Wednesday, November 5, 2008

မေလေးသို့ပေးစာများ(၅)သို့(ပိဋကတ်ကောက်ကြောင်း)



မေလေး

ငါတို့ ပြောခဲ့ကြတာ တွေဟာ ငါတို့ ပြောနေ ကြတာဟာ တလောကလုံး အတွက် အရေးကြီးတယ်လို့၊ ငါ မပြောရဲ ပေမဲ့ မာယာကင်းတဲ့ အလင်းဆုံး လူ ဖြစ်အောင် သွားတဲ့ လမ်းစဉ် တစ်ခု အတွက်မှာတော့၊ ငါပြောခဲ့ တာတွေဟာ၊ သဲတစ်မှုံ လောက်တော့ အထောက်ကူ ပြုပါလိမ့်မယ် လေ၊ ဟုတ်တယ်နော။် မေလေးရေ ..ငါတို့ အသိပညာ ကို ချဲ့ထုတ် ရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ အသိပညာ တောင်ပံ မပါ ဘဲ အမြင့်ဆုံး ကို ငါတို့ မပျံနိုင်ဘူးလေ၊ ပျံမဲ့ ပျံတော့လည်း ယောနသံလို အမြင့်ဆုံးကိုပဲ ပျံတက်ရမှာ ဒီတို့ငါတို့မှာအင်အားပြည့်တဲ့တောင်ပန်တစ်စုံတော့လိုလိမ့်မယ်၊ဖန်းဆင်းလိုမရဘူးဟ၊ ဒါကို ငါတို့
ကိုယ်တိုင် က တည်ဆောက် ရမယ်။ ဘယ်သူမှ လာပြီး ရော့အင့် လ၊ို့ မပေးဘူး၊ အသိပညာ နဲ့အ တတ် ပညာ တောင်ပန် တစ်စုံလေ၊ ဒီတောင်ပံ တစ်စုံရဲ့ ဖေါင်ဒေးရှင်း က၊ အကြောင်းနဲ့ အကျိုးကို ရှာဖွေခြင်း ပဲ၊ ဥပမာ အကြောင်းရာ တစ်ခုကို ငါတို့က ကောင်းတယ်လို့ သတ်မှတ်ရင်၊ ကောင်းရတဲ့ အကြောင်း အရင်းကိုရှာဖို့၊ ဘယ်လို ကောင်းတာလဲ ဆိုတဲ့ မေးခွန်းကို ရဲရဲ မေးဖို့ မမေ့သင့်ဘူး၊ ဘာ ကြောင့် ကောင်းတာလဲ ဆိုတဲ့ မေးခွန်း ကိုလည်း သတိရသင့် ပါတယ်၊ ရမ်းပြီး ကောင်းနေ သမျှတော့ ငါတို့ဟာ တောင်ပံ ရှိပြီး မပျံနိုင်တဲ့ ငှက်ကုလားအုပ်ပဲ ဖြစ်မယ်နော်၊ အဲလိုပဲ မကောင်းဘူး ဆှို်တော့ ဒီ မကောင်းရတဲ့ အကြောင်း ကိုတော့ ရှာသင့် သိသင့် ပါတယ်နော၊ ဒီတော့ ငါတို့ ငှက်ကုလားအုပ် လား ယောနသံလား၊ စိတ်ကြိုက် ရွေးပြီး လျှောက်ပါ။

