Monday, December 29, 2008

ပြီးပြည့်စုံသောသီလဟူသည်


ငါးပါးသီလမြဲသလား? တဲ့ ဒီမေးခွန်းကို ကျနော် အကြိမ်ပေါင်းများစွာ အမေးခံခဲ့ရဖူးတယ်ဗျ
အဲလိုမေးလာခဲ့တိုင်းလည်း ကျနော့်အဖြေက“ဟင့်အင်း”ပဲထွက်တယ်ဗျ၊ ဘယ်သူမေးမေး
ကျနော့်အဖြေကတော့ ဒီအတိုင်းပဲဗျ။

မေးဆိုလို့ပြောရဦင်္းမယ်ဗျ.. ကျနော်သွားနေကြဆရာတော်ကြီး ဦနန္ဒမာလာရဲ့သက်တော် (၉၅)နှစ် မြောက် မွေးနေ့တုန်းကလည်း ဆရာတော်ကြီးကိုယ်တိုင် ပရိတ်သတ်အလယ်မှာ မေးဖူးပါတယ်၊ ကျနော်ကလည်း ဖြေပါတယ်ဗျာ ရဲရဲဖြေတာပေါ့ “လုံးဝငါးပါးသီလမလုံဘူးပေါ့” အဲလိုဖြေတော့ ဆရာတော်ကြီးက ပြုံးတယ်ဗျ ပရိသတ်လည်းပြုံးတယ်ပေါ့ဗျာ။

အမှန်တော့ သီလတော်မြတ်က သိမ်မွေ့လွန်းတယ်ဗျ၊ ဒီလောက် သိမ်မွေ့လွန်းတဲ့ တရားတော်မြတ် သီလတော်ကို ကျနော့်လိုငမိုက်သားက နားလည်အောင်ကို မနည်းကြိုးစားနေရသူမို့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားအကြောင်းတွေကို ညဏ်စဉ်အဆက်ဆက် ဒိဋ္ဌိသတ်နည်းအမျိုးမျိုးနဲ့ ဆွေး နွေးနေတဲ့အထဲ ၀င်ပါချင်ပါလည်း မ၀င်ရဲတဲ့အဖြစ်ပါဗျာ၊ တစ်ခါတစ်လေများဗျာ စိတ်ရှိလက်ရှိပြောနေ လိုက်ကြတာ.. အာလုံးနီးနီးသောတပန်၊ သကဒါဂမ် ၊ အနာဂမ်လောက်နီးနီးပါ.. အားကျတယ်ပေါ့ဗျာ။

တစ်နေ့ကလည်း သူငယ်ချင်းတစ်ယောက်ရဲ့ အလှုကိုသွားတော့ ဘုရားခန်းထဲမှာ သီးသန့်စားပွဲနဲ့ တရားဆွေးနွေးတာ တွေ့တော့လည်း ခပ်ဝေးဝေးက ပြန်လာခဲ့ရပြန်တယ်။

တခါတုန်းကများ တရားဆွေးနွေးနေကြတဲ့ လူကြီးတွေဝိုင်းနာသွားပြီး နားထောင်ကြည့်တာ ကြားရတာနဲ့တင် ကျနော် လှည့်ပြန်လာခဲ့ရတာလေ၊ စဉ်းစားကြည့်လေ... ပြောနေကြတာက ကျမ်းအကိုး အကား အပြည့်နဲ့ဆိုတော့လည်း ကျနော်မ၀င်ရဲပေါင်ဗျာ။

