Saturday, December 27, 2008

ငါ

ငါလိုချင်တာက မာယာကင်းတဲ့အစစ်အမှန်

ကံကြမ္မာဖန်လာတာကသစ္စာကင်းတဲ့ ဘ၀ဟန်

အတုမာယာကိုရင်မှာပိုက်

မျှောလိုက်နေတဏှာရေးစီး

အသက်သာကြီးအချိန်မစီးတဲ့ငါ

မရောင်ရာဆီလူးပြီး

အသက်သာကြီးအသိမကြီးတဲ့ငါ

ပြောတော့သစ္စာ

လုပ်တော့မာယာ

ပြောတော့အဟုတ်

လုပ်တော့အလွဲ။

ပြောတော့အနတ္တလုပ်တော့အတ္တ

ပြောတော့တရားလုပ်တော့မတရား။

တကယ်တော့ငါဟာ အလကားလူပါ။

7 comments:

JulyDream said...

ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်လေ။ လူထဲက လူပဲလေ။ တရားလွန် အစွန်းမရောက်ရင် အဆင်ပြေမှာပါ။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြတာပေါ့။

အင်း... ဒါကို ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ဆုံးမရအုံးမယ်။ တကယ်တော့ အခုထိ အသိခေါက်ခက် အ၀င်နက်နေတုန်းပါပဲ။

ငွန်ငယ် said...

အင်း တော်တော်လေးထိမိ အောင်ပို့နိုင်တယ်။
ရေးထားတာ အရမ်းကောင်းတယ်။အတုယူရဦးမယ်။ဘာပဲဖြစ်
ဖြစ် သင်ခန်းစာရစေပါတယ်။...
...................ခင်တဲ့

khin oo may said...

မဟုတ်ပါဘူ်း။ လူထဲက လူတစ်ယောက်ပါ။

Unknown said...

>>> အစ်ကိုရေ အရင်ဆုံး အစ်ကိုနဲ့ တန်းတူ သက်တူရွယ်တူတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ရင်မကောင်းဘူးလား အစ်ကို။ ဒါဆိုရင် တော့ သူတို့နဲ့ သာတာလေးတွေကိုလည်း အစ်ကိုသိလာ ကြုံလာ တွေ့လာလိမ့်မယ်လို့ ညီထင်ပါတယ် အစ်ကို။ အလကားလူတစ်ယောက် မဟုတ်ဘူး ဆိုတာကိုပေါ့။

>>> ကိုယ့်ထက်မြင့်တဲ့သူနဲ့ နှိုင်းပြီး ကိုယ့်ကိုယ်ကို အလကားလူလို့လည်း မသတ်မှတ်ပါနဲ့လားအစ်ကို။ ဒီလိုအတွေးမျိုးကလည်း မတွေးသင့်ဘူးလို့ ညီထင်တာပါပဲလေ။ ငါဟာ အလကားလူဆိုတဲ့ အတွေးမျိုးပေါ့။ သူ့လိုဖြစ်အောင် ငါဘယ်လိုလုပ်ရမလဲ ကြိုးစားရမလဲ အားထုတ်ရမလဲ ဒါလေးပဲ စဉ်းစားဆုံးဖြတ် သုံးသပ်တတ်ဖို့လိုတယ်လို့ ညီထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခုနအတွေးလေး၊ အစ်ကို့ရဲ့ အလကားလူဆိုတဲ့ အတွေးလေးက ဖြစ်ပြီးသားအကုသိုလ်ကို ပြန်တွေးရာရောက်သွားသလားလို့ပါ။ ကုက္ကုစ္စ အနေနဲ့ ကြည့်ရင် မကောင်းဘူးလေအစ်ကို။ ဒါကြောင့်ပါအစ်ကို။
အစ်ကိုနဲ့ ညီရင်းနှီးလို့၊ နောက်တစ်ခုက အစ်ကိုကလည်း ညီ့ကိုယုံလို့ ညီဒီလိုမျိုး ရေးရဲတာပါအစ်ကို။ ညီ အကြုံပြုရုံ သက်သက်ရယ်ပါ။

>>> အစ်ကိုတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ဘေးဘယာအပေါင်း ဝေးကွာပါစေ။
***သုခီဟောတု ဒုက္ခောမုစ္စတု***

လေးစားရိုသေစွာဖြင့်
ချစ်ညီလေး
ဖိုးသား

ခေါင်ခေါင် said...

ညီမလေး ကိုများ ရေးလိုက်သလားမှတ်ရတယ်..
တူတူပဲ...အဲဒိ အတိုင်းပဲ

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်ဗျ။ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေဗျာ။

poemflower said...

အလကားလူတော့မဟုတ်နိုင်ပါဘူး
အသိတွေနဲ့တရားတွေကိုတော်၂များ၂ကိုရေးနေတဲ့ပညာ တွေကိုဖြန့်ဝေပေးနေတာပဲ
အဲလိုမတွေးပါနဲ့
အကြံပြုရုံသတ်သတ်ပါနော်