Tuesday, November 25, 2008

ကျနော် နှင့်ဓမ္မကောက်ကြောင်း


လွန်ခဲ့သော လက ကျနော်သည် ပိဋကတ် ကောက်ကြောင်း ကို ရေးခဲ့ရာ ရှင်းပြရန် အကြေင်းပေါင်း များစွာ ကျန်ရှိ နေပါသေးမှန်း သိသော်လည်း စာရေးရန် မအားလွန်း ဖြစ်ပြီး၊ နောက်ကျ နေခဲ့ပါသည်။ ထိုစာစုကို ကျနော် ရေးရခြင်း အကြောင်းကို၊ ကျနော် ရှင်းပြ ချင်ပါသည်၊ လွန်ခဲ့သော နှစ်နှစ်က ကျနော့် ဆီကို မိတ်ဆွေ တစ်ယောက်က ၊လက်ဆောင် ပေးလာသော စာအုပ်လေး သည် ပိဋကတ် ကောက်ကြောင်း ကို ကျနော် ရေးဖြစ်သော အကြောင်း တည်း။

Dhammakaya Foundation ,C.A, USA (2002) တွင် ကမ္ဘာ့ ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ ကို ဖိတ်ကြား သဖြင့် တက်ရောက် ဟောပြောသော မိန့်ခွန်း အဖွင့်သည်၊ ကျနော့်ံရင်ကိုကိုင်လှုပ်လိုက်၏။ သံဃာ အားလုံးကို သံဃာဟု တတန်းစားတည်း မြင်သော ဆရာကြီး ၏ မိန့်ခွန်းနိဒါန်းည် ပိဋ္ဋကတ် ကောက်ကြောင်း ကို ရေးရန် မီးစ ဟု ဆိုရလျင် အစ်ကိုကြီး မင်းဒင်၏ ဖြစ်ပျက် ရှာပုံတော် ခရီးသည်၊ ကိုသင်ကာကိုလူလ၊ ညီလေး အလှတရား နဲ့ တခြားသော၊ စာဖတ်သူ အာလုံးသည်၊ ငြိမ်းလုလု ဖြစ်နေသော၊ ထိုမီးစ၏ အားဖြည့် လောင်စာ ဟု ဆိုပါလျှင်………

ဆရာကြီး ၏ ကြည်ညို အားကျဘွယ် ကောင်းသော မိန့်ခွန်းကို ကျနော် အနည်းငယ် ကောက်နုတ် ပြ
ရလျှင်၊ စာဖတ်သူများ အကျိုးရှိမည် ဟု ထင်ပါသဖြင့်ကောက်နုတ် တင်ပြရပါမူ….

Most venerable bhikku mahasamgha, lay disciples, devotees of the Buddha, Dhamma and Samgha, this is a really great occasion that we will meet here to pay respect all the Samgha.
We see here the wonderful spectrum, the rainbow’s spectrum of the Samgha from the different countries. They are all branches of the same tree.

ထိုသို့ အားလုံးသော သံဃာတော် အရှင် သူမြတ်ကြီး အပေါင်း တို့အား ခွဲခြားမှု မရှိ တတန်းစားတည်း ထားရှိကြည်ညို နိုင်သော နှလုံးသား ကို အကျင့် တရားမပါပဲ မရနိုင်ပါ ၊တကယ် ကျင့်ပြီး တကယ် သိလာ သော “အနိစ္စ” တရားကို မသိသေး သမျှ ကာလ ပါတ်လုံး ၊ဗုဒ္ဓ သည် လည်းကောင်း၊ တရားတော် ၏အချို့သော အကြောင်းအရာ များကို လည်းကောင်း ဒဏ္ဍာရီ ဆန်သည် ဟု မှတ်ယူရင်း ၊ပယ်လိမ့် ပေမည်။

စင်စစ် ဗုဒ္ဓကို လည်းကောင်း ၊ဗုဒ္ဓ၏ သင်ကြား ချက်များ ဖြစ်သော တရားတော် ကို လည်းကောင်း ဖီလော်ဆိုဖီ သက်သက် မျှဖြင့် ချည်းကပ်ပါက၊ အမှန်ကို သိရလိမ့်မည် မဟုတ်ဟု၊ ကျနော် ပြောဝံ့ပါသည်။

ထို ယူဆချက် ကို သက်သေ ပြရန်အတွက် ၊ကျနော်သည် ကမ္ဘာ့ဗုဒ္ဓ၀ါဒ ပညာရှင် တစ်ဦး ဖြစ်သော Dr.K.Sri Dhammananda ၏ ကျမ်းစာ တစ်အုပ် ဖြစ်သော The Aim And Way Of Life အခန်း နှစ် မှ စာပိုဒ် တစ်ချို့ကို ကောက်နုတ် ရပါလိမ့်မည်။

This method is also variously known as the Middle-path, a righteous way of life, and ethico-philosophical system, a do-it-yourself method and also can be introduced as a path of freedom and reason.