ဒီအကြောင်းတွေကြောင့်ပဲထင်တယ် ကျနော့်ညဏ်က သီလအဆင့်ကမတက်သေး။ တစ်ခါတုန်းကလည်း တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်ဆီသွားဖူးတော့ “သားငယ်လေး ဘာကြောင့်ပျင်းတယ် ဆိုတာကို ကိုယ်တိုင်တွေ့အောင်ရှာခဲ့” လို့မိန့်တော့ ဘာကြောင့်ပျင်းတယ်ဆိုတာကို ရှာလိုက်တာဗျာ သုံးနှစ်ကျော်လောက် ကြာတယ် အပျင်းတရားကိုတောင် ဒီလောက်ကြာခဲ့တဲ့ ကျနော့်အဖို့ ကျန်တာတွေ မတွေးရဲသေးဘူးဗျ အခုလည်းအားနေရင် သီလကြောင်းလေးပေါ့ဗျာ စဉ်းစားနေတတ်တယ်ပေါ့။ ဒီလိုစဉ်းစားရင်းနဲ့ သာသနာပ ကာလမှာလည်း (၅)ပါးသီလရှိနေတယ်၊ အခု သာသနာတွင်း ကာလမှာလည်း (၅)ပါးသီလက ရှိနေတယ် အနက်အဓိပ္ပါယ် ကွာမယ်ပေါ့ တွေးကြည့်တယ် ညဏ်မှီသလောက်ပေါ့ဗျာ။

စဉ်းစားရမဲ့လမ်းကြောင်းက ဆရာတွေသင်ခဲ့တဲ့အတိုင်းပေါ့ဗျာ ဘာ လဲဆိုတော့
“ သားငယ်ရေ လောကကြောင်းကိုချဉ်းကပ်မယ်ဆိုရင် ပညတ်ကို ညဏ်ကုန်လွတ်ဟေ့ ဒီလိုပဲ ဓမ္မကြောင်းကို ချဉ်းကပ်ပြီဆိုရင်တော့ ပရမတ်ကို ညဏ်ကုန်စိုက်တော့”

ဒီလိုသွန်သင်ခဲ့ဘူးတော့ လည်း ကျနော်သီလို့ ဆင် ခြင်ကြည့်တယ်ဗျ ကိုယ့်ကိုကိုယ်သီလ ဘယ်လောက်လုံ လဲပေါ့ဗျာ။

ပါဏာတိပါတ
သူတစ်ပါးအသက်သတ်ခြင်းမှ ရှေင်ကျဉ်တာ ဒီအနက်က ဘုရားမပွင့်လည်းရှိနေတဲ့ အနက် ဒါမှမဟုတ် အမြင်ပေါ့ဗျာ၊ သာသနာတော်တွင်းသီလအရ ပုဓ်ခွဲကြည့်တယ် နား လည်းသလောက် ပေါ့ လေ နေတ္ထိကျမ်းလာစာဖတ်နည်းအရ

ပုဒ်တစ်ပုဒ်ကိုချဲ့ယူခြင်း အာဝတ္တာဟာရ ဟူလည်းကောင်း ပရိဝတ္တနဟာရ ဟူလည်ကောင်း ဆို၏ ပိဋကတ်တော်၌ နေယျတ္ထဟုဆို၏
ပညာုရှင်တွေပြောတာဗျ။အဲ လို ဆိုတော့ ဆန့်ထုတ်ကြည့်တယ်ပေါ့လေ သီလတစ်ခုခြင်းကို ဇစ်မြစ်လိုက်တယ်ပြောပြောအဆုးံထိလိုက်တယ်ဆိုဆိုတွေးရအောင်ပြီးတော့ကျနော်တို့ကျင့်ရအောင် နော အဲခုနက ပထမသီလဖြစ်တဲ့ ပါဏာတိပတသိက္ခာပုဒ်ရဲ့

တိုက်ရိုက်အနက်= သူတစ်ပါး၏အသက်ကိုသတ်ခြင်း

သွယ်ဝိုက်အနက်= သူတစ်ပါးကိုနစ်နာအောင်လုပ်ခြင်း

ဆန့်ကျင်အနက်= သူတစ်ပါး၏အသက်ကိုရှည်အောင်အားထုတ်ခြင်း

သီလတစ်ခုကို ပြီးပြည့်စုံအောင် ဖြည့်ကျင့်ဖို့ဆိုရင်တော့ ဒီကျနော်တွေးမိတဲ့ အချက်သုံးချက်နဲ့ ပြည့်စုံပါမှ ပြီးပြည့်စုံတဲ့ သီလဖြစ်မှာပါ၊ လောကမှ အဓမ္မတရားတွေ မထွန်းကားဖို့ အရပ်ပြောသီလ၊ အရပ်ပြော သမာဓိ၊ အရပ်ပြောသတိ၊ အရပ်ပြောပညာတို့ကို ဖြည့်နေရုံလေးနဲ့ မဖြစ်ရေးခြာမဖြစ်ပါ။