အမြင့် ပျံချင်တော့ ပင်ပန်းတယ်ဟ၊ အစုန်လမ်းက အားမစိုက်ရဘူး သက်သာတယ်၊ အဆန်လမ်း ကတော့ အားစိုက် ရတယ်လေ၊ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် လောက ကောင်းကျိုး အတွက် သံသရာ ယစ်ပလ္လင် မှာ စတေး ပစ်ရဲတဲ့သတ္တိရှိရမယ် မေလေး၊ လောက အကျိုးနဲ့ ကိုယ့်အကျိုး ယှဉ်လာရင်..ငါ ပြောချင်တယ်ဟာ …ငါတို့ကိုယ် ငါတို့ မေ့ပစ်လိုက်ပါ၊ လို့နော် သတ္တိ မွေးပါ ခလေးရေ ကိုယ့်အတ္တ ကို၊ ကိုယ် မေ့ပစ်ဖို့လေ၊ မေ့ပစ်ဖို့ မကြိုးစား နိင်သေးပဲ တခါတည်း သတ်ပစ်ဖို့ ကြိုးစား နေတာဟာ ငါတို့ သာမန်လူ အတွက် အဆင့်ကို ကျာ်တက် နေတာပါ၊ အစဉ်အတိုင်း လျှောက်ရမဲ့ လမ်း တစ်ခုကို ဖြတ်လမ်းကနေ သွားနေ တာပါနော်။ ဒါပေမဲ့ ဘ၀ပေါင်းများစွာ ပါရမီ ဖြည့်ကျင့် လာကြတဲ့ ပါ၇မီ ရှင် တွေ ကတော့ ရကြ ပါလိမ့်မယ်လေ၊ ဖြတ်ကျော် နိုင်တဲ့ ညဏ်ကပါပြီးသားကိုး၊ငါတို့လိုသာမန်လူ တွေ အတွက် ကတော့၊ အစဉ်အတိုင် လျှောက်တာ ကောင်းပါတယ်။

တကယ်တော့မေလေးရေ..

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် တွေဟာ၊ ကြီးကျယ် ခံ့ညား ဆန်းပြား လွန်းတော့၊့ အတိမဟာ ဂ မ္ဘီရ ပါ၊ လိုက်လေ နက်လေ ဆန်းပြားလေ၊ ဘုရား၊ တရား၊ သံဃာတော် တွေကို ပိုပြီး ကြည်ညို လာလေပဲ၊ ငါလည်း တတ်နိုင်သလောက် လေး ကြိုးစား ကြည့်တော့၊ ငါတို့ တိုင်းပြည်မှာ ဖေါ်ပြမှု နည်းတဲ့ တစ် ခြားသော ပိဋကတ် တော်တွေကို သွားတွေ့တယ်၊ ဘာတွေလဲ ဆိုတော့၊ ငါတို့ ဘု၇ားရဲ့ စကားတွေ ကို စုဆောင်း ထားတာ၊ ပါဠိ ပိဋကတ်တော် အပြင် နောက်ထပ် သိရ တာကတော့

သက္ကဋပိဋကတ်တော်
တိဗက်ပိဋကတ်တော်
တရုပ်ပိဋကတ်တော်
မွန်ဂိုလိယံပိဋကတ်တော်
မန်ချူးရီးယားပီဋကတ်တော်

ဆိုပြီးတော့ ဘာသာ ခြောက်မျိုး ရှိကြောင်းကို တွေ့ရတယ် လေ၊ဒါပေမဲ့ မွန်ဂိုနဲ့မန်ချူးရီးယား မှာ ရှိနေကြတဲ့ ပိဋကတ်တော် တွေက၊ တရုပ်နဲ့ တိဗက် ပိဋကတ်တော် တွေက ဘာသာပြန် ကျမ်းတွေ ဖြစ်နေတော့၊ သီးခြား မရေးရင်လည်း ရပါတယ်။

ကျန်တဲ့ ပိဋကတ်တော် လေးမျိုး အကြောင်းကို သိသလောက် ပြောရရင်တော့။

ပါဠိပိဋကတ်တော်
ဒါက မြန်မာပြည်မှာ ရှိပြီးသားအများစုလည်းသိပြီးသားလေ၊သိသင့်သလောက်တော့ရှေ့ကစာ မှာနည်းနည်း ရေးပြခဲ့ပြီးပြီ လေနော်။

သက္ကဋပိဋကတ်တော်(ဟိနယာနဂိုဏ်းသုံး)
ဒီနေရာမှာ နည်းနည်းလေး ပြောချင်တာက အစက ထေရ်ရ၀ါဒကို ဟိနယာန လို့ အသိများတယ်။ နောက် ဟိနယာန တဂိုဏ်း ထပ်ကွဲ လာတဲ့အခါ၊ မူလ ဟိနယာန ဟာ(ထေရ၀ါဒ) ဖြစ်လာတာပါ ။ ဒီအစဉ် အဆက် ဆောင်လာတဲ့ ပါဠိ ပိဋကတ် တော်တွေဟာ၊ ရှေးက သံဃာတော် မြတ်ကြီး တွေက လုံးဝ မယွင်းအောင် အသက်နဲ့ လဲပြီး သယ်ဆောင် လာခဲ့ကြလို့ ငါတို့ အခု ပူဇော် နိုင်တာ ပါနော်။ ငါတို့ ရခဲ့တာဟာ အမှန်ကန်ဆုးံ ပိဋကတ်ပါ၊ ဘုရားဟော စင်စစ်ပါ၊ ကျေးဇူးကြီးလှတဲ့ သံဃာတော်တွေ လေ။

