Friday, May 7, 2010

ကျနော်ပြောချင်တဲ့ဗေဒင်အကြောင်း (၁)

ကျနော်ဒီအကြောင်းရေးချင်နေတာကြာပါပြီ ဒါပေမဲ့စိတ်ထဲချီတုံချတုံဖြစ်နေတာမို့ အခုမှပဲရေးဖြစ်တယ် ဒါတွေကိုသိသင့်တယ်လို့ လည်းထင်တယ် ယုံတာမယုံတာတော့ ပုဂ္ဂလိကဆုံးဖြတ်ချက်မို့ ကိုသန်သလိုပဲဆုံးဖြတ်တာကောင်းပါတယ် ။

ကျနော်ပြောချင်တာက ဗေဒင်အကြောင်း နည်းနည်းပါးပါး ပြောချင်တာပါ မြန်မာပြည်မှာ နှစ်ပေါင်းရာချီပြီး တည်လာခဲ့တဲ့ အင်္ဂ၀ိဇ္ဇာဗေဒင်ပညာရပ်ထဲက ကိန်းတစ်ခုအကြောင်းပါ အင်မတန်ကျယ်ပြန့်တဲ့ဒီအင်္ဂ၀ိဇ္ဇာဗေဒင်ပညာရပ်ကြီးကိုကျနော်မတောက်တခေါက်လေ့လာသင်ယူခဲ့ဖူးပါတယ် အခုထိလည်းသင်နေဆဲပါ၊

အစကတော့မယုံ မယုံတာကမှ လုံးဝကိုမယုံခဲ့တာပါ၊ဒါပေမဲ့ ကျနော် အင်္ဂ၀ိဇ္ဇာ ဆန်းကျမ်း မဟာဘုတ် အစရှိတဲ့ လက်ဆန်းပညာရပ်များနဲ့ ငယ်ကတည်းကရင်းနှီးခဲ့ တယ် ဘာလို့လဲဆိုတော့ ကျနော့်အဖိုးကိုယ်တိုင်က ဒီပညာရပ်တွေကို ကျွှမ်းကျင်တဲ့ပညာရှင်ဖြစ်နေလို့ပါပဲ ဒါပေမဲ့ ကျနော်စိတ်မ၀်စားခဲ့ပါ အဖိုးလည်းသည်ပညာနဲ့ အသက်မမွေးခဲ့ပါ ဘယ်လ်ုပဲဖြစ်ဖြစ် ရပ်ကွက်ထဲကလူတွေ တခြားမြို့ရွာကလူတွေ တိုက်ဆိုင်ပြီးသူ့ဆီရောက်လာရင်တော့ ဟောပြော စီရင်ပေးတာတွေကိုတော့ ကျနော်တွေ့နေကြ ၊ ဧည့်သည်ရောက်လာပြီဆိုရင် လုပ်လက်စအလုပ်လေးနားပြီး အိမ်ဦးခန်းသွား ဘုရားဝတ်ပြုပြီး ကွမ်းတရိုးဝါး နောက်တော့ ကျေက်သင်ပုံးတစ်ချပ်ပေါ် ကျောက်တံနဲကချတွက်… ကိန်းခမ်းတွေအတိုင်းပြောလိုက်တာပဲ၊ အဲ..ညဘက်လာမေးသူတွေကျတော့ အဖိုးဘာမှမတွက် ကောင်းကင်ကကြယ်တွေကို ကြည့်ပြီးပြောတယ် တစ်ခါတလေနိမိတ်ကောက်ပြီး ပြောတယ်လို့ အဖိုးပြန်ပြောပြတော့ ကျနော်ကြားခဲ့မြင်ခဲ့ဖူးတယ်ဆိုတော့ ကျနော်ဒီပညာတွေနဲ့ရင်းနှီးခဲ့တယ်ဆိုပါတော့၊ အဖိုးဆုံးတော့ ပေပုရပိုဒ်တွေ ၊ကျမ်းစာတွေ၊ ကျန်ခဲ့တာ မနည်းဘူးဗျ၊ ဗီရိုကြီးသုံးလုံစာ ပါ၊ ကျနော်ငယ်တုံးကတော့ ဒီအထဲကစာတွေကိုဘယ်ဖတ်နိုင်မလဲ ဒီတော့အဖိုးတန်မတန်ကျနော်မသိ အဲဒီမသိမှုဒဏ်ကိုခံလိုက်ရတာကတော့ ကျနော်တို့မဟုတ်ပဲ ဒီကျမ်းတွေကိုတလွဲသုံးခဲ့တဲ့ ကျနော်ဦးလေးနဲ့ မိသားစုပါ ..သေချာအောင်ပြောရရင်တော့၊ကျနော့်ဦးလေးရဲ့သားစဉ်မြေးဆက်အခုထက်ထိဒီဒဏ်တွေကို
ခံစားနေရတုံးပါ ကျနော့်အဖေကတော့ပြောတယ် ဒါကိုကျမ်းစူးတာတဲ့၊ဒီအကြောင်းကိုပြန်ရေးပြရင်၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဆိုပေမဲ့ ကျနော်ရေးပြမှာပါ၊ အခုတော့ ကျနော်ဗေဒင်အကြောင်းနည်းနည်း ပြောချင်လို့ ခုနကစကားကိုပဲ ပြန်ဆက်ရမှာပါ့။