အထက် ဖေါ်ပြပါ စာပိုဒ်တွင်၊ ကျနော်သည် do-it-yourself method ဟူသော စကားကို “ကိုယ်တိုင် ကျင့်မှ သိနိုင်သော နည်း” ဟုဘာသာ ပြန်ပါမည်၊ အမှားဟု ဆိုလျင် ကျနော့် တာဝန်သာ ဖြစ်၏။ ထိုစကား သည် ၊ဗုဒ္ဓနဲ့ ဓမ္မကို ယုတ္တိဗေဒ သို့ ဒဿနစံနစ် တစ်ခုတည်းဖြင့် ချည်းကပ် လေ့လာ နေကြသော အနောက်တိုင်း ပညာရှင် တချို့ သိသင့်၊ သတိမူမိ သင့်ပါသည်။

ကိုသင်ကာ ဆိုခဲ့သော ဆရာကြီး ဦးအေးမောင် ၏ ကျမ်းစာအုပ် တော်တော် များများ ကျနော့် ဆီတွင် ရှိပါသည်။ အလွန် ကောင်းပါသည်၊ လေးစာဘွယ် ဖြစ်သည်၊ ထိုစာအုပ် ကိုလွန်ခဲ့သော နစ်ကရာ ပြည့် စာအုပ် တိုက်က ပြန်ထုပ်သည် မစွန်ပါ၊ ဆရာကြီး ၏ မူလစာ များကို ဖြတ်ညှပ် လုပ်ထားသည် စိတ်မကောင်း ဖြစ်သည် ၊မထုတ်ချင် လျင် မထုတ်နဲ့။ ထုတ်ဝေမည် ဆိုလည်း မူလ အတိုင်း ဖြစ်သင့်၊ ပြန်လည် ထုတ်ဝေသင့်ပါသည်။

ဆရာကြီးက ထိုစာအုပ် တွင် အနောက်တိုင်း သုတေသီ ပညာရှင် များ၏ ဖေါ်ပြချက် များနဲ့ မြန်မာ ပညာရှင် များထဲမှ လယ်တီ ဆရာတော်ကြီး နှင့် ဆရာကြီး ဦးရွှေဇံအောင် တို့၏ ကျမ်းများကို ကိုးကားကြောင်း ရေးခဲ့သည်၊ ကောင်းပါ၏်။

သို့သော် အနောက်တိုင်း သုတေသီ တချို့က လက်မခံသော ဒဏ္ဍာရီဆန် သည့် အကြောင်း အရာ များကို ကျေးဇူးရှင် လယ်တီ ဆရာတော်ကြီးက လက်ခံ၏၊ ယုံကြည်၏၊ ထိုသို့ လက်ခံသည့် အတွက်လည်း၊ ဆရာတော်ကြီး ရေးသား စီရင်အပ် သော စက်ပရိတ် အတော် များများတွင် “စကြာင်္ဝဠာ ကမ္ဘာမြေမိုး တဖြန်းဖြန်း ကျိုးမျှ” ဟူသော တန်းခိုးတော် ဆိုင်ရာ အမွမ်းကို ထည့်ခဲ့ဟန် တူသည်။

ဝေဘူ ဆရာတော် ဘုရားကြီး ပြောဘူး သည်ကို မှတ်ရ သမျှ ပြန် ပြောပြရ လျှင် “ ဒို့များကို ဟိုလက်နက်ဒီလက်နက်နဲ့ ပစ်မယ် လို့ပြောနေ ကြတယ် ၊ဒါပေမဲ့ ဒို့များက၊ ဒီနေ့ ရပ်ဟေ့ ဆိုရင်တော့ အကုန် ရပ်ရမယ်” ဟု ပြောတာကို တိတ်ခွေ နာရဘူး ဖတ်ရဘူး ပါသည်၊။

ထိုနေရာတွင် ကျနော် အနောက်တိုင်း သုတေသီ များကို အပြစ် ပြောနေခြင်း မဟုတ်ပါ၊ဗုဒ္ဓ ၀ါဒကို ၊ဘုရာ.းအလိုတော်ကျ လက်ခံ ရေးသား သော အနောက်ဖက် ပညာရျင် တချို့၏ စာများကို ကျနော် လက်လှမ်း တမှီ ဖတ်ဖူးပါသည်၊။

ကျနော် တို့ မြန်မာ့ ဗုဒ္ဓ၀ါဒ ပညာရှင် ကြီး များသည်၊ ဓမ္မကို ချည်းကပ် ရာတွင်၊ ၀ိဇ္ဇာ(အသိ)နဲ့(စရဏ)အကျင့်ကို ထပ်တူ ပေါင်းစည်း ချည်းကပ်ပြီး အနောက် ပညာရျင် အတော် များများသည် ၀ိဇ္ဇာ (အသိ) တစ်ခု တည်းဖြင့် ချည်းကပ် နေသည်ကို တွေ့ရပါမည်။
မည်သို့သော ချည်းကပ်နည်း က ပိုကောင်းသည် ဆိုသည် ကိုမူ မိမိဘာသာ ဆုံးဖြတ် ရပါလိမ့်မည်။

ဆက်ရန်……

4 comments:

su wai said...

