အချိန်မကျခင်နိုးခဲ့တဲ့သစ္စာပန်းက
စင်ပေါ်မရောက်
လမ်းပေါ်က ကောက်ခဲ့ရတယ်။
ကဗျာကောက်ရတဲ့ညက
လပျောက်တယ်
ကြယ်မှောက်တယ်
မှောင်မဲမဲမှာခွေးဟောင်တယ်။
ငါကျပျောက်တဲ့နေ့က
မာယာမင်းကို
မျက်လုံးမှိတ်ပြီး မြင်လိုက်တယ်။
ဪ…နေ့ခင်းက ရွက်ဝါတွေကြွေတဲ့လမ်းမှာ
နှင်ဆီးတွေခင်းထားတာတွေ့ ပါသေးရဲ့
အခု
ရေ…တွေစီးပြန်ပကောလေ။
Wednesday, February 17, 2010
Subscribe to:
Post Comments (Atom)
3 comments:
အမှန်တရားကို အချိန်အခါမှား လူမှား ပြောမိရင် သစာတရားတွေ လမ်းပေါ်မှာလူနင်းခံရကုန်တတ်တာ မှန်တာပေါ့အကိုရေ... ကြယ်မှောက်ပြီး လပျောက်တာကို ညကို ခံစားဖူးသူမှ ကဗျာစပ်မိတဲ့ အထိ ရင်ထဲရောက်တာ ခံစားဖူးလို့သိခဲ့ပါရဲ့
အချိန်မကျခင်နိုးခဲ့တဲ့သစ္စာပန်းက
စင်ပေါ်မရောက်
လမ်းပေါ်က ကောက်ခဲ့ရတယ်။
Great.
This is very meaningful poem. I like it by my deep heart.
လန်းတယ်
Post a Comment