ဒီကနေ ခွဲထွက်သွားတဲ့ ဟိနယာန ၈ိုဏ်းသား တွေကျတော့(သဗ္ဗာထိဝါဒ) ဂိုဏ်း ကျတော့ ပိဋကတ်တော် တွေကို အကုန်လုံး သက္ကဋ လို ပြန်တော့ တာပဲ၊ အဲဒီလို ပြန်ရတဲ့ အကြောင်းရင်း ကို ပြောရမယ် ဆိုရင်တော့ စာက ရှည်နေ လိမ့်မယ်၊ ဒါပေမဲ့ လာမဲ့စာတွေမှာ ပြောမယ်လေ ။ အဖွင့်အဌကထာ ကျမ်းတွေလည်း သက္ကဋလို ပြန်ခဲ့တယ်လေ၊ ကနေ့ခေတ်မှာ မူရင်း သက္ကဋ ပိဋကတ်တွေ မတွေ့နိင်တော့ သလောက် ဖြစ်နေပြီ၊ ဒါပေမဲ့ မူရင်းအတိုင်း မဟုတ်ပဲ၊ ဒီက ဘာသာပြန် ထားတဲ့ တရုပ် ပိဋကတ်၊ တိဗက်လို ပြန်ထားတဲ့ ဒီကျမ်းစာက ရှိနေတုံးပဲ လို့ သိရတယ်။ အဲလို ဂိုဏ်း ခွဲထွက် ခြင်းဟာ ၊မဟာယာန နဲ့ ထေရ၀ါဒရဲ့ကွဲပြားလာခြင်း ရဲ့အစလို့ ဆိုနိုင်တယ်။

အခု ပြောပြတဲ့ ဟိနယာန ဂိုဏ်းမှာ ထေရ၀ါဒ လိုပဲ ၀ိနည်း၊ သုတ္တံ၊ အဘိဓမ္မာ ဆိုပြီး ပိဋကတ် သုံးပုံရှိ နေပေမဲ့ သုတံ္တ့နဲ့ ၀ိနည်း ပိဋကတ်က၊ ထေရ၀ါဒနဲ့အရမ်း တူပေမဲ့၊ အဘိဓမ္မာ ပိဋကတ် ကတော့ လုံးဝ ကွဲပြား နေတယ်၊ ဘာလဲ ဆိုတော့ အဘိဓမ္မာ(ရ)ကျမ်းခြင်း တူပေမဲ့၊ ထေရ၀ါဒက လက်ခံထားတဲ့ ကထာဝတ္ထုကို သူတို့က ပယ်တယ်၊ ပြီးတော့ ဒီဂိုဏ်းက ပညာရှင်တွေက အဘိဓမ္မာ ပိဋကတ်ဟာ ဘုရားဟော စင်စစ် မဟုတ်ဘူး၊ တတိယ သင်္ဂါယနာ မတင်မီ အချိန် လောက်မှာ ရေးတယ်လို့ ဆုံးဖြတ် တာလဲ ပါတယ်။ အကြောင်းပြချက်ကတော့ ဗုဒ္ဓ၀ါဒမှာ ဂိုဏ်းတွေ ကွဲလာတော့၊ ဂိုဏ်း အသီးသီးက ပညာရှင် တွေက မိမိတို့ ဂိုဏ်းထဲကို၊ ယန္တရ၊ တန္တရ၊ ဗြဟ္မာဏ တွေ ရောယှက် လာမှာ စိုးတာကြောင့် ခက်ခဲ နက်နဲတဲ့ ဒီအဘိဓမ္မာ ကျမ်းတွေကို ရေးတယ်လို့၊ ဒီ ဂိုဏ်းသား တွေက ယုံတယ်၊ သာသနာ သက္က၇ာဇ် (၁၀၀)ကျော် (၂၀၀) မှ ပေါ်လာတယ် လို့လည်း ဆိုတယ်။ အလားတူပဲ မဟာယာန ဂိုဏ်းသား တွေကလည်း ငါတို့မှာ ရှိနေတဲ့ အဘိဓမ္မာ ကျမ်းကို ဘုရား ဟောတာ မဟုတ်ဘူးလို့ ပြောဆို ယုံကြည်ကြတယ် လေ။ လက်ခံတဲ့ ဂိုဏ်းတွေ ရှိတာပေါ့။ နောက်စာ တွေမှာ ပြောမယ် တော် ပြီ။ ၊ပြီးတော့ သဗ္ဗထိဝါဒီဂိုဏ်းက လက်ခံတဲ့ အဘိဓမ္မာကျမ်းတွေ အကြောင်းလည်း ပြောမယ်လေ။