ဒါကတော့ ဗေဒင်ကိုဝါသနာပါသူတိုင်း သိနေပြီးသားဖြစ်တဲ့ စောလှ- လှေဆန်ဆိုတဲ့ ကိန်းတခုအကြောင်းပါ..ဒီကိန်းကို ရှေးကပညာရှင်ကြီးတွေက ရှောင်ဖို့သတ်မှတ်ထားပေးခဲ့ကြတယ် ကျနော်စသိတာက ဆရာဦးမောင်မောင်သန်းရဲ့ ဆောင်းပါးတွေဖတ်ရလို့ပါ..ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမျှစေသား) ရဲ့ ကျေးဇူးဟာ
မြန်ဗေဒင်လောကအတွက်အရေးကြီးပါတယ်..ဒါကကျနော့်အမြင်ပေါ့လေ..နောက်တယောက်က ဆရာဒဂုံ ၊ နောက်တစ်ဦးက ဆရာကြီးရန်ကုန်ကျော်ရင် တို့ ပါ မြန်မာ့လက်ဆန်းပညာရပ်တွေအတွက် အများကြီး အပင်ပန်းခံခဲ့ကြတယ် ဆရာဦးမောင်မောင်ကြည်လည်း ကျေးဇူးများပါတယ်..ဒါက စကားကြုံလို့ ကျေးဇူးရှိသူကို ကျေးဇူးရှိသူလို့ ပြောတာပါ၊။

ခုနကစကားစကိုပြန်ကောက်ရရင်..ကျနော်ပြောခဲ့သလိုပေါ့ စောလှလှေဆန် ကိန်းဆိုတာအမတန်မှ ဒုက္ခပေးတတ်တဲ့ကိန်းတစ်ခုဖြစ်တာကိုပါ ဒီကိန်းရဲ့ အထိန်းအလကာင်္ာကို အင်္ဂ၀ိဇ္ဇာကိုးစောင်တွဲကျမ်း စာမျက်နာ (၅၀) မှာအဲလိုတွေ့ရတယ်

စောလှ-လှေဆန်၊ လူမြန်မင်းလွတ်၊ ပူသွပ်သေဖွယ်၊ သက်နယ် တူသော်၊ အငူကုန်းအင်း၊ ကြည်ညိုဆင်းကး ကျမ်းရင်းဝိဇ္ဇာ တနည်းမှာသည်၊ ရှောင်ခွာ သစ်၊နံ၊ မြှို၊ရွာတည်း။

ဆိုလိုတာက တနင်္ဂနွေနာမယ်ရှင်တွေ၊နေ့သားတွေဟာ၊ သူ့ရဲ့ တြိရန်းလို့ခေါ်တဲ့ အဂ်ါ နံ စတုန်းရန်းလို့ခေါ်တဲ့ ဗုဒ္ဓဟူးနံ အဲဒီနှစ်ခုပေါင်းတဲ့ အဂ်ါ+ေုဒ္ဓဟူး အတွဲဖြစ်တဲ့ လူနာမယ် မြို့ရွာ
တွေကို မပေါင်းသင့်၊အိမ်ထောက်မဘက်သင့်၊စပ်တူမလုပ်သင့် လို့ ဆိုလိုတာပါ။

