ဒဏ်ရာပြင်းပြင်းကိုငါခံစားရင်း
လွမ်းဆွတ်ခြင်းညတွေစိတ်လေလေနဲ့ဖြတ်
ဝမ်းရေးကိုတွေးရင်း
အဆွေးသီချင်းကိုငြီးရင်း
ရင်းတွင်းမှာမကျက်သေးတဲ့အနာ
တကယ်တော့…ငါဟာ
ဒဏ်ရာနဲ့လူပါ။
ဘ၀ဆိုတာပမာစက်ဝန်း
လည်နေတဲ့သဘောပါတဲ့
ပညာရှင်တွေပြောနေကြတယ်
ရေးနေကြတယ်
ဆွေးနွေးနေကြတယ်
ဘယ်ခါဖြူပြီး ဘယ်တော့မဲမယ်
တကယ်ငါမသိ
လက်ရှိဘ၀အတိကျမှာ
ငါရဲ့ဒဏ်ရာမသက်သာဘူး။
ရင်ထဲမရှိတဲ့စကား
ပါးစပ်ဖျားပြောချောမွတ်
ဘုရားကန်တော့ပြီးစိတ်ပုတီးစိပ်
နောက်ပိတ်ကားကွယ်
ဘယ်လိုကြံဘယ်လိုလုပ်
ပြယုတ်သက်သက်တရားဖက်ပြီး
အတ္တဆင်စီးနေတဲ့
ပလီပလာသူတော်ကောင်း
ကြားကောင်းအောင်ပြောဘာသဘောလဲ
ငါလေ….ဒဏ်ရာထဲမှာနှစ်နေဆဲ..လေ။
Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts
Friday, May 2, 2008
Wednesday, January 9, 2008
ကြိုးနဲ့စွန်
တစ်ခါတစိလေ...ဝေဟင်ထိုးဖေါက်
မိုးရောက်အောင်သွား...ငှက်များဘုရင်
လင်းယုန်ရှင်လို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရှင်နေမင်းနား
ခစားဝပ်စင်း...တိမ်ကိုခွင်းတဲ့
သိမ်းငှက်မင်းလို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရေပေါ်လှိုင်းစီး
ဲပြီးတော့ထပျံ...မိုးသားထံပျော်
မုန်တိုင်းစင်ယော်...ဖြစ်ချင်တယ။်
ဒါပေမဲ့...ကွယ်
ငါပျံပါလဲ...မိုးသားထဲတက်
ပင့်သက်ခဏ...တစ်ချမျှသာ
ဆင်းရပြန်ပြီ...နဖားသီဖွဲ့
ကြိုးနဲ့စွန်လေ...ကြိုးနဲ့စွန်။
မိုးရောက်အောင်သွား...ငှက်များဘုရင်
လင်းယုန်ရှင်လို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရှင်နေမင်းနား
ခစားဝပ်စင်း...တိမ်ကိုခွင်းတဲ့
သိမ်းငှက်မင်းလို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရေပေါ်လှိုင်းစီး
ဲပြီးတော့ထပျံ...မိုးသားထံပျော်
မုန်တိုင်းစင်ယော်...ဖြစ်ချင်တယ။်
ဒါပေမဲ့...ကွယ်
ငါပျံပါလဲ...မိုးသားထဲတက်
ပင့်သက်ခဏ...တစ်ချမျှသာ
ဆင်းရပြန်ပြီ...နဖားသီဖွဲ့
ကြိုးနဲ့စွန်လေ...ကြိုးနဲ့စွန်။
အညွှန်း ၊
ခံစားချက်
Subscribe to:
Posts (Atom)