Wednesday, January 16, 2008

ငါ့ကိုလာမချစ်ပါနဲ့

ဝေဒနာကိုဟန်လုပ်
အပိုလုပ်တဲ့ရုပ်တွေနဲ့
မငိုချင်ပဲနဲ့ငို
မရယ်ချင်ပဲနဲ့ရယ်
ကွယ်ရာမှာတစ်မျိုး
တည့်တိုးတော့တစ်ဘာသာ
တကယ်စိတ်မှာမရှိ
ဟန်အပြည့်နဲ့နုတ်ဆက်
နေက်ကျောဘက်ဓားထိုး
မလိုတစ်မျိုးလိုတစ်မျိုး
တောင်အဆင်းဘီးတပ်
ပါးစပ်ကဘုရား
လက်ကမတရား
ဝံပုလွေတောင်ဖျားမဲ့
ကောက်ကျစ်တဲ့နှလုံးသားနဲ့
ငါ့ကိုလာမချစ်ပါနဲ့
ဘယ်သူ့ကိုမှလည်းမချစ်ပါနဲ့။

2 comments:

Smilemay said...

လူတွေရဲ့ အပေါ်ယံ ဟန်ဆောင်မှုက သိပ်ကြောက်ဖို့ကောင်းတယ်
တခါတလေ စိတ်ပျက်မိတယ်
တခါတလေကျတော့ မကြိုက်ပေမဲ့ ဟန်ဆောင်ချင်က သူများတွေ အတွက် ကောင်းနေပြန်တယ်

Unknown said...

မာယာတွေနဲ့ ပြည့်နက်
အမှန်တရားတွေဖုံးကွယ်နေတဲ့
ဒီလောကကြီမှာ....
ဘုန်းဘုန်းရေ...
ပေးဆပ်ခဲ့သူတွေ...
ပေးဆပ်နေဆဲသူတွေ
အမျှမဝေလိုက်ရတဲ့
သူတွေအတွက်...
ကျနော် တတ်နိုင်သလောက်တာဝန်ကျေချင်တယ်။