အခုဟာက၀ိနည်းရှောင် “ငါမသတ်ရင်ပြီးဆိုပြီး သီလလုံနေတဲ့ ကျနော့်ကိုယ်ကျနော် ရှက်နေမိတယ်ဗျ ဒီတော့ တစ်ဖက်သားကို နစ်နာအောင် လုပ်တာလည်း သွယ်ဝိုက်အနက်အရ ပါဏာတိပါတသိက္ခာ ပုဒ်ကို ချိုးဖျက် တာပါပဲ။
ဆန်ကျင်အနက်အရ သူ့အသက်ရှည်အောင် အားထုတ်ခြင်း တဲ့ဗျာ ကျနော်တို့ ဘယ် လောက် ကြိုးစားပြီပြီလဲ..? စဉ်စားပေးပါ ။

ပရမတ်ရှုထောင့်က နေပြီး ကြည့်ရင်တော့ ပါဏာတိပါတ ကံပုဒ်ရဲ့ တရားကိုယ်က ဒေါသ၊
ဒီဒေါသတရားကို မိမိသန္တန်မှာ မလာအောင် စောင့်ထိန်းနိုင်ပါမှ၊ သတိနဲ့ စောင့်ကြည့်နိုင်ပါမှ ဒေါသရဲ့ ဆန့်ကျက်ဖက် အဒေါသခေါ် မေတ္တာတရားကို အချိန်ပြည့် ပွားစီးနိုင်ပါမှ ပါဏတိပါတကံကို ဘုရား အလိုတော်ကျ ပြီးပြည့်စုံအောင် ဖြည့်ကျင့် နိင်ပါလိမ့်မယ် ဗျာ။

ကဲပါဏာတိပါတ ပြည့်စုံအောင် လုံသလား.. ကျနော် ဘာသာပြန် မေးတော့ “မလုံ” ဆိုတဲ့ အသံလေး ထွက်လာသဗျ။

နောက်တစ်ခုက အဒိန္နဒါန
ပထမကတည်းက အမှတ်မရတဲ့အထဲ အခုဒုတိယသီလတော်မြတ်ကိုကြောက်ကြောက်နဲ့ ဆင်ခြင်နေပါပြီ ။

တိုက်ရိုက်အနက်= ပိုင်ရှင်မပေးသောပစ္စည်းကိုခိုးခြင်း
သွယ်ဝိုက်အနက်= မပေးပေးအောင်ဥပါယ်တံမျဉ်ဖြင့်တောင်းယူခြင်း၊ခြိမ်းခြောက်ခြင်း
ဆန့်ကျင်အနက်= မုတ္တစာဂ(နှောင်ကြိုးမဲ့စွန့်ကျဲပေးကမ်းခြင်း)

ခုနကပြောသလိုပေါ့လေ ပြန်စဉ်းစားတယ် ငါမခိုးဘူးဆိုတဲ့ ဟာလေးနဲ့လုံလောက်သလား
ဘယ်လောက်ထိ အနစ်နာခံ ပေးဆပ်ခဲ့ဘူးလဲ ၊ ရယူတာနဲ့ ပေးဆပ်တာ ဘယ်ဟာများလဲ
မခိုးပေမဲ့ ခြိမ်းခြောက်တာ၊ မပေးပေးအောင် ဥပါယ်တံမျဉ်သုံးတာလေးတွေ စဉ်စားပေးပါဗျာ။