ငါ့အမြင်ကို ပြောမယ်နော်၊ ဘာဖြစ်လို့ လဲ ဆိုတော့ ဒီအဘိဓမ္မာ တရားရဲ့ နက်နဲပုံက စာဖွဲလို့မရ တော့ဘူး လောက၇ဲ့ အပြင်ဘက် ရောက်သွားပြီ၊ တတ်ချင်ရင် သင်လို့ ရပေမဲ့ တကယ် သိချင်ရင် တော့ ခန္ဓာနဲ့ သင်ညဏ် တင်ပေးမှ ဖြစ်မှာပါ ..ငါသိသလောက်လေး ပြောတာနော်၊ ငါဟာ ဘာမှ ဟုတ်ဘူးဟ၊ နင့်ကို တော်စေ တတ်စေ ချင်တဲ့ သာမန်လူ ပါပဲ။

ဥပမာ …ဒီအဘိဓမ္မာ ထဲမှာ ပါတဲ့ မဟာပဌန်း ဒေသနာတော်မှာ၊ စိတ်ရဲ့ အလုပ်လုပ်ပုံကို ပြောထား တာလေ၊ တကယ်တော့ သိနေပြီးသား တွေပဲ၊ ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်တာ၊ အကုသိုလ်ကြောင့် ကုသိုလ် ဖြစ်တာတွေဟာ သိမ်မွေ့လွန်းတဲ့ နာမ်တရား စိတ်ရဲ့ အလုပ်ပါလေ။

ပျင်းနေပြီလား မေလေး? သည်းခံပြီး ဖတ်ပါဟာ၊ ငါပြောခဲ့ သလိုပေါ့၊ ငါတို့ရဲ့ အသိနဲ့ ပညာကို ကန့်သန့်မှု ဘောင်ကို စပြီး ချိုးဖျက်မဲ့ “အသိညဏ် တော်လှန်ရေး” တစ်ခုကို လုပ်မှ ဖြစ်မယ်လေ၊ မ ဟုတ်ရင် ကျန်ခဲ့ ကြမှာပါ၊ ဟုတ်ပြီနော်။ ငါလည်း တတ်နိင် သလောက် ပြောပြ နေမှာပါ၊ ငါတို့တစ်တွေ အတူတူ ပိဋကတ်တော် တွေကို ဆက်ကြည့် ကြမယ်၊ ဒီလိုမှ ငါတို့ ရထားတဲ့ အလွန် မှန်ကန်တဲ့ မူရင်း ပိဋကတ် တော်တွေကို၊ ပိုပြီး တန်ဖိုး ထားတတ် လာမှာပါလေ။

