Tuesday, January 6, 2009

စလေဦးပုည၏ သင်္ဂါယနာမှတ်တမ်း

ကျနော်စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့ လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်း အပိုင်း (၂)ကို ရပ်ပြီး ကြား ဖြတ် တင်လိုက်တာပါ အဲ မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ် ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။

စာအုပ်နာမယ်က သာသနမုခကျမ်း

ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း

(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)

( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)

အကြိမ်က (တတိယအကြိမ်)

ခုနှစ်က (မြန်မာ ၁၃၁၄ ခု)

ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်

ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)

၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။

တန်ဖိုး ၂- ကျပ်တဲ့

အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်

တစ်ခြား တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင် မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ ၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။ အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။

ရွာစဉ်ရွာစားမင်းလှ သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ (၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။


ပဋ္ဌမသင်္ဂါယနာ။ ။ ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀ တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။


ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည် ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။


တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ် သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ် ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။


စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း ၀ဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက် ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။


ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။


ဆဋ္ဌမသင်္ဂါယနာ။ ။ သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော ၀ိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။


သတ္တမသင်္ဂါယနာ။ ။ ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊ ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။


အဋ္ဌမသင်္ဂါယနာ ။ ။ ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ် ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။

န၀မသင်္ဂါယနာ ။ ။ ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ် (၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။


ဒသမသင်္ဂါယနာ။ ။ အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊ ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သင်္ဂါယနာတင်သည်။



ဧကဒသမသဂ်ါယနာ။ ။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ် သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒသီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊ ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း ၀န်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊ သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊ ၀ိနည်း၅ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ (၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊ ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။

ဒါစလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသလောက် သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည်ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊

အခုသော်ကား သာသနာတော်အရှည်တည်တံ့နေစေရန် အကျွန်တို့ဝန်သာဖြစ်တော့အံ့။

5 comments:

Anonymous said...

ဟုတ်မယ်ဗျ။ စာအုပ်တမျိုးနဲ့တမျိုး မတူဘူး။ မဟာယန ကလည်းတမျိုး။ ဘာဘဲဖြစ်ဖြစ် မှတ်သားရတာပေါ့ဗျာ။

Dr Phyo Wai Kyaw said...

သုတ
သက်သက်ပါပဲ..

မသက်ဇင် said...

"စလေဦးပုံည၏ သင်္ဂါယနာမှတ်တမ်း"
မှတ်သားသွားပါတယ်---

အောင်ဦး said...

အခုမှ ဒီအကြောင်းကို ကြာဖူးတာပါ။ အရင်ကတော့ ၆ ကြိမ်ပဲသိတယ်။ စာအုပ်တော်တော်များများမှာလဲ ၆ ကြိမ်ပဲ ရေးထားတာတွေ့ရတယ်။ ဘယ်နကြိမ်တင်တယ် ဆိုတာက အဓိက မကျပါဘူး။ အရင်က ထေရ၀ါဒ ဘာသာဝင်တွေ သာသနာအတွက် တာဝန်ကျေခဲ့ကြပါတယ်။ ဒါကြောင့်လဲ ယခု အချိန်ထိ တရားဓမ္မတွေ နာယူကျင့်သုံးနိုင်တာပေါ့။ ဆက်လက် တည်တံ့ခိုင်မြဲဖို့ကတော့ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတော့မယ်။

ဓမ္မစေတီ ဆရာတော် ဟောကြားထားတဲ့ ဥပသကာ ဂုဏ်ရည်တရားတော် ကို နာကြားဖူးလား အကို။ အကိုနာမည်နဲ့ တူနေလို့ပါ။

ကျင့်ကြံအားထုတ်ဆဲဖြစ်သော တရားတော်သည် နိဗ္ဗာန်သို့တိုင်အောင် ကျေးဇူးပြုနိုင်ပါစေ..

မသက်ဇင် said...

ဖတ်ရန်ကျန်နေသော စာများကို--
လာထပ်ဖတ်ပါတယ်--
သာဓုခေါ်ပါတယ်ရှင်----