Wednesday, January 23, 2008

သာသနာတော်အရေးတွေးပေးပါ ( ၁ )

ညကအတော်နက်နေပြီ၊စာရေးသူမအိပ်နိုင်သေး၊ကျန်းမာစပြုပြီဖြစ်သောကျေးဇူးရှင်မိခင်အတွက်ပရိတ်တော်များကိုရည်စူးပူဇော်ပီးနောက်အိမ်အပြင်မှာလသာနေတာကိုကြည့်ရင်း၊အမေ့အသက်ရှုသံကို နားစွင့်နေမိတယ် လေ နှလုံးသွေးကျောကျဉ်း၍ နှလုံးရောင်ရမ်းသောရောဂါ ကိုနှစ်ပေါင်းများစွာ ခံစားခဲ့ရသော ၊ အမေ ၊ 1989 -90 နှစ်များဆီမှ ဆရာဝန်၊သမားတော်ကြီးများ ကမရတော့ပြီဟု လက်လျှော့ခဲ့ရသော အမေ့ကို ၊စာရေးသူကိုယ်တိုင် ဆေးကုရင်း၊ ကျန်းမာစေခဲ့ပါတယ် ၊
ဆေးဖက်ဆိုင်ရာသမားတော်ကြီးများနှင့်တိုင်းရင်းဆေးဆရာကြီးများ၏ အပြစ်မဟုတ် ၊အမေကိုယ်တိုင်ကမှအနောက်တိုင်းဆေးများနှင့် မတည်သောရောဂါပါနေပါသလားမသိ ၊ ဆေးထိုး၍ ၊အပ်စိုက်ဆေးဝင်ရုံလေးနှင့် ချက်ခြင်း ၊မူးမေ့ ၊နှလုံးခုန်နှုန်းအမြင့်ဆုံးဖြစ်၍ သေလုနီးပါးအခြေအနေကို ၃- ကြိမ်တိုင်တိုင်ကြုံရပြီးမှ ၊ အနောက်တိုင်းဆေးကိုနား၍ တိုင်းရင်းဆေးပြောင်းတော့လည်း ၊ ဆေးပူဆိုလုံးဝ သောက်လို့မရ ပါ ၊ ဆေးအေးကိုရွေးတိုက်ရတဲ့အနေအထားပါ ၊ နောက်ဆုံးကျတော့ စာရေးသူကိုယ်တိုင်ပဲ့ ၊ အမေ့ကိုကုသပေးရတော့တယ် ၊ နေလ ၀ိဇ္ဇာ ဆေးပညာနဲ့ ၊ အကြောပြင် ၊ ရွှေသွင်းပညာရပ်တို့ဖြင့် ၊ အမေ့အသက်ကို ပြန်လုခဲ့ရတယ် ၊ ဓါတ်စာ စား၍ ဆေးကုသော အတတ်ကို ယနေ့ကမ္ဘာက ဆေးသိပ္ပံပညာရှင်တွေ ၊အကြီးအကျယ်သုတေသနပြုနေချိန်တွင် စာရေးသူတို့ တိုင်းပြည်မှာ ဓါတ်စာပေး၍ ဆေးကုသောပညာရှင်များ ၊လက်တစ်ဆုပ်စားသာ ကျန်တော့သည်ဟု ထင်ပါသည် ၊ဆက်လက်လေ့လာသင် ၊ပြန့်ပွားသင့်သော ပညာတစ်ရပ် ပျောက်သွားမှာကို ၊ စိုးရိမ်မိပါသည် ၊
အလားတူ နောက်ဖြစ်ရပ်တစ်ကား ၊ စာရေးသူတို့တိုင်းပြည်၏ ဗုဒ္ဓသာသနာတော်အနေအထား ၊ တစ်ခြားဥရောပ ၊ အမေရိကားနဲ့ ကွန်မြူနစ် နိုင်ငံဟု အများက ၊ ယူဆသတ်မှတ်ယုံကြည်ထားသော တရုတ်နိုင်ငံတို့တွင် ၊ ဗုဒ္စ ဘာသာဝင် ဦးရေ များသထက် များပြားလာပြီး ၊ ဗုဒ္စ ၀ါဒ စည်ပင် ပြန့်ပွားထွန်းကားလာသည်ကို ဖတ်ရှုရ ၊ သိရ မြင်ရသောအခါ စာရေးသူတို့ နိုင်ငံတွင် ၊ အမှန်တကယ် ထေရ၀ါဒ သာသနာထွန်းကားပြန့်ပွားနေပါသလားဟု ၊ ကိုယ်ဖာသာကို မေးရင်း စဉ်းစားနေမိတယ် ၊1994 ခုနှစ် ဒီဇင်ဘာလ( 22 ) ရက်နေ့က ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့သော ၊ ဘဘဦးရွှေအောင်၏ စာကို ပြန်ပြီး ပြောပြရမယ်ဆိုရင် ၊
“ ထေရ၀ါဒ အုတ်မြစ်” ဟူသည် ကျောက်သားများ ၊သံများ ၊ အုတ်များ ၊ အင်္ဂတေ များမဟုတ်ပါ ၊အဆောက်အအုံနှင့် အဆောက်အအုံဆိုင်ရာ ပစ္စည်းဟူသမျှတို့သည် ၊တစ်ချိန်က မည်မျှပင် လက်ရာမြောက်စေကာ မူ နောက်ဆုံးတွင် မူ ဘာသာရေးအတွက် တန်ဖိုးမရှိလှတော့ပဲ့ ၊ ရှေးဟောင်းသုတေသနအတွက်သာ အသုံးကျတော့၏ ထိုကြောင့်“ ထေရ၀ါဒ အုတ်မြစ်”ဟူသည် ၊ ကိုယ့်ကျင့် သိက္ခာသာ ဖြစ်၏
ဒီစကားရပ်ကို စဉ်းစားကြည့်ပါ ဘယ်လောက်မှန်ကန်သလဲဆိုတာကို အင်ဒိုနီးရှားနှင့်အာဖဂန်နိုင်ငံတို့တွင် ရှိသော ကမ္ဘာ့ကျော် စေတီဆင်းတုကြီးများက သက်သေခံနေတာကို တွေ့ပါလိမ့်မယ် ၊စာရေးသူတို့သည် ၊ အနှိုင်းမဲ့ဖြစ်သော ဗုဒ္ဓ၏ အဆုံးအမ ကိုရခဲ့ပါ၏ ထိုအမွေသည် အဖိုးမဖြတ်နိုင် သလို ၊ ဖြတ်၍လည်းမရပါ ၊ ထိုဗုဒ္ဓအဆုံးမကို သိရုံ ၊အာဂုံရရုံနဲ့ မလုံလောက် ပါ ၊ ကိုယ်တိုင်ကျင့်သုံးရပါမယ် ၊ မဟုတ်ပါက သာသနာတော် ကွယ်မည့်အကြောင်းကို ၊ ဗုဒ္ဓကိုယ်တိုင်ဟောခဲ့ပြီးဖြစ်ပါသည် ၊ အခုက ကျင့်စရာကို ၊ကျက်မှတ်နေရုံ များနေတယ်လို့ ခံစားရတယ် ၊ဟုတ်ပါတယ် မြတ်စွာဘုရားရဲ့ သာသနာတော် အနှစ် (5000)တည်မယ်လို့ ဗျာဒိတ်ပေးထားတာပါ ၊ ရွှေ့မသွားပါဘူးလို့ မပြောပါဘူး တရားကိုလိုက်နာကျင့်ကြံသူမရှိခဲ့ရင်တော့ ၊လိုက်နာကျင့်ကြံသူရှိရာဒေသ သို့ သာသနာ ရွှေ့သွားပါလိမ့် ၊ ရွှေ့ခဲ့ကြောင်းအထောက်အထားလည်း ၊ အားလုံးအသိဖြစ်ပါသည် ၊ထိုကြောင့်ဒီသာသနာတော်ကြီး စာရေးသူတို့ တိုင်းပြည်မှ ရွေ့မသွားအောင်ကာကွယ်ကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်လို့ မှတ်ယူ ယုံကြည်ရင်း ................
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ

2 comments:

Ashin Kumara said...

ဂွတ်ရှယ်။
ရှေးဟောင်းသုသေတနအတွက် နောင်အခါအသုံးတဲ့လာမဲ့ စေတီပုထိုးကျောင်းဂန်ဘုရားပေါကြွယ်ဝလှတဲ့မြန်မာပြည်ကြီးမှာ. နောင်အခါ ဗုဒ်ဓိ အာခီတက်ခ်ျ ဘာသာအတွက် ဒေါက်တာ
တွေ အများကြီးမွေးထုတ်ပေးလာနိုင်မှာနော်..။

မယုံမရှိနဲ့.....အခုတောင် အဲဒီဘာသာရပ်အတွက် ဖီးဆင်း
မယ်ဆိုဆင်းလို့ရနေပါပြီ။
ဥပမာ...ဘိတ်-တနင်္သာရီ ကားလမ်းတစ်နေရာက တုန်းဗျော
ကြီးအနီး ဘုရားကုန်းဆိုတဲ့ ရွာလေးပါ။ အဲဒီမှာ စေတီ.ပထိုး
သီမ်တွေ အထင်အရှားရှိပါသေးတယ်။ ဖလားထိုး အလှူ
ခံတတ်တာနဲ့ပဲ သာသနာပြုအမည်ခံသူများ လက်ရှောင်
ကြတဲ့ ရွာကလေးပေါ့။
ဘိတ် တက္ကသိုလ်က သမိုင်း..ဒါမှမဟုတ် ရှေ့ဟောင်းသု
တေသန ဌာန ကိုအကြောင်းကြားလိုက်ပါဦး။ ဆရာကြီး ဦးရွှေအောင်ပြောခဲ့တာ သွေးထွက်အောင်မှန်နေပါပြီလို့

ဘိတ်-တနင်္သာရီ သွား ကားလမ်း တစ်နေရာ တုံးဗျော ရှိ
ဘုရားကုန်းရွာ (အမည်ကသာဘုရားကုန်း...အခုတော့ ရှေ့ဟောင်းသုသေတန သမားများလေ့လာကြပါကုန်) က ဗုဒ္ဓသာသနိက အဆောက်အဦးများကိုသက်သေထားပြီး လက်တို့လက်ပါ၏။

စိုးထက် - Soe Htet ! said...

ထပ်ရေးပါဦးဗျ ... တစ်ကယ် လိုအပ်ပါတယ် :D