တွေးတယ် ။ ပြီးတော့ ပြန်စဉ်းစား တယ် ၊ စာထဲ က အတိုင်း ပြောမှာလား ၊ ကိုယ်နားလည် သလောက် လေးပဲ ဖေါက်သည်ချမှာလားပေါ့ ၊ နောက်ဆုံး တော့ ကိုယ်နားလည် သလောက် လေးပဲပြော မှာပါ လို့ ဆုံးဖြတ်ပြီး ၊ ဒီ စာလေး ကိုရေးဖြစ်တယ် ။ အတူတူ စဉ်းစား ပြီးဖတ်ကြရအောင်ပေါ့ ။နဂိုရ် စာကအရမ်းရှည်တယ်။ ဗဟုသတ လည်းပါချင် သေးတယ်လေ ။ ဒါပေမဲ့ စာရေးသူ ရဲ့ နည်းပညာမကျွမ်းကျင် မှု စာအရေးသားမကျွမ်းကျင်မှု ၊ စတဲ့ အထွေထွေ ခက်ခဲ ပေါင်း များစွာ ကြောင့် ဒီစာတိုလေးပဲ ရေးဖြစ်သွားတာပါ ။
ငယ်ငယ်လေးထဲ ကဗီဇ လို့ပြောရမှာလား ။ မသိဘူး ။ မေတ္တာပို့ရတဲ့အလုပ်ကိုပျော်ပျော်ကြီးလုပ်တတ် တယ် ၊ မေတ္တာဘာဝနာ ကိုစိတ်ဝင်စားတယ် ။ တတ်နိုင်သလောက် လဲကြိုးစားလေ့ကျင့်တတ်ကြာလာတော့ပျော်လာတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ မေတ္တာ ပို့ရာ မှာ သတိ သတိပိုမြဲ လာသလိုခံစားရပါတယ်။်
မေတ္တာနဲ့ တသားတည်းတော့ လုံးဝ မကျသေးပါဘူး ၊ လေ့ကျင့် တုံးပါ ။ ဒီလိုနဲ့ မေတ္တာအကြောင်း ရေးထားသမျှအကုန်ဖတ်၊ လက်လှမ်း တမှီ ပေါ့နော် ။ ဆရာတော် သံဃာတော်တွေမေးလျှောက် ၊ ဘယ်လိုပို့လဲ ၊ ဒီလိုလုပ်လို့ရလား ။ စသဖြင့်ပေါ့လေ ။ရသမျှ စုဆောင်း ၊ ကိုယ်နဲ့သင့်တော် တယ်လိုထင်တာကိုလေ့ကျင့်နဲ့ပေါ့လေ ။ ဒီနေရာ မှာ သင့်တော်တယ် ဆိုတာက ၊ ကိုယ်ဒီ အလုပ်ကို လုပ်ရတာ ပျော်နေတဲ့ အချိန်ကို ပြောတာပါ ။
တစ်ခါ တစ်လေ လုံးဝ တရားအားလုံး ထုတ်လို့ မကောင်း တဲ့ ရက်တွေရှိတတ်ပါတယ်။ ။အဲဒီလိုအခါမျိုးမှာမေတ္တာပို့ကိုအားစိုက်လုပ်လိုက်ရင်စိတ်ထဲမှာငြိမ်သက်အေးချမ်းသွားသလို မျိုးခံစားရတယ် လေ ။ ပြီးတော့မှကိုယ်ပေါ်မှာညဏ်ပြန်စိုက်ပြီးကိုယ့်စိတ်ကိုယ်စစ်တာပေါ့ ။
အခုပြန်ပြောပြချင်တာက စာရေးသူရဲ့ အလုပ်လေးကိုပြောချင်တာပါ ။ မေတ္တာပို့တဲ့ အလုပ်ကိုမလုပ်ခင်သီလ ယူပြီး မေတ္တာ ခံ ယူတဲ့ အလုပ်ကိုလုပ်ပါတယ် ။ ကိုယ့်မှာမရှိပဲနဲ့ သူများကိုပေးလို့မှမရတာ ။ ဒီတော့ ရှိအောင်အရင်လုပ်တယ်ပေါ့။ငြိမ်ငြိမ်လေးထိုင် ၊ ထိုင်တတ်သလိုပေါ့ နော် ။ နို့မဟုတ်ရင်လဲရပ်၊ မဟုတ်ရင် လဲလျောင်းပြီးတော့ ပေါ့။
ပြီးတော့ စကြာင်္ဝဠာမှာရှိကြကုန်သော မြတ်စွာဘုရားရှင် အပေါင်းတို့၏မေတ္တာဓာတ် ၊ပညာ ကိုတပည့်တော်/ မ တို့ ခံယူပါ၏ လို့ ဆိုပါတယ်။ ။နောက်ပြီးစကြ၀ဠာအနန္တမှာရှိနေတဲ့ဓမ္မဓာတ်ဓမ္မ်ာကိုခံယူပါ၏။ ၊ ပြီးတော့သံဃာတော်အရှင်မြတ်ပေါင်းတို့ နောက်ဆုံး ကဒီစကြာဝဠာအနန္တ မှာရှိတဲ့သူတော်စင်အပေါင်းတို့၏ မေတ္တာ ဓာတ်၊ ပညာ တတ်ကိုတပည့်တော်/မ တို့ရှိုသေစွာခံယူပါ၏လို့ စိတ်ထဲ က အဓိဋ္ဌာန်ပြီး ၊ ကိုယ့် ငယ်ထိပ်တည့်တည့် ပေါ်ကမေတ္တာအလင်းရောင်ကြီး စီးဝင်နေတယ်လို့ အာရုံ ပြုလေးနိုင်ရင်ပိုကောင်းပါတယ် ။(ဆလိုက်မီးကြီးကိုယ့်အပေါ်ထိုးကျနေသလိုမျိုးပေါ့)
လုပ်ကြည့်ပါ ။ အရမ်းကြီး အခက်ခဲတွေ ဖြစ်နေတဲ့ သူတွေ ၊ မကျန်းမာ သူတွေ ၊ ဖြစ်အောင်လုပ်ကြည့်ပါ လို့ တိုက်တွန်း လိုက် ပါတယ် ။ ကိုယ် တွေ့လေး တွေကို အကြောင်း ဆုံရင် ပြန်ဝေဌပါ့မယ် ။ ဒါဟာ မေတ္တာ မပို့ခင် မေတ္တာ ကိုခံယူတာလေးပါ ။ မေတ္တာ ပို့တာကိုတော့ အခွင့်သင့်ရင် အတူဆွေးနွေး ကြရအောင်နော် ။ပြီးတော့ ဒါဟာ စာရေးသူ ရဲ့အားလုံးအတွက် နှစ်သစ်ကူးလက်ဆောင်ပါလို့…….