ဒီတော့ ခုနက စကားကို ပြန်ဆက် ရရင်၊ စိတ်အလုပ်၊ စိတ်ရဲ့ ဖြစ်ပျက် စဉ်ကို ဟောထားတဲ့ အဘိဓမ္မာကျမ်း တွေကို မဟာယာန ဂိုဏ်းသား တွေ လက်မခံ နိင်တာ မဆန်းဘူးလေ၊ မေးစရာတွေ ကရှိလာ တယ်၊ ဘာလဲ ဆိုတော့… .မဟာယန တွေမှာကော စိတ်ပိုင်း ဆိုင်ရာ ကျင့်စဉ်တွေ မရှိဘူးလား ဆိုရင် ရှိတယ်၊ ဒါပေမဲ့ သူတို့ ရှိတာက သီလနယ်နဲ့ သမာဓိ နယ်မှာ လမ်းက ဆုံးနေတယ်၊ ပညာ နယ်ကို သွားဖို့က၊ ၀ိပဿနာ ညဏ် မဆိုက်ပဲ မဖြစ်ဘူးလေ၊ ဒီအဘိဓမ္မာ ကို ဟောထား တာက ၀ိပဿနာ ကိုပွားပြီး ဖြစ်လာတဲ့၊ မဟာဝဇီရ ညဏ်တော် နဲ့ငါတို့ ဘုရား ဟောခဲ့တာ၊ ဟုတ်ပြီ ကျမ်းအားဖြင့် ပြုစုတဲ့ပုဂ္ဂိုလ် တွေ ကလည်း မဟာဝိပဿနာ ပညာကို လမ်းဆုံး လိုက်ထားပြီး တဲ့ လူမြတ်ထေရ်မွန် သံဃာတော် တွေ၊ ဘုရားဟော မဟုတ်ပဲ ဘုရားဟောလို့ မုသာဝါဒ ကံကို စိတ်နဲ့တောင် ကျူးလွန်မှာ မဟုတ်ဘူးလေ၊။

အလားတူပဲ မဟာယာန ကိုယ်တော်၊ ရဟန်းတော် တွေထဲမှာ ရော လူတွေ ထဲမှာပါ၊ ကိုယ်ကျင့် သိက္ခာကို တန်ဖိုးထားပြီး၊ သူတို့ယုံကြည်ရာ သံသရာ ထွက်ရပ်ကို၊ လိုက်နေ သူတွေ၊ ဧကစာရီ ကျင့်နေ သူတွေ ရှိနေ သေးတယ်လေ၊ ကနေ့ ခေတ်သိပ္ပံက မပြောနိင်သေးတဲ့ နက်နဲ့တဲ့ လောကီင်္ သမထ ပညာရပ်တွေ ရှိနေ သေးတယ် လေ၊နောက်စာတွေ မှာတော့ အခန့်သင့်ရင် ရှင်းပြနိုင်ကောင်းပါရဲ့။

မေလေးနဲ့တကွအားလုံး
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။

8 comments:

Anonymous said...

မင်္ဂလာပါ ကိုဥပသကာ

ဖတ်ရှု့သွား၏။။
ပါဠိပိဋကတ်တော်
သက္ကဋပိဋကတ်တော်
တိဗက်ပိဋကတ်တော်
တရုပ်ပိဋကတ်တော်
မွန်ဂိုလိယံပိဋကတ်တော်
မန်ချူးရီးယားပီဋကတ်တော်
ခြောက်မျိုးရှိတာကို အခုမှ သိတယ်။ မဟာ ယာန နဲ့ ထေရ ၀ါဒက မည်သည့်နေရာ၊ မည်သည့် သဘောထား၊ မည့်သည့်အတွက်၊ ကွဲသွားသည်ကို ဖြစ်နိုင်မယ်ဆိုရင် ထပ်ရှင်းပြပေးပါလား။။

တောင်ပံမပါတဲ့ ငှက်ကုလားအုပ် ဖြစ်နေလို့ပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

Dr Phyo Wai Kyaw said...

"ဒီဂိုဏ်းက ပညာရှင်တွေက အဘိဓမ္မာပိဋကတ်ဟာဘုရားဟော စင်စစ်မဟုတ်ဘူး၊တတိယသင်္ဂါယနာမတင်မ၊
ှီအချိန်လောက်မှာရေးတယ်လို့ဆုံးဖြတ်တာလဲပါတယ် အကြောင်းပြချက်ကတော့၊ ဗုဒ္ဓ၀ါဒမှာဂိုဏ်တွေကွဲလာတော့၊ ဂိုဏ်အသီးသီးကပညာရှင်တွေက မိမိတို့ဂိုဏ်ထဲကို၊ယန္တရ၊တန္တရ၊ဗြဟ္မာဏတွေ ရောယှက်လာမှာစိုးတာကြောင့် ခက်ခဲနက်နဲတဲ့ဒီအဘိဓမ္မာကျမ်းတွေကိုရေးတယ်လို့၊
ဒီဂိုဏ်သားတွေကယုံတယ်၊ သာသနာသက္က၇ာဇ်(၁၀၀)ကျော် (၂၀၀)မှပေါ်လာတယ်လို့လည်းဆိုတယ်။ အလားတူပဲမဟာယနဂိုဏ်သးတွေကလည်း ငါတို့မှာရှိနေတဲ့အဘိဓမ္မာကျမ်းကို ဘုရားဟောတာမဟုတ်ဘူးလို့ပြောဆိုကြတယ်။"