တနလာင်္..နာမယ်ရှင်တွေ၊ တနလ်ာသားသမီးတွေ က ဗုဒ္ဓဟူး+ ကြာသပတေး အတွဲလိုက်ပေါ့

ဝင်းမောင်၊မိုးမိုးဝင်း၊လှိုင်လှိုင်မြင့် အဲလိုနာမယ်မျိုးတွေ မင်းလှလို အရပ်ဒေသတွေကို ရှောင်ထားပေါ့..ဒါပေမဲ့ ရပ်စောက်မှာနေတဲ့ တနင်္ဂနွေနာမယ်ရှင်တွေဘာမှ မဖြစ်ဘူးဆိုပြီးငြင်းရင် အဲဒီ ရပ်စောက်မှာနေတဲ့တနင်္ဂနွေနာမယ်ရှင်တွေ ဇလွန်မှာသွားပြီးစီပွားရှာကြည့်ပါလား..မယုံရင်စမ်းကြည့်ပါ။

အဲလိုပြောတာ ရိုင်းနေရင်ခွင့်လွတ်ပါ၊ ကျနော့်အတွက်ဒီကိန်းက ကိုယ်တွေ့တွေများလွန်းလို့ပါ
အနီးစပ်ဆုံး ကျနော်းမိခင်ကြီးက တနင်္လလာသမီး တနင်္လာနာမယ်ရှင် ကျနော့်ဖခင်ကြီးက ဦးလှမြင့်ပါ ဒါခုနက ကျနော် ပြောခဲ့တဲ့ လူမြန်မင်းလွတ် ကိန်းထဲက လူမြန်ကိန်းပါ ကျနော့်အမေရဲ့ မဟာဘုတ်က (၁)ခုကြွင်းမဟာဘုတ်မှာ ဒီအတွဲက (၅+၄) တွဲက ပက္ခ ကိန်းမိပြီးပျက်နေတာကိုတွေ့ရတယ်၊ ဘယ်လောက်အမေရုံးခဲ့ရတယ်ဆိုတာ ကျနော်တို့ အသိဆုံးပါ၊ နောက်တယောက်က ကျနော့်အဒေါ်အရင်းခေါက်ခေါက် ကြာသပတေးသမီး ကြာသပတေးနာမည်ရှင်၊သူ့ အိမ်ထောင်ဘက်က စနေနဲ့ တနဂ်နွေပေါင်းထားတဲ့နာမည်တွဲပါ
တော်အံ့ အတူဆိုတဲ့ကိန်းထဲက အတူဆိုတဲ့ကိန်းပါ ကြာသပတေးနာမယ်ရှင်ဖြစ်တဲ့ကျနော့်အဒေါ်က အောင်ထွန်းဆိုတဲ့ တနင်္ဂနွေ+စနေတွဲကို အိမ်ထောင်လည်းဘက်မိရော အစကမသောက်တတ်တဲ့ ကိုအောင်ထွန်း အိမ်ထောင်ကျပြီးတစ်လလောက်ကတည်းက ဗွေဖေါက်ပြီး သောက်လိုက်တဲ့ အရက် ရိုက်လိုက်တဲ့ဖဲ ၊ဖဲတင်မက ကျနော့်အဒေါ်ပါအရိုက်ခံထိတာ နောက်ဆုံးသေတဲ့အထိပါပဲ ကျနော့်အက ခုနှစ်ကြွင်းမဟာဘုတ်သမားပါ မဟာဘုတ်မှာလဲ ဒီ စနေနဲ့ တနင်္ဂနွေက အောက်တန်းခိုပြီးပျက်နေတဲ့ဂြိုလ်တွေ..နောက်ကိုယ်တွေ့ရေ ပြောရရင်တော့ အများကြီးပါ။

ဒီတော့ အဲလို စောလှ- လှေဆန်ကိန်းဆိုရင် ဝေးဝေးကရှောင်နိုင်ဖို့ ပြောချင်တာပါ..အဲစမ်းကြည့်ချင်သူများကတော့ စမ်းနိုင်ပါတယ်။

ငြိမ်းချမ်းကြပါစေ။

ဥပသကာ

11 comments:

Unknown said...