ပရမတ္ထရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အဒိန္နဒါနသိက္ခာပုဒ်ရဲ့ တရားကိုယ်က လောဘ
ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားတယ်၊ ပြန်ကြည့်တယ်ဗျ၊ ဗိုက်ထဲလောဘတွေ ချိုးပြည့်နေတာ တွေ့တော့ သွားပြန်ပြီပေါ့ဗျာ နော်တစ်မှတ်။

နော်ထပ်ဆက်ပြီး စစ်ရဦးမှာလားဗျာ နောက်ထပ်ဆက်ပြီစစ်ရရင်တော့ ...

2009 မှာဆွေသဟာ ဧငြိမ်းကြည်သာရှိပါစေ
မသူတော်ဘေး၊အဓမ္မဘေး ကင်းဝေကြပါစေ

ကျမ်းကိုး။ ။ဘ၀အမြင်သစ်(ဆရာကြီးဦးရွှေအောင်)

7 comments:

မင်းဒင် said...

သီလမှာ အထက်သို့ ဆန်၍ယူသော သီလ နဲ့  အောက်သို့  စုန်သော သီလ ရှိရာမှာ အထက်ကို ဆန်သော သီလကို ကျင့်ကြံတာဟာ မဟာယောက်ျားကောင်းတွေ လို့  ကြားဘူးပါတယ် ။

မင်းဒင်

Anonymous said...

ဖတ်မှတ်နာယူသွားပါတယ်
အကျိုးရှိတာလေးများ ဆက်လက်ရေးသားပေးပါဦး။
ခင်မင်စွာဖြင့်

Dr Phyo Wai Kyaw said...

ဟုတ်လှတယ် အကိုရာ
သီလ အကြောင်း..က
အချိန်ကိုက်ပဲ..။
သီလ ဆိုတာကလည်း ဘာဝနာ နဲ့တွဲမှ ပြည့်စုံ စိတ်ချရတယ်လို့ ကြားဖူးပါကြောင်း......

နောက်တစ်ချက်က
က္ကသာ နဲ့ မစ္ဆရိယ ပါပဲ..
ဘာဝနာ နဲ့ တွဲပီး နှိမ်နင်းအပ်တယ်လို့ မှတ်သားဖူးပါကြောင်း...

mg kyi poae said...

တခြားဘာမှတော့ပြောမတတ်ဘူခင်ဗျ။ ကျွန်တော့်အတွက်တော့ ငါးပါးသီလတောင်မှ အနိုင်နိုင်ဆိုတော့ ..

Dr. Nyan said...

သုတေသနအတွက်ပါနာတိပါတကံကျူးလွန်နေရတဲ့အတွက်သီလပင်မလုံနိုင်သေးပါကြောင်းခင်ဗျား။

Unknown said...

မင်္ဂလာပါအစ်ကိုရေ...

ဒီလိုဆိုရင်တော့ ညီလည်း ဘယ်လုံပါ့မလဲလေ။ ဒါပေမယ့်လည်းလေ ...
ဒီလိုသီလမလုံ ချိုးဖောက်ခဲ့တဲ့ အကုသိုလ်တွေကို တစ်ခုတည်းသောတရားနဲ့ ချေဖျက်နိုင်တယ်လို့တော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတစ်ပုဒ်မှာ နာလိုက်ရပါတယ်အစ်ကို။ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းပြီး ဖြစ်ပျက်ဆုံးအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရင်တဲ့။

ရိုသေလေးစားစွာဖြင့်
ချစ်ညီလေး
ဖိုးသား

may16 said...

မှတ်သားစရာပို့စ်လေးပါ. တရားအကြောင်းအရမ်းမသိ တော့အရမ်းမရေးရဲဘူး မှားမှာဆိုးလို့ပါ ငါးပါးသီလ အားလုံးလုံရင်တော့ကောင်းပါတယ် တစ်ပါးလုံရင်တောင် တော်၂ကို ကုသိုလ်ရပါတယ်