အကောင်းဆုံးထောက်ပြသွားတာဖြစ်ပါတယ်။
ပါမောက္ခဦးအေးမောင်ကလည်း အဘိဓမ္မာ ဟာဘုရားဟော မဟုတ်ဘူးလို့ ယုံကြည်ပြီး သူ့ရဲံ (ဗုဒ္ဓ၀ါဒ--နာမည်အစုံကို ရုတ်တရက် စဉ်းစားမရ) စာအုပ်မှာရေးခဲ့ ဖူးတယ်။ အဲဒီစာအုပ်မှာ အမှားတွေ ထောင်နဲ့ချီပြီးပါနေတယ်။ သိပ်လည်း အရေးမကြီးလို့ ဆရာတော်များ မဖြေရှင်းကြတာပါ။ အနောက်တိုင်းက ပုဂ္ဂိုလ် အချို့ကလည်း အဘိဓမ္မာဟာ ဘုရားဟော မဟုတ်ဘူးလို့ ယုံကြည် ယူဆတဲ့ အတွက် မလေ့လာဘဲ နေပြီး များစွာနစ်နာ ကြရပါတယ်။

သုတ္တန် ၊၀ိနည်းတွေရဲ့ အာဘော် ကို အဘိဓမ္မာ မလေ့လာဖူးပဲ မသိနိုင်ပါဘူး။ ဒါကြောင့် အဘိဓမ္မာ ဟာ စွမ်းရင် စွမ်းသလောက်လေ့လာ အပ်တဲ့ တရားပါ။

မဟာယာန အပါအ၀င် ထေရ၀ါဒ မဟုတ်တဲ့ အခြားသော ဗုဒ္ဓဘာသာနွှယ်တဲ့ ဘာသာများဟာ အတွေးအခေါ် (ဒဿန)အဆင့်မှာပဲ ရပ်ဆိုင်းကုန်ပြီး မဂ္ဂင်ရှစ်ပါးကို စနစ်တကျ လမ်းညွှန်ပြသ ပေးနိုင်မဲ့ ဆရာကောင်း သမားကောင်းတွေ မရှိရှာကြတော့ပါဘူး။

ဒါကြောင့် သူတို့ ဘာသာဝင်တွေဟာလည်း ကမ္မဿကတာ အဆင့်မှာပဲ ရပ်ဆိုင်းကုန်ပြီး တရားအားထုတ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ရှိ နေကြရပါတယ်။

ဗုဒ္ဓဘာသာမှာမှ မြန်မာလူမျိုးဖြစ်ရတာ အင်မတန် ကံကောင်း ပြီး အလေးထား ဖွယ်ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ခင်မင်လျက်

ခွန်မြလှိုင် said...