ညီကတော့ အားပေးလျှက်ပါအစ်ကို။
ညီလေ့လာချင်ပေမယ့် အလှမ်းဝေးနေတဲ့ အပိုင်းမို့ စောင့်မျှော်လျှက်ပါအစ်ကို။
ကိုပခန်း

ကိုအောင် said...

ဗဟုသုတ ရစရာတွေ လာဖတ်သွားတယ် ကိုဥပသကာ၊
စာမရေးတာ ကြာလို့ နေထိုင်မကောင်းဘူးလားလို့
အရာရာ အဆင်ပြေပါစေ။

Unknown said...

ကိုဥပသကာ ရေ။
ကောင်းတယ်ဗျာ။ ရှေးထုံးလည်း မပယ်နဲ့ ဆိုတာမျိုးပေါ့ဗျာ။ “စောလှ လှေဆန်” ကိန်းဟာ အတော်ဒုက္ခပေးတတ်တာ ကျွန်တော် လည်း မကြာခဏ တွေ့ရဘူးပါပြီ။ သူ ဒုက္ခပေးပုံက ဗြုန်းကနဲ ဒိုင်းကနဲ မဟုတ်ဘဲ “တအိအိ” နဲ့ အပျော့ဆွဲပြီး ပေးတာမို့လို့ ရေရှည်ပို ခံစားရတတ် ပါတယ်။ နာတာရှည် ဒုက္ခပေါ့ဗျာ။ ဆက်ရေးပါဗျာ။
ဒေါက်တာတင်ဗိုလ်ဗိုလ်

မိုးခါး said...

ဗေဒင်ကို စိတ်ဝင်စားပါတယ် ..
စာအုပ်တွေဆိုလည်း ဖတ်ဖြစ်တယ် ..
ဒါထက်ပိုပြီး အကျယ်လေး ရေးပေးပါလား အကို
မနီးစပ်တဲ့လူဆို နားမလည်နိုင်ဘူးထင်လို့ပါ
ညီမလည်းပါတယ် .. :D

Sayarphone said...

လူတွေသိသင့်သိထိုက်တဲ့ကိစ္စပါအစ်ကို၊ အားပေးပါတယ်။ ဆက်လက်ရေးသားပါအစ်ကိုရေ။ ကျွန်တော်တို့လည်း စောင့်မျှော်
ဖတ်ရှုနေပါတယ်။

Tai said...

What will happen who work other place but does not have any specific place like sea man. My job nature also same working oversea, always change direction and different country. But no choice we have to work because I am just employee.

sweetpeony said...

စောလှ လှေဆန် ကိန်းမှာ တခြား ကိန်း၁ခု ဒါမှ မဟုတ် ၂ ခုပါနေရင်ကောအကို..
ဥပမာ.. စောလှအုန်း.. ယဉ်မိုးသူဇာ.. အင်္ဂလန်..

Younggun said...

အမှုမှတ် အမှတ်မဲ့ ဖြစ်နေတဲ့ ကိန်းတစ်ခုကို အခုလို သတိပေးတင်ပြလာတာ ကျေးဇူးတင်ပါတယ် အစ်ကို။ ဆက်လက်ရေးသားဖို့ကိုလည်း တိုက်တွန်းပါရစေ။

sein said...

ကြာသပတေး သမီး နဲ့ အောင်ထွန်း ယူဖြစ်ခဲ့ရင်
ဘာ အဆောင် လုပ်ရမလဲ ဟင်.. ကျေးဇူးပါပဲ...

Phyu Phyu said...

hello Saya, my name starts with "Monday" but I was born on "thursday". So should I use Monday or Thursday according to "Saw Hla Hlay San"?

john saw said...

ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပဲဆိုးတာလုပ်ရင်
ဆိုးတာဖြစ်မှာပဲ။