2 comments:

ခွန်မြလှိုင် said...

ဥပသကာ ကြီးရေ ဝေငှတာ ကျေးဇူး အထူးပါ။ ဘလော့က စာတွေ မပေါ်ဘဲ ကူးယူပြီး ၀ါ့ဒ်ပေါ် တင်ကြည့်မှ မြင်ရတယ်။ ဘလော့မှာ အသင့်ပေါ် နေရင် ပိုကောင်း မှာပါ။ ဘလော့စပေါ့ဒေါ့ကွန်းကို sign inလုပ်ပြီး template ထဲကို ၀င်ပြီးရင် Edit Html ကို နှိပ်လိုက်တဲ့အခါ ကျလာတဲ့ ကုဒ်တွေထဲက ဒုတိယ စာပိုဒ်မှာ ဖောင့်တွေ ကြေညာ ထားတာ တွေ့ပါမယ် % တိုင်းရဲ့ နောက်မှာ ‘Zawgyi-One’, ကို လိုက်ထည့်ပြီး save ကို နှိပ်လိုက်ရင် ဘလော့ပေါ်မှာ လေးထောင့်တုံး မပေါ်ဘဲ ဇော်ဂျီဖောင့်နဲ့ လှလှပပ ပေါ်လာ ပါလိမ့်မယ် ဖတ်တဲ့သူ အများ အတွက်လဲ ပိုအဆင်ပြေ တာမို့ စာကောင်းတွေ ပိုဖတ်ခွင့် ပြုပါနော့

မေပျို said...

ကိုဥပသကာရေ သဲလည်း မေတ္တာထားဖို့ ကြိုးစားနေပါတယ်။ အခုထိတောင် သေချာမထားနိုင်သေးပါဘူး။ အခုလို လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးပါနော်။