မဟာယာနတွေက ၀ိပသနာ ဥာဏ် မဆိုက်တာ အကြောင်း ရှိတယ် ချမ်းမြေ့ ရိပ်သာမှာ မဟာယာန သီလရှင် ဂိုဏ်းချုပ်ကြီး လာအားထုတ် ဖူးပါတယ်။ သမထ လုပ်လွန်းလို့ သမာဓိ လွန်သွားတာ ပညာ ဖြစ်မလာတော့ဘူး။ ဘုရားရဲ့ လမ်းစဉ် ဖြစ်တဲ့ မဇ္ဈိမ ပဋိပဋာ ဆိုတဲ့ အတိုင်း သီလ၊ သမာဓိ၊ သတိ အားလုံး မျှနေမှ ပညာဥာဏ်ဖြစ်တာ။ သီလ အခြေခံ ကောင်းပေါ် မှာ သတိ၊ သမာဓိ၊ ညီမှ ပညာ ဖြစ်တယ်။ သူတို့က သမာဓိ လွန်တယ်။ စိတ်က ငြိမ်လွန်းနေတော့ စိတ်ရဲ့ ဖောက်ပြန် လှုပ်ရှားမှုကို ပညာပေါ် တင်မကြည့် တတ် ဘူး။ စိတ်ရဲ့ အလုပ်လုပ်ပုံကို ဥာဏ်မှာ မထင်နိုင်တော့ သူတို့လို လူမျိုးက စိတ်ရဲ့အကြောင်း အသေးစိတ် ဟောတဲ့ အဘိဓမ္မာကို ဘယ်ယုံမလဲ။ သူ့ခမျာ စိတ်ညစ် ပြီး ပြန်တော့မယ် အလုပ်မှာ ရွှေဥမင် တောရ ဆရာ တော် ဘုရားကြီးနဲ့ တွေ့ပြီး စိတ်တွေရဲ့ သဘော သဘာဝ ကို ကျွမ်းကျင် နိုင်နင်း လွန်းတဲ့ ဆရာတော် ကြီးက လမ်းညွှန်မှ တရားတွေ့ သွားပါတယ်။ ဒါကြောင့် ကိုယ်ဥာဏ်မမီတိုင်း မဖြစ်နိုင်ဘူးလို့ အလွယ် မပြောမိ ဖို့ အသိတရား ရလိုက်ပါတယ်။ ဒီနေရာမှာ ချမ်းမြေ့ ဆရာတော်ကို မပုတ်ခတ် မပြစ်မှား ချင်ပါဘူးနော်။ ၀ါနဲ့ သဘာ၊ သူ့သာဝကနဲ့သူ ရှိပါတယ်။ ဘယ်သူ ချွတ်မှ ကျွတ်မယ့် သာဝက ဆိုတာ သူ့ဟာသူ ကံက ရှိပြီးသား ပါ။ ဒါကြောင့် ရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီးကို ဘုရားက တရား မဟောတာပါနော်။

အောင်ဦး said...

အကို..
ကျနော်လည်း မအားတာနဲ့ လာတာနောက်ကျသွားတယ်။
ရှေ့ကလူတွေပြောထားတာတွေလည်း ဖတ်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ.. အကိုရေးတာတွေက ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သိထားသင့်တယ်။ အခုဆိုရင် ထေရ၀ါဒ က နည်းလာကြပြီ။ ကျနော်တို့တွေ ဗုဒ္ဓဘာသာဝင်တွေဖြစ်ရတာလည်း အင်မတန် ကံကောင်းလို့ ဆိုတာ အားလုံးတော့ သိကြပြီးသားပါ။ ဒီတော့ ကျနော်တို့ရထားတဲ့ ဘ၀ အခြေအနေမှာ တကယ့်တရားနည်းမှန်တွေ.. ဆရာတွေရှိပါရက်နဲ့ လက်တွေ ကျင့်ကြံကြဖို့ အားနည်တတ်ကြတယ်။ အကိုရေးတာတွေ ဖတ်ရလို့ မသိတာတွေကို သိလိုက်ရပါတယ်။ နောက်ရေးလာမယ့် စာတွေကိုလည်း ဖတ်ဖို့ စောင့်နေပါမယ် အကို။ ဓမ္မဒါန ကုသိုလ်ကောင်းမှု အတွက် သာဓု ခေါ်ဆိုပါတယ်။

စိတ်ချမ်းသာပါစေ..

Anonymous said...

ကိုဥပသကာ ..။
ခက်ခဲလှတဲ့  ကောက်ကြောင်းကို ရေးခြစ်တယ်..။
စိတ်ဝင်တစား လေ့လာဖတ်ရှုသူတွေ လည်း ရှိနေတယ်..။
အားပေးပါရစေ။
မင်္ဂလံ မင်္ဂလာ မည်ပါတယ် ခင်ဗျာ့ ။

မင်းဒင်

mm thinker said...

