Friday, December 26, 2008

အပြောင်းအလွဲ

အခုတလောစာရေးနေတာ မပြီးတာကများနေတယ် ဟိုဟာလေးရေးရကောင်မနိုးနိုး ဒီဟာလေးရေးရကောင်းမနိုးနိုးနဲ့ပေါ့ဗျာ နောက်ဆုံးတော့လည်း ခပ်ညံ့ညံ့ကျနော်က အဟောင်းလေးပဲ ပြန်တင်လိုက်တယ်ဗျာ။

ဒဏ်ရာပြင်းပြင်းကိုငါခံစားရင်း
လွမ်းဆွတ်ခြင်းညတွေစိတ်လေလေနဲ့ဖြတ်
ဝမ်းရေးကိုတွေးရင်း
အဆွေးသီချင်းကိုငြီးရင်း
ရင်းတွင်းမှာမကျက်သေးတဲ့အနာ
တကယ်တော့…ငါဟာ
ဒဏ်ရာနဲ့လူပါ။
ဘ၀ဆိုတာပမာစက်ဝန်း
လည်နေတဲ့သဘောပါတဲ့
ပညာရှင်တွေပြောနေကြတယ်
ရေးနေကြတယ်
ဆွေးနွေးနေကြတယ်
ဘယ်ခါဖြူပြီး ဘယ်တော့မဲမယ်
တကယ်ငါမသိ
လက်ရှိဘ၀အတိကျမှာ
ငါရဲ့ဒဏ်ရာမသက်သာဘူး။
ရင်ထဲမရှိတဲ့စကား
ပါးစပ်ဖျားပြောချောမွတ်
ဘုရားကန်တော့ပြီးစိတ်ပုတီးစိပ်
နောက်ပိတ်ကားကွယ်
ဘယ်လိုကြံဘယ်လိုလုပ်
ပြယုတ်သက်သက်တရားဖက်ပြီး
အတ္တဆင်စီးနေတဲ့
ပလီပလာသူတော်ကောင်း
ကြားကောင်းအောင်ပြောဘာသဘောလဲ
ငါလေ….ဒဏ်ရာထဲမှာနှစ်နေဆဲ..လေ။

2 comments:

လူလ said...

မင်္ဂလာပါ ကိုဥပဿက

အပြောင်းအလွဲကို တည်ငြိမ်စွာ ဖတ်ရှု့သွား၏။

ပြယုတ်သက်သက်တရားဖက်ပြီး
အတ္တဆင်စီးနေတဲ့...
ဘ၀များကို မြင်ပြီး ဆင်ခြင်သွားသည်။

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

မင်းဒင် said...

ကဗျာကိုဝေဖန်ရန် ထိုက်သင့်သော ကျွမ်းကျင်မှု မရှိ၍ အထွေအထူး မပြောလိုသော်လည်း ပိဋကတ်ကောက်ကြောင်း များ ရေးဟန်နှင့် စာရေးသူ စေတနာကို အထူးနှစ်သက်မိ သည်။

မင်းဒင်