တန်ဖိုးရှိတဲ့ ကောက်နုတ်ချက်တွေနဲ့ ကိုယ့်အမြင်ကိုလဲ ဆွေးနွေးပြထားတာ ဗဟုသုတ ရစေပါတယ်။ do-it-yourself method ကို ဘာသာရေးအရ ပြောမယ်ဆို “ကိုယ်တိုင်ကျင့်မှသိနိုင်သောနည်း” လို့ ဘာသာပြန်တာ မမှားဘူးထင်ပါတယ်။

မင်းဒင် said...

ဥပသကာ .. သို့ ။

အနောက်တိုင်းပညာရှင်အချို့  က အတွေးအခေါ်ရှုဒေါင့်မှ ချည်းကပ်သကဲ့  သို့  အချို့ ပုဂ္ဂိုလ်တို့  လက်တွေ့  တံခါးပေါက်မှ ချည်းကပ်ကြသည့် နည်းကို ဆက်လက်စောင့် မျှော် ဖတ်ရှုလိုပါသည်။ဆက်လက်ရေးသားရန် ထက်သန်စွာ တိုက်တွန်းပါသည်။
မင်းဒင်

Dr Phyo Wai Kyaw said...

အကိုရေ

တရားအားကောင်းတဲ့ ပုဂ္ဂိုလ်များဟာ
သံဃာ တော်များကိုဖူးရရင် လက်အုပ်တချီချီနဲ့ကြည်ညိုပြီး
နေတယ် လို့ဆိုတဲ့ ကြားဖူးထားတဲ့ စကား။

ဆရာကြီးဂိုအင်ကာရဲ့မိန့်ခွန်း။

********
တရားအားထုတ်လို့ တရားတွေ အားကောင်းရင် အမှန်တကယ်ပဲ သံဃာတွေကို ကြည်ညိုစိတ်တွေ ပြင်းပြလာတတ်တဲ့ သူတွေ ကိုတွေ့ဖူးပါတယ်။

တရားအားပြန်ကျတော့ ကြည်ညိုစိတ်လည်း ပြန်ကျသွားတတ်တယ်။

ခိုင်မြဲရင်တော့ ဒီလိုဘယ်ကျတော့မလဲ။

စာချည်းဖတ်နေတဲ့သူကတော့ ဒီလိုကြည်ညိုစိတ်တွေ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စာသိအားဖြင်ဖြစ်တဲံ့်ကြည့်ညိုစိတ်ဆိုတာ တကယ်တော့ သိပ်အားမကောင်းလှဘူး။

ဒီတော့ ကုသိုလ်တွေ၇ဖို့ အခွင့်အရေးဆုံးရှူံးရပါတယ်။
ရခဲတဲ့ လူ့ဘ၀ကို ရပြီးမှ အခွင့်အရေးဆုံးရှူံးတဲ့ အတွက် ပိုပြီး သတိထားစရာပါ။

နောက် အားမထုတ်တဲ့ သူဟာတရားရဖို့ ဆိုတဲ့ အခွင့်အရေးလည်းဆုံးရှူံးရပါတယ်။
ပါ၇မီ ဖြစ်ဖို့ အခွင့်အရေးလည်း ဆုံးရှူံပါတယ်။

ဒါကတော့ ၀မ်းနည်းစရာပါပဲ။ သို့သော်လည်း စရိုက် ၀ါသနာ ပါရမီ အလျောက် ဒီလိုပဲ ကွဲပြားတတ် တာဟာ ဓမ္မတာပါပဲ။

ဘာပဲဖြစ်ဖြစ် ဖော်ပြရမှာကတော့ တတ်နိုင် သူများတာဝန်ပါပဲ။ ခုလို ဖော်ပြခွင့်ရတဲ့ အတွက် ကျေးဇူးများစွာပြုပြီးသားဖြစ်ပါတယ်။

နောက်ပိုစ့်ကို စောင့်နေပါတယ်။ အဆင်ပြေချမ်းမြေ့ပါစေခင်ဗျား။

Unknown said...

အသိနဲ့ အကျင့်ဟာ ကျွန်တော်တို့ အဓိကတာဝန်ပါ။ ဒီတရားကိုမှ မသိရင် အားလုံးဟာ မယုံနိုင်စရာတွေပါပဲ။ စာကောင်းတွေအတွက်ကျေးဇူးပါ။