ဂျပန်ပိဋကတ်ဆိုတာလည်း ရှိပါသေးတယ်။ ဂျပန်ပိဋကတ်က ထေရဝါဒ ပိဋသုံးပုံကို ရှေးဂျပန်ကြီးများ ဘာသာပြန်ယူခြင်းဖြစ်ကြောင်း လေ့လာမှတ်သားရဖူးပါတယ်။ တိဘက်ပိဋကတ်တွေကို သေချာသွားရောက် ကူးယူသူကတော့ အိန္ဒိယနိုင်ငံသား ရာဟုလာသံကိစ္စည်း ဖြစ်ပါတယ်။ သူက ထေရဝါဒရဟန်းတော် ဖြစ်လာပြီး နောက်ပိုင်း ကွန်မြူနစ်ဆန်သွားပါတယ်။

အထက်မှာ ကိုလူလ မေးတာကို တစ်ခါတည်း ဖြေခဲ့ချင်ပါတယ်။

ထေရဝါဒနဲ့ မဟာယာန ဘာကွဲသလဲ ဆိုတော့-
၁ - စာပေကျမ်းဂန် ရေးရာ - မဟာယာနက ပိဋကတ်ကို ပြင်ဆင်ဖြည့်စွက်တယ်။ ထေရဝါဒက မပြင်ဘူး။ (ဗုဒ္ဓက ပရိနိဗ္ဗာန်ပြုခါနီးမှာ “ငါဟောကြားတဲ့ တရားတော်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်တယ်”လို့ ခွင့်ပြုခဲ့ဖူးလို့ သူတို့က ပြင်ဆင်ဖြည့်စွက်ကြတာ ဖြစ်ပါတယ်။ ထေရဝါဒီတွေကတော့ ဘုရားက သွေးတိုးစမ်းရုံစမ်းတာ၊ တကယ်က ပြင်ဖို့ မလိုအောင် ကွန်ပလိဖြစ်တယ်လို့ ယူဆကြပါတယ်။)

၂ - ပန်းတိုင်ရေးရာ - ထေရဝါဒက တကိုယ်ရည် နိဗ္ဗာန်ရောက်ဖို့ကို ရှေးရှုတယ်။ သူများကို ကယ်ဖို့ ဘုရားဆုပန်တယ်ဆိုတာ ပြုနိုင်ခဲခြင်းတမျိုးပဲ။ မဟာယာနက အဲသလို မဟုတ်ဘူး။ နိဗ္ဗာန်ကို တကိုယ်ရည် မှန်းတာဟာ မသင့်ဘူး။ ၃၁ ဘုံသားတွေကို ကယ်မရမယ်လို့ အဓိက ယူဆတယ်။ ဒီတော့ သူတို့က နိဗ္ဗာန်ထက် ဘုရားဆုပန်ဝါဒကို လက်ကိုင်ထားကြတယ်။

အခြေခံကွာခြားချက်က ဒါပါပဲ။ ဘာသာရေးအယူအဆမှာ ဗုဒ္ဓဟောခဲ့တဲ့ အနှစ်သာရကတော့ နှစ်ခုစလုံးမှာ တူပါတယ်။ ဥပမာ - သစ္စာလေးပါး၊ နိဗ္ဗာန်၊ ပဋိစ္စသမုဒ်ပါတ်

မသက်ဇင် said...

အထက်က ပြောသွားကြတာနဲ့တင်--
အတော်လေးပြည့်စုံနေပါပြီ--
ရေးထားတာတွေ ကောင်းလှပါတယ်---

ထားဝယ်ဆရာလေး said...

သဲတစ်မှုံ လောက် ဘယ်ကမလဲ ... ဘ၀ အလင်းရောင်အတွက် ဖြောင့်မတ်သောလမ်းနှင့် မှန်ကန်တဲ့ အသိဉာဏ် ကိုပါထိုးထွင်းပေးတဲ့ အလွန်တန်ဖိုးရှိတဲ့ ပိုစ့်ပါ ။
မဟာယာန ဂိုဏ်းနှင့် ပတ်သတ်ပြီး သိရတော့ ကျေးဇူးတင်နေတယ် ။ ထပ်ပြီးရှင်းလင်းပေးသွားအုံးမယ် ဆိုတာ ကို သိရတော့လည်း ပိုပြီး ကျေးဇူးတင်နေမိတယ် ။ ဆက်လက်ကျိုးစား သာသနာ ပြု နိုင်ပါစေ တကာလေးးဥပသကာ ...